• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သယံဇာတ ကဏ္ဍရှိ ပိုင်ဆိုင်မှုများ ဖော်ပြမည့် အစီရင်ခံစာ ထုတ်ပြန်မည်

by မြတ်ပြည့်ဖြိုး
18 January 2019
in သတင်း
A A
ကျောက်စိမ်း သယံဇာတ တူးဖော် ထုတ်လုပ်သည့် ကချင်ပြည်နယ် ဖားကန့် ဒေသကို မြင်ကွင်း  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

ကျောက်စိမ်း သယံဇာတ တူးဖော် ထုတ်လုပ်သည့် ကချင်ပြည်နယ် ဖားကန့် ဒေသကို မြင်ကွင်း / မြတ်ပြည့်ဖြိုး / ဧရာဝတီ

7.4k
VIEWS
Share on FacebookShare on Twitter

သယံဇတ ကဏ္ဍတွင် လုပ်ပိုင်ခွင့်ရ ကုမ္ပဏီများ၊ အကျိုးအမြတ်၊ ပိုင်ဆိုင်သူ အစစ်အမှန် (Beneficial Ownership-BO) များအား ဖော်ပြမည့် အစီရင်ခံစာ ထုတ်ပြန်ရန် ရှိကြောင်း သိရသည်။

လာမည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ထုတ်ပြန်သွားရန် ရှိသည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီး ဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်က ဧရာဝတီကို ပြောသည်။

“သယံဇာတ ကဏ္ဍမှာ လုပ်ကိုင်နေသူတွေရဲ့ အကျိုးအမြတ် ပိုင်ဆိုင်မှု အစစ်အမှန်ကို ဖော်ပြဖို့ နည်းနည်းတော့ အခက် အခဲ ရှိနိုင်တယ်။ ဒါပေမယ့် ဒါက EITI ရဲ့ စံသတ်မှတ်ချက် တခု ဖြစ်တာကြောင့် လုပ်ကိုလုပ်ရမယ့် အရာတခု ဖြစ်တယ်”ဟု ၎င်းက ပြောပြသည်။

သဘာဝ သယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး (EITI) အဖွဲ့ ၏ ကမ္ဘာလုံးဆိုင်ရာ စံနှုန်း တခု အဖြစ် ပုန်းကွယ်နေသော ပိုင်ဆိုင်မှုများကို ဖော်ထုတ် ချပြရန် ကိစ္စ (Beneficial Ownership) အား မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က ၂၀၂၀ ပြည့်နှစ်တွင် နောက်ဆုံးထား၍ လုပ် ဆောင်ရန် လိုအပ်သည်ဟု ၂၀၁၆ ခုနှစ်က EITI အဖွဲ့က ထုတ်ပြန်ခဲ့သည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
681

ထို့ကြောင့် မြန်မာနိုင်ငံသည်လည်း EITI အဖွဲ့ဝင် လောင်းနိုင်ငံမှ အဖွဲ့ဝင် နိုင်ငံ စာရင်းဝင်နိုင်ရန် အတွက် ကြိုးစားနေ ချိန် ဖြစ်သဖြင့် အဆိုပါ စံနှုန်းကို အခြားနိုင်ငံများ နည်းတူ လိုက်နာ ဆောင်ရွက်ရန် ခြေလှမ်း စတင်ခြင်း ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် လက်ရှိ မြန်မာနိုင်ငံ၌ အမည်ခံ ပိုင်ဆိုင်မှုများအား မဖြစ်မနေ ဖော်ပြရမည်ဟု ပြဌာန်းထားသော ဥပဒေ တရပ် မရှိသေးသဖြင့် အဆိုပါ အစီရင်ခံစာ ထုတ်ပြန်နိုင်ရေး အတွက် သမ္မတရုံး အမိန့်စာ ထုတ်ပြန်၍ လည်းကောင်း၊ အထူး လုပ်ငန်း အဖွဲ့ ဖွဲ့စည်း၍ လည်းကောင်း ဆောင်ရွက်သွားမည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြောသည်။

အဆိုပါ အစီရင်ခံစာသည် EITI အစီရင်ခံစာ ကဲ့သို့ နှစ်စဉ် ထုတ်ပြန်ပေးသွားရမည် ဖြစ်ပြီး ဥပဒေ မပြဋ္ဌာန်းနိုင် သေး ခင် လက်ရှိ ကြားကာလ၌ သမ္မတရုံး အမိန့်စာဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းနှင့် အစီရင်ခံစာကို ၂၀၂၀ ဇန်နဝါရီတွင် ထုတ်ပြန်ရမည်ဟု သိရသည်။

ဒုညွှန်ချုပ် ဦးကျော်သက်က“အစီရင်ခံစာ အချိန်မီ မထုတ်ပြန်နိုင်ရင်တော့ EITI အဖွဲ့ဝင်လောင်း နိုင်ငံကနေ ပြန်ရုပ် သွားမှာတော့ မဟုတ်ပေမယ့် တင်းပြည့် အဖွဲ့ဝင် နိုင်ငံတော့ မဖြစ်တော့ဘူးပေါ့။ အဖွဲ့ဝင်လောင်း အနေနဲ့ပဲ တန့်နေ မလားဆိုတာပဲ ရှိမယ်။ အဲဒါကြောင့် ကျနော်တို့ စာမေးပွဲ အောင်ဖို့ လိုတယ်လို့ ပြောတာပါ”ဟု ပြောသည်။

လျှို့ဝှက် ပိုင်ဆိုင်မှု ပြဿနာသည် အထူးသဖြင့် သယံဇာတ တူးဖော်ရေး ကဏ္ဍတွင် စိန်ခေါ်မှုတရပ် ဖြစ်သလို ကုမ္ပဏီ ပိုင်ရှင် မည်သူ မည်ဝါ ဖြစ်သည်ကို မသိရှိပါက ခြေရာခံရန် အတွက်လည်း အခက်အခဲ ရှိနိုင်ပြီး အလွဲသုံးစား ပြုရန် အခွင့်အလမ်း များပြားကြောင်း သဘာဝ သယံဇာတ အရင်းအမြစ် စီမံခန့်ခွဲမှု အကြံပေးအဖွဲ့၏ ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နောက်ကွယ်တွင် ငွေကြေးခဝါချမှု၊ အဂတိ လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများ ရှိနိုင်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဥပဒေနှင့် မညီညွတ်သော လုပ်ငန်း သဘောတူညီမှုများကြောင့် တရားဝင် မှတ်ပုံတင်ထား သော်လည်း ပိုင်ရှင် အမည် မပေါ်သော ကုမ္ပဏီ (အမည်မသိ ကုမ္ပဏီ) အများအပြား ရှိသည်ဟု ဆိုသည်။

ယင်းအစီရင်ခံစာ ထွက်ရှိရေး အတွက် အရပ်ဘက် အဖွဲ့အစည်း အဖြစ် ပူးပေါင်း ဆောင်ရွက်ရမည့် မြန်မာနိုင်ငံ ပွင့် လင်း မြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုင်ရာ အရပ်ဘက် မဟာမိတ် အဖွဲ့မှ ဒေါ်မိုးမိုးထွန်းက“ဒီကိစ္စမှာ နည်းနည်း စိန်ခေါ်မှု ရှိတယ်။ အချက်အလက် မပေးချင်တဲ့ ကုမ္ပဏီတွေကျတော့ ပိုင်ရှင်၊ လိပ်စာ ဖော်လိုက်ရင် အဲဒီလူတွေ ရဲ့ လုံခြုံ ရေးကို ဘယ်သူက တာဝန်ယူမှာလဲ ဆိုတာမျိုးနဲ့ အကြောင်းပြတယ်။ ကျမတို့နိုင်ငံမှာ အစိုးရတောင် တရားဥပဒေ စိုးမိုး ရေးကို ကြိုးစားနေဆဲ ကာလမှာ ဘယ်လို တာဝန်ယူမှုမျိုးကို ကျမတို့လို အရပ်ဘက် အဖွဲ့အစည်းက ပေးနိုင်မှာလဲ”ဟု ဧရာဝတီကို ပြောသည်။

ကချင်ပြည်နယ် ဖားကန့် ဒေသခံ တဦးက ကျောက်စိမ်းနှင့် သတ္တုတူးဖော်ရေး ကဏ္ဍတို့တွင် လုပ်ခွင့်ရ ကုမ္ပဏီများ၏ နောက်ကွယ်၌ နိုင်ငံခြားသား အကျိုး အမြတ် ပိုင်ဆိုင်မှုများစွာ ရှိနေခြင်း၊ ပြည်တွင်းစစ် ဖြစ်ရာ တိုင်းရင်းသား ဒေသ များ ၌ လက်နက်ကိုင် တပ်ဖွဲ့များ၏ အကျိုးစီးပွားများဖြင့် ဆက်နွယ် ရှုပ်ထွေးနေခြင်း၊ ငွေကြေး ခဝါချမှုများ၏ လမ်း ကြောင်း တခုအဖြစ် ရှိနေခြင်းတို့ကြောင့် အဆိုပါ ကိစ္စ အကောင်အထည်ပေါ်လာပါက သယံဇာတ စီမံအုပ်ချုပ်မှု ကဏ္ဍ တွင် အစိုးရက ယခုထက် ပိုမိုကွပ်ကဲ နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။

၂၀၁၅ ခုနှစ်က Global Witness အဖွဲ့မှ ထုတ်ပြန်ခဲ့သော မြန်မာ့ ကျောက်စိမ်း ကဏ္ဍနှင့် ပတ်သက်သည့် အစီရင်ခံစာ တွင် ကျောက်စိမ်း ကဏ္ဍ၌ အကျိုးစီးပွား ပါဝင် ပတ်သက်နေသူများသည် တပ်မတော်မှ အငြိမ်းစား ထိပ်ပိုင်း အရာရှိ ကြီး များနှင့် မူးယစ်ဆေးဝါးတွင် နာမည် ကျော်ဇောသူများ ဖြစ်ကြောင်း ပါရှိသည်။

ထိုကြောင့် BO အကောင်အထည် ပေါ်လာပါက နိုင်ငံ၏ သဘာဝ သယံဇာတများကို တူးဖော်နေသော ကုမ္ပဏီများကို မည်သူက ပိုင်ဆိုင်ပြီး မည်သူက အကျိုးအမြတ်ခံစားနေရသည်ကို သိရှိလာနိုင်ကာ သယံဇာတ စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စ များတွင်လည်း ကောင်းမွန်သည့် တွန်းအားတခု ဖြစ်စေမည်ဟုလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ သတ္တု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က“အားလုံးမှာတော့ အကျိုးစီးပွားတွေ ရှိနေနိုင် တယ်။ အဲဒီလို အကျိုးစီးပွား ပဋိပက္ခတွေကို အဖြေရှာကြတဲ့ အခါမှာ အမျိုးသား အကျိုးစီးပွားနဲ့ပဲ ဦးတည် စဉ်းစားဖို့ လို ပါတယ်”ဟု ပြောသည်။

နိုင်ငံတကာ အဖွဲ့အစည်း တခုဖြစ်သည့် သဘာဝ သယံဇာတ အရင်းအမြစ်များ တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အဖွဲ့ (EITI) ကို ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် အင်္ဂလန်နိုင်ငံ၌ စတင် ဖွဲ့စည်းခဲ့ပြီး အဆိုပါ အဖွဲ့ဝင် နိုင်ငံ အဖြစ် သတ်မှတ်ခံရပါက ပြည်သူများ သယံဇာတ အကျိုး စီးပွားကို ခံစားခွင့် ရလာနိုင်ရန် မူဝါဒ များ ပိုမိုချမှတ် ဆောင်ရွက်နိုင်ခြင်း၊ သယံဇာတ ကဏ္ဍ စီမံခန့်ခွဲမှု ပိုအားကောင်းခြင်း၊ နိုင်ငံ ဂုဏ်သိက္ခာ မြှင့်တင်ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် အားသာချက် တခုဖြစ်လာခြင်း တို့ကြောင့် မြန်မာနိုင်ငံ အပါအဝင် သယံဇာတ ထွက်ရှိ သည့် အခြား နိုင်ငံများစွာက ဖော်ဆောင်လျက် ရှိသည်။

Your Thoughts …
Tags: သယံဇာတ အစီရင်ခံစာ
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ တင်ပို့နေသော ဆန်လုံးရှည်ကို အခွန်သက်သာခွင့် အထူးအခွင့်အရေး (GSP) အား အီးယူက ရပ်ဆိုင်းသွားမည် / Reuters

မြန်မာ့ဆန်လုံးရှည် EU အခွန် ပြန်ကောက်မည်

သီလဝါစီးပွားရေးဇုန်  / ဧရာဝတီ

သီလဝါ အထူးစီးပွားရေးဇုန်ထုတ် ကုန်ပစ္စည်းများ သယ်ရန် မြို့ပတ်လမ်းများ ဖော်ဆောင်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved