• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖွံ့ဖြိုးရေးရန်ပုံငွေ ပြန်ပေးမည်ဟု ဧရာဝတီတိုင်း ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းပြော

by ဆလိုင်းသန့်စင်
16 July 2018
in သတင်း
A A
ဧရာဝတီတိုင်းဒေသကြီး ကျန်းမာ၊ ပညာဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း / ဆလိုင်းသန့်စင် / ဧရာဝတီ

ဧရာဝတီတိုင်းဒေသကြီး ကျန်းမာ၊ ပညာဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း / ဆလိုင်းသန့်စင် / ဧရာဝတီ

8.7k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီး ကျန်းမာ၊ ပညာဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအနေဖြင့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဟောင်းမှ လွဲှပြောင်းလှူဒါန်းခဲ့သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၅ ဒဿမ ၂ ဘီလီယံ (ကျပ်သိန်းပေါင်း ၅ သောင်း ၂ ထောင် ကျော်) အား နိုင်ငံတော်သမ္မတရုံးလမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ကာ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းသွားမည်ဟု သိရသည်။ .

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ ပြန်လည်တောင်းခံရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားချက်ရောက်ရှိလာသည့် အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျန်းမာ၊ ပညာဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းထံသို့ ယခုလ ဒုတိယပတ်အတွင်းက စာပို့၍ အကြောင်းကြားခဲ့ရာ သမ္မတရုံး၏ ညွှန်ကြားချက်အတိုင်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းသွားမည်ဟု ဧရာဝတီကျန်းမာပညာဖောင်ဒေးရှင်းမှ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့က သမ္မတရုံးညွှန်ကြားချက်အတိုင်း အဆင်ပြေစွာဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီကိစ္စက အဆင်ပြေပါလိမ့်မယ်။ သမ္မတရုံးက ညွှန်ကြားချက်ကို ဧရာဝတီတိုင်းအစိုးရအဖွဲ့ သိပါတယ်။ သူတို့က (ဧရာဝတီတိုင်းအစိုးရအဖွဲ့) သမ္မတရုံးနဲ့ ညှိနှိုင်းပြီးတော့ ကျနော်တို့ဆီ စာထွက်တယ်။ ကျနော်တို့ကလည်း သမ္မတရုံးညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ကျန်းမာ၊ ပညာဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ အတွင်းရေးမှူး ဦးကြည်အောင်က ဧရာဝတီကို ပြောသည်။

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကိစ္စမှာ ဖျာပုံမြို့နယ် အမှတ် – ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုဇေယျာမင်းသိန်းက ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး၌ ကြယ်ပွင့်ပြမေးခွန်း အဖြစ် လွှတ်တော်တွင် မေးမြန်းရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ လွှတ်တော်အတွင်း အဆိုပါ မေးမြန်းမှုနှင့် ပတ်သတ်၍ ဝန်ကြီးချုပ် မန်းဂျော်နီဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၆ ခုနှစ်တွင် ဧရာဝတီ ကျန်းမာပညာ ဖောင်ဒေးရှင်းအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
331
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
157
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
47

ထို့နောက် ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ တင်ပြချက်အရ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စအား နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်၏ နိုင်ငံတော် သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး အဆိုပါငွေကြေးကိစ္စများနှင့်ပတ်သက်၍ ဧရာဝတီ ကျန်းမာပညာဖောင်ဒေးရှင်းအား စစ်ဆေးရန် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအား တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ဖောင်ဒေးရှင်း၏ငွေကြေးကိစ္စများအား စစ်ဆေးပြီးနောက် အဆိုပါ ငွေကြေးများမှာ နိုင်ငံတော်ငွေများဖြစ်နေသည့်အတွက် ပြန်လည်တောင်းခံသင့်ကြောင်း နိုင်ငံတော် သမ္မတရုံးထံ အစီရင်ခံတင်ပြခဲ့ရာ သမ္မတရုံးက စာရင်းစစ်ချုပ်ရုံး၏ အကြံပြုချက်အတိုင်း ဒေသဖွံ့ဖြိုးရေး ရံပုံငွေများ ပြန်လည်တောင်းခံဆောင်ရွက်သွားရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့တွေ့ရှိချက်နဲ့ အကြံပြုချက်အတိုင်းဆောင်ရွက်ဖို့ဆိုပြီး ကျနော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို သမ္မတရုံးက ညွန်ကြားလာတယ်။ ဒါကြောင့် ၅ ဒဿမ ၂ ဘီလီယံကျပ်ကို ပြန်ပေးဖို့ ဖောင်ဒေးရှင်းကို တောင်းခံခဲ့တယ်။ အချိန်အားဖြင့် ၂ ပတ်အတွင်း (ဇူလိုင်လ၊ ဒုတိယပတ်နှင့် တတိယပတ်) ပြန်ပေးဖို့ စာပို့ထားတယ်။ ဒီငွေတွေသူတို့ ပြန်ပေးမယ်လို့တော့ သတင်းမီဒီယာတချို့မှာ တွေ့ရပေမယ့် အခုချိန်အထိတော့ ကျနော်တို့ဆီကို တရားဝင်ဆက်သွယ်လာတာ မရှိသေးပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ဧရာဝတီကိုပြောသည်။

ဧရာဝတီကျန်းမာပညာဖောင်ဒေးရှင်းအနေဖြင့် သတ်မှတ်ချိန် ၂ ပတ်အတွင်း အဆိုပါ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို ပြန်လည်ပေးအပ်ခြင်း မရှိပါက နိုင်ငံတော်သမ္မတရုံးထံ ပြန်လည်တင်ပြပြီး သမ္မတရုံး၏လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ဝန်ကြီး ဦးဌေးဝင်းက ဆက်ပြောသည်။

ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၏ အစိုးရဟောင်း လက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနာမည်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များအား တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ ထည့်ဝင်စေခြင်း၊ အနုပညာ ဂီတဖျော်ဖြေပွဲများပြုလုပ်၍ ရန်ပုံငွေရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် ရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ် ဦးသိန်းအောင်၏ တိုင်းအစိုးရအဖွဲ့ ရာထူးမှဆင်းပေးခါနီးအချိန်တွင် အစိုးရ တာဝန်ယူစဉ်က လှုပ်ရှား ဆောင်ရွက်ခဲ့သည့် ဖောင်ဒေးရှင်းအား ဖျက်သိမ်း၍ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာ၊ ပညာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းအဖြစ် အသစ်ပြန်လည်ဖွဲ့စည်းကာ ယခင်ဖောင်ဒေးရှင်း အဟောင်းမှ ငွေများကို ဖောင်ဒေးရှင်းအသစ်ထံသို့ လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

လှူဒါန်းငွေ ၅ ဒဿမ ၂ ဘီလီယံအနက် ကျပ်ငွေသိန်း ၄၂၂၀ ကျော်ကို ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်၂၀ တွင် ကျေးလက်မီးလင်းရေးလုပ်ငန်းများ အတွက် ချေးထားခဲ့ပြီး ကျပ်သိန်း ၈၀၀၀ ကျော်ကို ယုံကြည် စိတ်ချရသည့် လုပ်ငန်းရှင်များနှင့် အကျိုးတူ စီးပွားရေးလုပ်ကိုင်ထားကြောင်း၊ ကျန်ငွေ ၄ ဘီလီယံအား ပုသိမ်မြို့ရှိ ဘဏ် ၄ ခုတွင် ခွဲ၍ အပ်နှံထားကြောင်း ကျန်းမာပညာ ဖောင်ဒေးရှင်းက ထုတ်ဖော် ပြောဆို ထားသည်။

Your Thoughts …
Tags: ဖွံ့ဖြိုးရေးရန်ပုံငွေ အစိုးရကို ပြန်ပေးမည်ဟု ဧရာဝတီတိုင်း ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းပြော
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အိမ်ထောင်ရှင် ငြိမ်းချမ်းရေး သံတမန် အလှမယ်ရွေးပွဲ ပြည်မြို့တွင် ပြုလုပ် (ရုပ်/သံ)

အိမ်ထောင်ရှင် ငြိမ်းချမ်းရေး သံတမန် အလှမယ်ရွေးပွဲ ပြည်မြို့တွင် ပြုလုပ် (ရုပ်/သံ)

ဇွန် ၁၁ ရက်က ရုံးချိန်းတွင် တွေ့ရသော Reuters သတင်းထောက် ကိုဝလုံး  / မျိုးမင်းစိုး / ဧရာဝတီ

Reuters သတင်းထောက် ကိုဝလုံးအား စတင်စစ်ဆေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved