• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တနင်္သာရီတိုင်း ရေဖြူမြို့နယ်သား တဦး မြေမြှုပ်မိုင်း နင်း

by ဉာဏ်စိုးဝင်း
30 November 2018
in သတင်း
A A
မြေမြှုပ်မိုင်း နင်းမိကာ ဒဏ်ရာ ရရှိသူ နိုင်ကွန်ဗလိုင်း  / ဉာဏ်စိုးဝင်း / ဧရာဝတီ

မြေမြှုပ်မိုင်း နင်းမိကာ ဒဏ်ရာ ရရှိသူ နိုင်ကွန်ဗလိုင်း / ဉာဏ်စိုးဝင်း / ဧရာဝတီ

8.8k
VIEWS
Share on FacebookShare on Twitter

တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူ မြို့နယ်၊ ကလိန်အောင်မြို့ရှိ အလယ်စခန်း ကျေးရွာ အနီး၌ နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းက ဒေသခံ ရွာသားတဦး မြေမြှုပ်မိုင်း နင်းမိခဲ့သဖြင့် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသသည် မွန်ပြည်နယ် ပါတီ (NMSP)နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) တို့ အငြင်းပွားလျက် ရှိသော နယ်မြေလည်း ဖြစ်ကာ ယခုနှစ်အတွင်း မြေမြှုပ်မိုင်းနင်းမိမှုမှာ ၄ ကြိမ်မြောက် ဖြစ်ပွားခြင်း ဟု ဒေသခံများက ဆိုသည်။

နိုင်ကွန်ဗလိုင်းသည် ဇနီးနှင့် အတူ အလယ်စခန်း ကျေးရွာနှင့် အနည်းငယ် ဝေးသာ ၎င်းတို့ပိုင် ကွမ်းသီးခြံတွင် ကွမ်းသီး သွား ကောက်ရာမှ ခြံရှိ တဲအရှေ့နား၌ မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်း ဖြစ်သည်။
မိုင်းနင်းမိသည့် နိုင်ကွန်ဗလိုင်၏ ဇနီးဖြစ်သူ မစူးဝါးက “သူ့ မထိလည်း ကျမ ထိမှာပဲ။ သူ့ အနောက်မှာ ကျမ ရှိနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ကွန်ဗလိုင်ကို နိုဝင်ဘာ၂၉ ရက်တွင် ရေးမြို့ ပြည်သူ့ ဆေးရုံသို့ တင်ပို့ခဲ့ပြီး ထိုမှတဆင့် မော်လမြိုင် ပြည်သူ့ ဆေးရုံကြီး သို့ တင်ပို့ထားကြောင်း ၎င်း၏ မိသားစုဝင်များက ဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
520
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
42
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
89

အလယ်စခန်း ကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်တင်စန်းက “ခွဲစိတ်ခန်းကနေ ဒီနေ့ (နိုဝင်ဘာ ၃၀) ပဲ ထွက်လာတယ်။ စတီးရိုး အစား ပြန်ထိုးရမယ်။ အရိုးက ကြေသွားပြီ”ဟု ပြောသည်။

လက်ရှိ နိုင်ကွန်ဗလိုင်း၏ ညာဘက် ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာများ ရရှိထားသည့် အပြင် ဘယ်ဘက် ခြေ ထောက်နှင့် မျက်နှာတို့၌လည်း ဒဏ်ရာများစွာ ရရှိထားကြောင်း သတင်း ရရှိသည်။
ယင်းသို့ မြေမြှုပ်မိုင်း နင်းမိမှု ပထမ အကြိမ်တွင် မွန်ပြည်သစ် တပ်ဖွဲ့ဝင် တဦး ထိခိုက်ခဲ့ပြီး ဒုတိယ အကြိမ်၌ ဆိုင်ကယ် တစီး ပျက်ဆီးခဲ့ကြောင်း၊ တတိယ အကြိမ်တွင် ရွာသားတဦး ခြေထောက် ဖြတ်လိုက်ရပြီး ယခုတွင် စတုတ္တ အကြိမ် အဖြစ် မြေမြှုပ်မိုင်း နင်းမိခြင်း ဖြစ်သည်ဟု အလယ်စခန်း ကျေးရွာ ဒေသခံများက ဆိုသည်။

နိုင်တင်စန်းက “ဥယျာဉ်ခြံတွေ၊ အသီးအနှံတွေ ပျက်ဆီး ဆုံးရှုံးတာတွေ ရှိလို့ မရဲတရဲ သွားတဲ့ အချိန်မှာ အဲဒီလို ဖြစ်သွား တယ် ဆိုတော့ ပိုဆိုးသွားတာပေါ့။ အခုဆို လုံးဝကို မသွားရဲတဲ့ အခြေအနေတွေ ဖြစ်သွားပြီပေါ့”ဟု ရှင်းပြသည်။

ထိုသို့ မြေမြှုပ်မိုင်း နင်းမိသည့် နေရာ အနီးတွင် ကွမ်းသီးခြံနှင့် ဒူးရင်းသီးခြံ များစွာ ရှိနေပြီး မြေမြှုပ်မိုင်း ပေါက်ကွဲခြင်းများ နှင့် ပတ်သက်၍လည်း သက်ဆိုင်ရာသို့ အကြောင်းကြားထားရာမှ ပြန်လည် အကြောင်းပြန်ခြင်း မရှိသေးကြောင်း အလယ် စခန်း အုပ်ချုပ်ရေးမှူးထံက သိရသည်။

Your Thoughts …
Tags: ရေဖြူမြို့နယ် ဒေသခံ တဦး မြေမြှုပ်မိုင်းနင်း
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ရန်ကုန်ကားပါကင် ပြဿနာ ပြည့်သူ့လွှတ်တော်မှာ မေးခွန်းထုတ် (ရုပ်/သံ)

ရန်ကုန်ကားပါကင် ပြဿနာ ပြည့်သူ့လွှတ်တော်မှာ မေးခွန်းထုတ် (ရုပ်/သံ)

အဆိုတော် ဘီလီလမင်းအေး  /  ချစ်ပိုး / ဧရာဝတီ

နားလည်ပေးနိုင်ပြီး ချစ်ခြင်းမေတ္တာ ပေးနိုင်တဲ့သူကို ရွေးချယ်မယ့် ဘီလီလမင်းအေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved