Keanu Reeves Archives - ဧရာဝတီ https://burma.irrawaddy.com/tag/keanu-reeves Covering Burma and Southeast Asia Tue, 18 Jul 2023 23:37:38 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Keanu Reeves Archives - ဧရာဝတီ https://burma.irrawaddy.com/tag/keanu-reeves 32 32 လာမယ့်နှစ်မှာ “John Wick” ရုပ်ရှင် ဆက်တိုက် ရိုက်မယ့် Keanu Reeves https://burma.irrawaddy.com/lifestyle/entertainment/2020/08/07/227666.html Fri, 07 Aug 2020 05:50:49 +0000 https://burma.irrawaddy.com/lytbox/?p=227666 မင်းသား Keanu Reevesမင်းသားဟာ "The Matrix" ရုပ်ရှင်အတွက် တာဝန်လုပ်ငန်းတွေကို ပြီးမြောက်အောင် ထမ်းဆောင်ရဦးမှာ ဖြစ်တာကြောင့် အခုနှစ်ကုန်အထိ မင်းသားက အားလပ်ဦးမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။]]> မင်းသား Keanu Reeves

မင်းသား Keanu Reeves ဟာ ကပ်ရောဂါကာလ ပြီးသွားတဲ့အချိန်မှာတော့ အလုပ်များတဲ့ လူတယောက် ဖြစ်လာတော့မှာပါ။

ပြီးခဲ့တဲ့ ဧပြီလတုန်းက “John Wick” ရုပ်ရှင် တွဲဖက်ဒါရိုက်တာ Chad Stahelski က “John Wick: Chapter 4” ရိုက်ကူးရေး ပြန်မစခင်မှာ ကနေဒါမင်းသား Keanu က သူ့ရဲ့ လုပ်ဆောင်ဖွယ်ရာတွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ စတုတ္ထမြောက် John Wick ရုပ်ရှင် ဘယ်တော့ ရုံတင်မယ်ဆိုတာကိုတော့ တပ်အပ်မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ကပ်ရောဂါကြောင့် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းတွေ ရပ်နားထားရမှုနဲ့အတူ ဒါရိုက်တာ Stahelski က မင်းသား Keanu ဟာ “The Matrix 4” ရုပ်ရှင်ထုတ်လုပ်ရေးအတွက် အချိန် သီတင်း ၄ ပတ်သာ ရှိသေးတာကြောင့် “John Wick” ရုပ်ရှင်အသစ် ပြသမယ့် ရက်ဟာ ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက် မဖြစ်နိုင်လောက်တော့ဘူးလို့ ဆိုပါတယ်။

မင်းသားဟာ “The Matrix” ရုပ်ရှင်အတွက် တာဝန်လုပ်ငန်းတွေကို ပြီးမြောက်အောင် ထမ်းဆောင်ရဦးမှာ ဖြစ်တာကြောင့် အခုနှစ်ကုန်အထိ မင်းသားက အားလပ်ဦးမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဒါကြောင့် အခုထုတ်ပြန်ထားတဲ့ ပြသမယ့် ရက်ကိုပြောင်းရဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဇာတ်လမ်းက အဆင်သင့်ရှိနေပေမယ့် အပြီးသတ် ဇာတ်ညွှန်းက မပြီးသေးဘူးလို့လည်း သိရပါတယ်။

“John Wick 4” ရုပ်ရှင်ကို မူရင်းကြေညာထားတဲ့ ရက်ထက် တနှစ် နောက်ဆုတ်ပြီး ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှသာ ရုံတင်ဖို့ ပြောင်းလဲမယ်လို့ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ Lionsgate က ကြေညာထားပါတယ်။ အဲ့ဒီနောက် “John Wick 5” ရုပ်ရှင်ကို ဆက်တိုက်ဆိုသလို ရိုက်ကူးမယ်လို့ ကြေညာခဲ့ပါတယ်။

Lionsgate စီအီးအို John Feltheimer က “‘John Wick’ အက်ရှင်ဇာတ်ကားတွဲရဲ့ နောက်ထပ် ၂ ကား အတွက် ဇာတ်ညွှန်းတွေ ပြင်ဆင်နေပါတယ်။ “John Wick 4” ကို ၂၀၂၂ ခုနှစ် အောက်မေ့ဖွယ်နေ့ သီတင်းပတ်မှာ ရုံတင်ပါ့မယ်။ မင်းသား Keanu က လာမယ့်နှစ်အစောပိုင်းမှာ အားလပ်မှာဖြစ်တာကြောင့် “John Wick 4 & 5” ကို ဆက်တိုက် ရိုက်ကူးပါ့မယ်” လို့ သြဂုတ်လ ၆ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

မင်းသား Keanu ကို “The Matrix 4” နဲ့ “John Wick: Chapter 4” တို့မတိုင်ခင် တခြားနောက်ဆက်တွဲ ဇာတ်လမ်းတခုမှာလည်း မြင်တွေ့ရဖို့ ရှိနေပါတယ်။ မင်းသားဟာ စက်တင်ဘာလ ၁ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားတဲ့ “Bill & Ted Face The Music” ရုပ်ရှင်မှာ Ted “Theodore” Logan အဖြစ် ပြန်လည်သရုပ်ဆောင်ထားပါတယ်။

Ref: etcanada.com

You may also like theses stories:

“အနုပညာသမားတွေက ပရိသတ်မုန်းမှာ စိုးတယ်”လို့ ဦးဝင်းမြိုင် ပြော

“ယုန်လေးက အစည်းအရုံးဝင် မဟုတ်တဲ့အတွက် တောင်းပန်စရာ မလိုဘူး”

မို့မို့မြင့်အောင်ကို မိတ်ကပ်လိမ်းခြယ် ပေးခဲ့တဲ့ Makeup Artist ကိုမာ

]]>
အောက်တိုဘာလမှာ အက်ရှင် ကာတွန်းစာအုပ် ဖြန့်ချိဖို့ရှိနေတဲ့ Keanu Reeves https://burma.irrawaddy.com/lifestyle/entertainment/2020/07/21/226638.html Tue, 21 Jul 2020 05:22:25 +0000 https://burma.irrawaddy.com/lytbox/?p=226638 မင်းသား Keanu Reevesအတွဲ (၁၂) နဲ့ ဖြန့်ချိမယ့် အဲ့ဒီစီးရီးဟာ ကိုယ့်ရဲ့ဘဝ ဖြစ်တည်မှုအကြောင်းကို ဖော်ထုတ်ရမယ့် Berzerker လို့ခေါ်တဲ့ မသေမျိုး စစ်သည်တော်တဦးရဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။]]> မင်းသား Keanu Reeves

ရုပ်ရှင်သရုပ်ဆောင်၊ ဂီတပညာရှင်နဲ့ ရုပ်ရှင်ထုတ်လုပ်သူ Keanu Reeves ဟာ အခုတော့ ကာတွန်းစာအုပ် ရေးသားသူ တယောက်အနေနဲ့ ပရိသတ်ရှေ့မှောက် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

John Wick မင်းသား Reeves ဟာ နာမည်ကျော်ဂရက်ဖစ် ဝတ္ထုရေးဆရာ Matt Kindt နဲ့အတူ “BRZRKR” ဆိုတဲ့ ဝတ္ထုကို ပူးတွဲ ရေးသားနေတယ်လို့ ဆိုပါတယ်။ Alessandro Vitti က အဲ့ဒီ ကာတွန်းဝတ္ထုကို ရေးဆွဲပေးမှာဖြစ်ပြီး Boom! Studios စတူဒီယိုကနေတဆင့် အဲ့ဒီဝတ္ထုစီးရီးကို ဖြန့်ချိမှာ ဖြစ်ပါတယ်။

အတွဲ (၁၂) နဲ့ ဖြန့်ချိမယ့် အဲ့ဒီစီးရီးဟာ ကိုယ့်ရဲ့ဘဝ ဖြစ်တည်မှုအကြောင်းကို ဖော်ထုတ်ရမယ့် Berzerker လို့ခေါ်တဲ့ မသေမျိုး စစ်သည်တော်တဦးရဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

ဇာတ်လမ်း အကြောင်းအရာမှာတော့ “ကမ္ဘာကြီးပေါ်မှာ ရာစုနှစ်နဲ့ချီပြီး လှည့်လည်သွ ားလာခဲ့ပြီးတဲ့နောက် Berzerker ဟာ သူခိုလှုံဖို့ နေရာတခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက် အကြမ်းတမ်းဆုံးနဲ့ အန္တရာယ်အကြီးမားဆုံး တိုက်ပွဲတွေကို တိုက်ခိုက်ဖို့ အမေရိကန် အစိုးရအတွက် အလုပ်လုပ်ပေးခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။

မင်းသား Reeves က “တကယ်လို့ အဲ့ဒီကာတွန်းကို ရုပ်ရှင်တကားအနေနဲ့ ဖန်တီးမယ်ဆိုရင်တော့ Berzerker ဇာတ်ရုပ်မှာ သရုပ်ဆောင်ချင်ပါတယ်။ တကယ်လို့ ကျနော်သာ သရုပ်မဆောင်ဖြစ်ခဲ့ဘူးဆိုရင်တော့ တကယ့်ကို ပျော်ဖို့ကောင်းတဲ့ ဇာတ်လမ်းဖြစ်မှာပါ။ တခြားတယောက်ယောက်လည်း သရုပ်ဆောင်နိုင်ပါတယ်” လို့ USA Today ကို ပြောကြားခဲ့ပါတယ်။

“Matrix 4” ရုပ်ရှင်အစမ်းလေ့ကျင့်မှုအတွက် ဘာလင်မြို့ကို ရောက်ရှိနေတဲ့ မင်းသားက Kindt နဲ့အတူ Skype ကနေ တဆင့် ပုံမှန် ဆက်သွယ်နေပြီး ဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အလှည့်အပြောင်းနဲ့ လှည့်ကွက်တွေကို ထည့်နေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

USA Today ရဲ့အဆိုအရ အက်ရှင်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပါဝင်တဲ့အဲ့ဒီကာတွန်းရဲ့ အဓိက ဇာတ်ကောင်ရဲ့ ဖခင်ဟာ စစ်ပွဲနတ်ဘုရားဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ သောင်းလောက်က မွေးဖွားခဲ့တဲ့ သွေးနှောလူသား ဖြစ်တယ်လို့ သိရပါတယ်။

BRZRKR ရဲ့ ပထမအတွဲကို လာမယ့် အောက်တိုဘာလမှာ ဒစ်ဂျစ်တယ်ပိုင်းကရော Print အပိုင်းမှာပါ ဖြန့်ချိဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ မင်းသား Reeves ဟာ လာမယ့် သြဂုတ်လ ၂၈ ရက်မှာ ဖြန့်ချိဖို့ ပြင်ဆင်ထားတဲ့ “Bill And Ted Face The Music” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: cnalifestyle

You may also like these stories:

စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ဖို့ Marvel ရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့ Keanu Reeves

ချစ်သူရသွားပြီ ဖြစ်တဲ့ မင်းသား Keanu Reeves

 

]]>
Zoom မှာ Keanu Reeves နဲ့ စကားပြောနိုင်မယ့် အစီအစဉ် လေလံပေး https://burma.irrawaddy.com/lifestyle/entertainment/2020/06/17/224761.html Wed, 17 Jun 2020 05:10:02 +0000 https://burma.irrawaddy.com/lytbox/?p=224761 မင်းသား Keanu Reevesလေလံဆွဲတဲ့ နေရာမှာ အနိုင်ရသူတဦးဟာ “အင်တာနက်ပေါ်က ချစ်သူ” လို့ ခေါ်ကြတဲ့ မင်းသားနဲ့ Zoom ကနေ ၁၅ မိနစ်ကြာ တွေ့ဆုံစကားပြောခွင့် ရရှိမှာဖြစ်ပါတယ်။]]> မင်းသား Keanu Reeves

နာမည်ကျော် ဟောလိဝုဒ်မင်းသား Keanu Reeves နဲ့ စကားလက်ဆုံ ကျချင်တဲ့ ပရိသတ်တွေအတွက် အခုတော့ အခွင့်အရေးတခု ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။ မင်းသားကို ချစ်ကြတဲ့ ပရိသတ်တဦးဟာ မင်းသားနဲ့ Zoom မှာ တွေ့ဆုံစကားပြောနိုင်မယ့်အပြင် တချိန်တည်းမှာပဲ ပရဟိတအသင်းတခုကို ငွေလှူဒါန်းနိုင်မှာလည်း ဖြစ်ပါတယ်။

အသက် ၅၅ နှစ်အရွယ် မင်းသား Reeves ဟာ ကောင်းမှုပြုလုပ်ဖို့အတွက် အခုလိုမျိုး ကိုယ့်ကိုယ်ကိုယ် လေလံပစ်လိုက်ရတဲ့အကြောင်းအရင်းကတော့ အမေရိကန်၊ Idaho ပြည်နယ်က ကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးတွေကို ခွန်အားပေးတဲ့နေရာမှာ ထောက်ပံ့ ကူညီပေးနေတဲ့ Camp Rainbow Gold လို့ခေါ်တဲ့ ကလေးသူငယ်ကင်ဆာ ပရဟိတအဖွဲ့ကို ငွေကူညီပေးချင်လို့ ဖြစ်ပါတယ်။

လေလံဆွဲတဲ့ နေရာမှာ အနိုင်ရသူတဦးဟာ “အင်တာနက်ပေါ်က ချစ်သူ” လို့ ခေါ်ကြတဲ့ မင်းသားနဲ့ Zoom ကနေ ၁၅ မိနစ်ကြာ တွေ့ဆုံစကားပြောခွင့် ရရှိမှာဖြစ်ပါတယ်။ ဇွန်လ ၁၇ ရက်၊ စင်ကာပူစံတော်ချိန် မနက် ၉ နာရီ ၃၀ မိနစ်အချိန် မှာတော့ လေလံဈေးဟာ ဒေါ်လာ ၁၆,၄၀၀ အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အဲ့ဒီ လေလံပေးတဲ့ ဝက်ဘ်ဆိုက်မှာ တကယ်လို့ ခြိမ်းခြောက်တာမျိုးနဲ့ မသင့်လျော်တဲ့ အပြုအမူမျိုးရှိခဲ့ရင် Camp Rainbow Gold အဖွဲ့နဲ့ အနုပညာရှင်ဘက်ကနေ ဖျက်သိမ်းခွင့်ရှိတယ်လို့ ဖော်ပြထားတာကြောင့် တကယ်လို့ လေလံအနိုင်ရသူ အနေနဲ့ ကိုယ့်ရဲ့ အပြုအမူကို သတိထားလုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။

မင်းသားနဲ့ တွေ့ဆုံ စကားပြောနိုင်မယ့် အစီအစဉ်ကိုတော့ ဇူလိုင်လ ၆ ရက် ပတ်ဝန်းကျင်မှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ လေလံဆွဲတဲ့ အစီအစဉ်ကိုတော့ ဇွန်လ ၂၂ ရက်နေ့မှာ ပိတ်သွားမယ်လို့ သိရပါတယ်။

လေလံပေးတဲ့ ဝက်ဘ်ဆိုက်မှာတော့ “အိမ်မှာ Zoom ကနေတဆင့် မင်းသားနဲ့ တွေ့ဆုံခွင့်ရမယ့် အခွင့်အရေးဟာ တကယ့်ကိုပဲ တန်ဖိုးမဖြစ်နိုင်လောက်အောင်ပါပဲ။ မေးခွန်းတွေကို အဆင်သင့်ပြင်ထားပါ။ မင်းသား၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဂီတပညာရှင် Keanu Reeves နဲ့ ၁၅ မိနစ်လောက် အချိန်ကုန်ဆုံးလိုက်ပါ” လို့ ဖော်ပြထားပါတယ်။

Camp Rainbow Gold လို့ခေါ်တဲ့ အဖွဲ့အနေနဲ့ အရင်တုန်းကလည်း Fifth Harmony အဖွဲ့ဝင် Ally Brooke နဲ့အတူ ၁၅ မိနစ် Zoom ဖျော်ဖြေပွဲ ပြုလုပ်ပြီး လေလံဆွဲတာတွေကို ဆောင်ရွက်ခဲ့ကြဖူးပါတယ်။

ဟောလိဝုဒ်ရဲ့ စိတ်ထားအကောင်းဆုံး အမျိုးသားတယောက်လို့ ဆိုကြတဲ့ မင်းသား Reeves ဟာ သူ့ရဲ့ ကောင်းမှုကုသိုလ် လုပ်ဆောင်မှုတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်လေ့ရှိသူ မဟုတ်ပါဘူး။ သူ့ရဲ့ အဓိက ဦးစားပေးဟာ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုဖြစ်တာကြောင့် လူမှုကွန်ရက်တွေပေါ်မှာ ရှိနေဖို့ ဆန္ဒ မရှိဘူးလို့ ၂၀၁၆ ခုနှစ်တုန်းက ပြောဖူးပါတယ်။

၂၀၁၉ ခုနှစ်မှာ Forbes မဂ္ဂဇင်းရဲ့ အဆိုအရ မင်းသားဟာ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၃၆၀ ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သူဟာ Alexandra Grant ဆိုတဲ့ ချစ်သူနဲ့ တွဲနေပါတယ်။

Ref: cnalifestyle

You may also like these stories:

စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ဖို့ Marvel ရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့ Keanu Reeves

ပရဟိတ လှူဒါန်းမှုတွေကို လျှို့ဝှက်လုပ်ဆောင်လေ့ ရှိတဲ့ မင်းသား Keanu Reeves

]]>
အရင်ကားမှာ မပါတဲ့ အက်ရှင်ခန်းတွေ ပြန်ပါမယ့် “John Wick: Chapter 4” https://burma.irrawaddy.com/lifestyle/entertainment/2020/06/04/223967.html Thu, 04 Jun 2020 05:36:22 +0000 https://burma.irrawaddy.com/lytbox/?p=223967 “John Wick: Chapter 4” ရုပ်ရှင်ကျနော် ဖယ်လိုက်ရတဲ့ ၉၀ ရာခိုင်နှုန်းလောက်ကိုတော့ John Wick 4 ရုပ်ရှင်အစားသွင်းနိုင်မယ့်နေရာ ရှိမယ်လို့ ကျနော် ယူဆထားပါတယ်”လို့ ဆိုပါတယ်။]]> “John Wick: Chapter 4” ရုပ်ရှင်

“John Wick: Chapter 4” ရုပ်ရှင်ထဲမှာ တတိယရုပ်ရှင်မှာ မသုံးဖြစ်လိုက်တဲ့ အက်ရှင် ဇာတ်ဝင်ခန်းတွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒါရိုက်တာ Chad Stahelski ရဲ့ အဆိုအရ “John Wick: Parabellum” ရုပ်ရှင်ထဲမှာ ထည့်စရာ နေရာ မရှိတော့လို့ တချို့ဇာတ်ဝင်ခန်းတွေကို ဖြတ်ချလိုက်ရပေမယ့် မင်းသား Keanu Reeves ပြန်လည်သရုပ်ဆောင်ထားတဲ့ စတုတ္ထမြောက်ရုပ်ရှင်မှာ အဲ့ဒီဇာတ်ဝင်ခန်းတွေကို ပြန်လည် အသုံးပြုနိုင်ဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါရိုက်တာ Chad က “၂ ခန်း ရှိပါတယ်။ ထပ်ပြီးသုံးလိုက်ရတာ ၂ ခန်း ရှိပါတယ်။ အခြေခံနေရာမှာ ထားဖို့ ကျနော် ဖယ်ပစ်လိုက်ရတယ်။ ကျနော်တို့ စိတ်ကူးဖန်တီးခဲ့ရတဲ့ အက်ရှင်ဇာတ်ဝင်ခန်း၂ ခန်း ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ အဲ့ဒါတွေအတွက် နေရာ မရှိတော့ဘူး။ ဒါကြောင့် ရုပ်ရှင်ထဲကနေ ဖယ်ထုတ်ခဲ့ရတယ်။ ပြီးတော့ ကျနော် ဖယ်လိုက်ရတဲ့ ၉၀ ရာခိုင်နှုန်းလောက်ကိုတော့ John Wick 4 ရုပ်ရှင်အစားသွင်းနိုင်မယ့်နေရာ ရှိမယ်လို့ ကျနော် ယူဆထားပါတယ်”လို့ ဆိုပါတယ်။

အသက် ၅၁ နှစ်အရွယ် ဒါရိုက်တာ Chad က ရုပ်ရှင်နဲ့ ပတ်သက်လို့ ပရိသတ်တွေရဲ့ ပြောဆိုမှုတွေကို အမြဲတမ်း အလေးထားပြီး ပရိသတ်တွေရဲ့ တုံ့ပြန်မှုနဲ့အတူ ပြောင်းလဲမှုတွေ လုပ်ဖို့လည်း လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။

သူက “အဲ့ဒီလို ပြောတဲ့ ကိစ္စတွေ အားလုံးကို ကျနော် ဖတ်ခဲ့တယ်။ ပရိသတ်တွေက John Wick 4 မှာ ဘာတွေ မြင်ချင်ကြလဲဆိုတာကိုလည်း ကျနော် ဖတ်မယ်။ ဘယ်ဟာတွေက အလုပ်ဖြစ်တယ်။ ဘယ်ဟာတွေက အလုပ်မဖြစ်ဘူး ဆိုတာကိုလည်း ဖတ်မယ်။ John Wick 3 က လမ်းကြောင်း ပျောက်ခဲ့လား။ ကျနော်တို့က နံပါတ် ၄ ကိုဘယ်လို ပြန်ဖန်တီးမှာလဲ။ အဲ့ဒါတွေအားလုံးကို ကျနော် လက်ခံတယ်။ ကျနော် ဖတ်တယ်” လို့ ဆိုပါတယ်။

သူကဆက်ပြီး “ကျနော်က ပရိသတ်တွေ ပြောတာကို နားမထောင်ရင် ရူးမိုက်ရာကျမှာပေါ့။ ကျနော်ဆိုလိုချင်တာက ပရိသတ်တွေ ပြောတာကို တကယ် နားထောင်တာကနေ ကျနော်တို့ လိုချင်အရာကို ဘယ်လိုဖန်တီးမလဲ ဆိုတာကိုပါ။ ဒါပေမဲ့ ပရိသတ်တွေက ကျနော့်ခေါင်းထဲမှာ ဘာတွေ ရှိနေတယ်ဆိုတာကို မသိကြပါဘူး”

“သူတို့က ဇာတ်ညွှန်းလည်း ဖတ်ထားတာမဟုတ်ပါဘူး။ ကျနော်ကတော့ John Wick 4 အတွက် ဇာတ်လမ်း ခေါင်းထဲမှာ ရှိထားပါတယ်” လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စတုတ္ထမြောက် John Wick ရုပ်ရှင်ရဲ့ ပြသမယ့်ရက်ကို ၂၀၂၂ ခုနှစ်၊ မေလအထိ ရွှေ့ဆိုင်းထားပါတယ်။

Ref: asiaone

You may also like these stories:

“John Wick: Chapter 4” ပြသမယ့် တရားဝင် Release Date ထွက်ရှိလာ

ထွက်ပြီးသား John Wick ရုပ်ရှင်တွေ အပါအဝင် နောက်ဆက်တွဲ ရုပ်ရှင်များ မြင်တွေ့ရဖို့ရှိ

၂၀၂၁ ခုနှစ်မှာ Keanu Reeves ရဲ့ “Matrix 4” နဲ့ “John Wick 4” ရုပ်ရှင်ကို ပြိုင်တူ ပြသမည်

]]>
မင်းသား Keanu Reeves နဲ့ သင့်တော်မယ့် ဇာတ်ကောင် Marvel တွေ့ရှိ https://burma.irrawaddy.com/lifestyle/entertainment/2020/03/24/218919.html Tue, 24 Mar 2020 07:41:18 +0000 https://burma.irrawaddy.com/lytbox/?p=218919 မင်းသား Keanu ReevesMarvel ဘက်ကတော့ သူတို့ရဲ့ နောက်ထပ် ဖန်တီးမယ့် ရုပ်ရှင်တွေကို Keanu Reeves နဲ့အတူ ထုတ်လုပ်ချင်တာ အသေအချာဖြစ်ပေမယ့် သူ့ဘက်ကတော့ ဘာတုန့်ပြန်မှုမှ မပြုလုပ်သေးပါဘူး။ ]]> မင်းသား Keanu Reeves

လူမှုကွန်ရက် စာမျက်နှာတွေမှာကော ရုပ်ပြဇာတ်လမ်းတွေကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးရာမှာပါ အအောင်မြင်ဆုံး မင်းသားအဖြစ် အသိအမှတ် ပြုခံထားရသူကတော့ Keanu Reeves ပဲ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Constantine” ရုပ်ရှင်မှာတော့ Keanu Reeves ရဲ့ သရုပ်ဆောင်စွမ်းရည်ကို DC ပရိသတ် တော်တော်များများ သဘောကျ နှစ်သက်ခဲ့ကြပြီး ဒီနှစ်အတွင်းလည်း Constantine နောက်ဆက်တွဲ ရုပ်ရှင်အတွက် ကမ်းလှမ်းခံရတယ်လို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

“Toy Story 4” မှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီးနောက်ပိုင်း Keanu Reeves အတွက် နောက်ထပ် နောက်ဆက်တွဲ ရုပ်ရှင်တွေ ဆက်လက် ထွက်ရှိဖို့ ရှိနေခဲ့တာပါ။ အဲဒီရုပ်ရှင်တွေကတော့ “Bill & Ted Face the Music”, “The Matrix 4” နဲ့ “John Wick: Chapter 4” တို့ပဲ ဖြစ်ပါတယ်။

Marvel နဲ့ DC တို့ဟာ Keanu Reeves ကို အပြိုင်အဆိုင် ကမ်းလှမ်းခဲ့ကြပြီး Marvel ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တဦးဖြစ်သူ Kevin Feige ကတော့ သူ့အနေနဲ့ Keanu Reeves ကို တရားဝင် ကမ်းလှမ်းချက် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ သူ့အတွက် သင့်တော်မယ့်ဇာတ်ကောင်နဲ့ ရုပ်ရှင်ပရောဂျက်တခုလည်း အဆင်သင့်ရှိပြီဖြစ်ကြောင်း အင်တာဗျူးတခုမှာ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

Marvel နဲ့ Keanu Reeves တို့ အတူတကွ လက်တွဲလုပ်ဆောင်ဖို့ဟာ တဖြည်းဖြည်း နီးစပ်လာခဲ့ပြီဖြစ်ပြီး အကယ်၍ စာချုပ်ချုပ်ဆိုမှုသာ အမှန်တကယ် ဖြစ်လာခဲ့မယ်ဆိုရင်တော့ Ghost Rider ဇာတ်ကောင်အတွက် သရုပ်ဆောင်ဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

Marvel ဘက်ကတော့ သူတို့ရဲ့ နောက်ထပ် ဖန်တီးမယ့် ရုပ်ရှင်တွေကို Keanu Reeves နဲ့အတူ ထုတ်လုပ်ချင်တာ အသေအချာဖြစ်ပေမယ့် သူ့ဘက်ကတော့ ဘာတုန့်ပြန်မှုမှ မပြုလုပ်သေးပါဘူး။

Matrix ရုပ်ရှင်နဲ့အတူ နာမည်ကျော်ကြားလာခဲ့တဲ့ Keanu Reeves သာ Marvel နဲ့အတူ လက်တွဲဖြစ်ခဲ့မယ်ဆိုရင်တော့ Ghost Rider ဇာတ်ကောင်ဟာ သူနဲ့ အသင့်တော်ဆုံးဖြစ်မယ့်အကြောင်း ထင်ကြေးပေး ပြောဆိုမှုတွေ ဆူညံနေတဲ့ ကာလတခုလည်းဖြစ်ပါတယ်။

Ref. wegotthiscovered.com

You may also like these stories:

COVID-19 ကာလမှာ ပရိသတ် ၃ ဦးအတွက် လိုအပ်တာ ဝယ်ပေးမယ့် Britney Spears

“Kingdom” စီးရီး Season 3 မှာ အဓိက ဇာတ်ကောင်အနေနဲ့ ပါဝင်လာဖို့ရှိတဲ့ Jun Ji Hyun

မကြာခင် ထွက်ရှိလာတော့မယ့် “The Boys” တီဗွီစီးရီး Season 2 မှ ပုံရိပ်များ ထွက်ပေါ်

]]>
၂၀၂၁ ခုနှစ်မှာ Keanu Reeves ရဲ့ “Matrix 4” နဲ့ “John Wick 4” ရုပ်ရှင်ကို ပြိုင်တူ ပြသမည် https://burma.irrawaddy.com/lifestyle/entertainment/2019/12/13/210614.html Fri, 13 Dec 2019 04:42:59 +0000 https://burma.irrawaddy.com/lytbox/?p=210614 မင်းသား Keanu Reeves ပါဝင်မယ့် "John Wick 4" နဲ့ "Matrix 4" ရုပ်ရှင်ပရိသတ်တွေကလည်း အခုလိုမျိုး "The Matrix 4" နဲ့ "John Wick 4" ရုပ်ရှင် ၂ ကားလုံးကို တရက်တည်းမှာ တပြိုင်တည်းပြသမယ့် ကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်တာမျိုး မဖြစ်ခဲ့ကြပါဘူး။]]> မင်းသား Keanu Reeves ပါဝင်မယ့် "John Wick 4" နဲ့ "Matrix 4" ရုပ်ရှင်

Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ထားတဲ့ “Matrix” နဲ့ “The Flash” ရုပ်ရှင်တို့ရဲ့ ပြသမယ့် ရက်တွေကို မကြာသေးခင်တုန်းက ကြေညာခဲ့ပါတယ်။ Wachowskis ထုတ်လုပ်မယ့် စတုတ္ထမြောက် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် “Matrix” ကို လာမယ့် ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာ ပြသမှာဖြစ်ပြီး မင်းသား Ezra Miller ပါဝင်ထားတဲ့ “The Flash” ရုပ်ရှင်ကိုတော့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

ထူးခြားတာတခုကတော့ မင်းသား Keanu Reeves က ကမ္ဘာကျော်ဇာတ်ကောင် Neo အဖြစ် ပြန်လည် ပါဝင်လာမယ့် “Matrix” နောက်ဆက်တွဲရုပ်ရှင်ဟာ မင်းသားကိုယ်တိုင် အဓိကဇာတ်ဆောင် မင်းသားအဖြစ် ပါဝင်ထားတဲ့ “John Wick: Chapter 4” ရုပ်ရှင်နဲ့ ထိပ်တိုက်တွေ့တော့မှာပဲ ဖြစ်ပါတယ်။ ဒီကိစ္စကို Warner Bros. သတိထားမိရဲ့လား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် အဲ့ဒီရုပ်ရှင် ၂ ကားရဲ့ ပြသမယ့်ရက်ကို စတူဒီယိုက ရွှေ့ပြောင်းမယ့်ပုံ မရှိပါဘူး။

ပရိသတ်တွေကလည်း အခုလိုမျိုး “The Matrix 4” နဲ့ “John Wick 4” ရုပ်ရှင် ၂ ကားလုံးကို တရက်တည်းမှာ တပြိုင်တည်းပြသမယ့် ကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်တာမျိုး မဖြစ်ခဲ့ကြပါဘူး။ အဲ့ဒီ ရုပ်ရှင် ၂ ကားလုံးကို တပြိုင်တည်း ဖြန့်ချိမယ့်နေ့ဟာ “Keanu Reeves Day” ဖြစ်တယ်လို့ ပရိသတ်တွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ပရိသတ်တဦးက “ဒါဆိုရင် မေလ ၂၁ ရက်နေ့ကို “Keanu Reeves Day” လို့ နာမည်ပြောင်းပေးကြမယ်” လို့ Twitter မှာ မှတ်ချက်ပေးခဲ့ပါတယ်။ နောက်ထပ် ရုပ်ရှင်ဝါသနာအိုး တယောက်က “၂၀၂၁ မေလ ၂၁ ရက်နေ့မှာတော့ အလုပ်ကနေ နေမကောင်းလို့ နားမယ့်နေ့ပဲ။ ကျနော့် သူဌေးနဲ့ ကျနော်က ရုပ်ရှင်တခုဆီကို သွားနေရမှာလေ”လို့ ဝေမျှပြောဆိုခဲ့ပါတယ်။

“Matrix 4” ရုပ်ရှင်ကိုတော့ ဒါရိုက်တာ Taika Waititi က ရိုက်ကူးမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဒါရိုက်တာ Taika က “Thor: Love and Thunder” ရုပ်ရှင်ကို ရိုက်ကူးရမှာဖြစ်တဲ့အတွက် စတူဒီယိုအချိန်ဇယားကနေ “Matrix 4” ရုပ်ရှင်ကို ဖယ်ထားခဲ့ပါတယ်။

အခု “Matrix” ရုပ်ရှင်မှာတော့ Trinity အဖြစ် မင်းသမီး Carrie-Anne Moss နဲ့ Niobe အဖြစ် မင်းသမီး Jada Pinkett Smith တို့က ပြန်လည် ပါဝင်လာကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Yahya Abdul-Mateen II, Jessica Henwick နဲ့ Neil Patrick Harris တို့လည်း ရုပ်ရှင်မှာ ထပ်မံပါဝင်လာကြမှာ ဖြစ်ပါတယ်။

Ref: aceshowbiz

You may also like these stories:

ရိုက်ကူးရေး အချိန်ဇယားကြောင့် “John Wick 3” ရုပ်ရှင်မှာ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့တဲ့ မာဒုံဆော့

“Batman” သရုပ်ဆောင်အဖြစ် မင်းသား Robert Pattinson ကို ရွေးချယ်

မင်းသား Keanu Reeves ဟောလိဝုဒ်ကနေ ယူကေနိုင်ငံဆီ ပြောင်းရွှေ့ဖို့ စီစဉ်နေ

]]>
Keanu Reeves ကို Constantine ဇာတ်ကောင်အဖြစ် လိုလားနေတဲ့ Warner Bros. https://burma.irrawaddy.com/lifestyle/entertainment/2019/12/09/210230.html Mon, 09 Dec 2019 05:03:07 +0000 https://burma.irrawaddy.com/lytbox/?p=210230 မင်းသား Keanu ReevesThe Matrix 4 ရုပ်ရှင်အတွက်လည်း သဘောတူညှိနှိုင်းမှု တချို့ ရှိခဲ့တာဖြစ်ပြီး Marvel Studio ဘက်ကနေလည်း Keanu Reeves ကို ဇာတ်ကောင်နေရာ တနေရာအတွက် ချဉ်းကပ်နေတာ အချိန်ကြာခဲ့ပြီ ဖြစ်ပါတယ်။]]> မင်းသား Keanu Reeves

Constantine ရုပ်ရှင်ကို စွဲစွဲလမ်းလမ်း ကြည့်ခဲ့ဖူးတဲ့ DC Fan တွေတိုင်း Keanu Reeves ကို အဓိကဇာတ်ကောင် နေရာအတွက် ထပ်မံတွေ့မြင်ရဖို့ကို မျှော်လင့်နေကြမယ် ထင်ပါတယ်။ John Wick ရုပ်ရှင်နဲ့ နောက်ပိုင်းနှစ်တွေမှာ အောင်မြင်မှု ပိုရရှိခဲ့တဲ့ Keanu Reeves ဟာဆိုရင် ၂၀၁၉ ခုနှစ် တနှစ်လုံးဟာ သူ့နှစ်လို့တောင် ပြောလို့ရလောက်တဲ့အထိ ထင်ပေါ်ကျော်ကြား အောင်မြင်နေပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာဆိုရင်လည်း သူနဲ့ ပတ်သက်တဲ့ သတင်းတွေကို ခပ်စိပ်စိပ် တွေ့မြင်နေရပြီး ရုပ်ရှင်တွေအပြင် Toy Story 4 မှာ အသံသရုပ်ဆောင်အနေနဲ့လည်း ပါဝင်ခဲ့ပါသေးတယ်။ John Wick နောက်ဆက်တွဲရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်နေဆဲဖြစ်ပေမယ့် WB ကုမ္ပဏီနဲ့ လက်တွဲဖို့ကိုတော့ Keanu Reeves ဘက်က ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။

The Matrix 4 ရုပ်ရှင်အတွက်လည်း သဘောတူညှိနှိုင်းမှု တချို့ ရှိခဲ့တာဖြစ်ပြီး Marvel Studio ဘက်ကနေလည်း Keanu Reeves ကို ဇာတ်ကောင်နေရာ တနေရာအတွက် ချဉ်းကပ်နေတာ အချိန်ကြာခဲ့ပြီ ဖြစ်ပါတယ်။ Speed နဲ့ Point Breaker စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း အရင်က  Keanu Reeves ကိုအောင်မြင်စေခဲ့တဲ့ ရုပ်ရှင်တွေ ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Constantine မှာ သူ့ရဲ့သရုပ်ဆောင် ဟန်ပန်တွေကို ပရိသတ်တွေက နှစ်ခြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

Box Office မှတ်တမ်းတွေအရ ရုပ်ရှင်ဟာ ဒေါ်လာ ၂၃၀ မီလျံအထိ ဝင်ငွေ အမြတ်အစွန်း ရရှိခဲ့ပြီး  Warner Bros. ကုမ္ပဏီဘက်ကတော့ Keanu Reeves ကို ပြန်လည် လက်တွဲဖို့ ဆန္ဒရှိခဲ့ပါတယ်။ Keanu Reeves ဘက်ကနေ အခုကိစ္စကို စဉ်းစားပေးဖို့ လိုလားနေတာဖြစ်တယ်လို့ Warner Bros. ရဲ့နီးစပ်ရာ အသိုင်းအဝိုင်းကနေ လတ်တလောမှာ သတင်းတွေ ထွက်ပေါ်နေတာပါ။

Ref. wegotthiscovered.com

ဆက်စပ်ဖတ်ရှုရန်

“The Matrix 4” ရုပ်ရှင်အတွက် သရုပ်ဆောင် စတင်ရွေးချယ်နေပြီဖြစ်တဲ့ Warner Bros

“John Wick: Chapter 4” ပြသမယ့် တရားဝင် Release Date ထွက်ရှိလာ

“Matrix 4” ရုပ်ရှင်မှာ Neo အဖြစ် မင်းသား Keanu Reeves ပြန်လည် ပါဝင်လာမည်

]]>
စူပါဟီးရိုးရုပ်ရှင်ကို The Russo Brothers နဲ့အတူ လက်တွဲ ရိုက်ကူးတော့မယ့် Keanu Reeves https://burma.irrawaddy.com/lifestyle/entertainment/2019/11/25/209058.html Mon, 25 Nov 2019 07:19:00 +0000 https://burma.irrawaddy.com/lytbox/?p=209058 မင်းသား Keanu Reevesအခု တခါမှာတော့ ညီအစ်ကိုနှစ်ယောက် ပေါင်းစည်းထားတဲ့ The Russo Brothers ကနေ Keanu Reeves နဲ့လက်တွဲပြီး စူပါဟီးရိုးရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။]]> မင်းသား Keanu Reeves

သိပ်မကြာသေးခင်ကမှ လက်တွဲဖော်ချစ်သူကို လူအများကြား ပွဲထုတ်လိုက်တဲ့ မင်းသားကြီး Keanu Reeves ကို ရုပ်ရှင်ချစ်သူတွေနဲ့ သိပ်မိတ်ဆက်ပေးစရာ မလိုတော့ဘူး ထင်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို ခြေလှမ်းစိတ်စိတ်နဲ့ လှုပ်ရှားလာနေတဲ့ Keanu Reeves အတွက်တော့ ဒီနှစ် ၂၀၁၉ ခုနှစ်ဟာ Keanu Reeves ရဲ့နှစ်လို့တောင် ပြောလို့ရပါတယ်။

အခု တခါမှာတော့ ညီအစ်ကိုနှစ်ယောက် ပေါင်းစည်းထားတဲ့ The Russo Brothers ကနေ Keanu Reeves နဲ့လက်တွဲပြီး စူပါဟီးရိုးရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

The Russo Brothers ဟာဆိုရင် ပရိသတ်တွေနဲ့ သိပ်စိမ်းသူတွေ မဟုတ်ဘဲ Marvel ရဲ့ MCU အတွက် “Captain America: The Winter Soldier”, “Captain America: Civil War”, “Avengers: Infinity War” နဲ့ “Avengers: Endgame” တို့ကို ရိုက်ကူးပေးခဲ့ဖူးတဲ့ ဒါရိုက်တာတွေပဲ ဖြစ်ပါတယ်။

Keanu Reeves နဲ့ လက်တွဲရိုက်ကူးမယ့် စူပါဟီးရိုးရုပ်ရှင်ကိုတော့ Marvel ရဲ့ လက်အောက်ကနေ မဟုတ်ဘဲ သူတို့ ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ လတ်တလော သတင်းတွေအရ သိရပါတယ်။

The Russo Brothers ရဲ့ ထုတ်လုပ်ရေးကုမ္ပဏီသစ်ကနေ ပထမဆုံး ထုတ်လုပ် ရိုက်ကူးလုပ်တဲ့ ဇာတ်ကားကတော့ Black Panther မင်းသား Chadwick Boseman ပါဝင်တဲ့ “21 Bridges” ဆိုတဲ့ ဇာတ်ကားဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့ကမှ ထွက်ရှိထားတာ ဖြစ်ပါတယ်။

ထပ်မံရိုက်ကူးမယ့် Cherry ဆိုတဲ့ ဇာတ်ကားမှာတော့ Spider-Man မင်းသား Tom Holland ကို ထည့်သွင်း ရိုက်ကူးဖို့အတွက် လုပ်ဆောင်နေပြီး မင်းသားကြီး Keanu Reeves ကိုတော့ “Past Midnight” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ထည့်သွင်း ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ “Past Midnight” ရုပ်ရှင်ဇာတ်ကားနဲ ပတ်သက်လို့ အသေးစိတ် မသိရသေးပေမယ့် စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်တယ်ဆိုတာရယ်၊ Keau Reeves ပါဝင်မယ်ဆိုတဲ့ သတင်းရယ်ကတော့ သေချာသလောက် ရှိနေပြီပဲ ဖြစ်ပါတယ်။

လာမယ့် နှစ်တွေမှာလည်း Keanu Reeves ပါဝင်တဲ့ “Matrix 4”, “John Wick 4” ဇာတ်ကားတွေ ထွက်ရှိဖို့ ရှိနေပြီး ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ နှစ်တနှစ် ဖြစ်လာမှာ အသေအချာပါပဲ။

Ref. www.screengeek.net

]]>
ချစ်သူရသွားပြီ ဖြစ်တဲ့ မင်းသား Keanu Reeves https://burma.irrawaddy.com/lifestyle/entertainment/2019/11/06/207784.html Wed, 06 Nov 2019 04:23:12 +0000 https://burma.irrawaddy.com/lytbox/?p=207784 မင်းသား Keanu Reeves နဲ့ ချစ်သူ Alexandra Grantနာမည်ကျော်စတား မင်းသား Reeves ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မိတ်ဆွေတွေ ဖြစ်ခဲ့ကြတဲ့ အသက် ၄၆ နှစ်အရွယ် Grant နဲ့ အခုနှစ်အစောပိုင်းမှာပဲ တွဲခဲ့ကြတာလို့လည်း ဆိုပါတယ်။ ]]> မင်းသား Keanu Reeves နဲ့ ချစ်သူ Alexandra Grant

ဟောလိဝုဒ်မင်းသား Keanu Reeves ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့တုန်းက လော့စ်အင်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ LACMA Art + Film Gala ပွဲကို ချစ်သူ Alexandra Grant နဲ့ ရှားရှားပါးပါး လက်ချင်းချိတ်ပြီး တက်ရောက်ခဲ့တာကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ကြရပါတယ်။ မင်းသား Reeves ကတော့ သူ့ရဲ့ ချစ်သူကို ထုတ်ပြဖို့ အချိန်ရောက်ပြီလို့ ခံစားရနေတယ်လို့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

နာမည်ကျော်စတား မင်းသား Reeves ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မိတ်ဆွေတွေ ဖြစ်ခဲ့ကြတဲ့ အသက် ၄၆ နှစ်အရွယ် Grant နဲ့ အခုနှစ်အစောပိုင်းမှာပဲ တွဲခဲ့ကြတာလို့လည်း ဆိုပါတယ်။ သူတို့ နှစ်ယောက်ဟာ မိတ်ဆွေဆက်ဆံရေးကနေ ချစ်သူအဖြစ် လွန်ခဲ့တဲ့ လအနည်းငယ်က ပြောင်းလဲသွားကြတာဖြစ်ပေမယ့် People မီဒီယာကတော့ လအတိအကျလို့ ခန့်မှန်းလို့ မရနိုင်ဘူးလို့လည်း ဆိုပါတယ်။

သတင်းရင်းမြစ်တခုက “သူတို့တွေဟာ အခုနှစ်အစောပိုင်းကတည်းက စတွဲခဲ့ကြတာပါ။ ဒါပေမယ့် သူတို့တွေက တိတ်တဆိတ်ပဲ နေချင်ကြတာပါ။ မင်းသား Reeves ဟာ သူ့ရဲ့ဘဝကို သူ့ချစ်သူနဲ့ ပွင့်ပွင့်လင်းလင်း ဝေမျှချင်ပါတယ်။ သူဟာ Grant ကို သူ့ရဲ့ဘဝမှာ ပိုင်ဆိုင်ရတဲ့အတွက် တော်တော်လေးကို ပျော်ရွှင်နေပြီး ဂုဏ်ယူနေပါတယ်” လို့ ဆိုပါတယ်။

သူတို့ နှစ်ဦးကို ပြီးခဲ့တဲ့ မေလက လော့စ်အင်ဂျလိစ်မြို့မှာပြုလုပ်ခဲ့တဲ့ MOCA Benefit 2019 ပွဲမှာ တဦးလက်မောင်း တဦးဖက်နေကြတဲ့ အနေအထားနဲ့ မြင်တွေ့ခဲ့ကြရပါတယ်။ ပြီးတော့ နောက်ထပ် တလအကြာ ဇွန်လမှာ Malibu မြို့က Paradise Cove ကမ်းခြေမှာ ကျင်းပခဲ့တဲ့ Saint Laurent Men’s Spring Summer 20 ရှိုးကိုလည်း နှစ်ယောက်သား အတူတွဲ တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလလယ်တုန်းကလည်း ဟောလိဝုဒ်မှာရှိတဲ့ စားသောက်ဆိုင်တဆိုင်ကနေ နှစ်ဦးသား ပြန်ထွက်လာတာကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။ ဒါ့အပြင် Santa Monica မှာ ရှိတဲ့ ဇိမ်ခံ အီတလီ စားသောက်ဆိုင် Giorgio Baldi မှာလည်း အတူတူ ညစာသုံးဆောင်နေခဲ့ကြတာကိုလည်း မြင်ခဲ့ရပါတယ်။

သူတို့နှစ်ဦးကို ပထမဆုံး တွဲဖက် မြင်တွေ့ခဲ့ကြရတာကတော့ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသား Reeves ရဲ့ စာအုပ်ဖြစ်တဲ့ Ode to Happiness မှာ Grant က သရုပ်ဖော်ပုံ ရေးဆွဲပေးတာပဲ ဖြစ်ပါတယ်။ အဲ့ဒီစာအုပ်ဟာ Grant အတွက် အနုပညာရှင်အနေနဲ့ ပထမဆုံးစာအုပ်ဖြစ်ပြီး မင်းသားအတွက် ပထမဆုံးစာရေးဆရာအနေနဲ့ ပွဲထွက်ခဲ့တဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား “Shadows” ဆိုတဲ့ စာအုပ်မှာလည်း Grant က သရုပ်ဖော်ပုံ ရေးဆွဲပေးခဲ့ပါတယ်။

ပရိသတ်တွေကတော့ အခုလို မင်းသား Reeves ဟာ နောက်ဆုံးမှာ အချစ်တခုကို ရှာတွေ့ခဲ့ပြီကို သိလိုက်ရတဲ့အတွက် အထူးစိတ်လှုပ်ရှားမိနေကြပါတယ်။ ပရိသတ်တော်တော်များများကတော့ Grant ကို မင်းသမီးကြီး Helen Mirren နဲ့ ဆင်တူတယ်ဆိုပြီး ပြောဆိုနေကြတာပါ။ Swarthmore ကောလိပ်ကနေ ဘွဲ့ရခဲ့တဲ့ Grant ဟာ လော့စ်အင်ဂျလိစ် အခြေစိုက် အနုပညာရှင်ဖြစ်ပြီး ပန်းပု၊ ပန်းချီ၊ သရုပ်ဖော်ပုံတွေနဲ့ ဗီဒီယိုတွေကို ထုတ်လုပ်တဲ့သူတယောက်လည်း ဖြစ်ပါတယ်။

Ref: Dailymail

You May Also Like This Story:

“Fast & Furious 9” ရုပ်ရှင်မှာ မင်းသား Keanu Reeves ပါဝင်လာဖွယ်ရှိ

]]>
“Fast & Furious 9” ရုပ်ရှင်မှာ မင်းသား Keanu Reeves ပါဝင်လာဖွယ်ရှိ https://burma.irrawaddy.com/lifestyle/entertainment/2019/10/24/206742.html Thu, 24 Oct 2019 04:57:46 +0000 https://burma.irrawaddy.com/lytbox/?p=206742 မင်းသား Keanu Reevesပထမဆုံး "John Wick" ရုပ်ရှင်မှာ မင်းသားနဲ့အတူ အလုပ်အတူတွဲလုပ်ခဲ့တဲ့ ဒါရိုက်တာ David Leitch က အဲ့ဒီသတင်းဟာ အမှန် မဟုတ်တဲ့အကြောင်း ပြန်လည် ဖြေရှင်းခဲ့ပါတယ်။ ]]> မင်းသား Keanu Reeves

“Fast & Furious” ရုပ်ရှင်စာရေးဆရာ Chris Morgan က သူဟာ “Fast & Furious 9” ရုပ်ရှင်နဲ့ ပတ်သက်လို့ မင်းသား Keanu Reeves နဲ့ ပြောဆို ဆွေးနွေးခဲ့တယ်လို့ Screen Rant မီဒီယာကို ပြောဆိုခဲ့ပါတယ်။

Chris က “ကျနော်က သူ့ကို တော်တော်ကြာခဲ့ပြီးတဲ့ အချိန်ကတည်းက ‘Fast’ ကမ္ဘာမှာ ပါဝင်စေချင်ခဲ့တာပါ။ ကျနော်တို့က ရှာဖွေဖို့ ကြိုးစားနေတာပါ။ အချိန်၊ လုပ်ငန်း အစီအစဉ်တွေနဲ့ မှန်ကန်တဲ့အရာကို အတူတူ ပုံဖော်ဖို့ဆိုတာ အခက်အခဲဆုံး အရာဖြစ်ပါတယ်။ သူ့ကို ဒီရုပ်ရှင်တွေမှာ တကယ်ပါဝင်စေချင်တယ်ဆိုတာ ကျနော့်ရဲ့ ထက်သန်တဲ့ စိတ်ဆန္ဒဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အခုနှစ်အစောပိုင်းတုန်းက “John Wick: Chapter 3 – Parabellum” ရုပ်ရှင် ရုံတင်ချိန်ကတည်းက မင်းသား Reeves ဟာ “Fast & Furious Presents: Hobbs & Shaw” ရုပ်ရှင်မှာ ပါဝင်လာနိုင်တယ်ဆိုပြီး ကောလာဟလတွေ ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပထမဆုံး “John Wick” ရုပ်ရှင်မှာ မင်းသားနဲ့အတူ အလုပ်အတူတွဲလုပ်ခဲ့တဲ့ ဒါရိုက်တာ David Leitch က အဲ့ဒီသတင်းဟာ အမှန် မဟုတ်တဲ့အကြောင်း ပြန်လည် ဖြေရှင်းခဲ့ပါတယ်။ ဒါပေမယ့် Hoobs & Shaw ရုပ်ရှင်မှာ သူ မပါဝင်ဖြစ်လိုက်ပေမယ့် “Fast and Furious” ရုပ်ရှင်တခုမှာ မပါဝင်နိုင်တော့ဘူးဆိုတဲ့ သဘောတော့ မဟုတ်ပါဘူး။ ဒါ့အပြင် မင်းသားဟာ အဲ့ဒီ ရုပ်ရှင်စီးရီးတွေမှာ ပါဝင်ဖို့ ဆွေးနွေးတာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“Hoobs & Shaw” ရုပ်ရှင်စာရေးဆရာ Chris ရဲ့အဆိုအရ မင်းသားနဲ့ ဆွေးနွေးမှုဟာ အရာရောက်ခဲ့တယ်လို့ သိရပါတယ်။ သူူတို့ နှစ်ဖက်လုံးအနေနဲ့လည်း အောင်မြင်တဲ့ အက်ရှင်ရုပ်ရှင် စီးရီးထဲမှာ ကမ္ဘာကျော် အက်ရှင်မင်းသားကို ပါဝင်ဖု့ိ စိတ်အားထက်သန်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မင်းသား ပါဝင်လာဖို့ အရေးကိစ္စကလည်း မင်းသားရဲ့အချိန်ဇယားကိစ္စနဲ့ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်အပေါ် မူတည်နေတာကြောင့် ပြောဆိုဆွေးနွေးမှုတွေမှာ ၄ ပုံ တပုံလောက်သာ ခရီးရောက်ခဲ့တယ်လို့ သိရပါတယ်။

မင်းသား Reeves ပါဝင်လာနိုင်မယ်ဆိုရင် ကမ္ဘာကျော် အက်ရှင်ရုပ်ရှင်အပေါ် ပရိသတ်စိတ်ဝင်စားမှု တဖန် မြင့်တက်လာနိုင်တယ်လို့ ဆိုကြပါတယ်။ မင်းသားအနေနဲ့လည်း “Matrix 4” ၊ “Bill & Ted Face” နဲ့ အနာဂတ်မှာ ရိုက်ကူးမယ့် John Wick ရုပ်ရှင်တွေမှာ ထပ်မံပါဝင်လာဦးမှာဖြစ်ပါတယ်။

အဲ့ဒီလိုမျိုး ထပ်မံရိုက်ကူးမယ့် ရုပ်ရှင်တွေကြောင့် “Fast & Furious” ရုပ်ရှင်တွေမှာ မင်းသား ပါဝင်လာဖို့ ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တခြား သရုပ်ဆောင်တော်တော်များများအတွက် အချိန်ဇယားတွေ ညှိနှိုင်း တွက်ချက်ဖို့လည်း လိုလာပြန်ပါတယ်။

“Hobbs & Shaw” ရုပ်ရှင်ရဲ့ အောင်မြင်မှုနောက်ပိုင်းမှာ စာရေးဆရာ Chris ရဲ့ ‘Fast & Furious’ ရုပ်ရှင်ကို ရိုက်ကူးထုတ်လုပ်နေပြီဖြစ်လို့ မကြာခင်မှာ မင်းသား Reeves ပါဝင်ဖြစ်မှာလားဆိုတာကို သေချာပေါက် သိရတော့မှာ ဖြစ်ပါတယ်။

Ref: etcanada, cinemablend

You May Also Like These Stories:

မင်းသား Keanu Reeves အကြောင်း သင်မသိသေးတဲ့ အချက် ၅ ချက်

စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ဖို့ Marvel ရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့ Keanu Reeves

]]>
“Matrix 4” ရုပ်ရှင်မှာ Neo အဖြစ် မင်းသား Keanu Reeves ပြန်လည် ပါဝင်လာမည် https://burma.irrawaddy.com/lifestyle/entertainment/2019/08/21/201453.html Wed, 21 Aug 2019 05:31:33 +0000 https://burma.irrawaddy.com/lytbox/?p=201453 သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကား “The Matrix”အမေရိကန် TV ပရိုဂျူဆာနဲ့ ဒါရိုက်တာ တဦးဖြစ်တဲ့ Lana Wachowski က ဒီရုပ်ရှင်ကို ရိုက်ကူးမှာဖြစ်ပြီး သူကိုယ်တိုင် ဇာတ်ညွှန်း ရေးသားပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ]]> သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကား “The Matrix”

သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကားဖြစ်တဲ့ “The Matrix” ဟာ စတုတ္ထမြောက် ရုပ်ရှင်အနေနဲ့ ပြန်လည် ထွက်ပေါ်လာတော့မှာဖြစ်ပြီး ကွန်ဖူး ကန်ချက်တွေနဲ့ မျက်မှန်အနက် ဝတ်ဆင်ထားတဲ့ ဟီးရိုး Neo အဖြစ် မင်းသား Keanu Reeves ပါဝင်လာမယ်လို့ Warner Bros ကနေ သြဂုတ်လ ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန် TV ပရိုဂျူဆာနဲ့ ဒါရိုက်တာ တဦးဖြစ်တဲ့ Lana Wachowski က ဒီရုပ်ရှင်ကို ရိုက်ကူးမှာဖြစ်ပြီး သူကိုယ်တိုင် ဇာတ်ညွှန်း ရေးသားပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ စက်ပစ္စည်းတွေကြောင့် Virtual Reality လောကထဲမှာ ပိတ်မိခဲ့ကြတဲ့ လူသားတွေအကြောင်း ရိုက်ကူးထားတဲ့ အဲ့ဒီရုပ်ရှင် စီးရီးဟာ ကမ္ဘာတဝန်းကနေ ဝင်ငွေ ဒေါ်လာ ၁ ဒဿမ ၆ ဘီလီယံလောက် ရရှိခဲ့ပါတယ်။

စတူဒီယိုဥက္ကဋ္ဌ Toby Emmerich က “Lana နဲ့အတူ The Matrix လောကထဲကို ပြန်ဝင်လာရတာ ကျနော်တို့ ပိုစိတ်လှုပ်ရှားရပါတယ်။ Lana ဟာ ထူးခြားတဲ့ အမြင်ရှိသူ ဖြစ်ပါတယ်။ မူလလက်ရင်း ဖန်တီးရှင် ဒါရိုက်တာလည်း ဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ Lana နဲ့ သူ့ရဲ့ ညီမ Lilly တို့ဟာ မူရင်း ၃ ကားတွဲ ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

အခုလာမယ့် ရုပ်ရှင်အသစ်ကတော့ နောက်ဆက်တွဲ ဇာတ်လမ်းအနေနဲ့ ရုပ်ရှင်ဖြစ်မလား ဆိုတာကိုတော့ Warner Bros က သေချာရှင်းလင်းခဲ့တာ မရှိပေမယ့် “The Matrix” ရုပ်ရှင်တွေထဲက လောကထဲမှာပဲ ဇာတ်အိမ်တည်မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဖြန့်ချိမယ့် ရက်ကို ထုတ်ပြန်ခဲ့တာတော့ မရှိခဲ့ပါဘူး။

သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ရုပ်ရှင်ထုတ်လုပ်ရေးကို ၂၀၂၀ ပြည့်နှစ်ထဲမှာ စတင်မယ်လို့ သိရပါတယ်။ မူရင်းရုပ်ရှင်တွေကတော့ ခေတ်ပြိုင်ကမ္ဘာလို့ တင်စားရမယ့် Virtual Reality အမျိုးအစား Matrix ကမ္ဘာထဲမှာ လူသားတွေဟာ ကျွန်ပြုခံထားရပြီး ဉာဏ်ရည်ကောင်းတဲ့ စက်ရုပ်တွေကို ယှဉ်ပြိုင်ဖို့ သူပုန်တပ်ဖွဲ့ တဖွဲ့ အကြောင်း ဇာတ်အိမ်တည်ထားခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံး Matrix ရုပ်ရှင်ကို ရုံတင်ခဲ့တဲ့ နှစ် ၂၀ ပြည့် နှစ်ပတ်လည်အနေနဲ့ အမေရိကန်နိုင်ငံက ရုပ်ရှင်ရုံတချို့မှာ သြဂုတ်လ ၃၀ ရက်ကနေစလို့ အထူးပွဲစဉ်အနေနဲ့ ပြန်လည် ပြသသွားဖို့လည်း ရှိပါတယ်။

Ref: asiaone

]]>
မင်းသား Keanu Reeves ဟောလိဝုဒ်ကနေ ယူကေနိုင်ငံဆီ ပြောင်းရွှေ့ဖို့ စီစဉ်နေ https://burma.irrawaddy.com/lifestyle/entertainment/2019/08/06/200050.html Tue, 06 Aug 2019 06:51:54 +0000 https://burma.irrawaddy.com/lytbox/?p=200050 မင်းသား Keanu Reevesအခုတော့ မင်းသားဟာ ပြီးပြည့်စုံတဲ့ အော်ဂဲနစ်ခြံနဲ့ မြေကွက်တခုကို ရှာဖွေနေပြီး ပိုက်ဆံ ဒေါ်လာ သန်းနဲ့ ချီ သုံးဖို့ရှိတယ်လို့ သူငယ်ချင်းတွေကို ပြောဆိုထားတယ်လို့ သိရပါတယ်။]]> မင်းသား Keanu Reeves

နာမည်ကျော် ဇာတ်ကားတွေနဲ့ ပရိသတ်ရှေ့ အရောက်ပြန်လာခဲ့တဲ့ မင်းသား Keanu Reeves ကတော့ ဟောလိဝုဒ်ကနေ ထွက်ပြေးဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

သူဟာ အင်္ဂလန်နိုင်ငံအလယ်ပိုင်းက Cotswolds ဒေသမှာရှိတဲ့ အိမ်ခြံမြေတခုကို ရှာဖွေဖို့ တိတ်တဆိတ်သွားရောက်ခဲ့တယ်လို့ The Sun သတင်းစာမှာ ဖော်ပြထားပါတယ်။ အရင်တုန်းကတော့ မင်းသားဟာ အမြဲ တရားမထိုင်ဖြစ်ပေမယ့် သူ့ရဲ့စိတ်အခြေအနေအတွက် အကျိုးရှိမယ့် တရားထိုင် ရှုမှတ်ဖို့ နေရာရှာနေတဲ့ အကြောင်း ပြောကြားခဲ့ဖူးပါတယ်။

အဲ့ဒီတုန်းက သူက “ကျနော်က တကြိမ်တည်းနဲ့ သဘောတွေ့သွားခဲ့တယ်။ ကျနော် ပုံမှန်တော့ တရားမထိုင်ဖြစ်ပါဘူး။ ဒါပေမဲ့ ကျနော် ထောက်ခံချက်ပေးပါတယ်။ တော်တော်လေးကို စိတ်ငြိမ်စေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

မင်းသားဟာ သူ့ရဲ့ မော်တော်ဆိုင်ကယ်နဲ့ လမ်းမထက်မှာ မောင်းနှင်ရတဲ့ အရသာကို ကြိုက်နှစ်သက်တယ်လို့လည်း ဆိုပါတယ်။ သူက “ကျနော်က တုန်ခါနေရတာ၊ လှုပ်ရှားနေရတာ၊ လွတ်လပ်ရတာကိုသဘောကျပါတယ်။ တော်တော်လေးကို ပျော်ဖို့ကောင်းပါတယ်”လို့ ဆိုပါတယ်။

အခုတော့ မင်းသားဟာ ပြီးပြည့်စုံတဲ့ အော်ဂဲနစ်ခြံနဲ့ မြေကွက်တခုကို ရှာဖွေနေပြီး ပိုက်ဆံ ဒေါ်လာ သန်းနဲ့ ချီ သုံးဖို့ရှိတယ်လို့ သူငယ်ချင်းတွေကို ပြောဆိုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် သွားရေးလာရေး လွယ်ကူစေဖို့ ရဟတ်ယာဉ်ကွင်း တကွင်းကိုလည်း ထည့်သွင်း တည်ဆောက်မယ်လို့ ဆိုပါတယ်။

အဲ့ဒီဒေသမှာ နာမည်ကျော်တွေဖြစ်တဲ့ မင်းသမီး Elizabeth Hurley၊ ဖက်ရှင်ဒီဇိုင်နာ Stella McCartney နဲ့ မင်းသမီး Kate Moss တို့လည်း နေထိုင်ကြပါတယ်။

ပြီးတော့ သူဝယ်ယူမယ့် အိမ်နေရာဟာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းဒေးဗစ် ကင်မရွန်းကနေ ဒေးဗစ်ဘက်ခမ်းတို့ မိသားစုတွေအထိ လာရောက်လေ့ရှိတဲ့ Soho Farmhouse ဆိုတဲ့ လယ်တောအိမ် ဟိုတယ်နဲ့ ၁ နာရီလောက်ပဲ ကားမောင်းရတဲ့နေရာမှာ ရှိပါတယ်။

အင်္ဂလိပ်မိခင်တဦးကနေ မွေးဖွားခဲ့တဲ့ မင်းသား Keanu ဟာ အမေရိကန်မှာ နေထိုင်ရာ ပျင်းရိငြီးငွေ့လာခဲ့ပြီး ယူကေနိုင်ငံမှာလည်း အချိန်ကာလတခု နေထိုင်လိုတယ်လို့ ဆိုပါတယ်။ မင်းသားရဲ့ဟောလိဝုဒ်က လက်ရှိ နေအိမ်ဟာ ဘတ်စ်ကား နယ်လှည့်ခရီးစဉ်တွေအတွက် အဓိကရပ်နားရာ နေရာ ဖြစ်ပြီး တန်ကြေးပေါင် ၆ ဒသမ ၅ သန်း ရှိပါတယ်။

Ref. thesun.co.uk

You may also like these stories:

မင်းသား Keanu Reeves အကြောင်း သင်မသိသေးတဲ့ အချက် ၅ ချက်

စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ဖို့ Marvel ရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့ Keanu Reeves

အထီးကျန်သူ ဖြစ်ကြောင်း Keanu Reeves ဖြေခဲ့တဲ့ အင်တာဗျူးဟာ လုပ်ကြံဇာတ်လမ်း တခုသာဖြစ်

]]>
စူပါဟီးရိုးအဖြစ် သရုပ်ဆောင်ဖို့ Marvel ရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့ Keanu Reeves https://burma.irrawaddy.com/lifestyle/2019/06/20/195416.html Thu, 20 Jun 2019 09:28:48 +0000 https://burma.irrawaddy.com/lytbox/?p=195416 မင်းသား Keanu ReevesMarvel ကတော့ “Dr. Strange” နဲ့ “Black Panther” တို့ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေကို ရိုက်ဖို့ ရှိနေပါတယ်။]]> မင်းသား Keanu Reeves

တကယ်လို့ Marvel စတူဒီယိုသာ သူတို့ ကြိုက်တဲ့ လမ်းလျှောက်မယ်ဆိုရင်တော့ မင်းသား Keanu Reeves ဟာ Marvel Cinematic Universe ထဲဝင်လာပြီး Marvel ဟီးရိုးတယောက် ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

ComicBook.com မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ စတူဒီယိုအကြီးအကဲ Kevin Feige က မင်းသား Reeves ဟာ Marvel ရဲ့ စိတ်ကူးထဲက စဉ်းစားထားသူ ဖြစ်တဲ့အကြောင်း တချိန်ကျရင် သူ့ကို ဖိတ်ခေါ်ဖို့ ရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

Feige က “ကျနော်တို့ ဖန်တီးခဲ့တဲ့ ရုပ်ရှင်အားလုံးနီးပါးတိုင်မှာ သူ့ကို ကျနော်တို့ ပြောခဲ့ပါတယ်။ သူဘယ်အချိန် MCU ထဲကို ဝင်မလဲဆိုတာကိုတော့ ကျနော်တို့မသိပါဘူး။ ဒါပေမဲ့ အဲ့ဒီလိုဖြစ်လာဖို့ ကျနော်တို့ တကယ့်ကိုပဲ ကြိုးပမ်းလုပ်ဆောင်ချင်နေတာပါ” လို့ ပြောပါတယ်။

ဘယ်ရုပ်ရှင်မှာ ဘာဇာတ်ကောင်ကို သရုပ်ဆောင်မယ်ဆိုတဲ့ အသေးစိတ် အကြောင်းအရာကိုတော့ မဆွေးနွေးရသေးပေမယ့် ပရိသတ်တွေကတော့ Marvel ရုပ်ရှင်မှာ မင်းသား Reeves ကို တွေ့မြင်ချင်ကြတယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။

အဲ့ဒီလိုမဖြစ်လာခဲ့ရင်တောင် မင်းသား Reeves ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က သရုပ်ဆောင်ခဲ့တဲ့ “Bill & Ted” ရုပ်ရှင်မှာ ပြန်လည် ပါဝင်လာမှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နွေရာသီကာလမှာ ရုံတင်ဖို့ ရှိနေပါတယ်။ Marvel ကတော့ “Dr. Strange” နဲ့ “Black Panther” တို့ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေကို ရိုက်ဖို့ ရှိနေပါတယ်။

ဒါ့အပြင် မင်းသမီး Scarlett Johansson ပါဝင်မယ့် “Black Widow” ရုပ်ရှင်နဲ့ မင်းသမီး အန်ဂျလီနာဂျိုလီ ပါဝင်မယ်လို့ ဆွေးနွေးနေတဲ့ “The Eternals” ရုပ်ရှင်တွေကိုလည်း ထပ်ထုတ်သွားဖို့ ရှိနေပါတယ်။

Ref: etcanada

You may also like these stories:

“Avengers: Endgame” ရုပ်ရှင်ကို အိန္ဒိယသီချင်းနဲ့ ဂုဏ်ပြုလိုက်တဲ့ AR Rahman

အထီးကျန်သူ ဖြစ်ကြောင်း Keanu Reeves ဖြေခဲ့တဲ့ အင်တာဗျူးဟာ လုပ်ကြံဇာတ်လမ်း တခုသာဖြစ်

မွတ်စလင် စူပါဟီးရိုး “Ms.Marvel” အကြောင်းရုပ်ရှင် ရိုက်ကူးရန် ပြင်ဆင်နေပြီဟုဆို

“Batman” သရုပ်ဆောင်အဖြစ် မင်းသား Robert Pattinson ကို ရွေးချယ်

]]>
Wolverine အဖြစ် သရုပ်ဆောင်ချင်တယ်လို့ မင်းသား Keanu Reeves ထုတ်ပြော https://burma.irrawaddy.com/lifestyle/entertainment/2018/12/21/178128.html Fri, 21 Dec 2018 05:11:11 +0000 https://burma.irrawaddy.com/lytbox/?p=178128 Wolverine အဖြစ် သရုပ်ဆောင်ချင်တဲ့ မင်းသား Keanu Reevesအသက် ၅၄ နှစ်အရွယ် မင်းသား Keanu ကတော့ သူဟာ အဲဒီ့နေရာမှာ သရုပ်ဆောင်ဖို့ စိတ်ဝင်စားတဲ့အကြောင်း ScreenGreek.net ရဲ့မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ ]]> Wolverine အဖြစ် သရုပ်ဆောင်ချင်တဲ့ မင်းသား Keanu Reeves

မင်းသား Hugh Jackman က အချိန် ၁၇ နှစ်ကြာ သရုပ်ဆောင်ခဲ့တဲ့ X-Men ဇာတ်ကောင် Wolverine ဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်ချင်တယ်လို့ မင်းသား Keanu Reeves ကပြောကြားလိုက်ပါတယ်။

မင်းသား Jackman က အချိန်ကြာမြင့်စွာ သူ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်ကနေ နုတ်ထွက်တော့မယ်လို့ ကြေညာထားခဲ့ပြီးလည်း ဖြစ်ပါတယ်။ အဲဒီဇာတ်ရုပ်ဟာ အသက် ၅၀ အရွယ် သြစတြေးလျမင်းသားကို နာမည်ကျော်ကြား သွားစေခဲ့ပြီး နှစ်ပေါင်း ၁၇ နှစ်အတွင်း ရုပ်ရှင် ၉ ခုမှာ သရုပ်ဆောင်စေခဲ့ရပါတယ်။

အသက် ၅၄ နှစ်အရွယ် မင်းသား Keanu ကတော့ သူဟာ အဲဒီ့နေရာမှာ သရုပ်ဆောင်ဖို့ စိတ်ဝင်စားတဲ့အကြောင်း ScreenGreek.net ရဲ့မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

မင်းသား Ben Affleck နုတ်ထွက်သွားတဲ့ လင်းနို့လူသားဇာတ်ကောင်နဲ့ မင်းသား Jackman နုတ်ထွက်သွားတဲ့ Wolverine နှစ်ခုထဲက တခုကို သရုပ်ဆောင်ဖို့ စိတ်ဝင်စားပါသလားဆိုတဲ့ မေးခွန်းကို အခုလိုမျိုးပြန်လည်ဖြေကြားခဲ့တာပါ။ သူက “နှစ်ခုထဲက ဆိုရင် ကျနော်က Wolverine အဖြစ် သရုပ်ဆောင်ဖို့ သဘောကျပါတယ်”လို့ ဆိုပါတယ်။

အက်ရှင်မင်းသား Keanu က Wolverine နဲ့ Batman ဇာတ်ရုပ်တွေကို ကမ်းလှမ်းလာခဲ့အချိန်မှာ လက်မခံခဲ့တာက အမှန်မဟုတ်ဘဲ သူ့ကို သရုပ်ဆောင်အဖြစ် ရွေးချယ်ခဲ့ခြင်းမရှိခဲ့ခြင်း အကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ သူက “ကျနော်လက်မခံခဲ့ဘူးဆိုတာ မဟုတ်ပါဘူး”လို့ ပြောဆိုထားတာပါ။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ မင်းသား Jackman ဟာ Wolverine (သို့) Logan အဖြစ် နောက်ဆုံး သရုပ်ဆောင်ခြင်းဖြစ်တဲ့ အကြောင်း နယူးယောက်တိုင်းမ် သတင်းစာကို ပြောကြားခဲ့ပါတယ်။ သူက “တယောက်ယောက်က Wolverine နေရာမှာ သရုပ်ဆောင်မှာပါ”လို့ ပြောဆိုခဲ့တာပါ။

Jackman ဟာ ပထမဆုံး X-Men ရုပ်ရှင်မှာ Wolverine အဖြစ် ပထမဆုံး သရုပ်ဆောင်ခဲ့ရာကနေ နောက်ထပ် ရုပ်ရှင် ၈ ခုမှာ ထပ်မံသရုပ်ဆောင်ခဲ့သလို X-Men ရဲ့ဇာတ်ကောင်တခုတည်းကို အသားပေးတဲ့ ရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီလိုပဲ မင်းသား Ben Affleck ကလည်း လင်းနို့လူသား အဖြစ်သရုပ်ဆောင်မှုကနေ နုတ်ထွက်တော့မယ်လို့ ပြောဆိုထားပြီးဖြစ်ပါတယ်။

Ref:Dailymail

]]>
ပရဟိတ လှူဒါန်းမှုတွေကို လျှို့ဝှက်လုပ်ဆောင်လေ့ ရှိတဲ့ မင်းသား Keanu Reeves https://burma.irrawaddy.com/lifestyle/entertainment/2018/12/17/177665.html Mon, 17 Dec 2018 05:54:36 +0000 https://burma.irrawaddy.com/lytbox/?p=177665 မင်းသား Keanu Reevesမင်းသား Reeves ကတော့ အခုလတ်တလောမှာ တခြားသူတွေအပေါ် ပြသခဲ့တဲ့ သူ့ရဲ့ ကြင်နာမှုနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ လူချစ်ခံရတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်လာပါတယ်။]]> မင်းသား Keanu Reeves

တချို့သော အနုပညာကြယ်ပွင့်တွေဟာ ပရဟိတ ပြုလုပ်တဲ့အကြောင်းကို လူသိရှင်ကြားပြောကြားကြသလို တချို့ကတော့ လျှို့လျှို့ဝှက်ဝှက်နဲ့ သူတို့အမည်ကိုတောင် မဖော်ဘဲ လှူဒါန်းမှုပြုလုပ်ကြတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ နာမည်ကျော် ဟောလိဝုဒ်မင်းသား Keanu Reeves ကတော့ သူ့ရဲ့ကောင်းမှုကုသိုလ် လှူဒါန်းမှုတွကို ပြုလုပ်တဲ့အခါ လျှို့ဝျက်ပြီး လုပ်ဆောင်တယ်လို့ ဆိုပါတယ်။

အသက် ၅၄ နှစ်အရွယ် မင်းသား Reeves ကတော့ သူစတင်ခဲ့တဲ့ ပုဂ္ဂလိကဖောင်ဒေးရှင်းတခုကနေ ပရဟိတ လှူဒါန်းထာက်ပံ့မှုတွေကို ဘယ်လိုပြုလုပ်ခဲ့တယ် ဆိုတာကို ပြောပြခဲ့ပါတယ်။ Snopes မီဒီယာရဲ့ အဆိုအရ ၂၀၀၉ ခုနှစ်မှာ Ladies Home ဂျာနယ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အဲဒီ အကြောင်းကို ပြောပြခဲ့ဖူးပါတယ်။

မင်းသားက “၅ နှစ်၊ ၆ နှစ်လောက် ရှိပြီဖြစ်တဲ့ ပုဂ္ဂလိကဖောင်ဒေးရှင်းတခု ကျနော့်မှာ ရှိပါတယ်။ ပြီးတော့ ကလေးဆေးရုံ ၂ ခုနဲ့ ကင်ဆာသုတေသနအတွက် အကူအညီတွေကိုထောက်ပံ့ပေးပါတယ်။ အဲဒီမှာ ကျနော့်နာမည်မတပ်ချင်ပါဘူး။ဖောင်ဒေးရှင်းလုပ်တဲ့အတိုင်းပဲ ခွင့်ပြုထားတာပါ” လို့ ပြောဆိုခဲ့ပါတယ်။

မင်းသား Reeves ကတော့ အခုလတ်တလောမှာ တခြားသူတွေအပေါ် ပြသခဲ့တဲ့ သူ့ရဲ့ ကြင်နာမှုနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ လူချစ်ခံရတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်လာပါတယ်။ ကနေဒါမင်းသားဟာ အဲဒီ ပရဟိတလှူဒါန်းမှုတွေနဲ့ ပတ်သက်လို့ ဘယ်တုန်းကမှ ကြီးကြီးကျယ်ကျယ်နဲ့ ကြွားကြွားဝါဝါ ပြောဆိုခဲ့ဖူးခြင် းမရှိခဲ့ပေမယ့် သူ့ရဲ့ လှူဒါန်းမှုတွေကို ခံယူခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေကနေ တဆင့်ကျေးဇူးတင်ကြောင်း ပြောဆိုမှုတွေဟာ တွစ်တာလိုမျိုး လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တာပါ။

၂၀၁၉ ခုနှစ်ကတော့ မင်းသားအတွက် ထူးခြားတဲ့ နှစ်တနှစ် ဖြစ်လာမှာပါ။ သူဟာ “John Wick 3:Parabellum” နဲ့ “Always Be My Maybe” တို့လိုမျိုး ရုံဝင်ငွေကောင်းနိုင်တဲ့ ရုပ်ရှင်တွေမှာ ပါဝင်ထားပါတယ်။ ဒါ့အပြင် လူအများစိတ်ဝင်စားနေတဲ့ “Toy Story 4” မှာ အသံ သရုပ်ဆောင်ထားပါသေးတယ်။

Ref: etcanada

]]>