• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကွတ်ခိုင်တွင် ကျပ် ၁၀ ဘီလီယံနီးပါး တန်ဖိုးရှိ မူးယစ်ဆေးများ ထပ်မံ ဖမ်းမိ

by ထွန်းထွန်း
19 February 2018
in သတင်း
A A
ကွတ်ခိုင်မြို့နယ် အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများ  / တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဖေ့စ်ဘုတ်

ကွတ်ခိုင်မြို့နယ် အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများ / တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဖေ့စ်ဘုတ်

9.2k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မူးယစ်ကွင်းဆက် အနေဖြင့် ခန့်မှန်း တန်ဖိုးငွေ ကျပ် ၁၀ ဘီလီယံ နီးပါး (သိန်းပေါင်း ၉၉၆၀၀) ရှိ မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးက ထုတ်ပြန်သည်။

မူးယစ်ဆေးများအား  ယခင်အများအပြား ဖမ်းမိခဲ့သည့် လွယ်ခန် ကျေးရွာအနီး တောထဲတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ချက်လုပ် သည့် ယာယီတဲ ၃၄ လုံးနှင့် ချက်လုပ်ရာတွင် သုံးစွဲသည့် ဘိန်း အပါအဝင် ဆက်စပ်ပစ္စည်း ၂၃ မျိုးတို့ကို တွေ့ရှိခဲ့သော် လည်း တရားခံများကို ဖမ်းဆီးရမိမှု မရှိသေးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး၏ ဖေဖော်ဝါရီ ၁၈ ရက်နေ့ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ကွတ်ခိုင်မြို့နယ် အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများ (ဓာတ်ပုံ – တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဖေ့စ်ဘုတ်

ကွတ်ခိုင်မြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲ တပ်ဖွဲ့ဝင် တဦးက “အကုန်လုံးက ပြေးကုန်ကြပြီ။ လူကြီးတွေ ခေါင်းချင်းဆိုင် နေ ကြတယ်။ သတင်းကြိုရထားတဲ့ သဘောဖြစ်နေလား မသိဘူး။ ထွက်ပြေးတဲ့ ကိစ္စကို အင်တာပိုနဲ့ ချိတ်ဆက်ပြီးတော့ ဖမ်းဖို့ လုပ်ထားတာ ရှိတယ်။ အမှုဖွင့်ဖို့လည်း လုပ်နေပါပြီ”ဟု ဧရာဝတီသို့ ပြောသည်။

ယင်း မူးယစ် ကွင်းဆက်အမှုသည် ၂၀၁၇ ခုနှစ် ဇူလိုင် ၅ ရက်နေ့က လွယ်ခန် ကျေးရွာတွင် ဒေါ်ရင်ရင် ဆိုသူထံမှ ကျပ် ၅၂၁၈ သိန်း ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိရာမှ စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့တွင် ထိုရွာရှိ လူ မနေသည့် အိမ်အတွင်းမှ ကျပ် သန်းပေါင်း ၇ သောင်း ၂ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ထပ်မံ ဖမ်းမိခဲ့ခြင်း ကြောင့် တပ်မတော်နှင့် မူးယစ်ပူးပေါင်း အဖွဲ့များက ကျေးရွာအနီး နယ်မြေ ရှင်းလင်းရှာဖွေခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကွတ်ခိုင်မြို့နယ် အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများ (ဓာတ်ပုံ – တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဖေ့စ်ဘုတ်

ဒေသခံတချို့၏ ပြောကြားချက်များ အရ လွယ်ခန်ကျေးရွာသည် ကောင်းခါး ပြည်သူ့စစ် တပ်ဖွဲ့၏ နယ်မြေအတွင်း ပါဝင် နေပြီး လွယ်ခန်ရွာမှ တနာရီခွဲခန့် လမ်းလျှောက်သွားရသည့် တောတွင်းနေရာတွင် မူးယစ်ဆေး ချက်လုပ်သည့် ယာယီ စခန်းများအား ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းမိသည့် ပစ္စည်းများအနေဖြင့် ယာယီ အဆောက်အအုံ ၃၄ လုံး၊ မီးစက်ကြီး ၁၂ လုံး၊ FREEZER ၂၂ လုံး၊ အက်ဆစ်ပီပါ အလုံး ၂၁၀၊ ဒီဇယ်ပီပါ ၁၆၅ လုံး၊ ဓာတ်ဆီပီပါ အလုံး ၆၀၊ ပေါင်းအိုး ၃၂ လုံး၊ အက်ဆစ်ပုလင်း အလုံး ၂၀၀၊ ၂ လီတာဆံ့ အက်ဆစ်ဘူး ၆၀၀၊ ကော့စတစ် ဆိုဒါအိတ် ၇၅၀ အိတ်၊ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် ပုံး ၁၅၀ တို့ကို ဖမ်းမိထားသည်ဟု ဆို သည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
3
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
10
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
616
ကွတ်ခိုင်မြို့နယ် အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများ (ဓာတ်ပုံ – တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဖေ့စ်ဘုတ်

ထို့ပြင် စိတ်ကြွရူးသွပ် ဆေးပြား ၄၈၇၁၀၀ ပြား၊ စိတ်ကြွ ရူးသွပ်ဆေးမှုန့် ၁၃ ကီလိုဂရမ်၊ ဘိန်းညို ၄၃ ကီလိုဂရမ်၊ ကဖင်း ၁၀၀၃၀ ကီလိုဂရမ်၊ အဖက်ဒရင်း / ဆူဒိုအဖက်ဒရင်း ၁၃၇၅ ကီလိုဂရမ် ICE ၂၅၉ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၂၀ ကီလိုဂရမ် နှင့် ဆက်စပ်ပစ္စည်း ၂၃ မျိုးတို့ကိုလည်း ဖမ်းမိထားကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က ထုတ်ပြန်ထားသည်။

ဖမ်းမိသည့် မူးယစ်ဆေးဝါးများအား ကွတ်ခိုင်မြို့နယ် မူးယစ် တပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်ထားမည်ဖြစ်ပြီး နယ်မြေအတွင်း ရှာဖွေ ဖော်ထုတ်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: ကွတ်ခိုင် မူးယစ်ဆေး ဖမ်းဆီးမှု
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဒေါ်အောင်ဆန်းစုကြည် ရခိုင်မြောက်ပိုင်း ပဋိပက္ခနဲ့ နိုင်ငံတကာ ခုံရုံးမှာ ရင်ဆိုင်ရမှာလား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် ရခိုင်မြောက်ပိုင်း ပဋိပက္ခနဲ့ နိုင်ငံတကာ ခုံရုံးမှာ ရင်ဆိုင်ရမှာလား (ရုပ်/သံ)

ဝေငှနေသော ထောက်ပံ့ရေးပစ္စည်းများအား တန်းစီထုတ်ယူနေသော ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ  / Reuters

ဘင်္ဂလားဒေ့ရှ် ပေးပို့သည့် ဒုက္ခသည် ၈၀၀၀ ကျော်စာရင်း စစ်ဆေးလက်ခံမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved