• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

LGBT များ အပေါ် အမြင်စောင်းစေမည့် သရုပ်ဖော်မှုများ ရှောင်ရန် တောင်းဆို

by မြတ်ပြည့်ဖြိုး
24 September 2018
in သတင်း
A A
မန္တလေးမြို့ ဂျက်ဖာဆန် စင်တာတွင် ပြုလုပ်သော လိင်စိတ် ခံယူမှု ကွဲပြားသူများ အပေါ် ခွဲခြား ဆက်ဆံမှုများနှင့် အခက်အခဲများ အကြောင်း စစ်တမ်းရလဒ် ရှင်းလင်းပွဲ  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မန္တလေးမြို့ ဂျက်ဖာဆန် စင်တာတွင် ပြုလုပ်သော လိင်စိတ် ခံယူမှု ကွဲပြားသူများ အပေါ် ခွဲခြား ဆက်ဆံမှုများနှင့် အခက်အခဲများ အကြောင်း စစ်တမ်းရလဒ် ရှင်းလင်းပွဲ / မြတ်ပြည့်ဖြိုး / ဧရာဝတီ

8.2k
VIEWS
Share on FacebookShare on Twitter

ရုပ်ရှင် ဗီဒီယိုများနှင့် သတင်း မီဒီယာများတွင် လိင်စိတ်ခံယူမှု ကွဲပြားသူများ အပေါ် အမြင်စောင်းစေသည့် သရုပ်ဖော်မှုများ ကို ရှောင်ကြဉ်ပေးရန် LGBT အခြေပြု အဖွဲ့အစည်း ဖြစ်သော The Help အဖွဲ့က အကြံပြု ထားသည်။

The Help အဖွဲ့ဝင် LGBT တဦး ဖြစ်သူ မလုံးလုံးက“ရုပ်ရှင်တွေထဲမှာ မိန်းကလေးပုံနဲ့ သရုပ်မဆောင်တဲ့ မင်းသားက မရှိ သလောက် ရှားပါတယ်။ အဲဒီလို သရုပ်ဆောင်ရင်လည်း ခန္ဓာကိုယ်အောက်ပိုင်း ပြက်လုံးတွေပဲ ပြက်တာ များတယ်။ အဲဒါ ကြောင့် အများပြည်သူတွေရဲ့ အမြင်လွဲမှုတွေ တွေ့ရတယ်။ အပြင်မှာ ကျမတို့ ဘယ်လောက် တည်တည် တံ့တံ့ နေပေ မယ့် လည်း စနောက်တာ ခံရပါတယ်”ဟု ပြောသည်။

မန္တလေးမြို့တွင် စက်တင်ဘာလ ၂၀ ရက်က ပြုလုပ်သည့် လိင်စိတ်ခံယူမှု ကွဲပြားသူများ ရင်ဆိုင်နေရသည့် အခက် အခဲ နှင့် ခွဲခြား ဆက်ခံရမှုများ အကြောင်း စစ်တမ်း တွေ့ရှိချက်များအား မျှဝေခြင်းနှင့် မီဒီယာ အခန်းကဏ္ဍ၏ သက်ရောက်မှု များ ရှင်းလင်းပွဲ အခမ်းအနားတွင် ၎င်းက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လိင်စိတ်ခံယူမှု ကွဲပြားသူများ (Lesbian၊ Gay၊ Bisexual and Transgender – LGBT) များ ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့် နှစ်က မြို့ ၁၅ မြို့တွင် စစ်တမ်း ကောက်ယူခဲ့ရာ ယင်းစစ်တမ်း ရလဒ် များ အရ LGBT များသည် လူ့အဖွဲ့အစည်းတွင် အထင်အမြင် မှားခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများ ခံနေရဆဲဟု သိရသည်။

ထို့ကြောင့် ရုပ်ရှင်နှင့် မီဒီယာသမားများကြား လိင်စိတ်ခံယူမှုနှင့် လိင်ဝိသေသ ခံယူချက်နှင့် ပတ်သက်ပြီး ပိုမို သိရှိ လာစေ ရန် အသိပညာပေးခြင်းများ ဆောင်ရွက်ကြရန်၊ ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ရွာ အခြေပြု လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ ကျင့်ဝတ် လိုက်နာရန်တို့ကို ပျက်ကွက်သည့် မီဒီယာသမားများအား ရုပ်ရှင် အစည်းအရုံး၊ စာနယ်ဇင်း ကောင်စီ ကဲ့သို့သော အဖွဲ့အစည်းများမှ စည်းကမ်း ထိန်းသိမ်းမှုများ လိုအပ်သလို ပြုလုပ်ပေးပါရန် ယင်းအဖွဲ့က ရှင်းလင်းပွဲ ပြုလုပ်ကာ တောင်းဆိုထားခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါ ခွဲခြား ဆက်ဆံခြင်းကို ပို၍ ဦးတည်စေသည့် မီဒီယာများ အထူးသဖြင့် ရုပ်မြင်သံကြားနှင့် ရုပ်ရှင် ဗီဒီယို ဇာတ် ကားများတွင် လိင်စိတ် ခံယူမှု ကွဲပြားသူများကို သရုပ်ဖော်ရာတွင် HIV ပိုး သယ်ဆောင် ဖြန့်ဖြူးသူများ၊ တုံးအ သူများ၊ လိမ် လည် လှည့်ဖျားတတ် သူများ အဖြစ် ပုံဖျက် ဖော်ပြခြင်းသည် မွေးရာပါ လိင်စိတ်ခံယူမှု မတူညီသူများ အပေါ် လူ့ အဖွဲ့ အစည်းကြား အမြင်မှားစေနိုင်သည်ဟု The Help အဖွဲ့၏ အမှုဆောင် ညွှန်ကြားရေးမှူး မသက်မွန်ဖြိုး က ပြောသည်။

“ကိုယ်ကတော့ စီးပွားရေး အမြင် တခုတည်းနဲ့ လုပ်လိုက်ပေမယ့် ကိုယ်ရိုက်လိုက်တဲ့ ရိုက်ကွက် တခုကြောင့် တဖက်မှာ ဟာသ လုပ်ခံရတယ်။ ခွဲခြား ဆက်ဆံခံရတယ် ဆိုတဲ့ ကိစ္စမျိုးက လုံးဝ မဖြစ်သင့်ပါဘူး။ လူတယောက်ရဲ့ မွေးရာပါ လိင် စိတ် ခံယူမှု အပေါ် သဘာဝကို သွေဖည်တယ် ဆိုပြီး အမြင်တွေ ရှိနေသရွေ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဦးမှာပါ”ဟု LGBT တဦးလည်း ဖြစ်သူ ၎င်းက ဧရာဝတီကို ပြောပြသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
71
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
678

မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြုမူနေထိုင်သူများ မဟာမိတ် အဖွဲ့၏ တည်ထောင်သူ ယာယာအေးမြတ်က “ကျမတို့က မီဒီယာ ဆိုတာမှာ သတင်းဌာနရော၊ ရုပ်ရှင်ဗွီဒီယိုဖြစ်တဲ့ ဖျော်ဖြေရေး မီဒီယာ အကုန်လုံးကို ရည်ရွယ်ပြီး ပြောတာ ဖြစ်ပါတယ်။ စည်းကမ်း သတ်မှတ်ချက် ဆိုတာကလည်း အကုန်လုံးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သတင်းမီဒီယာတွေမှာ ဖျော်ဖြေရေး မီဒီယာလောက် ရုပ်ရှင်ရိုက်ကူးပြီး တဖက်စောင်းနင်း ဖော်ပြတာမျိုးတော့ မတွေ့ရပါဘူး”ဟု ပြောသည်။

၂၀၁၅ ခုနှစ်က ကောက်ယူထားသည့် စစ်တမ်းများ အရ မြန်မာနိုင်ငံတွင် ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြုမူ နေထိုင်သူ အမျိုး သမီးများ အပါအဝင် အမျိုးသားချင်း ချစ်ခင် စုံမက်သူ ဦးရေ ၂ သိန်းခွဲကျော် ရှိပြီး ၎င်းတို့ အနက် ၁၁ ရာခိုင်နှုန်း သည် HIV ပိုး ရှိနေသူများ ဖြစ်ကြောင်း သိရသည်။

မန္တလေး အခြေစိုက် The Help အဖွဲ့ကို ၂၀၀၇ ခုနှစ်က တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း၊ အထက်ပိုင်း ဒေသ များ ရှိ LGBT များအား လူ့အခွင့်အရေးနှင့် နိုင်ငံသား ပညာရေး အသိပညာပေး သင်တန်းများ ဖွင့်လှစ်ခြင်း၊ HIV ကာ ကွယ် ရေး ဆိုင်ရာ ဝန်ဆောင်မှုများ၊ ဥပဒေ အထောက်အကူများပေးခြင်း စသည့် တို့အား ဦးတည် ဆောင်ရွက် နေသည့် အဖွဲ့ အစည်း တခုဖြစ်ကြောင်းလည်း ဆိုသည်။

Your Thoughts …
Tags: LGBT
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

by ဧရာဝတီ
25 March 2025
11.6k

မစ္စတာ အီလွန်မတ်စ်နှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက စကားမပြောတော့သည့် မစ္စ ဝီလ်ဆင်သည် ဘီလျံနာ မတ်စ်ကို လူသိရှင်ကြား ဝေဖန်သည်မှာ ယခုတကြိမ်သည် ပထမဆုံး မဟုတ်ပေ။

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

by နွေနေ
3 February 2025
3.8k

ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေဟာ အန္တရာယ်ရှိတဲ့ အာဏာရှင်စနစ်ကို ဦးတည်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ညီညွတ်မှု မရှိဘူးလို့ ဆိုတယ်။

အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ

အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ

by ညိုလတ်
10 August 2024
1.8k

ယခု အယ်လ်ဂျီးရီးယား လက်ဝှေ့မယ်၏ ဖြစ်စဉ်သည် လူ့အခွင့်အရေး၊ ကျင့်ဝတ်၊ နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေးများပါ ရှုပ်ထွေးပါဝင်လာပြီဖြစ်၍ အတိအကျသိရရန် ခက်ခဲသွားခဲ့ပါပြီ။

ယနေ့ပြုလုပ်သည့် “အမှောင်ရိပ်ထဲက ဘဝများ” အစီရင်ခံစာထုတ်ပြန်ပွဲ / လဲ့လဲ့ / ဧရာဝတီ

ပုဒ်မ ၃၇၇ ပြင်ဆင်နိုင်ရေး LGBTများ ကြိုးပမ်းနေ

by လဲ့လဲ့
8 November 2019
17.7k

ရဲတပ်ဖွဲ့အနေဖြင့် LGBT များအပေါ်တွင် မည်သူက ကျုးလွန်သည် ဖြစ်စေ ကျူးလွန်သူများကို ဘက်မလိုက်ဘဲ ချက်ခြင်း စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးရန် တာဝန်ရှိ

မင်းပါရင် တော်လှန်ရေးက ပြီးပြီ (ရုပ်/သံ)

မင်းပါရင် တော်လှန်ရေးက ပြီးပြီ (ရုပ်/သံ)

by ဘုန်းအောင်
19 August 2024
466

နိုင်ငံခြားဘာသာ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူတယောက်ဖြစ်တဲ့ ရဲဘော်နန္ဒာဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူငယ်တွေကို စစ်တပ်ကအကြမ်းဖက် ဖြိုခွင်း သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အာဏာရှင် စနစ်ကို ဖြုတ်ချဖို့အတွက် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့သူပါ။

လိင်တူလက်ထပ်ခွင့်ပြုသည့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံ ထိုင်းဖြစ်လာတော့မည်

လိင်တူလက်ထပ်ခွင့်ပြုသည့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံ ထိုင်းဖြစ်လာတော့မည်

by ဧရာဝတီ
19 June 2024
428

ဘုရင်က အတည်ပြုရန် လိုအပ်သည့် ထိုဥပဒေသည် တော်ဝင်ပြန်တမ်းတွင် ထုတ်ပြန်ပြီး ရက်ပေါင်း ၁၂၀ အတွင်း စတင်သက်ဝင်မည်။

Next Post
ရွှေရည်ထွန်း ၂ ကို တူးဖော် နေသော တွင်းတူးစက် Dhirubhai Deep Water KG2 (DDKG2)  /  Ministry of Electricity and Energy,Myanmar

ကမ်းလွန် သဘာဝဓာတ်ငွေ့ စီးပွားဖြစ် ထုတ်ယူနိုင်ကြောင်း ထပ်မံ စမ်းသပ်တွေ့ရှိ

ပြည်မြို့တွင် အော်တစ်ဇင်(Autism) ကျောင်းဖွင့်တော့မည် (ရုပ်/သံ)

ပြည်မြို့တွင် အော်တစ်ဇင်(Autism) ကျောင်းဖွင့်တော့မည် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved