သီချင်းအသစ် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/သီချင်းအသစ် Covering Burma and Southeast Asia Wed, 19 Jul 2023 00:08:52 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png သီချင်းအသစ် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/သီချင်းအသစ် 32 32 တေးရေးအသစ်တွေဆီက သီချင်းတွေနဲ့ တကိုယ်တော်ခွေ ထုတ်မယ့် နီနီခင်ဇော် https://burma.irrawaddy.com/lifestyle/entertainment/2021/01/11/236256.html Mon, 11 Jan 2021 08:40:33 +0000 https://burma.irrawaddy.com/lytbox/?p=236256 အဆိုတော် နီနီခင်ဇော်  / Ni Ni Khin Zaw's Facebook၂၀၂၁ မှာလည်း ထွက်ရှိလာတော့မယ့် အခွေမှာ ပြီးခဲ့တဲ့နှစ်တွေနဲ့ လုံးဝ မတူတဲ့ ပုံစံနဲ့ ထွက်ပေါ်လာမယ်။ နောက်ပြီးတော့ သီချင်းတွေလည်း အများကြီး ပါလာမယ်။]]> အဆိုတော် နီနီခင်ဇော်  / Ni Ni Khin Zaw's Facebook

ကိုဗစ်ကာလအတွင်း သူနဲ့အတူ လက်တွဲ လုပ်ကိုင်မယ့် တေးရေးဆရာ အသစ်များ ခေါ်ယူခဲ့တဲ့ အဆိုတော် နီနီခင်ဇော်ကတော့ အဆိုပါ တေးရေးဆရာများ ပေးပို့တဲ့ သီချင်းအပုဒ်ရေ ၂၀၀၀ ကျော်ထဲက သီချင်းများနဲ့ သူ့ရဲ့တကိုယ်တော်အခွေအသစ် ထွက်ရှိတော့မယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလောက်က အွန်လိုင်းကနေ တေးရေးဆရာအသစ်တွေ အများကြီးခေါ်ခဲ့ပါတယ်။ အဲ့မှာ ပေးပို့ကြတဲ့ သီချင်း အပုဒ် ၂၀၀၀ ကျော်လောက် ရှိတယ်။ အဲ့ထဲကနေ သီချင်းတွေ ရွေးထားတာဆိုတော့ တကယ်ကိုမှ ခွန်အားရှိတဲ့ သီချင်းတွေ၊ အင်အားရှိတဲ့ သီချင်းတွေ ဖန်တီးနိုင်တဲ့အနုပညာရှင်အသစ်တွေ ဆုံဆည်းခွင့်ရတာ ဝမ်းသာစရာကောင်းတယ်။ သီချင်းအသစ်တွေ အရမ်းများနေတာဖြစ်တဲ့အတွက် မတ်လမှာ တကိုယ်တော်အခွေ ထွက်ဖို့ စီစဉ်ထားတယ်” လို့ နီနီခင်ဇော်က ပြောပါတယ်။

အဆိုပါ သီချင်းအပုဒ်ရေ ၂၀၀၀ ကျော်ထဲက ပြန်လည် ရွေးချယ်ခဲ့တာကြောင့် တနေ့ကို သီချင်းအပုဒ်ရေ ၁၀၀ ၊ ၂၀၀ ခန့် နားထောင်ခဲ့ရတယ်လို့ သိရပါတယ်။

“အဲ့ဒီ အပုဒ်ရေ ၂၀၀၀ ထဲက ပြန်ရွေးရတာဆိုတော့ နားမထောင်ဘူးဆိုရင်တောင် တနေ့ကို အပုဒ် ၁၀၀၊ ၂၀၀ နားထောင်ရတယ်။ အချိန်တော်တော်တော့ ပေးရတယ်။ ကိုဗစ်ကာလလည်း ဖြစ်တဲ့အတွက် အချိန်ပိုပေးနိုင်တာပေါ့” လို့ နီနီခင်ဇော်က ပြောပါတယ်။

နှစ်တိုင်းကို မတူညီတဲ့ ပုံစံများနဲ့ ပရိသတ်ကို တင်ဆက်ဖို့အတွက် ကြိုးစားနေပြီး မကြာခင် ထွက်မယ့် အခွေမှာလည်း မတူတဲ့ပုံစံနဲ့ ထွက်ပေါ်လာဦးမယ်လို့ ဆိုပါတယ်။

အဆိုတော် နီနီခင်ဇော် (ဓာတ်ပုံ – Ni Ni Khin Zaw’s Facebook)

“နီနီက နှစ်တိုင်းလိုလို ပရိသတ်ကို ဘယ်လို ထူးခြားတဲ့အရာတွေ ပေးရမလဲဆိုပြီး တွေးနေတာပါပဲ။ အခု လောလောဆယ် တင်ဆက်ခဲ့တဲ့ ပွဲတွေမှာလည်း အင်္ကျီ အဝတ်အစားကအစ တခုနဲ့တခု မတူအောင် တင်ဆက်ရသလိုပဲ နှစ်တိုင်းကိုလည်း တနှစ်နဲ့တနှစ် မတူအောင် တင်ဆက်ရတယ်။ အဲ့လိုမှလည်း ပရိသတ်တွေက နီနီတို့ ကြိုးစားနေတယ်လို့ မြင်မှာပေါ့”

“၂၀၂၁ မှာလည်း ထွက်ရှိလာတော့မယ့် အခွေမှာ ပြီးခဲ့တဲ့နှစ်တွေနဲ့ လုံးဝ မတူတဲ့ ပုံစံနဲ့ ထွက်ပေါ်လာမယ်။ နောက်ပြီးတော့ သီချင်းတွေလည်း အများကြီး ပါလာမယ်။ ရိုက်တာတွေကလည်း ကိုဗစ်ကာလဆိုတော့ မပြီးသေးဘူးပေါ့။ အဲဒါတွေကလည်း ဆက်ပြီးတော့ ရိုက်လို့ရခဲ့မယ်ဆိုပြီး ဆက်ရိုက်ဦးမယ်” လို့ နီနီခင်ဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ဟာ မျှော်လင့်ချက်တွေအပြည့်နဲ့ အသက်ရှင်ခဲ့ကြရပြီး ၂၀၂၁ မှာ ချစ်ခြင်းမေတ္တာတွေနဲ့ ဖြတ်သန်းဖို့အတွက် ဆန္ဒပြုခဲ့ပါတယ်။

အဆိုတော် နီနီခင်ဇော် (ဓာတ်ပုံ – Ni Ni Khin Zaw’s Facebook)

“၂၀၂၀ မှာအားလုံးက မျှော်လင့်ချက်တွေနဲ့ ရှင်သန်ခဲ့ရတယ်။ ဘယ်နေ့ကျရင် အပြင်ထွက်လို့ရမလဲ။ ဘယ်တော့ မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး နေလို့ရမလဲ ဆိုပြီး မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေရတယ်။ ၂၀၂၁ မှာ ကာကွယ်ဆေး ပေါ်လာပြီ ဆိုပေမယ့် ဆက်ပြီးတော့ Mask တွေ တပ်ပြီး နေကြရမယ်။ နှလုံးသားချင်း နီးပြီးတော့ အခက်အခဲတွေကြားထဲက ဘယ်လို ရှင်သန်ကြမလဲဆိုတာ လူသားတွေဖြစ်တဲ့အတွက် ဘယ်လို ကြိုးစားပြီးနေမလဲဆိုတာကို ဆုံးဖြတ်ကြရမယ်”

“ဒီကြားထဲမှာ အဆိုးတွေထဲက အကောင်းကဘာလဲဆိုရင် ကိုဗစ်ကာလမှာ လူသားချင်း ကိုယ်ချင်းစာမှုပေါ့။ မျှဝေပြီး လူသားချင်း စာနာထောက်ထားတာက ပိုပြီးမြင်လာရတာ။ ၂၀၂၁ မှာ ချစ်ခြင်းမေတ္တာတွေနဲ့ ဖြတ်သန်းဖို့ ဆန္ဒပြုပါတယ်” လို့ နီနီခင်ဇော်က ပြောပါတယ်။

အဆိုတော် နီနီခင်ဇော်ကတော့ ကိုဗစ်ကာလအတွင်း အခက်အခဲများကြားထဲမှ “The Voice Myanmar Season 3” သီချင်းဆိုပြိုင်ပွဲမှာ Coach တဦးအနေနဲ့ပါဝင်ခဲ့ပြီး ဒီကြားထဲမှာ သီချင်းအသစ်တွေ ထွက်ရှိခဲ့ပါသေးတယ်။

နီနီခင်ဇော်က မကြာခင်မှာ ကျင်းပမယ့် ကဏ္ဍအသီးသီးမှ အကျိုးပြု အောင်မြင်သူများကို ရွေးချယ် ဆုချီးမြှင့်ပွဲအခမ်းအနား “Myanmar’s Pride Awards” မှာလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။

You may also like these stories:

တေးရေးအသစ်များကို ခေါ်ယူနေတဲ့ အဆိုတော် နီနီခင်ဇော်

ကိုဗစ်ကာလမှာ ပရိသတ်တွေနဲ့အတူ နီနီခင်ဇော် ဖန်တီးထားတဲ့ “တနေ့” သီချင်း

]]>
စစ်မှု မထမ်းခင် သီချင်းအသစ်ဖြန့်ချိခဲ့တဲ့ မင်းသား ပတ်ဘိုဂွန်း https://burma.irrawaddy.com/lifestyle/entertainment/2020/08/12/227927.html Wed, 12 Aug 2020 06:22:19 +0000 https://burma.irrawaddy.com/lytbox/?p=227927 မင်းသား ပတ်ဘိုဂွန်းKorea Power Celebrity အဖြစ် သတ်မှတ်ခံခဲ့ရဖူးတဲ့ အသက် ၂၇ နှစ်အရွယ် မင်းသား ပတ်ဘိုဂွန်းဟာ “Reply 1988” ၊ “Love in the Moonlight” ဒရာမာ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ရခဲ့သူ ဖြစ်ပါတယ်။]]> မင်းသား ပတ်ဘိုဂွန်း

တောင်ကိုရီးယား အဆိုတော်၊ မင်းသား ပတ်ဘိုဂွန်းဟာ “All My Love” ဆိုတဲ့ သီချင်းကို စစ်မှု မထမ်းခင် ပရိသတ်တွေကို နှစ်သိမ့်တဲ့အနေနဲ့ ဖြန့်ချိခဲ့ပါတယ်။ Music Video ပါ တပါတည်း ထွက်ရှိလာခဲ့တဲ့မင်းသား ပတ်ရဲ့ ဒုတိယမြောက် Single သီချင်းမှာတော့ အင်္ဂလိပ်နဲ့ ကိုရီးယား ဗားရှင်းနှစ်မျိုး နားဆင်နိုင်မှာဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့ကနေစလို့ ကမ္ဘာတဝန်းမှာရှိတဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေမှာ ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။

အင်္ဂလိပ်ဗားရှင်းအတွက် Music Video ကိုတော့ YouTube မှာ Pony Canyon ကနေတဆင့် ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။ “All My Love” သီချင်းဟာ နားဆင်သူတွေအတွက် စိတ်ပြေငြိမ်းချမ်းမှုတွေ ဆောင်ယူလာမယ့် သတင်းစကားတွေနဲ့အတူ ပရိသတ်တွေကို အထူးနှစ်သိမ့်ပေးမယ့် အလွမ်းအဆွေး သီချင်းတပုဒ် ဖြစ်ပါတယ်။ အဆိုတော်၊ သီချင်းရေးဆရာ Sam Kim နဲ့အတူ အဲ့ဒီသီချင်းကို မင်းသားပတ်က ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

မင်းသားရဲ့ အေဂျင်စီ Blossom အင်တာတိန်းမန့်ရဲ့ အဆိုအရ အဲ့ဒီ Single သီချင်းဟာ အနုပညာလောကထဲကို မင်းသား ပတ် ရောက်ရှိခဲ့တဲ့ အမှတ်တရ နှစ်ပတ်လည်အတွက် ဂုဏ်ပြုဖို့ ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မင်းသားရဲ့ အဲ့ဒီ Single သီချင်းတွေကို ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေမှာလည်း သြဂုတ်လ ၁၂ ရက်နေ့ကစလို့ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။

Korea Power Celebrity အဖြစ် သတ်မှတ်ခံခဲ့ရဖူးတဲ့ အသက် ၂၇ နှစ်အရွယ် မင်းသား ပတ်ဘိုဂွန်းဟာ “Reply 1988” ၊ “Love in the Moonlight” ဒရာမာ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ရခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာလည်း မင်းသမီး ဆောင်းဟေဂိုနဲ့အတူ “Encounter” ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။

မင်းသား ပတ်ဟာ ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွင် ကိုယ်စားလှယ် မင်းသားဖြစ်ခဲ့သလို Coca-Cola ကုမ္ပဏီရဲ့ ကြော်ငြာ မော်ဒယ်လည်း ဖြစ်ပါတယ်။ မင်းသား ပတ်ဟာ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ ကိုရီးယားရေတပ်မှာ စစ်မှုထမ်းမယ်လို့ မျှော်လင့်ရပါတယ်။

Ref: thejakartapost

You may also like these stories:

Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအများဆုံး မင်းသားစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ The Rock

လျှပ်စစ်စက်ဘီး မတော်တဆမှုကြောင့် ခွဲစိတ်မှုခံခဲ့ရတဲ့ Simon Cowell

COVID-19 ကူးစက်ခံခဲ့ရတဲ့ စပိန်မင်းသား Antonio Banderas

]]>
မိုးရာသီမှာ သီချင်းသစ် ထွက်မယ့် ရွှေမှုံရတီ https://burma.irrawaddy.com/lifestyle/entertainment/2020/06/02/223839.html Tue, 02 Jun 2020 10:32:06 +0000 https://burma.irrawaddy.com/lytbox/?p=223839 သရုပ်ဆောင် ရွှေမှုံရတီ / Shwe Mhone Yati's Facebook“ဘယ်နေ့လဲ ဆိုတာတော့ မပြောပြချင်သေးဘူး။ စဉ်းစားထားတာက သီချင်းထွက်မယ့်နေ့က မိုးရွာမယ့်နေ့ကို ထွက်မယ်။ Date လည်း မကြေညာသေးဘူး။]]> သရုပ်ဆောင် ရွှေမှုံရတီ / Shwe Mhone Yati's Facebook

သရုပ်ဆောင် ရွှေမှုံရတီကတော့ ဒီနှစ် မိုးတွင်းမှာ “ မိုးစက်များက ပြောသော” ဆိုတဲ့ သီချင်းသစ် တပုဒ် တင်ပေးဖို့ရှိတယ်လို့ သူ့ရဲ့ Facebook live ကနေ တဆင့် ပြောပြထားပါတယ်။

“ဒီနှစ် မိုးတွင်းအတွက် သတင်းကောင်းလေး တခု ရှိတာ သိပြီးကြပြီလား။ မနှစ်က ဒီလိုအချိန်မှာ သီချင်းလေးတပုဒ်ကို ဆိုပြလိုက်တာ အရမ်းပေါက်သွားတယ်”

“ဒီနှစ်ကတော့ သီချင်းလေး တပုဒ် Official ထွက်ဖို့ ရှိပါတယ်။ ၁ နှစ်ကာလ အချိန် စောင့်ပြီးတဲ့အချိန်မှာတော့ သီချင်းလေးကို ထုတ်ပေးတော့မှာဖြစ်ပါတယ်။ “ မိုးစက်များက ပြောသော” သီချင်းကို မှတ်မိနေကြတဲ့လူတွေလည်း ရှိပါတယ်။ ဒီသီချင်းကိုတော့ မိုးရွာတဲ့နေ့မှာ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်”လို့ ရွှေမှုံရတီက ပြောပါတယ်။

“ဘယ်နေ့လဲ ဆိုတာတော့ မပြောပြချင်သေးဘူး။ စဉ်းစားထားတာက သီချင်းထွက်မယ့်နေ့က မိုးရွာမယ့်နေ့ကို ထွက်မယ်။ Date လည်း မကြေညာသေးဘူး။ ဘယ်နေ့လဲ ဆိုတာတော့ မပြောပြချင်သေးဘူး” လို့ ရွှေမှုံရတီက ဆိုထားပါတယ်။

ရွှေမှုံရတီကတော့ မကြာသေးခင်က ပြီးခဲ့တဲ့ မွေးနေ့မှာ မွေးနေ့ ဆုတောင်းပေးကြသူ အားလုံးကို ကျေးဇူးတင်တယ်လို့ဆိုပြီး ရောဂါတွေပြီးသွားရင် အလှူတွေလည်း တူတူပြန်လုပ်မယ်လို့ ဆိုပါတယ်။

“မွေးနေ့မှာဝိုင်းပြီး ဆုတောင်းပေးကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်။ လက်ဆောင်တွေကို ဓာတ်ပုံ မရိုက်လိုက်ရပေမယ့် ကြိုက်ပါတယ်။ မွေးနေ့တုန်းက We Love တွေ ပို့ပေးတဲ့ ဒူရင်းသီးကိတ်အရမ်းစားလို့ကောင်းပါတယ်။ We Love တွေနဲ့ မွေးနေ့လည်း အစားပြန်လုပ်မယ်။ အလှူတွေလည်း တူတူပြန်လုပ်မယ်။ ရောဂါတွေပြီးလို့ လူစုလို့ရရင်တော့ ပြန်လုပ်မယ်။ Fan တွေ အတွက် Huawei ဖုန်းလေးလည်း မဲဖောက်ပေးမလို့ စဉ်းစားထားတယ်”လို့ ရွှေမှုံရတီက ပြောပါတယ်။

သရုပ်ဆောင် ရွှေမှုံရတီကတော့ အဆိုတော် ရွှေထူးနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် “အမှား” ဆိုတဲ့ သီချင်းကို ရွှေထူးနဲ့အတူ သီဆိုခဲ့ပြီး Joox Music App မှာ နံပါတ် (၁) နေရာ ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် ရွှေမှုံရတီ သီဆိုထားတဲ့ “ ချစ်တယ်” ဆိုတဲ့ သီချင်းလည်း ထွက်ရှိခဲ့ပါသေးတယ်။

You may also like these stories:

ဗီလိန် ကာရိုက်တာနဲ့ ပရိသတ် အားပေးခံရတဲ့ မိုက်မိုက်

“The World of the Married” နဲ့ ဘဝပြောင်းလဲလာတဲ့ Han So-hee

“ဇူလိုင်မှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ်ဆိုတာ ခန့်မှန်းပြောဆိုနေကြတာပါ”

]]>
သီချင်းအသစ် ထွက်ဖို့ ရှိနေတဲ့ သရုပ်ဆောင် မြတ်သူသူ https://burma.irrawaddy.com/lifestyle/entertainment/2020/05/27/223455.html Wed, 27 May 2020 08:36:14 +0000 https://burma.irrawaddy.com/lytbox/?p=223455 သရုပ်ဆောင် မြတ်သူသူ  / Myat Thu Thu's Facebookပထမဆုံး သီချင်းလေးမို့ ရင်လည်းခုန်တယ်။ Music Video ရိုက်ပြီး တင်ပေးချင်တာဆိုတော့ ဘယ်လို တင်ပေးရင် ကောင်းမလဲ စဉ်းစားနေတုန်းပါပဲ။]]> သရုပ်ဆောင် မြတ်သူသူ  / Myat Thu Thu's Facebook

သရုပ်ဆောင်အပြင် အနုပညာနဲ့ ပတ်သက်ပြီး ဂီတကို ဝါသနာပါတဲ့ မြတ်သူသူက ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတပုဒ် အွန်လိုင်းမှာ တင်ပေးဖို့ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“COVID-19 ကာလမှာ မြတ်သူတို့ ကားရိုက်တွေ လုပ်လို့ မရဘူးဆိုတော့ ကိုယ်က အလုပ်မရှိရင် မနေတတ်တာရယ်၊ သီချင်းဆိုချင်တဲ့ ဆန္ဒလေးကလည်း ရှိနေတာပေါ့နော်။ အရင်တုန်းကဆိုရင် ကားရိုက်တာတွေ များနေတော့ သီချင်းဘက်ကို မလှည့်နိုင်ဘူး။ အခုကျတော့ ကိုယ်ရတဲ့ အချိန်လေးမှာ သီချင်း လုပ်ဖြစ်သွားတာပေါ့။ သီချင်း နာမည်ကတော့ “နှစ်သိမ့်ဆု” ၊ သီချင်းအမျိုးအစားက R&B ပုံစံလေးပါ။ တေးရေးက နန္ဒအောင်က ရေးပေးမယ်။ တီးပေးတာက ကိုနိုင်ဇော်က တီးပေးတယ်”လို့ မြတ်သူသူက ပြောပါတယ်။

ဆက်လက်ပြီး မြတ်သူသူက သူ့ရဲ့ ပထမဆုံး သီချင်းဖြစ်တာကြောင့် ရင်ခုန်နေတယ်လို့ ဆိုပြီး ပရိသတ်ရဲ့ အားပေးမှုအပေါ် မူတည်ပြီး ဂီတအလုပ်ကို ဆက်လုပ်ဖြစ်၊ မဖြစ် စဉ်းစားမယ်လို့ ဆိုပါတယ်။

“ပထမဆုံး သီချင်းလေးမို့ ရင်လည်းခုန်တယ်။ Music Video ရိုက်ပြီး တင်ပေးချင်တာဆိုတော့ ဘယ်လို တင်ပေးရင် ကောင်းမလဲ စဉ်းစားနေတုန်းပါပဲ။ တကယ်လို့ တင်ဖြစ်ရင် မြတ်သူရဲ့ Facebook Page ကနေ တင်ပေးသွားမှာပါ”

“အဆင်ပြေတယ်ဆိုရင်တော့ မြတ်သူရဲ့ မွေးနေ့ကျော်ရင် အချစ်သီချင်းလေး တပုဒ် တင်ပေးမယ်။ အဓိကကတော့ Feedback တွေ လိုချင်တယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို ကြည့်ပြီးမှ ကိုယ် ဆက်လုပ်ဖြစ်၊ မလုပ်ဖြစ်ဆိုတဲ့ ခွန်အားတစ်ခုကို စောင့်ကြည့်ရမှာပါ”လို့ မြတ်သူသူက ပြောပါတယ်။

သီချင်းကို အကောင်းဆုံး ဖန်တီးထားတယ်ဆိုတဲ့ မြတ်သူသူက ပရော်ဖက်ရှင်နယ် မဟုတ်တဲ့အတွက် အားနည်းချက်တော့ နားလည်ပေးစေချင်တယ်လို့ ဆိုပါတယ်။

“သီချင်းအတွက် အကောင်းဆုံးတော့ ကြိုးစားထားတယ်။ ပရော်ဖက်ရှင်နယ် မဟုတ်တဲ့အတွက် အားနည်းချက်တော့ ရှိကောင်း ရှိနိုင်တယ်။ တတ်သိတဲ့သူတွေ နားထောင်ရင်တော့ သိတယ်။ အမှားတွေလည်း ပါနိုင်တယ်။ နားလည်ပေးစေချင်ပါတယ်”

“ပရိသတ်တွေကို သီချင်း ဆိုပြချင်တယ်။ မြတ်သူတို့ သရုပ်ဆောင်တွေက အပြင်မှာ တွေ့ရင် သရုပ်ဆောင်ပြလို့ မရဘူး။ သီချင်းတော့ ဆိုပြလို့ရတယ်။ အဲ့အတွက် အကောင်းဆုံး လုပ်ထားတဲ့ အရာတခု ပရိသတ်ကို နားထောင်စေချင်လို့ စီစဉ်ဖြစ်တာပါ။ ဖျော်ဖြေမှု ဖန်တီးမှု တခုအနေနဲ့ ချပြတယ်”လို့ မြတ်သူသူက ဆိုပါတယ်။

“ကောင်းတယ်၊ မကောင်းဘူးဆိုတာတော့ ပရိသတ်တွေက ဆုံးဖြတ်မှာပေါ့။ ငွေရေးကြေးရေးအနေနဲ့ လုပ်တာတော့ မဟုတ်ဘူး။ ဆိုတတ်သလောက်လေး ပရိသတ်တွေကို နားထောင်စေချင်တာပါ”

“အခုဆိုရင် တော်တော်များများ အပြင်တွေလည်း ပြန်ထွက်နေကြပြီ။ ရောဂါတွေလည်း သက်သာလာ ကြတယ်။ ဖြစ်တဲ့သူ နည်းနည်းလာတယ်။ ဒါပေမဲ့ အဲ့ဒါ အရှင်းပျောက်သွားတာ မဟုတ်ဘူး။ စည်းကမ်းတွေတော့ ဆက်လက် လိုက်နာပြီး သတိနဲ့နေပါလို့တော့ ပြောချင်တယ်”လို့ မြတ်သူသူက ပြောပါတယ်။

သရုပ်ဆောင် မြတ်သူသူကိုတော့ ပရိသတ်တွေက “ဝိညာဉ်ရှိုက်သံ”၊ “ဝင်္ကပါစံအိမ်”၊ “ရတနာထဲက ရတနာ” စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ စတင် သိရှိခဲ့ကြတာပါ။ အဲဒီနောက် “ပျားရည်အိုင်” ရုပ်သံဇာတ်လမ်းတွဲထဲမှာ “မြညို” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ ပိုမိုအားပေးလာတာ ဖြစ်ပါတယ်။

You may also like these stories:

သားသမီးတွေကို ယုံကြည်တဲ့ ဘာသာ ရွေးချယ်စေတဲ့ အလှမယ် ဟန်နီချို

“အခုအချိန်မှာ ဘယ်လောက်ပဲလှူလှူ သိန်းထီပေါက်သလိုပါပဲ”လို့ ဂွမ်းပုံကြီး ပြော

“အမေများအဖွဲ့” မှာ ငွေကြေးလည်း လိုအပ်နေတယ်လို့ ဒေါ်နွဲ့နွဲ့စမ်းပြော

]]>
သီချင်းအသစ် ထွက်မယ့်ရက် ရွှေ့လိုက်တဲ့ ဘင်ဂျမင်ဆုမ်း https://burma.irrawaddy.com/lifestyle/entertainment/2020/05/15/222703.html Fri, 15 May 2020 09:27:05 +0000 https://burma.irrawaddy.com/lytbox/?p=222703 Myanmar Idol Season 4 ပြိုင်ပွဲဝင် ဘင်ဂျမင်ဆုမ်းပထမ အစီအစဉ်အရ မေလ ၁၅ ရက်နေ့မှာ အွန်လိုင်းကနေတဆင့် သီချင်းအသစ်ကို တင်ပေးမှာဖြစ်ပေမယ့် အခုအခါမှာတော့ မေလ ၁၈ ရက်နေ့ကို ရက်ရွှေ့လိုက်တာ ဖြစ်ပါတယ်။ ]]> Myanmar Idol Season 4 ပြိုင်ပွဲဝင် ဘင်ဂျမင်ဆုမ်း

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲမှ ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းကတော့ ပြိုင်ပွဲပြီးတဲ့နောက် ပထမဆုံး ကိုယ်ပိုင်သီချင်းကို ဒီကနေ့ မေလ ၁၅ရက်နေ့မှာ ထွက်ဖို့ ပြင်ဆင်ထားပေမယ့် အဆင်မပြေမှုများ ရှိလာတဲ့အတွက် ရက်ရွှေ့လိုက်တဲ့အကြောင်း အခုလိုပဲ ပြောပါတယ်။

“ကျနော် ပြိုင်ပွဲပြီးကတည်းက သီချင်းအသစ်လေးတွေ ထွက်ဖို့ အများကြီး ကြိုးစားခဲ့ပါတယ်ဗျ။ ဒါပေမဲ့ COVID – 19 ပေါ်လာတဲ့အချိန်မှာ Fan Meeting လုပ်ဖို့ အစီအစဉ်၊ သီချင်းအသစ်လေးတွေနဲ့ Surprise လုပ်မယ့် အစီအစဉ်တွေလည်း အလုပ်မဖြစ်ခဲ့ပါဘူး။ဒါ့အပြင် တခြားသီချင်းတွေလည်း ထွက်ဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေခဲ့ဘူး”

“ဒါပေမဲ့ နောက်ဆုံးမှာတော့ “ပြန်တွေ့မယ့်ရက်” ဆိုတဲ့ သီချင်းအသစ်လေးကို ကျနော့်ရဲ့ ပထမဆုံးသီချင်းအနေနဲ့ ထွက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ” လို့ ဘင်ဂျမင်ဆုမ်းက ပြောပါတယ်။

ဘင်ဂျမင်ဆုမ်းရဲ့ “ပြန်တွေ့မယ့်ရက်” သီချင်းသစ်

ပထမ အစီအစဉ်အရ မေလ ၁၅ ရက်နေ့မှာ အွန်လိုင်းကနေတဆင့် သီချင်းအသစ်ကို တင်ပေးမှာဖြစ်ပေမယ့် အခုအခါမှာတော့ မေလ ၁၈ ရက်နေ့ကို ရက်ရွှေ့လိုက်တာ ဖြစ်ပါတယ်။

“အားနာနာနဲ့ ကျနော်တို့ အစီအစဉ် ပြောင်းတဲ့အကြောင်းလေး ပြောပါရစေဗျာ။ ကျနော်တို့အစက မေလ ၁၅ ရက်နေ့ (သောကြာ)နေ့ကို “ပြန်တွေ့မယ့်ရက်” ဆိုတဲ့ သီချင်းအသစ်လေး ထွက်ဖို့ စီစဉ်ခဲ့ပေမယ့် အဆင်မပြေမှု တချို့တွေ ရှိလာတဲ့အတွက်ကြောင့် ထွက်မယ့်ရက်လေး ရွှေ့လိုက်ရပါတယ်။ လူကြီးမင်းတို့ကို အားနာစွာနဲ့ပဲ ရက်ရွှေ့လိုက်ရပါတယ်”လို့ ဘင်ဂျမင်ဆုမ်းက ပြောထားပါတယ်။

အားလုံးကို အကျိုးပြုမယ်ဆိုတဲ့ မျှော်လင့်ချက်များစွာနဲ့ စီစဉ်ဖြစ်တဲ့ “ပြန်တွေ့မယ့်ရက်” သီချင်းကို ထွက်ရှိလာဖို့အတွက် စီစဉ်ခဲ့တာလို့လည်း သူက ဆိုပါတယ်။

“သီချင်းအသစ်လေး ထွက်မယ့်ရက်ကတော့ မေ ၁၈ ၊ ၂၀၂၀ (တနင်္လာနေ့) ပဲ ဖြစ်ပါတယ်။ အားလုံးပဲ စိတ်ရှည်စွာဖြင့် စောင့်မျှော်ပေးကြပါ”လို့ ဘင်ဂျမင်ဆုမ်းက ဆိုပါတယ်။ ဘင်ဂျမင်ဆုမ်းကတော့ အခုလို သီချင်းသစ် ထွက်မယ့် အကြောင်းအရာကို သူ့ရဲ့ Facebook Page ကနေ ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်။

ဘင်ဂျမင်ဆုမ်းကိုတော့ Myanmar Idol Season 4 ပြိုင်ပွဲဝင်နေစဉ်မှာ ထူးခြားတဲ့ အသံကို ပိုင်ဆိုင်ထားတဲ့ ပြိုင်ပွဲဝင်တဦးအဖြစ် အသိအမှတ်ပြုကြသလို တဖက်မှာလည်း အဆိုတော်ကြီးများရဲ့ သီချင်းများကို သီဆို ယှဉ်ပြိုင်မှုများအပေါ် ဝေဖန်မှုများစွာ ကြုံခဲ့ရသူ ဖြစ်ပါတယ်။

You may also like these stories:

ပရိသတ်များ အားမရခဲ့တဲ့ “Myanmar Idol Season 4 ရဲ့ စိုးလွင်လွင် သီချင်းများ သီဆိုမှု ည”

ပြိုင်ပွဲဝင်များရဲ့အဆိုတင်မက ဒိုင်များရဲ့ဖက်ရှင်များနဲ့ပါ ထူးခြားစေခဲ့တဲ့ Myanmar Idol Season 4

]]>
အချစ်ဟောင်းအကြောင်း ရေးထားတယ်လို့ ဆိုတဲ့ ဆလီနာဂိုးမက်ဇ်ရဲ့ သီချင်းအသစ် https://burma.irrawaddy.com/lifestyle/entertainment/2019/10/24/206752.html Thu, 24 Oct 2019 05:18:57 +0000 https://burma.irrawaddy.com/lytbox/?p=206752 အဆိုတော် ဆလီနာဂိုးမက်ဇ်အဆိုတော် ဘီဘာရဲ့ နောက်ဆုံးထွက် အယ်လ်ဘမ်က ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အယ်လ်ဘမ် နာမည်က Purpose ဖြစ်ပါတယ်။]]> အဆိုတော် ဆလီနာဂိုးမက်ဇ်

အဆိုတော် ဂျက်စတင်ဘီဘာဟာ အခုဆိုရင် အိမ်ထောင်ကျသွားတဲ့ အမျိုးသားတဦး ဖြစ်သွားခဲ့ပေမယ့် သူနဲ့ အဆိုတော် ဆလီနာဂိုးမက်ဇ် (Selena Gomez) အကြောင်းကိုတော့ လူတွေက ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။

ပရိသတ်တချို့ရဲ့ နှလုံးသားထဲနဲ့ စိတ်ထဲမှာတော့ “Jelena” လို့ခေါ်တဲ့ သူတို့နှစ်ယောက်အတွဲဟာ ဆက်လက် ရှိနေဆဲ ဖြစ်လို့ အခု အသစ်ထွက်လာတဲ့ ဂိုးမက်ဇ်ရဲ့ သီချင်းအသစ်ဟာ အခုလူတွေပြောနေဆဲဖြစ်တဲ့ သူတို့နှစ်ယောက်အကြောင်း ပုံဖော်ထားတာ ဖြစ်တယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေခဲ့တာပါ။

“Lose You to Love Me” ဆိုတဲ့ သီချင်းအသစ်မှာပါဝင်တဲ့ စာသားတချို့ဟာ အဆိပ်သင့် အချစ်ရေး အကြောင်း ပုံဖော်ထားတာဖြစ်လို့ ဘီဘာကြောင့် အသည်းကွဲခဲ့ရတဲ့ ဂိုးမက်ဇ်ရဲ့ စိတ်နှလုံးသားကို ဖွင့်ပြတဲ့ သီချင်းဆိုပြီး ခန့်မှန်းပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

သီချင်းအစမှာတော့ “မင်းက ကမ္ဘာကြီးကို တိုင်တည် ကတိပေးခဲ့တယ်။ ငါလည်း အဲ့ဒါကို သဘောကျခဲ့တယ်။ ကျမက ရှင့်ကို ဦးစားပေးခဲ့ပြီး ရှင်ကလည်း အဲ့ဒါကို မြတ်နိုးခဲ့တယ်လေ”လို့ အစချီထားပါတယ်။ နောက်ထပ်စာသားတွေမှာဆိုရင် “ငါ့ရဲ့ ရည်ရွယ်ချက် (Purpose) တွေကို မင်းက မီးတင်ရှို့လိုက်တယ်။ ပြီးတော့ ငါကိုယ်တိုင် လောင်ကျွမ်းစေခဲ့တယ်” လို့ တွေ့ရပါတယ်။

အဆိုတော် ဘီဘာရဲ့ နောက်ဆုံးထွက် အယ်လ်ဘမ်က ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အယ်လ်ဘမ် နာမည်က Purpose ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘီဘာနဲ့ အသက် ၂၇ နှစ်အရွယ် ဂိုးမက်ဇ်တို့ဟာ တွဲလိုက်ခွဲလိုက် အချစ်ရေးနဲ့ ကာလ အတန်ကြာဖြတ်သန်းခဲ့သူတွေပါ။ ဆယ်ကျော်သက် ဘဝမှာကတည်းက တွဲခဲ့ကြတဲ့ သူတု့ိနှစ်ဦးဟာ ဇာတ်လမ်း ခဏရပ်နေချိန်မှာတော့ ဘီဘာဟာ ချစ်သူဟောင်း မော်ဒယ် Hailey Baldwin နဲ့ တွဲခုတ်ခဲ့ရာကနေ သူတို့နှစ်ယောက် ဇာတ်လမ်း အဆုံးသတ်သွားခဲ့တာပါ။

ဘီဘာနဲ့ လက်ရှိဇနီး Baldwin တို့ဟာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှာ စေ့စပ်ခဲ့ပြီးတော့ အဲ့ဒီနှစ် နိုဝင်ဘာလမှာပဲ လက်ထပ်ခဲ့ပါတယ်။

သီချင်းအသစ်ထဲမှာ ဂိုးမက်ဇ်က “၂ လအတွင်း ရှင်က ကျမ နေရာကို အစားထိုးလိုက်တယ်။ အလွယ်တကူလိုပဲ။ ငါနဲ့လည်း ထိုက်တန်တယ်ဆိုတာကို စဉ်းစားမိစေခဲ့တယ်” လို့ သီဆိုထားပါတယ်။ အဲ့ဒီစာသားတွေကြောင့် ဘီဘာရဲ့ ပရိသတ်တချို့ ကို သဘောမတွေ့စေခဲ့ပေမယ့် ဂိုးမက်ဇ်ဟာ အဲ့ဒီသီချင်းကို အောက်တိုဘာလ ၂၂ ရက်နေ့မှာ ဖြန့်ချိပြီး နာရီပိုင်းအကြာမှာပဲ ဆိုရှယ်မီဒီယာပေါ် မှာ ထောက်ခံမှုတွေကို ရရှိခဲ့ပါတယ်။

“Lose You to Love Me” သီချင်းဟာ ၂၀၁၅ ခုနှစ်က “Revival” အယ်လ်ဘမ်နောက်ပိုင်း ပထမဆုံး ပြန်လည် ထွက်ရှိလာမယ့် အယ်လ်ဘမ်ထဲက Single သီချင်း ဖြစ်ပါတယ်။

Ref:CNN

]]>
၁၁ နှစ်ကြာပြီးတဲ့နောက် သီချင်းအသစ် ဖြန့်ချိမယ့် လင်ဆေးလိုဟန် https://burma.irrawaddy.com/lifestyle/entertainment/2019/09/02/202692.html Mon, 02 Sep 2019 04:45:52 +0000 https://burma.irrawaddy.com/lytbox/?p=202692 အဆိုတော်၊ မင်းသမီး လင်ဆေးလိုဟန် ပြီးခဲ့တဲ့ မေလမှာကတည်းက လင်ဆေးက ဂီတလောကထဲ ပြန်လာတော့မယ်ဆိုပြီး အရိပ်အမြွက်ပြခဲ့တာပါ။ အသံသွင်း စတူဒီယိုထဲမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုကို Instagram မှာ တင်ခဲ့ပါတယ်။]]> အဆိုတော်၊ မင်းသမီး လင်ဆေးလိုဟန် 

အဆိုတော်၊ မင်းသမီး လင်ဆေးလိုဟန် (Lindsay Lohan) ဟာ သူ့ရဲ့ နောက်ဆုံးသီချင်းကို ဖြန့်ချိခဲ့တာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က ဖြစ်ပြီး အခုတော့ သီချင်းအသစ်နဲ့အတူ သူပြန်လာပြီလို့ ဆိုပါတယ်။

အသက် ၃၃ နှစ်အရွယ် အဆိုတော်၊ မင်းသမီး လင်ဆေးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့တုန်းက အစီအစဉ်တခုမှာ မကြာခင် ထွက်လာတော့မယ့် သီချင်းဖြစ်တဲ့ “Xanax” ရဲ့ အမြည်းကို ဖွင့်ပြခဲ့တာ ဖြစ်ပါတယ်။

စက္ကန့် ၃၀ ကြာမြင့်တဲ့ အဲ့ဒီ အမြည်းသီချင်းမှာ မင်းသမီးက “ရှင် ကျမဘေးမှာ ထိုင်ချင်လား။ ရှင် ကျမကို နမ်းတဲ့အခါ ကျမ အသက်ရှူလို့ မရတော့ဘူး။ ကျမ ရှင့်အနားကနေ ထွက်သွားဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ရှင်က ကျမကို ဆွဲဆောင်ထားတယ်။ ရှင်က ဒီမြို့မှာ ကျမသဘောကျတဲ့ တဦးတည်းသောသူပါ။ ဒီညတော့ ခရီးတိုလေး တခုထွက်ကြမယ်။ ဒီတညစာပေါ့” လို့ သီဆိုထားပါတယ်။

Xanax သီချင်းဟာ လင်ဆေးအတွက်တော့ ၂၀၀၈ ခုနှစ်မှာ “Bossy” သီချင်းထွက်ခဲ့ပြီးတဲ့နောက် ပထမဆုံးသီချင်းဖြန့်ချိမယ့် သီချင်းလည်း ဖြစ်ပါတယ်။ လင်ဆေးဟာ ၂၀၀၄ ခုနှစ်မှာ “Speak” နဲ့ ၂၀၀၅ ခုနှစ်မှာ “A Little More Personal (Raw)” Album တွေကို ဖြန့်ချိခဲ့ပါတယ်။

Xanax ဆိုတဲ့ နာမည်ကတော့ စိုးရိမ်မှု လွန်ကဲတဲ့ အခြေအနေမျိုးကို ထိန်းချုပ်ပေးဖို့အတွက် ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရတဲ့ဆေး ဖြစ်ပါတယ်။ အရင်တုန်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ခံစားခဲ့ရတဲ့ လင်ဆေးရဲ့ အခြေအနေကို ထင်ဟပ်စေခဲ့တယ်ဆိုတာကို မြင်တွေ့ရပါတယ်။

ပြီးခဲ့တဲ့ မေလမှာကတည်းက လင်ဆေးက ဂီတလောကထဲ ပြန်လာတော့မယ်ဆိုပြီး အရိပ်အမြွက်ပြခဲ့တာပါ။ အသံသွင်း စတူဒီယိုထဲမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုကို Instagram မှာ တင်ခဲ့ပါတယ်။ ဒါ့အပြင် Instagram မှာပဲ Xanax သီချင်းကို သီဆိုပြီး ကနေတဲ့ ဗီဒီယိုတွေကိုလည်း တင်ခဲ့တာကိုတွေ့ရပါတယ်။

လင်ဆေးဟာ MTV ရုပ်သံကနေ ထုတ်လွှင့်နေတဲ့ “Lindsay Lohan’s Beach Club” အစီအစဉ်ကို တင်ဆက်ရာမှာ ပါဝင်ခဲ့ပြီး  Season တခုကို တင်ဆက်ပြီးတဲ့နောက် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ အခုလောလောဆယ်တော့ “The Masked Singer Australia” အစီအစဉ်မှာ အကဲဖြတ် ဒိုင်လူကြီးတဦးအနေနဲ့ ဆောင်ရွက်နေပါတယ်။

Ref. CNA Lifestyle

You may also like these stories:

ဟောလိဝုဒ်အနုပညာလောကထဲကို တကျော့ပြန်လာတဲ့ မင်းသမီး Lindsay Lohan

ကလေးငယ်တဦးကို ကယ်တင်ဖို့ကြိုးစားရင်း အထိုးခံလိုက်ရတဲ့ မင်းသမီး Lindsay Lohan

သူတို့ ရူးသွပ်တဲ့ အနုပညာရှင်တွေအတိုင်း ခက်ခက်ခဲခဲ မျက်နှာခွဲစိတ်ခဲ့ကြသူများ

]]>
အရောင်အသွေးစုံတဲ့ သီချင်းအသစ်ကို ဖြန့်ချိလိုက်တဲ့ အဆိုတော် Taylor Swift https://burma.irrawaddy.com/lifestyle/entertainment/2019/04/26/189822.html Fri, 26 Apr 2019 09:33:19 +0000 https://burma.irrawaddy.com/lytbox/?p=189822 “Me!” သီချင်း Music Video မှာ တွေ့ရတဲ့ အဆိုတော် Taylor Swift အဲဒီသီချင်း Music Video မှာ Panic! At The Disco တီးဝိုင်းရဲ့ ဦးဆောင်အဆိုရှင် Brendon Urie လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ]]> “Me!” သီချင်း Music Video မှာ တွေ့ရတဲ့ အဆိုတော် Taylor Swift

အဆိုတော် Taylor Swift ကတော့ ပရိသတ်တွေရဲ့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုကို ရပ်တန့်လိုက်တဲ့ အနေနဲ့ သီချင်းအသစ်တပုဒ်ကို ဖြန့်ချိလိုက်ပါတယ်။

Taylor Swift ရဲ့ သတ္တမမြောက် စတူဒီယို အယ်လ်ဘမ်ထဲက “Me!” လို့ အမည်ရတဲ့ အဲဒီ Single သီချင်းဟာ သူ့ရဲ့ မှောင်မိုက်နေတဲ့ စိတ်ခံစားချက်တွေကနေ သက်တံရောင်စုံတဲ့ အနုပညာလောကထဲ ပြန်လည်ခြေချလိုက်ပြီဆိုတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ အခုလိုမျိုး ပရိသတ်တွေကို အံ့သြသွားအောင် သီချင်းအသစ်ကို မဖြန့်ချိခင် အသက် ၂၉ နှစ်အရွယ် အဆိုတော် Swift ဟာ သီချင်းအသစ်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ထုတ်ခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့မှာတော့ သို့လောသို့လော ပြောဆိုမှုတွေ ကျယ်လောင်လာခဲ့ပါတယ်။ အကြောင်းကတော့ သူဟာ Instagram Story မှာ နံပါတ်စဉ်ကို ပြောင်းပြန်ရေတွက်တဲ့ နာရီဓာတ်ပုံ တပုံကို မျှဝေခဲ့လို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ ထန်းပင် ၆ ပင် ပါဝင်တဲ့ ပုံတပုံကို တင်ခဲ့ပြီး ပုံစာမှာတော့ ထန်းပင် ၇ ပင် ပါဝင်တဲ့ emoji ကို ထည့်သွင်းရေးသားခဲ့လို့ ဒါဟာ သူ့ရဲ့ သတ္တမြောက်စတူဒီယို အယ်လ်ဘမ်ကို မကြာခင် ဖြန့်ချိတော့မှာပဲလို့ သိခဲ့ကြရပါတယ်။

အဲဒီသီချင်း Music Video မှာ Panic! At The Disco တီးဝိုင်းရဲ့ ဦးဆောင်အဆိုရှင် Brendon Urie လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ သီချင်းစာသားတွေထဲမှာတော့ “ငါ့လိုမျိုး တခြားတယောက်ကို မင်းဘယ်တော့မှ ရှာလို့တွေ့မှာ မဟုတ်ဘူး” လို့ ထည့်သွင်းရေးသားထားတဲ့အတွက် အဆိုတော် Swift အနေနဲ့ အရင် ရည်းစားဟောင်းတွေအပေါ် စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တာဖြစ်တယ်လို့ ဆိုကြပါတယ်။

သူက “Me သီချင်းဟာ ကျမတို့ရဲ့ ကိုယ်ပိုင် တသီးတခြားဖြစ်ခွင့်ကို အားပေးဖို့၊ ဂုဏ်ယူတတ်ဖို့နဲ့ ပိုင်ဆိုင်တတ်ဖို့အကြောင်း ရေးထားတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။ ပေါ့ပ်သီချင်း တပုဒ်နဲ့အတူ ကျမတို့ဟာ လူတွေရဲ့ဦး ခေါင်းတွေထဲမှာ ပိတ်မိနေတဲ့ မယ်လိုဒီ တခုကို ရနိုင်ပါတယ်။ လူတွေအနေနဲ့ သူတို့ရဲ့ အကြောင်းပိုပြီး ခံစားလို့ကောင်းအောင် ဖန်တီးနိုင်မယ့် သီချင်းဖြစ်စေချင်တာပါ” လို့ အမေရိကန် ရုပ်သံ ABC ကိုပြောကြားထားပါတယ်။

အခုသီချင်းအသစ်ဟာ သူနဲ့ ကာလရှည် လက်တွဲခဲ့တဲ့ Big Machine Label Group နဲ့ လမ်းခွဲပြီး Republic Records နဲ့ Universal Music Group တို့ဆီ ပြောင်းရွေ့ပြီးတဲ့နောက် ပထမဆုံးထွက်လာတဲ့ သီချင်းလည်းဖြစ်ပါတယ်။

Ref: cnalifestyle

]]>
၂၀၁၉ခုနှစ်အတွင်းမှာ သီချင်းအသစ်တွေထွက်ဖို့ရှိတဲ့ အဆိုတော်ဂျီလတ် https://burma.irrawaddy.com/lifestyle/entertainment/2019/01/06/179340.html Sun, 06 Jan 2019 10:46:42 +0000 https://burma.irrawaddy.com/lytbox/?p=179340 အဆိုတော်ဂျီလတ်  / ယုဖြူဟန် / ဧရာဝတီ“ဒီထဲမှာ တချို့ဟာလေးတွေက အပြောင်းအလဲလေးတွေပါတော့ ရှေ့အခွေ “အစွန်းနှစ်ဖက်” နဲ့တော့ နည်းနည်းလေးပုံစံခြင်း တူချင်မှတူမယ်ပေါ့။]]> အဆိုတော်ဂျီလတ်  / ယုဖြူဟန် / ဧရာဝတီ

အဆိုတော်ဂျီလတ်ကတော့ သူ့ရဲ့စိတ်ကြိုက်ဖန်တီးထားတဲ့ တေးသီချင်းအသစ်များကို ၂၀၁၉ခုနှစ်အတွင်းမှာ ပရိသတ်နားထောင်နိုင်ဖို့အတွက် ထွက်ရှိသွားမယ်လို့ ပြောပါတယ်။

“အခွေထွက်ပါမယ်။ အခွေထွက်ဖို့အတွက် ဆိုလိုက် Mixing လုပ်တဲ့အပိုင်းလေးတွေနဲ့ Cover ဒီဇိုင်းတွေဘာတွေ ကျန်တာလေးတွေဖြတ်နေတယ်။ သီချင်းတွေကတော့ ကိုယ်ကြိုက်တဲ့သီချင်းတွေလို့ ပြောရမှာပဲ။ ကိုယ်ကြိုက်တာ ပဲကိုယ်ဆိုတာပါပဲ။ တသက်လုံးလည်း ကိုယ်ကြိုက်တာတွေကိုယ်ဆိုနေတာပါပဲ”

“ ဒီထဲမှာ တချို့ဟာလေးတွေက အပြောင်းအလဲလေးတွေပါတော့ ရှေ့အခွေ အစွန်းနှစ်ဖက်နဲ့တော့ နည်းနည်းလေးပုံစံခြင်းတူချင်မှတူမယ်ပေါ့။ အဓိကကတော့ ကျနော့်စိတ်ခံစားချက်ပါပဲ။ သီချင်းတွေကတော့ ကျနော့်ခံစားချက်တွေပါပဲ” လို့ ဂျီလတ်က ပြောပါတယ်။

နောက်ထပ်ထွက်ရှိမယ့် တတိယမြောက်အခွေထဲမှာတော့ လက်ရှိသူဖြစ်ပေါ်နေတဲ့ ခံစားချက်များ ၊ စဉ်းစားတွေးခေါ်မှုများပါဝင်သွားမှာဖြစ်ပြီး အချစ်သီချင်းနည်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်ဘာဖြစ်နေတယ်။ ဘာလုပ်နေတယ်ဆိုတာ၊ ဘာတွေစဉ်းစားနေတယ်ဆိုတာ အခွေထဲမှာမြင်ရမှာ။ အရင်ထက်စာရင်တော့ အချစ်သီချင်းနည်းသွားတယ်လို့ ထင်တယ်။ ဒါပေမယ့် ပျော်တယ်” လို့ ဂျီလတ်က ပြောပါတယ်။

ဒီအခွေကိုတော့ ဒုတိယမြောက်အခွေဖြစ်တဲ့ “အစွန်းနှစ်ဖက်”အခွေမထွက်ခင်ကတည်းက စတင်ပြင်ဆင်နေတာဖြစ်ပြီး သီချင်း ၁၇ပုဒ် ၊ ၁၈ပုဒ်ထဲမှာ သီချင်း ၁၀ပုဒ်ကို ပြန်လည်ရွေးချယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

“အမှန်တော့ အစွန်းနှစ်ဖက်မထွက်ခင်ကတည်းက ဒီအခွေကို တီးနေပြီ။ အစွန်းနှစ်ဖက်ကလည်း အားလုံးလက်စသတ်ပြီးတော့ တနှစ်လောက်နေမှထွက်ဖြစ်တာပါ။ ၂၀၁၁ခုနှစ် အကုန်မှာထွက်တာဆိုတော့ ၂၀၁၁  အစမှာကတည်းက ဒီအခွေကတီးနေပြီ။ အခုသီချင်းတွေက စီးရီးတခွေစာကျော်တယ်။ ၁၇ပုဒ် ၊ ၁၈ပုဒ်ရှိတယ်။ အဲဒီထဲကမှ သီချင်း ၁၀ပုဒ်ပြန်ရွေးပြီးထုတ်ဖြစ်တာပေါ့။” လို့ ဂျီလတ်ကပြောပါတယ်။

သူ့ရဲ့သီချင်းအသစ်တွေကိုတော့ အွန်လိုင်းပေါ်မှာ မတင်ဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပြောပြခဲ့ပါတယ်။

“အွန်လိုင်းမှာသီချင်းတွေ တင်ချင်ပါတယ်။ ဒီအလုပ်တွေကို ခေါင်းထဲမှာဘာမှမရှိဘဲလုပ်ချင်တယ်။ ဒါပေမယ့်အခုချိန်က အဲဒီလိုလုပ်လို့မရဘူးဖြစ်နေတာပေါ့။ အွန်လိုင်းပေါ်မှာတင်တဲ့နောက်မှာ မလိုလားအပ်တဲ့အကျိုးအပြစ်တွေ အရမ်းများတယ်။ အဲဒါတွေကို စဉ်းစားတယ်။ အဲဒါတွေကိုကာကွယ်နိုင်ရင် တင်မှာပေါ့” လို့ ဂျီလတ်က ပြောပါတယ်။

ဂျီလတ်ကတော့ မကြာခင်မှာလည်း Rock တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေသွားမယ့် “9 Dreams” ဆိုတဲ့ Show ပွဲကြီးမှာ ပါဝင်သီဆိုဖျော်ဖြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

]]>