• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့လူကုန်ကူးမှုပြဿနာ စိုးရိမ်ဖွယ်ရှိနေ

by လဲ့လဲ့
22 March 2019
in သတင်း
A A
တရုတ် နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြား လက်ထပ်ခံရသည့် လူကုန်ကူးမှုမှာ အများဆုံးနေ / Reuters

တရုတ် နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြား လက်ထပ်ခံရသည့် လူကုန်ကူးမှုမှာ အများဆုံးနေ / Reuters

11.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူကုန်ကူးမှု ပြဿနာသည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်ဟု Human Rights Watchမှ အမျိုးသမီးများရပိုင်ခွင့်၊ ယာယီတွဲဘက်ညွှန်ကြားရေးမှူး ဟယ်သာဘားက ဧရာဝတီသို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကလေးစစ်သားပြဿနာ၊ သက်ငယ်မုဒိမ်းမှု၊ ရခိုင်အရေးစသည့် ကြီးမားသော ပြဿနာ များစွာရှိသည့်အတွက် လူကုန်ကူးမှု ပြဿနာက ပြည်သူများ၏ အာရုံစူးစိုက်မှု လျော့ကျလာခဲ့ကြောင်း၊ ထို့အပြင် မည်မျှလူကုန်ကူးခံရကြောင်း ကိန်းဂဏန်းတိတိကျကျ မသိရခြင်းနှင့် လူကုန်ကူးခံရသူများသည် ပြဿနာဖြစ်ပါက တိုင်ကြားခြင်းမရှိပဲ ထွက်ပြေးကြခြင်းကြောင့် လူကုန်ကူးမှုက စိုးရိမ်ရသည့်အခြေအနေ ဖြစ်နေရသည်ဟု ဟယ်သာဘားက ရှင်းပြသည်။

“ဒါက စိုးရိမ်စရာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက လူအချင်းချင်းရောင်းစားတဲ့ ကိစ္စ။ စိုးရိမ်စရာ အခြေအနေက အမှုဖြစ်တဲ့ အခြေအနေပေါ် မူတည်ပြီးတော့ လုပ်ငန်းဆောင်ရွက်ချက်က လူကုန်ကူးမှု ကျဆင်းတယ်။ လျော့နည်းတယ်ဆိုတာကိုပဲ ကျနော်တို့က တိုင်းတာတယ်” ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပြသည်။

Human Rights Watch မှ ကျင်းပပြုလုပ်သည့် အစီရင်ခံစာထုတ်ပြန်ပွဲဖြစ်သည့် ကလေးတယောက် မွေးဖွားပေးပြီးမှ သင့်အား လွတ်မြောက် ခွင့်ပြုမည် – ကချင်အမျိုးသမီးများအား ‘ဇနီးမယားများ’ အဖြစ် ရောင်းစားရန်မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးခြင်း”ပွဲကို မတ်လ ၂၁ ရက်နေ့ က ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဟယ်သာဘားက “ဆိုးဝါးတဲ့ဆိုတဲ့ ဖြစ်ရပ်က မြန်မာနိုင်ငံမှာက ဖြစ်နေတာတွေက အများကြီးပဲ။ အဲဒီလိုတွေရှိတဲ့အခါကျတော့ ဒီလူကုန်ကူးမှုပြဿနာတွေက လူတွေရဲ့ အာရုံစူးစိုက်မှုက တော်တော်လေး လျော့လာတယ်။ အဲဒီတော့ ဆိုးရွားခြင်း မဆိုးဝါးခြင်းဆိုတာထက် အဲဒါကို အာရုံစိုက်ခြင်း၊ မစိုက်ခြင်းဆိုတဲ့ဟာက ပိုပြီး အရေးကြီးနေတဲ့အတွက်ကြောင့်မို့ ကျမတို့က ဒါကို ပြောပြနေရတာဖြစ်တယ်” ဟု ပြောသည်။

ကချင်ပြည်နယ်မှ ရာပေါင်းများစွာသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လိင်ပိုင်းဆိုင်ရာကျွန်ပြုရန် အတွက် သတို့သမီးများအဖြစ် တရုတ်ပြည်သို့ နှစ်စဉ်လူကုန်ကူးခံနေရကြောင်း၊ လူကုန်ကူးခံခဲ့ရသူများသည် မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းတို့ရှိ တိုက်ပွဲများကြောင့် နေအိမ် စွန့်ခွာခဲ့သူများ နေသည့် စခန်းများ၌ ဆိုးရွားသောဘဝများနှင့် ရင်ဆိုင်ရသောကြောင့် တရုတ်နိုင်ငံ၌အလုပ်အကိုင် ရှာဖွေခဲ့ရခြင်းကြောင့် ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံရှိ မိသားစုအများအပြားသည် ၎င်းနိုင်ငံရှိ “တအိမ်ထောင် ကလေးတယောက် မူဝါဒ၏ အကျိုး ဆက်အဖြစ် ပိုမိုဆိုးရွားခဲ့သည့် နိုင်ငံ၏အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေ ကွာခြားချက်ကြောင့် ၎င်းတို့၏ သားများအတွက် သတို့သမီးများရှာတွေ့ရန် ရုန်းကန်နေရမှုများကလည်း ‘သတို့သမီးများ’အဖြစ် လူကုန်ကူး ခံရမှုများ၏ အကြောင်းရင်းတခုပင် ဖြစ်သည်။

ဤအစီရင်ခံစာတွင် လူကုန်ကူးမှုများ အဓိကဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် လူကုန်ကူးမှုများရှင်သန် စေရန် ခွင့်ပြုသည့် တရားဥပဒေစိုးမိုးရေး၏ ပျက်ကွက်မှုများကိုလည်း မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

လူကုန်ကူးခံရမှုမှ လွတ်မြောက်လာသူများကလည်း ၎င်းတို့အား မိသားစုဝင်များ အပါအဝင် စိတ်ချရသူများက တရုတ်နိုင်ငံတွင် အလုပ်အကိုင်ရမည်ဟု ကတိပေးပြီး ရောင်းစားခဲ့ရကြောင်းနှင့် ရောင်းစားခံရပြီးနောက် အခန်းတခန်းတွင် သော့ခတ်ခံရ၍ အကြိမ်ကြိမ် မုဒိမ်းကျင့်ခံခဲ့ကြရကြောင်း ဖော်ပြခဲ့ကြသည်။

မြန်မာနိုင်ငံ ပြန်ရောက်သည့်အခါတွင်လည်း လူကုန်ကူးခံရမှုမှ လွတ်မြောက်လာသူများသည် ဝန်ဆောင်မှုများ ရယူနိုင်ခြင်း နည်းပါးကာ ၎င်းတို့၏ဘဝများကို ပြန်လည်တည်ဆောက်ရန် အခက်အခဲများ ရင်ဆိုင်နေရသော ကြောင့် Human Rights Watch အနေဖြင့် မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့အား လူကုန်ကူးမှု တားဆီးရေး၊ ဒုက္ခခံရသူများ ပြန်လည်ရရှိရေးနှင့် အထောက်အကူပေးရေးနှင့် လူကုန်ကူးသူများအား အရေးယူရေးအတွက် ပိုမိုဆောင်ရွက်ရန် တိုက်တွန်းထားသည်။

လူကုန်ကူးမှုဆိုသည်မှာ လူတဦးက တခြားလူတဦးကို ပြည့်တန်ဆာလုပ်ခိုင်းခြင်း၊ အခြားကာမဆိုင်ရာ ကိစ္စ တမျိုးမျိုး ပြုလုပ်ခိုင်းခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ထိမ်းမြားခြင်း၊ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ အခြားသူတယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူ ဖယ်ရှားခြင်း၊ ရောင်းစားခြင်းစသည်တို့ကို ပြုရာမှ ငွေကြေးကိုသော်လည်းကောင်း၊ အကျိုးအမြတ် တစုံတရာကို သော်လည်းကောင်း လက်ခံခြင်း(သို့)လက်ခံရယူရန် သဘောတူခြင်းတို့ ဖြစ်သည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
34
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
42
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
653

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်တွင် ၁၃၁ မှု၊ ၂၀၁၇ ခုနှစ်တွင် ၂၂၅ မှု ၊၂၀၁၈ ခုနှစ် ၂၀၆ မှုနှင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ ၁၈ မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနိမ်နှင်းရေးရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

အမျိုးသမီးများနှင့် ကလေးသူငယ်များကို လူကုန်ကူးပါက ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တသက် အထိ ချမှတ်ခြင်းခံရမည်ဖြစ်ပြီး၊ လူကုန်ကူးမှုကို သုံးဦးနှင့်အထက် ပူးပေါင်း၍ ကျူးလွန်ပါက ထောင်ဒဏ် ၂၀နှစ်မှ ထောင်ဒဏ် တသက်ချမှတ်ခံရမည်ဖြစ်သည်။

လူကုန်ကူးမှုလျော့နည်းပပျောက်ရေးအတွက် လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊အသိပညာပေးဟောပြောပွဲများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ တတိယ(၅)နှစ် စီမံကိန်းပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Your Thoughts …
Tags: စိုးရိမ်မြန်မာ့လူကုန်ကူးမှု
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဆရာကြီး ဦးဖေမောင်တင်

မြန်မာစာပေ ဖခင်ကြီး ဆရာကြီး ဦးဖေမောင်တင်

ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးဖွင့်ပွဲ ကောင်းမှုတော်စေတီရင်ပြင်မှာ ပြုလုပ် (ရုပ်/သံ)


ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးဖွင့်ပွဲ ကောင်းမှုတော်စေတီရင်ပြင်မှာ ပြုလုပ် (ရုပ်/သံ)


No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved