• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

နားမလည်တဲ့ ဘာသာစကားနဲ့ သင်တာဟာ ကလေးကို အကြမ်းဖက်နေတာ

by ငြိမ်းငြိမ်း & ဇူးဇူး
28 November 2019
in အင်တာဗျူး
A A
MNEC ဌာနခွဲ၌ သုတေသန တာဝန်ခံ ဦးမင်းအောင်ဇေ / ငြိမ်းငြိမ်း / ဧရာဝတီ

MNEC ဌာနခွဲ၌ သုတေသန တာဝန်ခံ ဦးမင်းအောင်ဇေ / ငြိမ်းငြိမ်း / ဧရာဝတီ

19.3k
VIEWS
Share on FacebookShare on Twitter

မွန်အမျိုးသား ပညာရေး ကော်မတီ (MNEC) က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မွန်အမျိုးသားကျောင်း ၁၃၀ ကျော် ရှိပြီး မိခင်ဘာသာစကားအခြေပြု သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားနေကာ အစိုးရကျောင်းများနှင့် လည်း ချိတ်ဆက်ထားကြောင်း သိရသည်။

မွန်၊ ကရင်၊ တနင်္သာရီ မြို့နယ် တချို့ရှိ မွန်အမျိုးသား ကျောင်းများ ရှင်သန်ရပ်တည်မှုသည် နှစ်ပေါင်း ၄၀ ကျော်နေပြီ ဖြစ်သည်။

ထိုကာလ အတောအတွင်း ဖြတ်သန်းခဲ့ရမှုများ၊ လက်ရှိ မွန်ကျောင်းများ၏ အခြေအနေ၊ မွန်ကျောင်းများ ရေရှည် ရပ် တည်နိုင်ရေး ကြုံတွေ့နေရသည့်အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ပတ်သက်၍ မွန်အမျိုးသား ပညာရေးကဏ္ဍတွင် နှစ် ပေါင်း ၃၀ ကျော် ပါဝင် ဆောင်ရွက်နေသည့် လက်ရှိ MNEC ဌာနခွဲ၌သုတေသန မန်နေဂျာ တာဝန်ဖြင့် မွန် မိခင်ဘာ သာစကားအခြေပြု သင်ရိုးညွှန်းတမ်းကို ဦးဆောင်ရေးသူ၊ ပြည်နယ်အစိုးရ၏ ဒေသန္တရ သင်ရိုးညွှန်းတမ်း ရေးဆွဲသည့် လုပ်ငန်းတွင်လည်း ဦးဆောင် ပါဝင်နေသူ ဦးမင်းအောင်ဇေ ကို ဧရာဝတီ သတင်းဌာနက တွေ့ဆုံ မေးမြန်းထားသည် များမှ ကောက်နှုတ် ဖော်ပြပါသည်။

မေး။  ။ မွန်အမျိုးသားကျောင်းတွေ ဘယ်လိုစတင် ဖြစ်ပေါ်လာသလဲ ဆိုတဲ့ သမိုင်းကြောင်းကနေ စလိုက်ချင်ပါတယ်။

ဖြေ။  ။ သမိုင်းကြောင်း ပြောမယ်ဆိုရင် MNEC မတိုင်ခင် မွန်ပြည်သစ်ပါတီ အုပ်ချုပ်တဲ့နေရာ အထူးသဖြင့် မြန်မာ နိုင်ငံ အရှေ့တောင်ပိုင်း မွန်၊ ကရင်၊တနင်္သာရီမှာ တိုက်ပွဲ ဖြစ်တယ်။ အဲဒီ စစ်ဖြစ်တဲ့ နေရာတွေမှာ ကျောင်းမရှိဘူး။ တချို့နေရာမှာ အစိုးရကျောင်းတွေ ရှိသော်လည်းပဲ အစိုးရကျောင်း ဆရာတွေ အဲဒီကို သွားဖို့ ငြင်းဆန်တယ်။ မသွား ချင်ကြဘူး။ ဒီတော့ ဆရာ မရှိတဲ့ ကျောင်းတွေ ဖြစ်ခဲ့ရတယ်။

ရပ်ရွာကနေပြီး အဲဒီလို စစ်ဖြစ်နေတဲ့ အချိန်မှာ ကိုယ့်ဟာကိုယ် ရွာခံ ကျောင်းဆရာတွေ လိုက်ငှားရတယ်။ တနှစ်ကို စပါး တင်း ၅၀၊ တချို့တင်း ၁၀၀ ပေးတယ်။ အဲဒီလိုကနေ အဆင်ပြေသလို သင်နေတဲ့ အချိန်မှာ မွန်ပြည်သစ်ပါတီ (NMSP) က အဲဒီကျောင်းတွေကို ပုံစံ ချပေးတယ်။ NMSP မှာလည်း မွန်အမျိုးသား ပညာရေးဌာနလို့ ဖွဲ့စည်းလိုက် တယ်။

အဲဒီကျောင်းတွေကို မွန် အမျိုးသားကျောင်း ဆိုပြီး စတင် တည်ထောင် လိုက်တယ်။ မြို့နယ်တိုင်းမှာ မွန်ကျောင်းဆရာ အစည်းအရုံး ရှိတယ်။ အဲဒီအစည်းအရုံးကနေ လိုအပ်တဲ့ ပညာရေး လုပ်ငန်းတွေကို လုပ်ဆောင်ပေးတယ်။ ၁၉၇၂ က နေ စတယ်။ အခုဆို ၄၇ နှစ် ကျော်လာပြီပေါ့။

မေး။  ။ ဒီမွန်အမျိုးသားကျောင်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတဲ့ MNEC ကို ဘယ်အချိန် လောက်မှာ ဖွဲ့စည်းခဲ့တာလဲ။ မွန်အမျိုးသားပညာရေးနဲ့ ပတ်သက်လို့ရော ဘာတွေ ဆောင်ရွက်ခဲ့ပါသလဲ။

ဖြေ။  ။ ၁၉၉၂ ရောက်မှ MNEC  ပေါ်လာတာ။ MNEC က လိုအပ်တဲ့ ပညာရေး ပေါ်လစီတွေ ဖွံ့ဖြိုးအောင်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လို့ရအောင်ပေါ့။ အဲဒီလိုလုပ်ရာကနေ နိုင်ငံတကာ အကူအညီ နည်းနည်း စရလာ တယ်။ ၁၉၉၅ မှာ မွန်ပြည်သစ်ပါတီနဲ့ တပ်မတော် အစိုးရ အပစ်ခတ် ရပ်စဲရေး (Ceasefire) လုပ်တော့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးမှာ ကျနော်တို့ တင်ပြကြတယ်။

ပညာရေးနဲ့ ပတ်သက်လို့ ၅ ချက် သဘောတူညီမှု ရတယ်။ အစိုးရကျောင်းမှာ မွန်စာသင်တဲ့ ကိစ္စ ခွင့်ပြုပေးတယ်။ ဒါပေမယ့် ကျောင်းချိန် ပြင်ပမှာပေါ့။ကျောင်းမတက်ခင်/ကျောင်းလွှတ်ပြီး သင်လို့ ရတယ်။ အဲဒီခေတ်တုန်းက ဗိုလ်ချုပ် ခင်ညွန့်တို့ နှုတ်မိန့်နဲ့ ချည်းပဲ။

နောက်တခုက မွန်အမျိုးသား အထက်တန်းကျောင်းက ဆယ်တန်းအောင်တဲ့ ကလေးတွေကို တက္ကသိုလ် တက်ခွင့်ပြု တယ်။ ၁၉၉၆ ကနေစပြီးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ဖြေတယ် ယနေ့ထိ။ နောက်တခုက တက္ကသိုလ်ကျောင်းမပြီးဘဲ တောထဲရောက်သွားပြီး မွန်ပြည်သစ် ပါတီထဲ ရောက်သွားတဲ့ လူငယ်တွေကို တက္ကသိုလ်ကျောင်း ပြန်တက်ခွင့်ပြုဖို့ ခွင့်ပြုတယ်။ တချို့လည်း RIT ကျောင်းသားတွေ အများကြီးပဲ ရောက်သွားကြတယ်။ ကျောင်းမပြီးဘဲ ၁ နှစ် ကျန်တာ ၂ နှစ်ကျန်တာမျိုးတွေပေါ့။ ခွင့်ပြုပေးတယ်။ ကျောင်းပြီးအောင် လာပြန်တက်ကြတယ်။

နောက်တခုက ကျောင်းပြောင်းတဲ့ ကိစ္စ။ မွန်ကျောင်းကနေ အစိုးရကျောင်း ပြောင်းတဲ့အခါကျရင် ဘယ်ကျောင်းကို ရွှေ့ရွှေ့ သဘောတူပေးတယ်။ မွန်ကျောင်းဆရာတွေကို ပညာရေး ကောလိပ်၊ တက္ကသိုလ် တက်ခွင့်ပြုဖို့။ သူသတ် မှတ်တဲ့ အရည်အချင်းအလိုက် ပြည့်မီတဲ့သူတွေကို တက်ခွင့်ပြုတယ်။ဒါပေမယ့် အဲဒီတခု ကျနော်တို့ မလုပ်ဖြစ်ဘူး။ အဲဒီခေတ်တုန်းက ကျနော်တို့ဆီမှာ လုပ်နေတဲ့ ကျောင်းဆရာတွေဟာ တော်တော်များများ ဆယ်တန်း မအောင်ကြ ဘူး။ နည်းတယ်။ အခုမှ များလာတာ။ အခုလည်း ပညာရေးကောလိပ်နဲ့ သွားဆွေးနွေးထားပြီးပြီ။ သဘောတူတယ်။

မေး။  ။ မွန်အမျိုးသားကျောင်းအနေနဲ့ ပညာရေးကို ဘယ်လို ပုံစံမျိုးနဲ့ ချဉ်းကပ်တာပါလဲ။ မွန်ကျောင်းရဲ့ သင်ရိုးညွှန်း တမ်းက အစိုးရကျောင်းနဲ့ ဘာတွေကွာခြားမှု ရှိလဲ။

ဖြေ။  ။ အများကြီး ကွာခြားတာပေါ့။ MNEC က အကောင်အထည် ဖော်နေတဲ့ မွန်အမျိုးသားကျောင်း ဆိုတာက မူလ တန်းအဆင့်မှာ မိခင်ဘာသာစကားအခြေပြု သင်ကြားရေး စနစ်ကို ဦးစားပေးပြီး ကလေးတွေကို ပညာသင်ကြား ပေးနေခြင်း ဖြစ်တယ်။ မိခင်ဘာသာစကား အခြေပြု ဘာသာစကား အစုံသင်တဲ့ပညာရေး စနစ်ပါ။ အဲဒီထဲကမှ ဘာ သာစကား သုံးမျိုးနဲ့ သင်တဲ့နည်း (Three Languages Formula) ဆိုတာက မိခင်ဘာသာ စကား၊ နိုင်ငံသုံးစကား၊ နိုင်ငံတကာသုံး ဘာသာစကားတွေကို သုံးတာ။

မုဒုံမြို့နယ် နိုင်လုံရွာရှိ မွန်အမျိုးသား မူလတန်းလွန်ကျောင်း (ငြိမ်းငြိမ်း/ဧရာဝတီ)

ဒါကြောင့် ကျနော်တို့မှာ မွန်၊ ဗမာ၊ အင်္ဂလိပ် ဒီ ၃ မျိုးလုံး သင်ရတယ်။ ဒါ မသင်မနေရ။ အဓိက အစိုးရကျောင်းနဲ့ ကျနော်တို့မှာ မတူတာက ကျနော်တို့ဆီမှာ ကလေးနားလည်တဲ့ ဘာသာစကား၊ ကလေး ကျွမ်းကျင်တဲ့ ဘာသာ စကားနဲ့ ပညာ သင်ကြားခွင့်ရတယ်။ အဲဒါအပြင် အစိုးရ ပညာရေး စနစ်နဲ့လည်းတံတားထိုးထားတဲ့ စနစ် ဖြစ်တယ်။

ကျနော်တို့ကျောင်းက ကလေးတွေ အစိုးရကျောင်းဘက်ကို ကူးလို့ရသလို အစိုးရကျောင်းက ကလေးတွေလည်း ကျနော်တို့ဘက် ကူးလာလို့ ရတယ်။စနစ်ချင်းမတူဘူး။ သို့သော် တံတား ထိုးထားတယ်။ မတူဘူးဆိုတာက ဘာသာ စကား မတူတာပါ။ အတန်း ဖွဲ့စည်းပုံ၊ ကျောင်းဖွဲ့စည်းပုံချင်း တူပါတယ်။ မတူတာက ဘာသာစကား မူဝါဒပါ။

အစိုးရ ကျောင်းတွေမှာ မွန်ကလေး၊ ဗမာ ကလေး၊ ကရင်ကလေးဖြစ်ဖြစ် အကုန်လုံး ဗမာလိုပဲ သင်ရတယ်။ ဒီကျောင်း ကျတော့ အများစုက မွန်ကလေးတွေ  ဖြစ်တော့ မိခင်ဘာသာစကား အခြေပြု ဘာသာရပ်အားလုံးကို မွန်ဘာသာနဲ့ သင်ခွင့်ရတယ်။ မူလတန်းအဆင့်မှာ မွန်ဘာသာနဲ့ သင်တယ်။ မွန်စာ၊အင်္ဂလိပ်စာ၊ မြန်မာစာ ရှိမယ်။ အဲဒါက ဘာသာ စကား။ ကျန်တဲ့ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ကာယ၊ အနုပညာတို့လို ပညာရပ်ဆိုင်ရာ (Academic Subject) တွေ ကိုတော့ မွန်လို သင်တယ်။

အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျတော့ အစိုးရသင်ရိုးညွှန်းတမ်း အတိုင်းပဲ သွားတယ်။ ဗမာလို သင် တယ်။ မွန်လို ရှင်းပြတယ်။ သိတဲ့အတိုင်းပဲ အင်္ဂလိပ်စာလည်း ပြဋ္ဌာန်းထားတယ်။ ဗမာလိုပဲ သင်နေတာပဲ။ အင်္ဂလိပ်လို သင်တာမှ မဟုတ်တာ။

မေး။  ။ အစိုးရကျောင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ တိုင်းရင်းသား စာပေ သင်ကြားမှုကရော ထိ ရောက်မှု ရှိလား။ ဘယ်လိုမြင်ပါသလဲ။

ဖြေ။  ။ မွန်စာကတော့ ထိရောက်မှု မရှိပါဘူး။ ကျနော်တို့ အကူညီမပါဘဲနဲ့ သူတို့သွားဖို့ခက်မယ်။ အစိုးရကျောင်းမှာ မွန်စာသင်ကြားရေး ကိစ္စကတဖြည်းဖြည်းနဲ့ ကောင်းလာတယ်လို့ မြင်ပေမယ့် ကျနော် အားမရသေးပါဘူး။ ပြီးပြီးရော သေသေချာချာ မသင်တော့ ကလေးတွေက မွန်စာကောင်းကောင်းမတတ်ဘူး။

ကျနော်ထင်တာက ဆရာ/ဆရာမ တွေကလည်း အင်တိုက်အားတိုက် မလုပ်ကြဘူး။ ဘာသာရပ်ကျွမ်းကျင်မှု အပိုင်း အားနည်းမှု ရှိတယ်လို့လည်း ထင်ပါတယ်။ ဒါကို ကောင်းအောင်လုပ်ဖို့ဆိုရင် အစိုးရ ပညာရေးဌာနဲ့ ကျနော်တို့ MNEC နဲ့ ပူးပေါင်းပြီး လုပ်နိုင်မယ်ဆိုရင် အလားအလာ ကောင်းမယ်လို့ ထင်ပါတယ်။

ဘာလို့ဆို ကျနော်တို့မှာ မွန်စာ အခိုင် အမာ ရှိတယ်။ ခိုင်ခိုင်မာမာ သင်နည်းစနစ်တွေ ရထားတယ်။ အရည်အချင်း ရှိတဲ့ သင်တန်းနည်းပြတွေလည်း ရှိပါတယ်။ အရည်အသွေးရှိတဲ့ သင်ရိုးညွှန်းတမ်း ရှိတယ်။ ဒါကို ကျနော်တို့ သင်တန်း ပေးနိုင်ပါတယ်။ အစိုးရ ပညာရေးဌာနနဲ့ MNEC နဲ့ တိုင်းရင်းသား မွန်စာပေသင်ကြားရေး ကိစ္စတွေကို ပူးပေါင်းဆောင် ရွက်နိုင်မယ်ဆိုရင် ကျနော်တို့ အများကြီး အကျိုးရှိမယ်လို့ မြင်တယ်။

မေး။  ။ ကလေးတွေကို မိခင်ဘာသာစကားနဲ့ သင်ကြားဖို့ဟာ ဘာကြောင့် လိုအပ်တာလဲ။ ဒီလို သင်ကြားရေးစနစ် ကနေ ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲ။

ဖြေ။  ။ ကလေးတွေက မူလတန်းအရွယ်မှာ ဗမာစကား ကောင်းကောင်း နားမလည်သေးတော့ သူတို့နားလည်တဲ့ သူ တို့ရဲ့ မိခင်ဘာသာစကား ဖြစ်တဲ့ မွန်ဘာသာစကားနဲ့ သင်ကြားခြင်းအားဖြင့် ကလေးတွေက အရည်အသွေးရှိတဲ့ ပညာရေးကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါကို ကြိုးစားပြီး လုပ်ပါတယ်။တော်တော်ကို ခက်ပါတယ်။ သင်ရိုးညွှန်း တမ်း ပြုစုတာက အစ ဆရာတွေကို သင်တန်းပေးတာ အဆုံး။ ငွေလည်း အများကြီး လိုအပ်တယ်။ ကျနော်ထင်တာ အစိုးရက ဒါကြောင့် ဖြစ်မယ် မလုပ်နိုင်ဘူး။ အရင်းအမြစ် ရှားတဲ့ ခက်ခဲတဲ့ ပြဿနာပေါ့။

မိခင်ဘာသာစကား ဆိုတာ (Child Own Language) ကလေးပိုင်နိုင်တဲ့ ဘာသာစကားကို ပြောတာ။ မွန်ဖြစ်ဖြစ် ဗမာ ကလေး ဖြစ်ဖြစ် မော်လမြိုင်မှာ ကြီးလို့ရှိရင် သူ့ရဲ့ ပိုင်နိုင်တဲ့ ဘာသာစကားက ဗမာစကားပဲ။ အဲဒါသည် သူ့ရဲ့ မိခင် ဘာသာစကား။ ဒါ နိုင်ငံတကာရဲ့ စံပဲလေ။ ကလေးရဲ့ ကျွမ်းကျင်တဲ့ဘာသာစကားဟာ ကလေးရဲ့ မိခင်ဘာသာ စကားပဲ။

ဒီဘာသာစကားနဲ့ ကလေးက ပညာသင်မှ Quality Education (အရည်သွေးရှိတဲ့ ပညာရေး) ဖြစ်တယ်။ မဟုတ်ရင် ကလေးက ဘာမှ မသိဘူး။ ကလေးနားမလည်တဲ့ ဘာသာစကားနဲ့ သင်တာဟာ သင်နေတာမဟုတ်ဘူး။ ကလေးကို အကြမ်းဖက်နေတာ။ ကလေးတွေ နားလည်တဲ့ ဘာသာစကားနဲ့သင်မှ သင်ယူမှု ပြီးမြောက်မယ်။ အရည်အချင်းပြည့်ဝ တဲ့ ပညာရေး ဖြစ်မယ်။

မေး။  ။ မွန်အမျိုးသား ကျောင်းတွေမှာ မွန်ကလေးတွေပဲ တက်တာလား။ တခြားကလေးတွေ တက်ရင်ရော မွန်လိုပဲ သင်ပေးတာလား။

ဖြေ။  ။ ဗမာကလေးတွေလည်း တက်တယ်။ အခု ရွှေ့ပြောင်း အလုပ်သမားတွေ များတယ်။ မွန်ပြည်နယ်မှာ ဧရာဝတီ တိုင်း၊ ပဲခူးတိုင်း တခြားနေရာတွေကနေ လာကြတယ်။ တချို့နေရာတွေကျတော့ ဆင်းရဲတော့ မွန်ကျောင်း ဖွင့်ထား တဲ့နေရာ အဲဒီကလေးတွေပါ တက်တယ်။ သူတို့ကို ဗမာလိုပဲ သင်ပေးပါတယ်။ မူလတန်းအဆင့်မှာ မွန်စာက အဓိက ပေါ့။ သို့သော် အစိုးရ စာအုပ်တွေ ထားထားရတယ်။ ကျနော်တို့က Text Book Base (ဖတ်စာအုပ် အခြေခံသင်နည်း) မဟုတ်ဘူး။ ကလေးဗဟိုပြု သင်ကြားနည်း(Child Center Base) နဲ့ ကလေး တတ်အောင် သင်ပေးတယ်။

မေး။  ။ အခုဆိုရင် မွန်အမျိုးသားကျောင်း အရေအတွက် ဘယ်လောက် ရှိနေပြီလဲ။ ကျောင်းသားနဲ့ ဆရာ/မ ဦးရေ လည်း သိချင်ပါတယ်။

ဖြေ။  ။ အခု MNEC အကောင်အထည်ဖော်နေတဲ့ မွန်အမျိုးသားကျောင်း ၁၃၃ ကျောင်း ရှိတယ်။ အထက်တန်း ကျောင်း ၃ ကျောင်း ရှိပြီး၊ အလယ်တန်းကျောင်း ၁၈ ကျောင်း ရှိတယ်။ ကျန်တာကတော့ မူလတန်းကျောင်း။ အများ စုက မွန်ပြည်နယ်မှာ ရှိပြီး ကရင်နဲ့ တနင်္သာရီမှာ အနည်းအကျဉ်း ရှိတယ်။ ကျောင်းသားပေါင်း ၁၂၀၀၀ လောက် ရှိ မယ်။ ဆရာ/မ ဦးရေက ၆၈၆ ယောက် ရှိတယ်။

အထက်တန်းကျောင်း ၃ ကျောင်းက ရေးမြို့နယ် အံဒင်မှာ ၁ ကျောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်္ကပါမှာ ၁ ကျောင်း၊ နောက် ၁ ကျောင်းက ရေးချောင်းဖျား တောထဲမှာ MNEC ဌာနချုပ်ပေါ့။ အဓိက က မွန်စကား အများစုပြောတဲ့ နေရာတွေမှာ ဖွင့်ထားတာပေါ့။

မေး။  ။ နှစ်ပေါင်း ၂၀ ကျော် မွန်အမျိုးသား ပညာရေးအတွက် ဆောင်ရွက်နေတဲ့ MNEC အနေနဲ့ အခုအချိန်မှာ ဘယ်လို အောင်မြင်မှုတွေ ရနေပြီ၊ လုပ်နိုင်ခဲ့ပြီလို့ ပြောနိုင်မလဲ။

ဖြေ။  ။ အောင်မြင်မှုတွေ ဘာတွေရှိလဲဆို ဟိုဘက်ခေတ်မှာတုန်းက မွန်အမျိုးသား ပညာရေးကော်မတီမှာ မွန်ပြည် သစ်ပါတီက လူတွေလောက်နဲ့ပဲ ဖွဲ့စည်းနိုင်ခဲ့တယ်။ ၇ ယောက်ပဲ ပါတယ်။ ၂၀၁၄ ကစပြီး MNEC ကို ကျနော်တို့က ချဲ့လိုက်တယ်။ ရပ်ရွာအပြင်က ကျနော်ပါ ပါလာတယ်။ အခုဆို ၂၅ ယောက်နဲ့ဖွဲ့စည်းနိုင်ခဲ့တယ်။ ဘုန်းကြီးတွေပါ တယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အရပ်ဘက် အဖွဲ့စည်းတွေ ပါလာတယ်။ ဒါမျိုးတွေ ပြန်ပြီး Reform လုပ်နိုင်ခဲ့တယ်။

နောက်တခုက အစိုးရ ပညာရေးဌာနနဲ့ ကျနော်တို့ နီးနီးကပ်ကပ် အလုပ် လုပ်နိုင်ခဲ့တယ်။ အရင်တုန်းက သဘောတူခဲ့ တဲ့ ဆယ်တန်း ဖြေတာက လွဲလို့ မလုပ်နိုင်ခဲ့တဲ့ ကိစ္စတွေကို အခု လုပ်လာနိုင်တယ်။ အခု ပြောင်းလဲလာတဲ့ သင်ရိုး သစ်မှာ ဆိုရင် ကျနော်တို့ သင်တန်း တက်ခွင့်ရပြီ။ အတူတူ တက်ကြတယ်။ ၈ တန်းစာမေးပွဲ ဝင်ဖြေတယ်။ ဖြေတဲ့နေ ရာမှာလည်း ကိုယ့်နေရာမှာပဲ ကိုယ်ဖြေတယ်။

မွန်အမျိုးသားကျောင်း ရှိတဲ့ဆီမှာပဲ စင်တာလုပ်ပြီးတော့ အစိုးရကျောင်း ပညာရေးမှူးတွေက ကြီးကြပ်ရေးမှူးတွေ မေး ခွန်းတွေ ယူလာပြီးတော့ ကျနော်တို့ဆီက ကြီးကြပ်ရေးမှူးနဲ့ ပေါင်းပြီး စာမေးပွဲလုပ်တယ်။ အဖြေလွှာဖြတ်တဲ့အခါမှာ လည်း အတူတူ ဖြတ်ကြတယ်။ အောင်စာရင်း ထုတ်တယ်။ ဒီလောက်ထိတိုးတက်လာတယ်။

အဲဒါအပြင် အရင်တုန်းက တခါမှ မရခဲ့ဖူးတဲ့ School Grant လို့ခေါ်တဲ့ ကျောင်းထောက်ပံ့ကြေးတွေ ကျောင်းသားဦးရေ  ပေါ်မှာ မူတည်ပြီး ယူနစ်အလိုက်ကျောင်းသား ၁ ယောက်ကို ၅ ထောင်နှုန်းနဲ့။ တချို့ကျောင်းဆို ၄၊ ၅ သိန်း ၁၀၊ ၁၅ သိန်းထိ ရတဲ့ကျောင်းတွေလည်း ရှိတယ်။ ဒါပေမယ့် ဒီပိုက်ဆံက ယူနီဆက်ကနေ လာပြီး အစိုးရ ပညာရေးဌာနနဲ့  ပေါင်းပြီးတော့ လုပ်တယ်။ ကျနော်တို့ မြို့နယ် ပညာရေးမှူးနဲ့ ပေါင်းပြီး လုပ်တဲ့ အစီစဉ်ပါ။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
103
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
95
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
54

၂၀၁၆-၁၇၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွေမှာ ရခဲ့ပြီး အခု အဲဒီ ပရောဂျက်ပြီးသွားတဲ့ အခါ ထပ်မရတော့ဘူး။ အခုဆိုရင် အစိုးရကျောင်းတွေ ရပြီး ကျနော်တို့ထပ်မရဘူး။ တင်ပြတယ်။ ပေးမယ် ပေးမယ်နဲ့ ကနေ့ထိ ကျနော်တို့ မရသေးဘူး။ ဘာကြောင့်လဲ ကျနော်တို့လည်း နားမလည်ဘူး။ ကျနော်တို့ ခံစားနေရတာက ကျနော်တို့ကို ဖယ်ကြဉ်ထားတယ်။ ဘေးဖယ်ထားတယ်။ မကောင်းတတ်လို့သာ ဆက်ဆံနေရတဲ့ ပုံစံမျိုး သဘော သက်ရောက်နေတယ်။ ဒါ ကျနော်တို့ စိတ်မကောင်းဘူး။ ကျနော်တို့က ဌာနေ တိုင်းရင်းသားဖြစ်တယ်။ နိုင်ငံသား ဖြစ်တယ်။ အခွင့်အရေး တန်းတူရချင် တယ်။

မေး။  ။ ဒီတော့ မွန်အမျိုးသား ကျောင်းတွေဟာ ကိုယ်ထူကိုယ်ထပဲ လုပ်နေရပြီး အကူညီတွေက မရတချက် ရတချက် ဖြစ်နေတဲ့ သဘောပေ့ါ။ ဆိုတော့ ဒီလုပ်ငန်းတွေ ရေရှည်လည်ပတ်နိုငိဖို့ ဘယ်လို ကြိုးစားရုန်းကန်နေရလဲ။ စိန်ခေါ်မှု က ဘာတွေ ဖြစ်မလဲ။

ဖြေ။  ။ အကြီးမားဆုံး စိန်ခေါ်မှုက လစာကိစ္စပဲ။ နှစ်တိုင်း ကျနော်တို့ ခေါင်းကိုက်ရတယ်။ NGO တွေကို အကူအညီ တောင်းပြန်ရင်လည်း ဒီလစာပေးဖို့ကိစ္စကို သူတို့ စိတ်မဝင်စားဘူး။ ဒါက ရေရှည်လုပ်ရမယ့် အလုပ်ဖြစ်တော့ သူတို့ လည်း စိတ်မဝင်စားဘူး။ ဒါပေမယ့် လောလောဆယ် နည်းနည်းပါးပါးတော့ ထောက်ပံ့နေတာ ရှိတယ်။

မွန်ပညာရေး ဗဟိုဌာနတွင် ကျောင်းအုပ်သင်တန်းတက်ရောက်နေသော မွန်အမျိုးသား ကျောင်းဆရာ ဆရာမများ( ထက်ဝေ၊ ဧရာဝတီ)

ကျနော်တို့က အခု ဆရာတယောက်ကို တလ ၉၆၀၀၀ ကျပ်ပဲ ပေးနိုင်တယ်။ အစိုးရက ၁၈၀၀၀၀ မူလတန်းပြ တ ယောက်က ရတယ်။ ခုတော့ ၉၆၀၀၀အပြင် ရပ်ရွာက ၃ သောင်း ထပ်ဆောင်းပေးတယ်။ မြို့နယ် အလိုက် Fund Raising Committee (ရပ်ရွာ ရန်ပုံငွေ ရှာဖွေရေး ကော်မတီ)တွေ ထားတယ်။အဲဒီကော်မတီတွေက လိုက်ဖြေရှင်း ပေးရတယ်။ နေဖို့ လိုက်ကူညီပေးရတယ်။ အစိုးရကတော့ အစိုးရ ပြဋ္ဌာန်းစာအုပ်တွေ အခမဲ့ ပေးတယ်။ သူငယ်တန်းကနေ ၁၀ တန်းထိ။ ကျောင်းသား ၁ သောင်းကျော် အတွက်ကို ပေးတယ်။

မေး။  ။ ဒီတော့ မွန်အမျိုးသားကျောင်းတွေ စဉ်ဆက်မပြတ် တည်ရှိနေရေးအတွက် MNEC အနေနဲ့ ဘာတွေ ပြင်ဆင် ထားတာမျိုးရှိလဲ။

ဖြေ။  ။ ရေရှည်သွားဖို့ဆိုရင် ကျနော်တို့မှာ ပြင်ဆင်ထားတာ ရှိပါတယ်။ Sustainable ဖြစ်ဖို့ဆိုရင် Fund Raising တွေ လုပ်နေတယ်။ အဓိက ရပ်ရွာအခြေပြု ဖြစ်တော့ Community က ဆရာ/မတွေရဲ့ စားဝတ်နေရေး အတွက်ကို တာဝန် ယူပေးတယ်။ လစာအပြင် ဆန်ပေးတယ်။ ဆီပေးတယ်။ ထင်း၊မီးသွေး၊ နေစရာ။ ဒီလို လုပ်ထားပေးတာ ရှိတယ်။ အနိမ့်ဆုံး ကျနော်တို့ စားဖို့ သောက်ဖို့ ရတယ်။ အဲဒါအပြင် နိုင်ငံရပ်ခြားမှာရှိတဲ့ မွန် အသိုင်းအဝိုင်းကလည်း နှစ်တိုင်း ကျနော်တို့ကို ပိုက်ဆံ လွှဲ လွှဲပို့ပေးပါတယ်။ အဲဒါကို ဘဏ်အကောင့် ဖွင့်ပြီးတော့ မသုံးဘဲ လိုအပ်မှ သုံးဆိုတဲ့ ပုံစံမျိုး လုပ်ထားတာ ရှိပါတယ်။

နောက်တခုက မွန်မှာ မွန်ဘုန်းကြီးကျောင်းတွေ ရှိတယ်။ ဘုန်းကြီးတပါးက ကျနော်တို့ကို အကြံပေးတာက ဘုန်းကြီး ကျောင်းတွေကို အကူညီတောင်းပါ။ဘုန်းကြီးကလည်း အကူညီပေးဖို့ အဆင်သင့်ပဲ။ မွန်ဘုန်းကြီးကျောင်း ၁၀၀၀ ကျော်ရှိတယ် ဗမာပြည်မှာ။ မွန်ဘုန်းကြီးကျောင်း ၁ ကျောင်းက ၁ နှစ်ကိုပိုက်ဆံ ၅ သိန်းလောက် MNEC ကို လှူပေး ဖို့ ထောက်ပံ့ပေးဖို့ အခက်အခဲ မရှိပါဘူးတဲ့။ ဘုန်းကြီးက ခေါ်ပါတယ်။ ကျနော်တို့ သွားတွေ့ဖို့ ပြင်နေပါတယ်။

အကယ်၍ ဒီဘုန်းကြီးကျောင်းက ပေးတဲ့ ပိုက်ဆံနဲ့ဆိုရင် ကျနော်တို့ အများကြီး အဆင်ပြေပါမယ်။ အဲဒါအပြင် လော လောဆယ် ပြင်ဆင်ထားတာကအစိုးရဘက်ကလည်း ကျနော်တို့ကို ကူညီပေးဖို့ တာဝန်ရှိတော့ မရရအောင် တောင်း ဆိုမှာပါ။ တင်ပြသွားမှာပါ။

မေး။  ။ မွန်ကျောင်း သင်ရိုးညွှန်းတမ်းတွေက တခြား တိုင်းရင်းသားတွေထက် ရှေ့ပြေးတယ်လို့ ပြောလို့ရတယ်ပေါ့ နော်။ ဒီတော့ ဆရာတို့ရဲ့ အတွေ့အကြုံကနေ တခြားသော တိုင်းရင်းသားတွေကို မိခင်ဘာသာ စကားအခြေပြု သင် ကြားရေးနဲ့ ပတ်သက်လို့ ဘာတွေများ ပြန်လည် မျှဝေပေးချင်ပါသလဲ။

ဖြေ။  ။ ကျနော်တို့ သွားမျှဝေပြီးပြီ။ ကရင်သွားတယ်။ KECD (Karen Education and Cultural Department) ကရင် ပညာရေးဌာနနဲ့ မဲဆောက်မှာသွားဆွေးနွေးတယ်။ ကရင်နီ Education Center ပညာရေးဌာန ဒီးမော့ဆိုမှာ ရှိတယ်။ သွားဆွေးနွေးတယ်။ ရှမ်း တောင်ကြီးမှာရှိတဲ့ ရှမ်းအမျိုးသားပညာရေး ကော်မတီမှာ သွားတင်ပြတယ်။ လားရှိုးမှာရှိ တဲ့ ရှမ်းအဖွဲ့ကိုလည်း တင်ပြတယ်။

ကောင်းခါး ဌာနေပြည်သူ့စစ် သူတို့လည်း မိခင်ဘာသာစကား အခြေပြုပုံစံရှိတော့ သူလည်း ကျောင်းဖွင့်ထားတာ ရှိတယ်။ အဲဒီကိုလည်း သွားတင်ပြတယ်။အတွေ့အကြုံတွေ မျှဝေတယ်။ မိုင်ဂျာယန်မှာ ကချင် KIO အောက်မှာရှိတဲ့ အဲဒီပညာရေးဌာနကိုလည်း သွားတယ်။ လေ့လည်း လေ့လာတယ်။ အတွေ့အကြုံမျှဝေခြင်းလည်း လုပ်ပါတယ်။ အားလုံးလုပ်ပြီးပါပြီ။

ကျနော်တို့နဲ့ တူတာတော့ တယောက်မှ မရှိဘူး။ တဖွဲ့ပဲ ရှိတယ်။ သိပ်မတူဘူး။ ကောင်းခါးဌာနေ ပြည်သူစစ် ဖွဲ့ထားတဲ့ စနစ်က Church Base (ခရစ်ယာန်ကျောင်းတွေ အခြေပြုသင်နည်းနဲ့) သွားတယ်။ သို့သော် အစိုးရ စနစ်နဲ့ တံတားထိုး ထားတာ မရှိဘူး။

အဓိက ကွာတဲ့အချက်က ကရင်ကလည်း မိခင်ဘာသာစကား အခြေပြု သုံးဘာသာ (ကရင်စာ၊ ဗမာစာ၊ အင်္ဂလိပ်စာ) သူတို့မှာလည်း ရှိတယ်။ သူတို့ကိုယ်ပိုင်စနစ် ရှိတယ်။ သို့သော် အစိုးရ ပညာရေးစနစ်နဲ့ တံတားထိုးထားတာ မရှိဘူး။ အဲဒါ ကျနော်တို့နဲ့ မတူတာပဲ။ ကျနော်တို့မှာ ကိုယ်ပိုင်စနစ် ရှိတယ်။ မိခင်ဘာသာစကား အခြေပြုကို မူလတန်း အဆင့် လောက်မှာပဲ လုပ်တယ်။

အလယ်တန်း အထက်တန်း အဆင့်ကိုကျတော့ အစိုးရ သင်ရိုးညွှန်းတမ်း အတိုင်း သွားတယ်။ မွန်စာပေကိုကျတော့ ဘာသာရပ်တခု အနေနဲ့ သွားမယ်။တက္ကသိုလ်မှာလည်း သုတေသန လုပ်ဖို့အတွက် ပြင်ထားတယ်။ ကျနော်တို့ တံတားထိုးထားတယ်။ မြန်မာနိုင်ငံ တက္ကသိုလ်လည်း တက်ခွင့်ရတယ်။နိုင်ငံခြား တက္ကသိုလ်လည်း တက်ခွင့်ရတယ်။ ဒါ ကျနော်တို့ရဲ့ မော်ဒယ် ဖြစ်ပါတယ်။

သူများတွေ သဘောကျကြတာ တွေ့ရတယ်။ လူကြိုက်ပိုများတာကို မြင်တယ်။ သူတို့ ပြောင်းလဲဖို့ကျ သူတို့အခက်အခဲ နဲ့ သူတို့။ အကြောင်းအရာ မတူတဲ့အခါကျတော့ တထပ်တည်း ဖြစ်အောင်တော့ နည်းနည်းခက်တယ်။

 

Your Thoughts …
Tags: MNECမွန်အမျိုးသားကျောင်း
ငြိမ်းငြိမ်း & ဇူးဇူး

ငြိမ်းငြိမ်း & ဇူးဇူး

Similar Picks:

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲရက် မူလတန်းလွန်ကျောင်းမှ ဆရာမတဦး ကလေးများနေ့ အကြောင်း သင်ကြားနေစဉ် / ဇူးဇူး / ဧရာဝတီ

အခက်အခဲများကြားက ရာမည မီးအိမ်ရှင်များ

by ဇူးဇူး
2 December 2019
13.8k

မွန်အမျိုးသား ပညာရေး ကော်မတီ(MNEC)က အကောင်အထည်ဖော်နေသည့် မွန်အမျိုး သားကျောင်းများ ၏ ပညာရေးစနစ်မှာ မူလတန်းအဆင့်၌ မိခင် ဘာသာစကား အခြေပြု ဘာသာ စကား အစုံသင်သည့် ပညာရေးနစ်ဖြစ် ပြီး မိခင်ဘာသာစကား၊ နိုင်ငံသုံးစကားနှင့် နိုင်ငံတကာသုံး...

Next Post
ယနေ့ ကျင်းပသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတင်းစာရှင်းလင်းပွဲ / မိုးမိုး / ဧရာဝတီ

၂၀၂၀ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိ UEC ပြော

Gonyi Residence Housing Exhibition (ရုပ်/သံ)

Gonyi Residence Housing Exhibition (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved