• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လက်နက်ကိုင်အဖွဲ့များကို သစ်ပါမစ် ထုတ်မပေးတော့ဟု သမ္မတရုံး ပြော

by ထက်နိုင်ဇော်
24 September 2018
in သတင်း
A A
၂၀၁၈ ခုနှစ် စက်တင်ဘာလ ၇ ရက် အိမ်တော် မီဒီယာ တွေ့ဆုံပွဲတွင် တွေ့ရသည့် ဦးဇော်ဌေး  / ဧရာဝတီ

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၇ ရက် အိမ်တော် မီဒီယာ တွေ့ဆုံပွဲတွင် တွေ့ရသည့် ဦးဇော်ဌေး / ဧရာဝတီ

10.8k
VIEWS
Share on FacebookShare on Twitter

တိုင်းရင်းသား လက်နက်ကိုင် မည်သည့် အဖွဲ့ကိုမဆို သစ်ထုတ်လုပ်ခွင့်(သစ်ပါမစ်) ထုတ်မပေးရန် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဗဟိုဌာန (NRPC) က ဆုံးဖြတ်ထားကြောင်း သတင်းရရှိသည်။

“ဘယ်အဖွဲ့မှ သစ်မပေးတော့ဘူး။ သစ်ပါမစ် မပေးတော့ဘူး။ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မပေးတော့ဘူး။ ၂၀၁၈ နှစ်ဆန်းပိုင်း ကစပြီး ဘယ်အဖွဲ့ ကိုမှ မပေးတော့ဘူး။ အဲဒါ NRPC ရဲ့ မူပဲ”ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (က.လ.လ.တ)ကို ပေးခဲ့သည့် သစ်ပါမစ်မှာ နောက်ဆုံးပါမစ် ဖြစ်ပြီး က.လ.လ.တ အဖွဲ့ ၏ တင်ပြချက်ကြောင့် သစ်တောဌာနကို ထိုနေရာသို့ သွားကြည့်ခိုင်းခဲ့ပြီး ဓါတ်ပုံနှင့် တင်ပြလာကြောင်း၊ ခုတ်ပြီး သား သစ်များဖြစ်သဖြင့် အလဟသ မဖြစ်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သမ္မတရုံးမှ သိရသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
71
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
678

ဦးဇော်ဌေးက“အဲဒီ နောက်ပိုင်းမှာ NRPC ရဲ့ ပေါ်လစီက ဘာလို့ဆိုတော့ သစ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက တောင်းခံလာ သည် ဖြစ်စေ မ ပေးတော့ဘူး။ ကားပါမစ် နည်းတူပေါ့နော်။ အရင်တုန်းကတော့ သွားကြည့်။ တကယ်လည်း ခုတ်ထားတယ်။ ကြာရင်လည်း ပျက် စီးနိုင်တယ်ဆိုပြီး အလဟသ မဖြစ်အောင် ပေးလိုက်တာ။ ဒီတဖွဲ့ ရပြီးဆိုရင် နောက်အဖွဲ့တွေလည်း များလာတော့ ပေါ်လစီ ဖြတ်လိုက်တယ်”ဟု ပြောသည်။

KNIC ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးမှသာ စီးပွားရေး လုပ်ပိုင်ခွင့်ပေးမည်ဆိုသော (NRPC) ၏ မက်လုံးပေးမှုအပေါ် KNPP မှ လက်ခံနိုင်စရာအကြောင်းမရှိဟု KNPP ဗဟို ကော်မတီဝင်တစ်ဦး ဖြစ်သူ ခူးဒယ်နီယာယ်က ပြောကြောင်း စက်တင်ဘာလ ၂၂ ရက်နေ့က ဖော်ပြထားသည်။

ကရင်နီပြည်အတွင်းရှိ ခုတ်ပြီးသားလက်ကျန်သစ် တန်ချိန် ၅၀၀၀ ပြန်လည်ထုတ်ယူခွင့်ကို NRPC မှ ခွင့်ပြုချက်ပေးထားရာ KNPP မှ သစ်များကို ပြန်လည်ထုတ်ယူရန် NRPC ထံ တောင်းဆိုခဲ့ရာတွင် NCA ထိုးရမည်ဟု အကြောင်းပြန်ခြင်းကို KNPP ခေါင်းဆောင် များက စိတ်ဆိုးခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး ရယူပြီးသည့်နှင့် သဘာဝ သယံဇာတများ တူးယူ ထုတ်ဖော်ခွင့်များ ပေးခဲ့ သည်မှာ တပ်မတော် အစိုးရဖြစ်ပြီး ထိုစဉ်က အကြောင်းပြချက်မှာ ရွေးချယ်ခံ အစိုးရ မဟုတ်၍ နိုင်ငံရေး မဆွေးနွေးမီ မက်လုံး တ ခု အဖြစ် ယခုလို ပါမစ်များကို ထားခဲ့ခြင်း ဖြစ်ကြောင်း သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။

“ငြိမ်းချမ်းရေး အဖွဲ့တွေကလည်း စီးပွားရေး လုပ်ဖို့ မကျွမ်းကျင်ဘူး။ အဲဒီမှာ လူရည်လည်တဲ့သူတွေက သွားကပ်ပြီး စီးပွားရေး တာ ဝန်ခံ လုပ်ပါရစေ။ ကျနော် ကျောက်ကွက်တွေ သိတယ်။ ရုံးလည်း ကျနော် ကျွမ်းတယ်ဆိုပြီး ဘယ်အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ် ဆိုပြီး ခန့်အပ်လွှာတွေယူ။ သူတို့ပဲ ရသွားကြတာ။ လေလံပစ်တာမျိုးကလည်း ဟန်ပြပဲလေ။ ငြိမ်းချမ်းရေး ယူပြီးရင် သစ်တင် မကဘူး။ ကျောက်မျက်၊ ရွှေတွင်းတွေရော ဒီဟို ဆုလာဒ် တခု အနေနဲ့ ပေးတာ”ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ တပ်မတော် (ABSDF) ဒုတိယ ဥက္ကဌ ရဲဘော်မျိုးဝင်းကမူ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေး နေမှု ကာလအတွင်း တရားဝင် ရန်ပုံငွေ ရှာဖွေပြီး အဖွဲ့အစည်း ရှင်သန်ရပ်တည်နိုင်ရန် တိုင်းပြည်၏ စီးပွားရေး အခြေအနေကိုလည်း အထောက်အကူပြုလုပ် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိရန် လိုကြောင်း ပြောသည်။

ရဲဘော်မျိုးဝင်းက “အဲဒီလို တရားဝင် နည်းလမ်းနဲ့ ရရှိနိုင်တာမျိုး မဟုတ်ဘဲနဲ့ တရားမဝင် နည်းလမ်းနဲ့ ရန်ပုံငွေ ရှာတာမျိုး၊ အခွန် ကောက်တာမျိုးက ပိုပြီး ပဋိပက္ခ ဖြစ်စေတယ်။ တရားဝင် နည်းလမ်းနဲ့ ဒီအဖွဲ့အစည်း ရပ်ဖို့အတွက်ကို ညှိနှိုင်း ဆောင်ရွက်နိုင်ရင် တော့ အကောင်းဆုံးပဲ”ဟု ပြောသည်။

၎င်းကဆက်၍ “တချို့ နိုင်ငံတွေမှာ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စပြီဆိုတာနဲ့ကို အဲဒီမှာရှိတဲ့ ရဲဘော်တွေရဲ့ စားဝတ်နေရေး အတွက် အစိုးရက တာဝန်ယူတာ ရှိတယ်။ စားဝတ်နေရေးလည်း တာဝန်ယူသလို သူတို့ရဲ့ လစာကိုပါ စဉ်းစားတာ ရှိတယ်။ အခုက လစာ မပြောနဲ့ အခြေခံ စားဝတ်နေရေးတောင် တာဝန်မယူတော့ ဒီလို စီးပွားရေး လုပ်ငန်းတွေ လုပ်ဖို့ နည်းလမ်း ရှာရမှာပေါ့။ တရား ဝင်ဘောင်ထဲကနေ နည်းလမ်း ရှာနိုင်ရင်တော့ အကောင်းဆုံးပေါ့”ဟု မှတ်ချက်ပြုသည်။

ယခင်က သစ်ထုတ်ယူခွင့်နှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ ဖြစ်ကြသည့် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် (BGF) အဖွဲ့အစည်းများ၊ NCA ထိုးပြီးသား အဖွဲ့ များ၊ Bilateral ထိုးပြီးသား အဖွဲ့ များက မိသားစုဝင်များ စားဝတ်နေရေး အတွက်ဟု ဆိုကာ လုပ်ခဲ့ကြကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

“လုပ်ခဲ့တော့ ဒီဘက် အစိုးရလက်ထက်မှာ ကားပါမစ်တွေ လေ ျှာက်တယ်။ အဲဒါကို NRPC မှာ အစည်းအဝေး ထိုင်တယ်။ အဲဒီကား ပါမစ်တွေ ကျနော်တို့ မပေးဘူး။ နောက်လုပ်ကွက်တွေ လေ ျှက်ထားတာတွေ ရှိတယ်။ EAOs (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ) တွေနဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေက တဆင့် လေ ျှာက်ထားတာတွေ ရှိတယ်။ ကျနော်တို့ရဲ့ မူဝါဒက ဥပဒေနဲ့အညီ၊ လုပ်ထုံး လုပ်နည်းနဲ့ အညီ၊ စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ ဆောင်ရွက်နိုင်ဖို့ပဲ”ဟု ၎င်းက ရှင်းပြသည်။

ဥပမာ အားဖြင့် သတ္တုလုပ်ကွက်တခု စမ်းသပ်ရှာဖွေခွင့်ပြုရန် တောင်းခံလာပါက သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ သယံဇာတ ဝန်ကြီးဌာနတို့၏ သဘောထား တောင်းခံပြီး NRPC တွင် ပုံမှန် အစည်းအဝေး ပြုလုပ်ကြောင်း၊ ယင်းအစည်းအဝေးတွင် ပြည်နယ် အစိုးရ၊ သတ္တုတွင်း ဝန်ကြီးဌာနတို့မှ ရှင်းလင်းနိုင်မည့်သူကို ခေါ်ယူဆွေးနွေးကြောင်း သိရသည်။

“ဒီကေ့စ်ကို ဘယ်လိုရှိလဲ။ အဲဒီအပေါ်မှာ ဝိုင်းပြီး ဆွေးနွေးတယ်။ NRPC မှာ ပါတာက အစိုးရ၊ လွှတ်တော်၊ တပ်မတော် ပါတယ်။ တပ်မတော်ကလည်း တပ်မတော်ရဲ့ သဘောထားကို ပြောတယ်။ အစိုးရ သဘောထား၊ လွှတ်တော် သဘောထားနဲ့ အဲဒီလို အားလုံး နှိုင်းယှဉ်ပြီးတော့မှ ဆုံးဖြတ်ချက် ပေးတာ ဖြစ်တယ်”ဟု ဦးဇော်ဌေးက ရှင်းပြသည်။

သစ်လုပ်ငန်း လုပ်ကိုင်ဖူးသူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကလည်း” ငြိမ်းချမ်းရေး အဖွဲ့တွေကို ပါမစ်များ ထုတ်ပေးတာကျ တော့ ပိုဆိုးတယ်။ ဒီအဖွဲ့တွေက ပွဲစားပဲ လုပ်တာ။ တကယ် သယ်ခွင့်ပါမစ်ပဲ ယူတာ။ ကုန်သည်ကို ရောင်းလိုက်တယ်။ ကုန်သည် က တကယ်လုပ်တဲ့သူတွေကို ကားတစီးကို ဘယ်လောက်ပေးဆိုပြီး အဲဒီ စာရွက်စာတမ်းနဲ့ ဂိတ်မှာ ဖြတ်တာပေါ့။ ဒီလိုတွေ ခွင့်ပြုပေးတာ တလွဲဖြစ်တာပေါ့။ အစောကတည်းက မှားခဲ့တာ”ဟု သုံးသပ်ခဲ့သည်။

ယခုအချိန်တွင် သတ္တုတွင်း နည်းဥပဒေ မရှိသေး၍ ယခုလို ဆောင်ရွက်ပေးနေရခြင်း ဖြစ်ပြီး နည်းဥပဒေထွက်ရှိလာပါက မည်သူ၊ မည်သည့်အဖွဲ့ပင်ဖြစ်စေ ကျန်သည့် ကုမ္ပဏီများနည်းတူ ဥပဒေနှင့်အညီ တန်းတူ လုပ်ကိုင်နိုင်မည် ဖြစ်ရာ ကန့်ကွက်ရန် မရှိကြောင်း၊ သစ်ထုတ်လုပ်မှုမှာ ထူးခြားသည့် သဘောသဘာဝ ရှိကြောင်း သမ္မတရုံးမှ သိရသည်။

Your Thoughts …
Tags: လက်နက်ကိုင်အဖွဲ့များသစ်ပါမစ်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
မန္တလေးမြို့ ဂျက်ဖာဆန် စင်တာတွင် ပြုလုပ်သော လိင်စိတ် ခံယူမှု ကွဲပြားသူများ အပေါ် ခွဲခြား ဆက်ဆံမှုများနှင့် အခက်အခဲများ အကြောင်း စစ်တမ်းရလဒ် ရှင်းလင်းပွဲ  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

LGBT များ အပေါ် အမြင်စောင်းစေမည့် သရုပ်ဖော်မှုများ ရှောင်ရန် တောင်းဆို

ရွှေရည်ထွန်း ၂ ကို တူးဖော် နေသော တွင်းတူးစက် Dhirubhai Deep Water KG2 (DDKG2)  /  Ministry of Electricity and Energy,Myanmar

ကမ်းလွန် သဘာဝဓာတ်ငွေ့ စီးပွားဖြစ် ထုတ်ယူနိုင်ကြောင်း ထပ်မံ စမ်းသပ်တွေ့ရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved