• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အမေရိကန်-မြန်မာဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်

by Scot Marciel
21 September 2017
in သူ့အတွေး သူ့အမြင်
A A
၁၉၅၃ ခုနှစ်  ရွှေတိဂုံစေတီတော်သို့ အမေရိကန် ဒုတိယသမ္မတ ရစ်ချက်နစ်ဆင်နှင့် ဇနီး ပတ်နစ်ဆင်တို့အား ဦးသန့်နှင့် ဒေါ်ခင်ကြည်တို့က လိုက်လံပို့ဆောင်ပေးစဉ် / US Embassy

၁၉၅၃ ခုနှစ် ရွှေတိဂုံစေတီတော်သို့ အမေရိကန် ဒုတိယသမ္မတ ရစ်ချက်နစ်ဆင်နှင့် ဇနီး ပတ်နစ်ဆင်တို့အား ဦးသန့်နှင့် ဒေါ်ခင်ကြည်တို့က လိုက်လံပို့ဆောင်ပေးစဉ် / US Embassy

11.4k
VIEWS
Share on FacebookShare on Twitter

စက်တင်ဘာလ ၁၈ ရက်နေ့သည် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့အကြား သမိုင်းဝင်နှစ်ပတ်လည် အထိမ်းအမှတ် ကျရောက်သည့် အခါသမယအဖြစ် ကျွနု်ပ်တို့ အမှတ်တရဖြစ်မိပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကာလက ယနေ့တွင် ကျရောက်သည့် ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရနှင့် အမေရိကန်ပြည်ထောင်စုတို့သည် သံအမတ်ကြီးအဆင့် အပြန်အလှန်ထားရှိသည့် သံတမန်ဆက်ဆံရေး ထူထောင်ရန် သဘောတူညီကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာခဲ့ပါသည်။ ထိုကြေညာချက်ကို မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးကို တရားဝင် မရသေးသည့်ကာလ လပိုင်းအလိုတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းသည် အဓိပ္ပါယ်အားဖြင့် ကျွနု်ပ်တို့၏ ပုံစံတကျ သံတမန်ဆက်ဆံရေးကို ခေတ်သစ်မြန်မာနိုင်ငံအဖြစ် သီးသန့်မရပ်တည်မီကပင် ထူထောင်နှင့်ပြီးဖြစ်သည်ဆိုသည့်အချက် ဖြစ်ပါသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်နေအိမ်သို့ လာရောက်လည်ပတ်သော အမေရိကန် သမ္မတ ဘားရက်အိုဘားမား/ Reuters

ကျွန်ုပ်တို့နှစ်နိုင်ငံဆက်ဆံရေးသည် တိုးတက်ကောင်းမွန်နှင့်ပြီးဖြစ်ကာ အမြင့်ဆုံးထိတွေ့ဆက်ဆံမှုအနေဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က မြန်မာနိုင်ငံက လွတ်လပ်ပြီဖြစ်ကြောင်း ကြေညာသည့်အခါ သမ္မတ ဟယ်ရီအက်စ်ထရူးမင်းထံမှ သမ္မတ စဝ်(စော)ရွှေသိုက်ထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။ ၁၉၅၃ ခုနှစ်က ဒုတိယသမ္မတ ရစ်ချက်နစ်ဆင် မြန်မာနိုင်ငံသို့ လာရောက်ကာ ရွှေတိဂုံစေတီတော်မြတ်တွင် ခေါင်းလောင်းထိုး ဆုတောင်းခဲ့သည်မှစတင်လျက် ၂၀၁၂ ခုနှစ်တွင် သမ္မတအိုဘားမားက အမေရိကန်သမ္မတတဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံး သမိုင်းဝင် ခရီးစဉ်အဖြစ် လာရောက်လည်ပတ်သည်အထိ အမေရိကန်ခေါင်းဆောင်များက မြန်မာ့အရေးကို အမေရိကန်က အရေးထားကြောင်း ပြသခဲ့ကြပါသည်။

တချိန်တည်းမှာပင် နှစ်နိုင်ငံရေးဆက်ဆံရေးမှာ အစဉ်သဖြင့် ချောမွေ့လှသည်မဟုတ်ကြောင်း ကျွန်ုပ်တို့ နားလည်သဘောပေါက်မိပါသည်။ မြန်မာစစ်အစိုးရ အုပ်ချုပ်စဉ်ကာလအတွင်း မကြာခဏ ဆက်ဆံရေး တင်းမာခဲ့ပြီး ဆက်ဆံရေး ကျိုးပျက်လုနီးပါးအထိ ဖြစ်ခဲ့ဖူးပါသည်။ သို့သော် ကျွနု်ပ်တို့အစိုးရများအကြား ဆက်ဆံရေးမှာ အချိန်ကာလကြာမြင့်သည်နှင့်အမျှ ပြောင်းလဲခဲ့ပြီဖြစ်ရာ နှစ်နိုင်ငံချစ်ကြည်ရေးမှာ ခိုင်မြဲလျက်ရှိပြီဖြစ်ကြောင်း မြန်မာပြည်သူများအားလုံးထံ ကတိကဝတ်ပြုပြောကြားလိုပါသည်။ ကျွနု်ပ်တို့သည် အမေရိကန်-မြန်မာမိတ်ဖက်ဆက်ဆံရေးကို အပြန်အလှန်လေးစားမှုနှင့် အထူးသဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေးတန်ဖိုး၊ ငြိမ်းချမ်းရေးနှင့် အားလုံးအတွက် ပိုမိုကောင်းမွန်မည့် ဘဝအခွင့်အလမ်းတို့အပေါ် အခြေခံလျက် ၂၀၁၆ ခုနှစ်တွင် ပုံစံတကျ မိတ်ဖက်ဆက်ဆံရေးအဖြစ် စတင်ထူထောင်ခဲ့ပါသည်။

မြန်မာနိုင်ငံသူနိုင်ငံသားများက ဒီမိုကရေစီနှင့်အညီ နေထိုင်ရန်အတွက် ၂၀၁၅ ခုနှစ်အတွက် လွတ်လပ်ပြီး ရှင်းလင်းပြတ်သားစွာ ရွေးချယ်ခဲ့ရာ အမေရိကန်ပြည်ထောင်စုက ၎င်းတို့နှင့်အတူ ရပ်တည်ခဲ့ပြီး ယနေ့ကာလတွင်လည်း မြန်မာ့ဒီမိုကရေစီအရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းနေမှုကို အားပေးကူညီလျက် ရှိပါသည်။ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးတို့အတွက် ကျွနု်ပ်တို့က အစဉ်သဖြင့် ဆက်လက်ထောက်ခံ အားပေးလျက် ရှိပါသည်။ အမေရိကန်ပြည်ထောင်စုသို့ မြန်မာကျောင်းသားများကို ပညာသင်ဆု ပေးရေး၊ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်လာစေရေး သို့တည်းမဟုတ် ကျွနု်ပ်တို့၏ ငြိမ်းချမ်းရေးစေတနာ့ဝန်ထမ်းအဖွဲ့များက အင်္ဂလိပ်စာ သင်ကြားပေးရေး၊ ကလေးသူငယ် လူငယ်လူရွယ်များအတွက် ဘဝအခွင့်အလမ်းများ လမ်းဖွင့်ပေးရေးတို့နှင့်ပတ်သက်ပြီး ဖော်ဆောင်သွားရန် ကျွနု်ပ်တို့က မြန်မာပြည်သူများထံ ကတိကဝတ်ပြုပါသည်။ ကျွနု်ပ်(ကျွနု်ပ်၏သံရုံးမိသားစုအားလုံး)က ယခုကဲ့သို့ ချစ်ကြည်ရင်းနှီးမှုနှင့် ကြိုးပမ်းအားထုတ်မှုတို့အပေါ် နှစ်ထောင်းအားရ ဂုဏ်ယူမိပါသည်။

၁၉၅၃ ခုနှစ် မြန်မာပြည်လာလည်သော အမေရိကန် ဒုတိယသမ္မတ ရစ်ချက်နစ်ဆင်

နှစ်ပတ်လည် အခါသမယကျရောက်လေတိုင်း သမိုင်းကြောင်းအားဖြင့် ကျွနု်ပ်တို့ မျှဝေခံစားသော သမိုင်းကြောင်းကို ခိုင်မာစေရန် ရည်သန်အပ်ပါသည်။ လက်ရှိ ပစ္စုပ္ပန်ကို ထောက်ရှုကာ အနာဂတ်အတွက် မျှော်ကြည့်ရမည့် အခါသမယလည်း ဖြစ်ပါသည်။

ကျွနု်ပ်တို့သည် တဦးနှင့်တဦး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောဆိုဆက်ဆံရမည့် မိတ်ဆွေကောင်းများ ဖြစ်ကြပါသည်။ ယနေ့ အခြေအနေအားဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကျပ်အတည်း ဖြစ်ပွားနေသည့်အချိန်သည် ယခုနှစ်ပတ်လည် အထိမ်းအမှတ်နှင့် တိုက်ဆိုင်နေသဖြင့် ယင်းဖြစ်စဉ်ကိုလည်း ထည့်သွင်းပြောကြားလိုပါသည်။ သြဂုတ်လ ၂၅ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက လူသိရှင်ကြား ပြစ်တင်ရှုတ်ချပြီးဖြစ်သော်လည်း ဖြစ်ပွားနေဆဲ ရခိုင်အကြမ်းဖက်တိုက်ခံရမှုအတွင်း လူပေါင်း ၄သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်နေရခြင်းအပေါ်လည်း များစွာ စိုးရိမ်မကင်းဖြစ်မိပါသည်။ မြန်မာလုံခြုံရေးအာဏာပိုင်များအနေဖြင့် တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာရန်၊ အကြမ်းဖက်မှု ရပ်တန့်ရန်နှင့် အသိုင်းအဝိုင်းအားလုံးမှ အရပ်သားများကို ပြောင်းရွှေ့နေစေခြင်းများ အဆုံးသတ်ရန် တောင်းဆိုပါသည်။ အစိုးရက လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ဒုက္ခသည်များထံ လျင်မြန်စွာ ပေးပို့နေခြင်းအပေါ် ကျွနု်ပ်တို့က ကြိုဆိုပါသည်။ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် အစိုးရက ကြိုးပမ်းနေခြင်းအပေါ်လည်း ကျွနု်ပ်တို့ ကြိုဆိုပါသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

မြန်မာပြည်သူများအပေါ် ကျွန်ုပ်တို့၏ သန္နိဋ္ဌာန်နှင့် နှစ်ပေါင်း ၇၀ ကြာ ခိုင်မြဲလာခဲ့သော ဆက်ဆံရေးနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ အာသီသမှာ ဤအတိုင်း ဖြစ်ပါသည်။ ယခု ဝမ်းနည်းစရာဖြစ်စဉ်မှ ပြန်လည်ထူထောင်ရေး ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းအားလုံးကို ကူညီရန်နှင့် ငြိမ်းချမ်းရေး၊ သာယာဝပြောရေး ပြန်လည်ရရှိစေရေး အတူတကွ လုပ်ကိုင်ရန် ကျွန်ုပ်တို့ ဆန္ဒရှိပြီး အသင့်လည်း ရှိနေပါသည်။ မြန်မာပြည်သူများနှင့်အတူ နှစ်ပေါင်း ၇၀ ထက်မက ချစ်ကြည်ရင်းနှီးခိုင်မြဲစေရန် ကျွနု်ပ်တို့ဆန္ဒပြုအပ်ပါသည်။

(Scot Marciel သည် လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းသို့ ပေးပို့သော Marking 70 Years of US-Myanmar Relations ကို သံအမတ်ကြီး၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်ဆိုသည်။)

Your Thoughts …
Tags: အမေရိကန်-မြန်မာဆက်ဆံရေး
Scot Marciel

Scot Marciel

Contributor

Similar Picks:

No Content Available
Next Post
ဇူလိုင် ၂၄ ရက်နေ့က နေပြည်တော်ရှိ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း ဗဟိုဌာန (NRPC) တွင် ပြုလုပ်သည့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင် နှစ်ခြင်း ခရစ္စယာန် အဖွဲ့ချုပ် (KBC) တွေ့ဆုံပွဲမြင်ကွင်း  / Myanmar State Counsellor Office

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သယံဇာတ ပြဿနာ

--

ကာတွန်းတွေက ပြောတဲ့ ရွှေဝါရောင်တော်လှန်ရေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved