• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘင်္ဂလားဒေ့ရှ်နှင့် နောက်တကြိမ် တွေ့ပြီးပါက ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး စတင်နိုင်ဟု ဆို

by မိုးမြင့်
15 October 2018
in သတင်း
A A
ရိုဟင်ဂျာ (ခေါ်) ဘင်္ဂါလီဒုက္ခသည်များ နေထိုင်သည့် ဒုက္ခသည်စခန်းကို ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်၌ ပြီးခဲ့သည့် မတ်လအတွင်းက တွေ့ရစဉ်  / မိုးမြင့် / ဧရာဝတီ

ရိုဟင်ဂျာ (ခေါ်) ဘင်္ဂါလီဒုက္ခသည်များ နေထိုင်သည့် ဒုက္ခသည်စခန်းကို ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်၌ ပြီးခဲ့သည့် မတ်လအတွင်းက တွေ့ရစဉ် / မိုးမြင့် / ဧရာဝတီ

5.4k
VIEWS
Share on FacebookShare on Twitter

ယခုလကုန်တွင် ပြုလုပ်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးတွဲလုပ်ငန်းအဖွဲ့ (JWG) အစည်းအဝေးအပြီးတွင် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ ဒုက္ခသည် ပထမအသုတ်ကို စတင်လက်ခံနိုင်ဖွယ်ရှိသည်ဟု လူမှုဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

ဒုက္ခသည် ပြန်လည် လက်ခံရေးအတွက် နိုင်ငံငံ သဘောတူညီချက် အသေးစိတ်ကို ဆွေးနွေးရန် နှစ်နိုင်ငံ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အရာရှိများဖြင့် ပူးတွဲလုပ်ငန်းအဖွဲ့ကို လွန်ခဲ့သည့် နှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

သူသည် ပူးတွဲလုပ်ငန်းအဖွဲ့တွင် ပါဝင်ခြင်းမရှိသောကြောင့် ပထမအသုတ် လက်ခံမည့် ဒုက္ခသည် အရေအတွက်ကို အတိအကျ မပြောနိုင်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ဧရာဝတီ သတင်းဌာနသို့ အောက်တိုဘာလ ၁၂ ရက်က ပြောသည်။

သို့သော် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် -UNDP နှင့် ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီတို့က ဒုက္ခသည်များကို ထားမည့် ကျေးရွာ ၂၃ ရွာကို အကဲဖြတ်ပေးခဲ့ပြီး အခြားနေရာများကိုလည်း ဆက်လက် အကဲဖြတ်နေခြင်းကြောင့် နောက်တကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးအပြီးတွင် ဒုက္ခသည် ပြန်လည်လက်ခံရေး စတင်နိုင်မည်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အစိုးရ လုံခြုံရေးစခန်းများကို စစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် ပြုလုပ်ခဲ့သော စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားခဲ့သည်။

ဒုက္ခသည် လက်ခံရေး နှစ်နိုင်ငံ သဘောတူညီချက် ရှိသော်လည်း ဒုက္ခသည် လက်တဆုပ်စာမျှသာ တရားဝင်မဟုတ်သော လမ်းကြောင်းများမှ ပြန်ဝင်လာခဲ့သည်။

ဒေသအာဏာပိုင်များသည် ပြန်လာသူများအတွက် သီးခြားစီဖြစ်သော်လည်း ဆက်စပ်နေသည့် စီမံကိန်းနှစ်ခုကို ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမှ ဒု ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ဧရာဝတီ သတင်းဌာနသို့ ယခင်က ပြောခဲ့ဖူးသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
505
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
83

စီမံကိန်းတခုမှ လူမှုဝန်ထမ်းဝန်ကြီးဌာနက နေရာ ၁၉ နေရာတွင် နေအိမ်များ တည်ဆောက်ခြင်း ဖြစ်ပြီး အခြားတခုမှာ ဈေးများ၊ ကျောင်းများ၊ ပန်းခြံများနှင့် ဆေးခန်းများပါဝင်သည့် စံပြကျေးရွာများ တည်ဆောက်ခြင်း ဖြစ်သည်။

ဒုက္ခသည် ပြန်လည်လက်ခံရေးကို မြန်မာနိုင်ငံဖက်မှ ဦးဆောင်သည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများ ယခု သတင်းအတွက် ဆက်သွယ်နိုင်ခဲ့ခြင်း မရှိပါ။

ဒုက္ခသည် ၆၀၀၀ ခန့်ကို မကြာမီ မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟက်ဆန်မာမွတ် ဒါကာရှိ သတင်းထောက်များကို တနင်္ဂနွေနေ့က ပြောသော်လည်း အချိန်အတိအကျ မပြောကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြသည်။

အိန္ဒိယ နိုင်ငံသည် မောင်တောတွင် ဒုက္ခသည်များအတွက် အိမ် ၂၅၀ တည်ဆောက်ပြီးကြောင်းနှင့် တရုတ်နိုင်ငံကလည်း နောက်ထပ်အိမ် ၁၀၀၀ တည်ဆောက်ပေးရန် ကတိပေးထားကြောင်း ၎င်းက ပြောသည်ဟု သတင်းများက ဆိုသည်။

လွန်ခဲ့သော အပတ်က နယူးယောက်တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးအတွင်း တရုတ်နိုင်ငံသည် ဒုက္ခသည် ပြန်လည်ပို့ဆောင်မှု မြန်ဆန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် အိန္ဒိယတို့မှ သံတမန်များနှင့် အစည်းအဝေးတခု ကျင်းပခဲ့သေးသည်။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က မြန်မာစစ်တပ်သည် ရိုဟင်ဂျာများကို လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိသည်ဟု စွပ်စွဲပြီး လုံခြုံရေးကောင်စီ အနေဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး -ICC သို့လွှဲပြောင်းပေးရန် တောင်းဆိုထားသည်။

ဥရောပ သမဂ္ဂ (EU) က ဗိုလ်ချုပ်အချို့ကို ပစ်မှတ်ထား အရေးယူမှုများ ချမှတ်ထားပြီး ကုန်သွယ်ရေးပိတ်ဆို့မှု ပြုလုပ်ရန် စဉ်းစားလျက် ရှိသည်။

(Rohingya Repatriation ‘Likely’ to Start After Next Meeting with Bangladesh: Minister အား ဆီးလျော်အောင် ဘာသာပြန်ဆိုသည်။)

Your Thoughts …
Tags: ဘင်္ဂါလီ ဒုက္ခသည် ပြန်ပို့ရေး
မိုးမြင့်

မိုးမြင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
Venom ရုပ်ရှင်

ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရပ်တည်နေပြန်တဲ့ “Venom” ရုပ်ရှင်

နိုင်ပိုက်ထွေး က ယာဉ်ထိန်းရဲအား တိုက်ခဲ့သည့် ကား  / ဉာဏ်စိုးဝင်း  / ဧရာဝတီ

ယာဉ်ထိန်းရဲအား ပစ်ခတ် ထွက်ပြေးသူ၏ ကားမှ WY ဆေးပြားများ တွေ့ရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved