• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

မြောက်ဦးက တပ်ရင်းဌာနချုပ်ကို လေးဘက်လေးတန်ကနေ ပစ်တယ်

by နန်းလွင်နှင်းပွင့်
19 March 2019
in အင်တာဗျူး
A A
မြောက်ဦးမြို့ဟောင်းတနေရာ / ဧရာဝတီ

မြောက်ဦးမြို့ဟောင်းတနေရာ / ဧရာဝတီ

56.8k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း မတ် ၁၈ ရက် ညပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားပြီး ၈ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် အရပ်သား ၇ ဦး ကျည်ဆံနှင့် လက်နက်ကြီးကျည်များ ထိကာ ဒဏ်ရာရရှိသည်။ မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာအတွင်းသို့လည်း လက်နက်ကြီးကျည်များ ကျပြီး နေအိမ်တလုံး မီးလောင်သွားသည်။

အရပ်သားများ နေထိုင်သည့် မြို့ပေါ်လူနေရပ်ကွက်များ၊ ကျေးရွာများသို့ ဦးတည် ပစ်ခတ်ခံရမှုအပေါ် ဒေသခံများက တပ်မတော်၊ စစ်ကြောင်းများ ကားဖြင့် ဖြတ်သွားပြီး အကြောင်းမဲ့ ပစ်ခတ်သွားသည်ဟု ပြောဆိုနေကြသည်။

ရခိုင်ပြည်နယ်တွင်း တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ရက္ခိုင့်တပ်မတော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း ၎င်းတို့နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသလို AA တပ်ဖွဲ့ဝင်များလည်း မြောက်ဦးမြို့အတွင်း သွားလာမှု မရှိဘဲ တပ်မတော်က တဖတ်သတ် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ပြောသည်။

မတ် ၁၈ ရက် ညပိုင်း ပစ်ခတ်မှုများနှင့်ပတ်သတ်၍ တပ်မတော်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။မြောက်ဦးမြို့နယ်အတွင်းမှာ မနေ့ညက ဖြစ်သွားတဲ့ ပစ်ခတ်မှုတွေက ဘယ်လိုကြောင့် ဖြစ်သွားလဲ။

ဖြေ ။ ။ ပစ်ခတ်မှု ဖြစ်တာကတော့ တိုက်ပွဲဖြစ်လို့ ပစ်ခတ်မှု ဖြစ်တာပါ။ တပ်မတော်က ဘယ်လိုကြုံတွေ့ခဲ့ရလဲဆိုတော့ ကျနော်တို့က မြောက်ဦးဒေသ ဝန်းကျင်တဝိုက်ကို နယ်မြေအေးချမ်းရေးနဲ့ နယ်မြေ တည်ငြိမ်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေရှင်းနေတာတွေ ရှိတယ်။ နယ်မြေရှင်းနေတဲ့ အပေါ်မှာ မနေ့ညက မြောက်ဦးမှာ အခြေစိုက်ထားတဲ့ ခမရ ၅၄၀ တပ်ရင်းဌာနချုပ် တခု ရှိတယ်။ တပ်ရင်းဌာနချုပ်ကို လေးဘက်လေးတန်ကနေ ပစ်တယ်။ လေးဘက်လေးတန်ဆိုတာ မြို့ရိုးပေါ် ကလည်း ပစ်တယ်။ နောက် ရွာဟောင်းတောဘက်ကလည်း ပစ်တယ်။ နောက်တခုက သရက်အုပ်ဘက်က လည်း ပစ်တယ်။ AA က နေရာယူပြီး ဒီလိုပစ်တယ်။ ဒါက တချက်ပါ။

နောက်တချက်က ကျနော်တို့ လုံခြုံရေး လုပ်တဲ့အခါမှာ ကျနော်တို့ တပ်တွေသည် နေရာရွှေ့ပြောင်းမှုတွေ လုပ်ရပါတယ်။ နေရာရွှေ့ပြောင်းမှုတွေကို ယာဉ်တန်းနဲ့ ရွှေ့တာ ရှိသလို ခြေလျင်ရွှေ့တာတွေ ရှိပါတယ်။ အဲ့လို ခြေလျင်နဲ့ သွားတဲ့အပေါ်မှာ AA သောင်းကျန်းသူတွေက ရပ်ကွက်တွေထဲကရော ရှေးဟောင်း သာသနာ့နယ်မြေထဲက စေတီပုထိုးတွေကို နောက်ခံပြုပြီး အကာအကွယ်ယူပြီး အဲ့နေရာတွေက ပစ်တယ်။ AAက စပစ်တာ။ ကျနော်တို့က စပစ်တာ လုံးဝ မရှိဘူး။ ကျနော်တို့ရဲ့ တပ်ရင်းဌာနချုပ်တွေ ဒေသတည်ငြိမ်ရေးအတွက် လမ်းလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ရပ်ကွက်တွေထဲက ချောင်းမြောင်းပစ်တာ ရှိတယ်။ အိမ်ကြိုအိမ်ကြားက ပစ်တာ ရှိတယ်။ ရှေးဟောင်းသာသနာ့နယ်တွေ ဖြစ်တဲ့ သာသနာ့နယ်မြေတွေထဲကနေ စောင့်ပစ်တာ ရှိတယ်။ ဒါ့ကြောင့် ကျနော်တို့က တုန့်ပြန်ပစ်ခတ်ရတာပါ။ လိုအပ်တဲ့ အတိုင်းအတာလောက်ထိ တုန့်ပြန်ပစ်ခတ်ရတာ ရှိပါတယ်။ အဲ့အနေအထားတွေ ရှိပါတယ်။

မေး ။ ။ မနေ့ညက ပစ်ခတ်မှုမှာ အရပ်သားတွေ အိမ်ထဲကနေမြင်တာ တပ်မတော်ရဲ့ စစ်ကားတွေ ဖြတ်သွားပြီး တောက်လျောက်ပစ်သွားတာမြင်တယ်လို့ ပြောကြတယ်။ အရပ်သားတွေကို ပစ်ခတ်တယ် ဆိုတာ ပြောကြပါတယ်။ ဘာများ ပြောချင်ပါသလဲ။

ဖြေ ။ ။ ပြောချင်တာကတော့ ဒေသခံတွေက အကြောက်တရားနဲ့ ခြိမ်းခြောက်ထားတဲ့ သဘောရှိတယ်။ စဉ်းစားကြည့်လေ။ လမ်းလယ်ခေါင်ကြီးမှာ ဒီတိုင်းတော့ ဘယ်သူ ပစ်မလဲ။ မပစ်ပါဘူး။ ကျနော်တို့က ဒီဒေသကြီး တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ပေးနေတဲ့ လူတွေကတော့ ဒီဒေသကြီး ဆူပူမှု ဖြစ်အောင် မလုပ်ပါဘူး။ မဖန်တီးပါဘူး။ ကျနော်တို့ကို ပစ်လို့သာလျှင် ကျနော်တို့ ပစ်တာလေ။ ဒေသခံ ပြည်သူလူထုတွေကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပူးပေါင်းပြီးတော့ ပါဝင်ပေးဖို့ ပြောချင်တယ်။

ကျနော်တို့ လုံခြုံရေးလုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို အိမ်ကြိုအိမ်ကြားက ပစ်တာ၊ ဘုရားတွေပေါ်က ပစ်တာတို့ဆိုရင် ကျနော်တို့ကို ပစ်လို့ရှိရင် ကျနော်တို့ကတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့တော့ ပြန်ပြီး ပစ်ခတ်ရမှာပဲ။ မပစ်ခတ်ဘူးဆိုရင် ကျနော်တို့ ရဲဘော်တွေ အရာရှိတွေ ကျကုန်မှာပေါ့။ ဒါမျိုးကျတော့ မရဘူးလေ။ တဖက်သတ်တော့ လုပ်လို့ မရဘူးလေ။ ကျနော်တို့က တဖက်သက်ပစ်တယ်ဆိုတာမျိုးက လုံးဝ မရှိဘူး။ ခြောက်လှန့်စရာလည်း မရှိဘူး။ AA က စပစ်လို့သာ ကျနော်တို့က ပစ်တာ။

ဒါ့ကြောင့် AA ဟာ မြို့ထဲမှာ မဖြစ်စေချင်ဘူးဆိုရင် မြို့ထဲကနေ လာမပစ်နဲ့ ။ တောထဲမှာ လုပ်လိုက်။ ကျနော်တို့ တောထဲမှာ လာချမယ်။ အဲ့တာဆို စစ်ဘေးရှောင်လည်း ရှိစရာ အကြောင်းမရှိဘူး။ မြို့ထဲမှာလည်း ပျက်စီးစရာ အကြောင်းမရှိဘူး။ အခုက ဒါမျိုးဖြစ်အောင် စစ်ဘေးရှောင်တွေ များလာအောင် ရှေးဟောင်းအမွေအနှစ်တွေ ပေါ် လက်နက်ကြီးတွေကျတယ်။ ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးတယ်။ ဒီလိုတမင်လုပ်ကြံဖန်တီးလို့ ရအောင် ဒီအကွက်ကို ဆင်တာလို့ပဲ ကျနော် ထင်တယ်။

မေး ။ ။ ဒါဆို မြောက်ဦးမြို့ရဲ့အခြေအနေက အရပ်သားတွေအတွက် လုံခြုံသေးပါသလား။

ဖြေ ။ ။လုံခြုံပါတယ်။ ဒေသခံပြည်သူလူထုကသာ AAနဲ့ မပူးပေါင်းနဲ့ လုံခြုံတယ်ခဗျ။

မေး ။ ။ ဒီနေ့ နောက်ဆုံး အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ နောက်ဆုံးအခြေအနေကတော့ အေးအေးဆေးဆေးပါပဲ။ သူ့ဘာသာ ဈေးဝယ်တဲ့ လူက ဝယ်၊ ကျောင်းသွားတဲ့သူ သွား၊ အလုပ်သွားတဲ့သူ သွားနဲ့ အေးအေးဆေးဆေးပါပဲ။ AA က တိုက်ပွဲဖော်ရင် နေ့ခင်းဖော်တာ နည်းတယ်။ ညပိုင်းမှ ဟိုနေရာပစ် ဒီနေရာပစ်နဲ့ ဒါ တမင်လုပ်တာ။ သတ္တိရှိရင် နေ့ခင်း လမ်းပေါ်မှာ ချလေ။ အခုက အိပ်တဲ့ အချိန်မှပဲ တောပစ်တောင်ပစ် လျှောက်ပစ်တယ်။ ရွာသူရွာသားတွေ ဒေသခံတွေကလည်း ဘာမှမသိပဲ AA ပစ်တာကျ မပြောဘူး။ ကျနော်တို့ တပ်က ပစ်တာတွေပဲ တဖတ်သက်တွေ ပြောနေတယ်။ ဒါလည်း ပြည်သူလူထုအနေနဲ့က သေသေချာချာ မှန်မှန်ကန်ကန် သုံးသပ် ဆုံးဖြတ်ဖို့ လိုတယ်။

မေး ။ ။ မနေ့က ရွာဟောင်းတော ကျေးရွာမှာ လက်နက်ကြီးကျည် ကျတယ်။ အိမ်မီးလောင်ပြီး လူ ၆ ဦး ဒဏ်ရာတယ်။ အဲ့ဘက် အခြေအနေကရော ဘယ်လို ဖြစ်တာလဲ။

ဖြေ ။ ။ ရွာဟောင်းတောဘက်မှာ AA အဖွဲ့တွေလည်း ရှိတယ်။ AA ပစ်တာလည်း ဖြစ်နိုင်တယ်လေ။ ဒီဟာက ကျနော်တို့ ပစ်တယ်ဆိုတာ ဘာအထောက်အထားနဲ့ ပြောတာလဲ။ ကျနော်တို့ကတော့ သူတို့ပစ်တဲ့ နေရာမှာ ကျနော်တို့ ပစ်မှာပဲ။ ဒါတောင် ကျနော်တို့က အတိုင်းအတာ တခုထိ ထိန်းထိန်းသိမ်းသိမ်းပဲ ကျနော်တို့ ပစ်ပါတယ်။ ဘယ်ကျကျဆိုတာ အရမ်း ပစ်တာ မရှိဘူး။ AA စပစ်လို့သာ ကျနော်တို့က ပစ်တာ။ AA မပစ်ဘူးဆို လုံးဝ မပစ်ဘူး။

ဒါပေမယ့် လက်ရှိအနေအထားက AA က ယူနီဖောင်းလည်း ဝတ်ထားတာ မဟုတ်ဘူး။ အရပ်ဝတ်နဲ့ပဲ ချနေတာ ဖြစ်လို့ ဒဏ်ရာမရဘူး မဖမ်းမိဘူးဆိုရင် ဒီကောင်တွေက AA ပေါ့။ ဒဏ်ရာရတယ် သေနတ်မှန်တယ်ဆိုရင် အရပ်သားကို ထိတယ်လို့ ပြောကြတယ်။ ဒဏ်ရာရရင် အရပ်သား၊ဒဏ်ရာ မရရင် AA ပဲ။ အခုဟာက အဲ့လို ဖြစ်နေတာ ။ ဒဏ်ရာ ရရင် အရပ်သားပဲ ပြောတယ်လေ။ ဒါကို ဘယ်သူကမှ ဘာနဲ့ စိစစ်ပြီး အတည်ပြုပေးမှာလဲ။ အခုက ဒဏ်ရာရရင် အရပ်သား၊ အရပ်သားပဲ ပြောနေတယ်။ သူတို့တွေကပဲ အရပ်ဝတ်တွေနဲ့ ကျနော်တို့ကို မိုင်းဆွဲပြီး ချောင်းမြောင်းတိုက်ခိုက်နေတာ။ အဲ့လို အနေအထားတွေ ရှိပါတယ်။

RelatedPosts

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.6k
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.1k

ဒါက ဂဃနဏ ရှင်းပြတာပါ။ အခုဟာက တပ်ကပဲ အရမ်းကာရော ပစ်တယ်။ ထိတယ်။ ပြည်သူလူထုတွေ မနေရဲဘူး။ ကျီးလန့်စာစား ဖြစ်ရတယ်လို့ ဝါဒဖြန့်တယ်။ စဉ်းစားကြည့်ပါ။ ကျနော်တို့ ဒေသတည်ငြိမ် အေးချမ်းရေး လုပ်တဲ့ သူတွေ ဒေသကို တည်ငြိမ်မှု ပျက်ပြားအောင် မလုပ်ဘူး။

မေး ။ ။ ကျေးဇူးတင်ပါတယ်။ ဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပေးပါဦး။

ဖြေ ။ ။ ဒေသခံ ပြည်သူလူထုကလည်း ကျနော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်ပေးပါ။ ဒီလိုမျိုးတွေမလုပ်ပါနဲ့။ မဟုတ်ရင် ဒေသတည်ငြိမ်အေးချမ်းရေးက တော်တော်နဲ့ မရပါဘူး။ ပြည်သူလူထုပဲ နာပါတယ်။ ကျနော်တို့ကတော့ ဒေသတည်ငြိမ်အေးချမ်းရေးကို အစွမ်းကုန် ကြိုးစားမှာပဲ။ ဒေသတည်ငြိမ်အောင် လုပ်ပေးမယ်။ ပြည်သူတွေက ပူးပေါင်းဆောင်ရွက်ပေးပါ။ ဒါပဲ ပြောချင်ပါတယ်။

ထပ်ဖြည့်ချင်တာက AA ဟာ အရပ်ဝတ်အပြင် ကျနော်တို့ တပ်မတော်ယူနီဖောင်းတွေ ဝတ်ပြီး အသွင်ယူပြီး ကျနော်တို့ ယူနီဖောင်းတွေ ဝတ်ပြီး ပြန်ပစ်တာတွေ ရှိပါတယ်။ ကျနော်တို့ စစ်ယူနီဖောင်းတွေ ဝတ်ပြီး ရွာတွေ အိမ်တွေထဲ ပစ်ချတာတွေက ကျနော်တို့ တပ်မတော်က ပစ်ပါတယ်ဆိုတာမျိုး လုပ်နေတယ်။ အခု အဲ့စနစ်ကို သူတို့ သုံးလာပြီ။ အဲ့တာ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ် တွေမှာ ဒီလိုပဲ လုပ်နေပါတယ်။ အခု တွေ့နေရတဲ့ အနေအထားတွေကို ကျနော်ပြောပြတာပါ ။ ကျနော်တို့ တပ်မတော်ကို နာမည်ပျက်အောင် လုပ်နေတဲ့ အနေအထားတွေ ရှိနေပါတယ်။

Your Thoughts …
Tags: ဗိုလ်မှူးကြီး ဝင်းဇော်ဦးမြောက်ဦး ပစ်ခတ်မှုအနောက်ပိုင်းတိုင်း စစ်ဌာနချုပ်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

အမ်း တိုင်းစစ်ဌာနချုပ်အနီး AA တပ်များရောက်လာ ညလုံးပေါက်တိုက်ပွဲ ပြင်းထန်

အမ်း တိုင်းစစ်ဌာနချုပ်အနီး AA တပ်များရောက်လာ ညလုံးပေါက်တိုက်ပွဲ ပြင်းထန်

by ဧရာဝတီ
24 October 2024
4.6k

လတ်တလောတွင် AAနှင့် မဟာမိတ် တပ်ဖွဲ့ဝင်များသည် အမ်း- စစ်တွေ၊ အမ်း- တပ်တောင်၊ အမ်း- မင်းဘူး၊ အမ်း - မအီ စသည့်ကားလမ်းများကို ထိန်းချုပ်ကာ စစ်ကောင်စီတပ်၏ ထွက်ပေါက်များကို ပိတ်ဆို့ထားပြီး ကျန်နေသေးသော အမြောက်တပ်ရင်း၊...

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် / ဧရာဝတီ

ရခိုင်စစ်ပွဲ ပြန်စတော့မလား

by အဂ္ဂအောင်
10 May 2022
41.6k

ဗိုလ်ချုပ်ထွန်းမြတ်နိုင် စိန်ခေါ်ချက် မတိုင်မီကတည်းက ရခိုင်ပြည်နယ်မှာ စစ်ရိပ်စစ်ငွေ့က သမ်းနှင့်နေပြီ လို့ ရခိုင်နိုင်ငံရေးသမားတွေက ပြောပါတယ်။

လက်နက်ကြီး ကျသည့် ဒဏ်ရာကြောင့် စစ်တွေဆေးရုံတွင်ကုသမှု ခံယူနေသော ဦးထွန်းလှဖြူ / မင်းအောင်ခိုင်

ကုလားတန်စီမံကိန်းကို AA တိုက်ခိုက်နေဟု တပ်မတော်ပြော

by မင်းအောင်ခိုင်
23 November 2019
9.4k

စစ်တွေမြို့မှနေ ပလက်ဝ မြို့နယ်အတွင်းသို့ သွားရောက်သော ရေယာဉ်တန်းကို ကျောက်တော်မြို့နယ် ပီကောက်ရွာအနီး ကုလားတန် မြစ်ကြောင်းတွင် AA အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့သော မြောက်ဦးမြို့နယ် တိမ်ညို စံပြကျေးရွာ / မင်းအောင်ခိုင် / ဧရာဝတီ

မြောက်ဦးတွင် ပစ်ခတ်ခံရ၍ အရပ်သား ၁ ဦး သေဆုံး

by မင်းအောင်ခိုင်
24 July 2019
13.4k

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တောင်မြင့် ကျေးရွာသား ၁ ဦး ပစ်ခတ်ခံရ၍ မြောက်ဦး ဆေးရုံမှ စစ်တွေ ပြည်သူ့ ဆေးရုံသို့ ယနေ့ ပို့ဆောင်ရန် စီစဉ်နေစဉ် သေဆုံးသွားကြောင်း

Next Post
မြန်မာ- ထိုင်း ချစ်ကြည်ရေး တံတားအမှတ် ၂ ဖွင့်ပွဲတွင် တက်ရောက်သည့် ဒေါ်အောင်ဆန်းစုကြည် နှင့် ထိုင်း ဝန်ကြီးချုပ်နှင့် အဖွဲ့ / ကရင်အမျိုးသား မီဒီယာ

မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် ၂ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်တို့ ဖွင့်လှစ်

လေတပ်တပ်မှူးအဖြစ် သရုပ်ဆောင်မယ့် မင်းသား Ajay Devgn

အိန္ဒိယဂုဏ်ဆောင် လေတပ်တပ်မှူးအဖြစ် သရုပ်ဆောင်မယ့် မင်းသား Ajay Devgn

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved