• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာ့ဆန်လုံးရှည် EU အခွန် ပြန်ကောက်မည်

by မျိုးပပစန်း
18 January 2019
in စီးပွားရေး
A A
ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ တင်ပို့နေသော ဆန်လုံးရှည်ကို အခွန်သက်သာခွင့် အထူးအခွင့်အရေး (GSP) အား အီးယူက ရပ်ဆိုင်းသွားမည် / Reuters

ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ တင်ပို့နေသော ဆန်လုံးရှည်ကို အခွန်သက်သာခွင့် အထူးအခွင့်အရေး (GSP) အား အီးယူက ရပ်ဆိုင်းသွားမည် / Reuters

6k
VIEWS
Share on FacebookShare on Twitter

ဥရောပ စားသောက်ကုန် ထုတ်လုပ်သူများအပေါ် စီးပွားရေးထိခိုက်စေသောကြောင့် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ တင်ပို့နေသော ဆန်လုံးရှည်ကို အခွန်သက်သာခွင့် အထူးအခွင့်အရေး (GSP) အား ဇန်နဝါရီလ ၁၈ ရက်မှ စ၍ ၃ နှစ်ခန့် ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

အဆိုပါဆုံးဖြတ်ချက်အရ ယခု ဇန်နဝါရီလ ၁၈ ရက်မှစ၍ ပထမနှစ်တွင် ၁ တန်လျှင် ၁၇၅ ယူရို၊ ဒုတိယနှစ်တွင် တတန်လျှင် ၁၅၀ ယူရိုနှင့် တတိယနှစ်တွင် ၁၂၅ ယူရို အခွန်စည်းကြပ် ကောက်ခံသွားရန် ဥရောပသမဂ္ဂ (EU) ကော်မရှင်မှ ဆုံးဖြတ်လိုက်ကြောင်း ဇန်နဝါရီလ ၁၇ ရက်က ကြေညာခဲ့သည်။

ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံမှ EU နိုင်ငံများသို့ ဆန်လုံးရှည် တင်ပို့မှာ ပြီးခဲ့သည့် ရာသီချိန်တွင် ၈၉ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး တင်ပို့သည့် ဈေးနှုန်းမှာလည်း အီးယူဈေးကွက် ပေါက်ဈေးအောက် လျှော့နည်းနေသောကြောင့် အီးယူနိုင်ငံများဖြစ်သော စပိန်၊ ပြင်သစ်၊ ပေါ်တူဂီ၊ ဂရိ၊ ဟန်ဂေရီ၊ ရိုမေးနီးယားနှင့် ဘူလ်ဂေးရီးယား အစရှိသည့် နိုင်ငံတို့မှ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများကို အကျပ်အတည်းဖြစ်စေသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က” ကျနော်တို့ဆီက ဆန်ကွဲက အီးယူသွားတာ များပါတယ်။ ဈေးကွက်ကို အရမ်းကြီးတော့ မထိခိုက်ပါဘူး။ အနည်းအကျဉ်းတော့ ထိခိုက်မှုရှိတာပေါ့။ ဒီကိုသွားမရရင် တခြားဈေးကွက်ကို ဘယ်လိုထိုးဖောက်မလဲဆိုတာ စဉ်းစားရမယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “GSP ပိတ်လိုက်တဲ့အတွက် ဈေးကွက်က ပုံမှန်အခွန်ဆောင်ပြီးတော့ တင်ပို့ရမှာ ဖြစ်တယ်။ ပုံမှန်အခွန်နှုန်းကလည်း မြင့်တဲ့အတွက် ဒီက ကုန်သည်တွေကတော့ တင်ပို့လို့ အဆင်မပြေနိုင်ဘူး။ အဲတော့ ဈေးကွက်ကတော့ နည်းနည်းတော့ ထိခိုက်ပါတယ်။ ဒါပေမယ့် အီးယူသွားတဲ့ဆန်ထက် တရုတ်ကို သွားတာ ရာခိုင်နှုန်းပိုများတဲ့အတွက် တရုတ်ဈေးကွက်ကို တင်ပို့ခွင့်မရတာ ပိုပြီး ထိခိုက်မှုရှိတယ်။ အီးယူကတော့ နည်းပါတယ်”ဟု ရှင်းပြသည်။

ယခုအချိန်တွင် ဈေးကွက်သစ်ရှာဖွေမှုအနေနှင့် ဖိလစ်ပိုင်ဈေးကွက်ကိုလည်း ပင်လယ်ရေကြောင်းမှ တရားဝင်တင်ပို့ခွင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စတင်ခွင့်ပြုပေးနေပြီး ဘင်္ဂလားဒေရှ့်နိုင်ငံသို့ လည်း မြန်မာ့ဆန်လုံးရှည် တင်ပို့မှုများ ရှိကြောင်း ၎င်းက ပြောသည်။

ထိုသို့ ၃ နှစ်ခန့် GSP ပြန်လည်ကောက်ယူခြင်းမှာ EU ဒေသတွင်း စိုက်ပျိုးရေး နိုင်ငံများ ပြန်လည်ထူထောင်နိုင်ရန်နှင့် ကုစားမှုပြုလုပ်ရန်အတွက် အချိန်ယူခြင်းလည်းဖြစ်ကြောင်း ပြည်တွင်းကုန်သည်များက သုံးသပ်ထားသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6.7k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

လက်ရှိဆန်ဈေးကွက်အခြေအနေမှာ ပုံမှန်ဖြစ်နေသော်လည်း နောက်ပိုင်းတွင် အီးယူမှ GSP ပြန်လည်ရုတ်သိမ်းခြင်း၊ တရုတ်မှလည်း နှစ်သစ်ကူးနီးသောကြောင့် နယ်စပ်တွင် အဝယ်ရပ်ခြင်း၊ ရေကျနောက်စိုက် နွေစပါး ပေါ်ချိန်နီးလာခြင်း စသည်တို့ကြောင့်လည်း ဆန်ဈေးကွက်အခြေအနေ အေးနိုင်ကြောင်း ဆန်ကုန်သည်များက ပြောသည်။

အီးယူနိုင်ငံများသို့ မြန်မာနိုင်ငံမှ တနှစ်လျှင် ဆန်တန်ချိန် ၄ သိန်းခန့် နှစ်စဉ် တင်ပို့လျက်ရှိရာ စကွဲမှာ ၆၅ ရာခိုင်နှုန်းနှင့် ဆန်မှာ ၃၅ ရာခိုင်နှုန်းပါဝင်သည်။ ယင်းတင်ပို့သည့် ဆန် ၃၅ ရာခိုင်နှုန်းထဲမှ ဆန်လုံးရှည်မှာ ၁၀၊ ၁၅ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် စာရင်းများအရ သိရသည်။ မြန်မာနိုင်ငံမှ အီးယူနိုင်ငံများသို့ ဆန်တင်ပို့သည့် ကုမ္ပဏီပေါင်း ၁၅ ခုရှိသည်။

Your Thoughts …
Tags: EUGSPမြန်မာ့ဆန်လုံးရှည်အခွန်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

by ဧရာဝတီ
5 January 2024
16.9k

ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ကောင်စီဥက္ကဌ၏အကြံပေးနှင့် ဘတ်ဂျက်ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး နောက်ပိုင်း ရရှိလာသည့် လုပ်ပိုင်ခွင့်အာဏာများကို ကြည့်၍ တိုင်းပြည်၏စီးပွားရေးတခုလုံးအား ၎င်းက စီမံခန့်ခွဲတော့မည်ဟု ကုန်သည်ကြီးအချို့က ခန့်မှန်းတွက်ချက်ပြောဆိုကြသည်

ရှမ်းမြောက် အပစ်ရပ်မှု ခိုင်မာရေး စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဆွေးနွေး

ရှမ်းမြောက် အပစ်ရပ်မှု ခိုင်မာရေး စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဆွေးနွေး

by ဧရာဝတီ
4 March 2024
7.7k

ယနေ့ ပြုလုပ်သည့် ရက္ခိုင့်တပ်တော် (AA)၏ သတင်းစာရှင်းလင်းပွဲတွင်လည်း ရှမ်းမြောက်ဒေသတွင် အပစ်အခတ် ရပ်စဲမှု ခိုင်မာရေး၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး၊ ကျားဖြန့် လုပ်ငန်းများ တိုက်ဖျက်ရေး ၊ နယ်စပ်ဒေသ ထွက်ပေါက်များ တည်ငြိမ်ရေး ကိစ္စရပ်များအပေါ် စစ်ကောင်စီနှင့်...

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

by ဧရာဝတီ
18 October 2023
6.6k

အခွန်ကင်းရှင်းကြောင်း အထောက်အထားမပြနိုင်ပါက သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း၊ ပြည်ပတွင် သက်တမ်းတိုးလိုသူများအနေဖြင့် သက်ဆိုင်ရာသံရုံးများတွင် အခွန်တခါတည်းဆောင်ကာ သက်တမ်းတိုးနိုင်မည်

စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း

စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း

by ဧရာဝတီ
1 October 2023
4.5k

ကျောက်မျက်လုပ်ငန်းလိုင်စင်ကြေးများကို ခေတ်ကာလနှင့်လျော်ညီမှုမရှိဟုဆိုကာ လာမည့်နှစ်တွင် လက်ရှိ ကောက်ခံနေသည့် နှုန်းများထက် ၆ ဆကျော် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE)က လုပ်ငန်းရှင်များကို စက်တင်ဘာ ၁၅ ရက်စွဲဖြင့် အကြောင်းကြားထားသည်။

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

by ဧရာဝတီ
13 June 2025
2.7k

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) စစ်ဆေးရေးဂိတ် (ဗိုလ်ရိုင် ဂိတ်)အား အခွန်ကောက်ယူမှုနှုန်း များလွန်သဖြင့် ဇွန် ၁၁ ရက်မှစတင်ကာ ယနေ့အချိန်ထိ ကားသမားများနှင့် ဒေသခံများက ဆန္ဒပြနေကြောင်း သိရသည်။

ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

by ဧရာဝတီ
19 July 2025
1.9k

ထိုင်းနိုင်ငံအပေါ် အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုက ၃၆ ရာခိုင်နှုန်းကနေ နောက်ဆုံးမှာ ၁၈ နဲ့ ၂၀ ရာခိုင်နှုန်းလောက် ကြား ဖြစ်သွားနိုင်တယ်လို့ မျှော်လင့်ကြောင်းလည်း…

Next Post
သီလဝါစီးပွားရေးဇုန်  / ဧရာဝတီ

သီလဝါ အထူးစီးပွားရေးဇုန်ထုတ် ကုန်ပစ္စည်းများ သယ်ရန် မြို့ပတ်လမ်းများ ဖော်ဆောင်မည်

ဟံသာဝတီ ဦးဝင်းတင် ပုံတူ ပန်းချီကား /  ဧရာဝတီ

ဦးဝင်းတင် နေခဲ့သည့်အိမ် ဘဏ္ဍာရေး အခြေအနေအရ ပြတိုက် မလုပ်နိုင်ခဲ့ဟု NLD ဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved