Miss Golden Land Myanmar Archives - ဧရာဝတီ https://burma.irrawaddy.com/tag/miss-golden-land-myanmar Covering Burma and Southeast Asia Tue, 18 Jul 2023 23:33:02 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Miss Golden Land Myanmar Archives - ဧရာဝတီ https://burma.irrawaddy.com/tag/miss-golden-land-myanmar 32 32 “တော်လှန်ရေး မုချ အောင်မြင်မယ်လို့ အပြည့်အဝ ယုံကြည်တယ်” https://burma.irrawaddy.com/lifestyle/entertainment/2021/06/14/242858.html Mon, 14 Jun 2021 05:21:19 +0000 https://burma.irrawaddy.com/lytbox/?p=242858 ကိုဝေယံအောင်  / Pageant by Wai Yan Page ပြန့်ကျဲနေတဲ့ အင်အားတွေကို စည်းစည်းလုံးလုံးနဲ့ ပေါင်းစုပြီးတော့ တိုက်ပွဲဝင်မယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပန်းတိုင်ဟာ အလျင်မြန်ဆုံး ရောက်နိုင်ရှိမှာ ဖြစ်ပါတယ်”]]> ကိုဝေယံအောင်  / Pageant by Wai Yan Page

ထိုင်း-မြန်မာ နယ်စပ် တနေရာမှာ Gen Z အဖွဲ့ဝင်များနဲ့အတူ ရောက်ရှိနေတဲ့ Miss Golden Land Myanmar Organization ရဲ့ CEO & Founder ကိုဝေယံအောင်က သူရွေးချယ်ခဲ့တဲ့ လမ်းဟာ အောင်မြင်မှု ရမယ်လို့ အပြည့်အဝ ယုံကြည်ထားကြောင်း ဆိုပါတယ်။

“ကျနော် ရွေးချယ်ခဲ့တဲ့လမ်းက အောင်မြင်မှုရမယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ပြည်သူ့အစိုးရ (NUG) ရှိတယ်။ ပြည်သူ့တပ်မတော် (PDF) ရှိတယ်။ နောက်ပြီး ကျနော်တို့ရဲ့ ညီအစ်ကို မောင်နှမ EAOs (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း) တွေ ရှိတယ်”

“မြန်မာတပြည်လုံးက ပြည်သူ မောင်နှမ အားလုံးကလည်း တညီတညွတ်တည်း စစ်အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းဖို့ ရရာ နည်းလမ်းမျိုးစုံနဲ့ တော်လှန်နေကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ အရေးတော်ပုံဟာ မုချ အောင်နိုင်မှာ ဖြစ်ပါတယ်”လို့ ကိုဝေယံအောင်က ပြောပါတယ်။

သို့ပေမယ့်လည်း အရေးတော်ပုံ အောင်နိုင်ရေးကို နှောင့်နှေး ကြန့်ကြာစေတဲ့ အကြောင်းအရာတွေကိုတော့ မလုပ်မိအောင် သတိထားဖို့ လိုတယ်လို့ ကိုဝေယံအောင်က ဆိုပါတယ်။

ကိုဝေယံအောင် (ဓာတ်ပုံ – Pageant by Wai Yan Page)

“ဒီနေရာမှာ ကျနော်တို့ရဲ့ အရေးတော်ပုံ အောင်နိုင်ရေးကို နှောင့်နှေး ကြန့်ကြာစေတဲ့ အကြောင်းတရားတွေကိုတော့ မလုပ်မိအောင် သတိထား ဆင်ခြင်ဖို့ လိုပါတယ်။ အဲဒါကတော့ ကျနော်တို့ရဲ့ မတူကွဲပြားမှုတွေ အပေါ်မှာ အချင်းချင်း အပြစ်တင် ရှုတ်ချနေခြင်း ဖြစ်ပါတယ်”

“ကျနော်တို့အနေနဲ့ မတူ ကွဲပြားမှုတွေကို အပြန်အလှန် နားလည်ပြီးတော့ တူညီတဲ့ ဘုံခံယူချက်အတွက် စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲ ဝင်သွားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ကျနော်တို့အနေနဲ့ ပြန့်ကျဲနေတဲ့ အင်အားတွေကို စည်းစည်းလုံးလုံးနဲ့ ပေါင်းစုပြီးတော့ တိုက်ပွဲဝင်မယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပန်းတိုင်ဟာ အလျင်မြန်ဆုံး ရောက်နိုင်ရှိမှာ ဖြစ်ပါတယ်”လို့ ကိုဝေယံအောင်က ပြောပါတယ်။

အလှမယ်တွေကို မွေးထုတ်ပေးနေတဲ့ CEO တယောက်အနေနဲ့ တော်လှန်ရေး လုပ်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ရလဲဆိုတာကိုလည်း ကိုဝေယံအောင်က အခုလိုပဲ ဆိုထားပါတယ်။

ကိုဝေယံအောင် (ဓာတ်ပုံ – Pageant by Wai Yan Page)

“ကျနော့်အနေနဲ့ စစ်အာဏာရှင် စနစ်ဆိုးရဲ့အောက်မှာ လုံးဝ မနေနိုင်ပါဘူး။ ကျနော်တို့ ကြိုးစားခဲ့တဲ့ အရာတွေ၊ ကျနော်တို့ ရှေ့ဆက်လျှောက်မယ့် ရည်မှန်းချက်တွေ အားလုံးဟာ အာဏာသိမ်းခံလိုက်ရတဲ့ အချိန်ကစပြီး အစိတ်စိတ် အမွှာမွှာ ရိုက်ချိုးခံလိုက်ရသလိုပါပဲ။

“ထိုနည်းတူစွာပါပဲ။ ကျနော်တို့ ပြည်သူတွေရဲ့ အနာဂတ်၊ ကျနော်တို့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်၊ ရည်မှန်းချက်တွေ အားလုံးဟာလည်း ဖျက်ဆီးခြင်း ခံလိုက်ရပါတယ်။။ ဒါကြောင့်မို့လို့ ဒီအချိန်မှာ ကျနော်တို့ ဗမာလူမျိုးတွေသာမက တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အားလုံး လိုချင်နေတဲ့ ဖက်ဒရယ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ အပြည့်အဝ ရရှိဖို့အတွက် ကျနော်တို့ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ကိုဝေယံအောင်က စစ်အာဏာရှင် တော်လှန်ရေးကို မုချအောင်မြင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပြီး၊ အဲဒီ ယုံကြည်ချက်၊ ခံယူချက်နဲ့ စိတ်ဓာတ်တွေကပဲ တွန်းအား ဖြစ်စေခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ရဲ့ တော်လှန်ရေးဟာလည်း မုချအောင်မြင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်။ ဒီယုံကြည်ချက်၊ ခံယူချက်နဲ့ စိတ်ဓာတ်တွေဟာ ကျနော် အခုလို တောထဲကနေမှ တော်လှန်ရေး လုပ်ဖို့အတွက် အဓိက တွန်းအားတွေ ဖြစ်စေခဲ့တာပါ”လို့ ကိုဝေယံအောင်က ပြောထားပါတယ်။

You may also like these stories:

စစ်ကောင်စီကို ငွေချေးရန် တရုတ်နောက်ခံ အာရှဘဏ် တံခါးဖွင့်ထား

NUG ကို ထိတွေ့ဆက်ဆံမှု မပြုသည့် အပေါ် စိုးရိမ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးထံ စာပို့

]]>
“အုပ်တချပ် သဲတပွင့် တာဝန်ယူပေးနိုင်တာကို ကျေနပ်နေမိတယ်” https://burma.irrawaddy.com/lifestyle/entertainment/2021/06/07/242607.html Mon, 07 Jun 2021 05:23:31 +0000 https://burma.irrawaddy.com/lytbox/?p=242607 ကိုဝေယံအောင်  / Pageant by Wai Yan Page “ဆုံးရှုံးသွားခဲ့ရတဲ့ ရာထူးစည်းစိမ် ဥစ္စာတွေက ကိုယ့်မှာ ဉာဏ်ပညာရှိနေသရွေ့ ပြန်ရှာလို့ရပါတယ်။ ဓမ္မဘက်က ရပ်တည်ပြီး လူပီသနိုင်ဖို့က ရာထူး စည်းစိမ်ဥစ္စာတွေထက် ပိုအရေးကြီးတယ်။ ]]> ကိုဝေယံအောင်  / Pageant by Wai Yan Page

ထိုင်း-မြန်မာ နယ်စပ် တနေရာမှာ Gen Z အဖွဲ့ဝင်များနဲ့အတူ ရောက်ရှိနေတဲ့ Miss Golden Land Myanmar Organization ရဲ့ CEO & Founder ကိုဝေယံအောင်က နောက်မျိုးဆက်တွေအတွက် လုပ်သင့်လုပ်ထိုက်တာကို တတ်နိုင်တဲ့ဘက်ကနေ လုပ်နိုင်တာကို တွေးပြီး ကျေနပ်မိတယ်လို့ ဆိုပါတယ်။

“ဒီအချိန်မှာ ကိုယ်ဟာ ပေးဆပ် စွန့်လွှတ်ခဲ့ရပါတယ်၊ အဆုံးရှုံး အနစ်နာခံခဲ့ရပါတယ်လို့ မတွေးဘဲ နိုင်ငံသားတယောက်အနေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူတွေအတွက် ပြီးတော့ နောက်မျိုးဆက်သစ်တွေအတွက် လုပ်သင့်လုပ်ထိုက်တာကို ကိုယ်တတ်နိုင်တဲ့ဘက်က အုတ်တချပ် သဲတပွင့် တာဝန်ယူပေးနိုင်တာကိုပဲ တွေးပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမိတယ်”လို့ ကိုဝေယံအောင်က ဆိုပါတယ်။

ကြုံတွေ့နေရတဲ့ အခက်အခဲကို ညည်းညူချင်လာတိုင်း အသက်ပေးခဲ့သူတွေနဲ့ မတရားဖမ်းဆီး ခံထားရသူတွေအတွက် အားနာမိတယ်လို့ သူက ဆိုပါတယ်။

ကိုဝေယံအောင် (ဓာတ်ပုံ – Pageant by Wai Yan Page)

“အစကတည်းက ဒီလိုသာ မလုပ်ခဲ့မိရင်လည်း နောင်တရနေမိမှာ အမှန်ပဲ။ ဒီတော့ ဖြစ်ပြီးခဲ့တာတွေအတွက် No Drama ။ ကိုယ်ကြုံတွေ့ရတဲ့ အခက်အခဲလောက်ကို ညည်းညူချင်လာတဲ့အခါတိုင်း အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သူရဲကောင်းတွေကိုပဲ အားနာမိတယ်”

“ဆုံးရှုံးသွားခဲ့ရတဲ့ ရာထူးစည်းစိမ် ဥစ္စာတွေက ကိုယ့်မှာ ဉာဏ်ပညာရှိနေသရွေ့ ပြန်ရှာလို့ရပါတယ်။ ဓမ္မဘက်က ရပ်တည်ပြီး လူပီသနိုင်ဖို့က ရာထူး စည်းစိမ်ဥစ္စာတွေထက် ပိုအရေးကြီးတယ်။ ကျနော်ကတော့ လုပ်သင့် လုပ်ထိုက်တာကို တွေဝေခြင်းမရှိ ဆက်လုပ်သွားပါ့မယ်ခင်ဗျာ”လို့ ကိုဝေယံအောင်က ပြောပါတယ်။

စစ်အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းဖို့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်နေကြသူတွေ အားလုံးကိုလည်း လေးစား ဂုဏ်ယူတယ်လို့ သူက ဆိုပါတယ်။

ကိုဝေယံအောင် (ဓာတ်ပုံ – Pageant by Wai Yan Page)

“စစ်အာဏာရူးတွေကို အမြစ်ဖြတ် ချေမှုန်းဖို့ ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ ပါဝင်အားဖြည့်နေကြသူ အားလုံးကိုလည်း လေးစားဂုဏ်ယူလျက်ပါဗျ။ အရေးတော်ပုံ မုချ အောင်ရမည်”လို့ ကိုဝေယံအောင်က ပြောပါတယ်။

ဆက်လက်ပြီး ကိုဝေယံအောင်က အရင်က ဘာသာရေး မှိုင်းတိုက်တာတွေ ခံခဲ့ရဖူးတဲ့အကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။

ကိုဝေယံအောင် (ဓာတ်ပုံ – Pageant by Wai Yan Page)

“အရင်က ဘာသာရေး မှိုင်းတိုက်တာတွေ ခံခဲ့ရဖူးတယ်။ လူမျိုးရေး ခွဲခြားတတ်တဲ့ အတွေးမှားတွေလည်း ရှိခဲ့မိတယ်။ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကို ကိုယ်တိုင် အမှန်တကယ် သက်ဝင် ယုံကြည်လာပြီးတဲ့အချိန်မှာတော့ အခြားဘာသာဝင်တွေရဲ့ ကိုးကွယ် ယုံကြည်မှုတွေအပေါ် မစော်ကားမိတော့ဘူး။ မတူကွဲပြားမှုတွေကို လေးစားရမယ်ဆိုတာ အသိတရားလည်း ဝင်လာတယ်”

“လူလူချင်း အတူတူပဲ။ ခွဲခြားဆက်ဆံတာတွေ မလုပ်သင့်ဘူး ဆိုတာကိုလည်း နားလည်လာတယ်။ အခုလို အချိန်မျိုးမှာတော့ နားလည် လက်ခံရုံတင် မဟုတ်တော့ဘူး။ အမှန်တကယ် လိုက်နာ ကျင့်သုံးနိုင်ခဲ့ပါပြီ။ အားလုံး ကျဉ်းမြောင်းတဲ့ အမြင်တွေ ပပျောက်ပြီး မတူကွဲပြားမှုတွေ ရှိနေတဲ့ ရောင်စုံပန်းခင်းကြီးထဲမှာ ငြိမ်းချမ်း သာယာစွာ အတူယှဉ်တွဲ နေထိုင်နိုင်ကြပါစေခင်ဗျာ”လို့ ကိုဝေယံအောင်က ပြောထားပါတယ်။

You may also like these stories:

“အားလုံးက စစ်ကျွန်ပညာရေးရဲ့ သားကောင် ဖြစ်ခဲ့ရတာပါ”

“နောင်တ မရှိတဲ့ ခရီးကြမ်းကို ချီတက်လာတာ (၄) လ ပြည့်ပြီ”

“တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေရဲ့ ချစ်ခြင်း မေတ္တာကို တန်ဖိုးထားနေမှာပါ”

]]>
“အားလုံးက စစ်ကျွန်ပညာရေးရဲ့ သားကောင် ဖြစ်ခဲ့ရတာပါ” https://burma.irrawaddy.com/lifestyle/entertainment/2021/06/03/242453.html Thu, 03 Jun 2021 05:45:40 +0000 https://burma.irrawaddy.com/lytbox/?p=242453 ကိုဝေယံအောင်  / Pageant by Wai Yan Page“စစ်ကျွန်ပညာရေးကို ဆန့်ကျင်ပါတယ်။ စစ်ကျွန်ပညာရေးဟာ ကျနော်တို့ မမွေးခင်ကတည်းက သန္ဓေဆိုးနဲ့ ရှင်သန်လာခဲ့တာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပါပြီ။ ]]> ကိုဝေယံအောင်  / Pageant by Wai Yan Page

ထိုင်း-မြန်မာ နယ်စပ် တနေရာက လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ Miss Golden Land Myanmar Organization ရဲ့ CEO & Founder ကိုဝေယံအောင်က ဘွဲ့ လက်မှတ် မီးရှို့ကာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကြသူတွေနဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလိုပဲ ပြောထားပါတယ်။

“ဘွဲ့လက်မှတ် မီးရှို့တဲ့သူတွေကို ဝိုင်း blame နေတာ မြင်မိလို့ပါ။ ကျနော် ဘွဲ့ရပြီးခဲ့ပြီးပြီ။ ကြွားရမယ်ဆိုရင် တက္ကသိုလ်မှာ နှစ်တိုင်းနီးပါး ပထမဆု ရယူခဲ့သူပါ။ ဘွဲ့နှင်းသဘင် အခမ်းအနား တက်ဖို့ မအားလို့ ဘွဲ့တက် မယူခဲ့ဖူးသလို ခုလို မီးရှို့ပြစရာ ဘွဲ့လက်မှတ်လည်း သွားမထုတ်ဖြစ်တာကြောင့် မရှိပါဘူး”

“ဧည့်ခန်းထဲမှာ ချိတ်စရာ ဘွဲ့ယူတဲ့ ဓာတ်ပုံတောင် ကျနော့်မှာ မရှိပါဘူး။ ဒါပေမဲ့ ကျနော် တတ်မြောက်သင်ယူထားခဲ့တဲ့ ပညာကို တန်ဖိုးထားပါတယ်။ ကိုယ်တတ်မြောက်ထားတဲ့ ပညာနဲ့ပဲ သမာ အာဇီဝနဲ့ အသက်မွေး ရပ်တည် ရှင်သန်လာသူပါ”လို့ ကိုဝေယံအောင်က ပြောပါတယ်။

ဘွဲ့လက်မှတ် မီးရှို့သူတွေကို မီးရှို့ပါလို့ မတိုက်တွန်းချင်သလို သူကိုယ်တိုင် ဘွဲ့လက်မှတ် မရှိတာကို အခုမှ သတိရတယ်လို့ ဆိုပါတယ်။

“ဒါပေမဲ့ ကိုယ့်ပညာ အရည်အချင်းဆိုတာက စာရွက် ကပ်ပြားကြီးတွေနဲ့ မဆိုင်ဘူးလားလို့။ သူ့ဟာသူ မီးပဲရှို့ရှို့၊ ဖြဲပဲပစ်ပစ် အသစ်သွားတောင်းလို့ ရတယ် မဟုတ်ဘူးလား။ ဘွဲ့လက်မှတ် မီးရှို့တဲ့သူတွေလည်း မမှားဘူး။ မီးရှို့ပါလို့လည်း မတိုက်တွန်းချင်ပါဘူး။ ကျနော်တောင် ဘွဲ့လက်မှတ် မရှိတာ ခုမှ သတိရတယ်”လို့ ကိုဝေယံအောင်က ဆိုပါတယ်။

ဆက်လက်ပြီး ကိုဝေယံအောင်က သူဟာ စစ်ကျွန်ပညာရေးအောက်မှာ နေခဲ့ရပေမယ့် ကိုယ့်ကုသိုလ်ကံ ပါရမီနဲ့ ထိုးဖောက်ခဲ့တဲ့ ပညာအရည်အချင်းကို တန်ဖိုးထားတယ်လို့ ဆိုပါတယ်။

ကိုဝေယံအောင် (ဓာတ်ပုံ – Pageant by Wai Yan Page)

“စစ်ကျွန်ပညာရေးကို ဆန့်ကျင်ပါတယ်။ စစ်ကျွန်ပညာရေးဟာ ကျနော်တို့ မမွေးခင်ကတည်းက သန္ဓေဆိုးနဲ့ ရှင်သန်လာခဲ့တာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပါပြီ။ အားလုံးလည်း စစ်ကျွန်ပညာရေးရဲ့ သားကောင် ဖြစ်ခဲ့ရတာပါ”

“သို့သော်လည်း စစ်ကျွန်ပညာရေးအောက်မှာ နေခဲ့ရပေမယ့် ကိုယ့်ကုသိုလ်ကံ ပါရမီနဲ့ ကိုယ်ထိုးဖောက်ပြီး သင်ယူ တတ်မြောက်လာခဲ့တဲ့ ကိုယ့်ပညာ အရည်အချင်းကိုတော့ တန်ဖိုးထားပါတယ်။ ဒီ အသိဉာဏ် ပညာတွေနဲ့ပဲ အခု စစ်အာဏာရှင်ကိုရော၊ စစ်ကျွန်ပညာရေးကိုရော ဆန့်ကျင် တော်လှန်နေတာပါ။ အခု ကျနော် လွတ်မြောက်နယ်မြေကနေ တော်လှန်နေတာပါ”လို့ ကိုဝေယံအောင်က ပြောထားပါတယ်။

You may also like these stories:

“တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေရဲ့ ချစ်ခြင်း မေတ္တာကို တန်ဖိုးထားနေမှာပါ”

ဒီးမော့ဆိုမှာ PDF နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာ

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ

]]>
“လားရာတူရင် ဒီတိုက်ပွဲ အောင်မြင်ပြီ”လို့ ဟန်ဇော်လတ် ပြော https://burma.irrawaddy.com/lifestyle/entertainment/2021/05/21/242074.html Fri, 21 May 2021 08:35:21 +0000 https://burma.irrawaddy.com/lytbox/?p=242074 Gen Z Burma အဖွဲ့ဝင် ကိုဟန်ဇော်လတ်  / Han Zaw Latt's Facebook “ဆန္ဒနဲ့ ပိတ်မိနေတဲ့ အတွေးတွေထဲက သားကောင် ထပ်မဖြစ်စေနဲ့တော့။ ရန်သူက ဒီအချက်တွေကို အဓိက လက်နက်အနေနဲ့ အသုံးချလာတာ နှစ် ၇၀ တောင် ကျော်ပြီနော်။]]> Gen Z Burma အဖွဲ့ဝင် ကိုဟန်ဇော်လတ်  / Han Zaw Latt's Facebook

စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ထိုင်း-မြန်မာ နယ်စပ်ကို ရောက်ရှိနေတဲ့ Gen Z Burma အဖွဲ့ဝင် Miss Golden Land Myanmar Organization ရဲ့ CEO ကိုဟန်ဇော်လတ်က ပြည်သူတွေအနေနဲ့ လာရာ မတူညီပေမယ့် လားရာ ဦးတည်ချက် တူမယ်ဆိုရင် စစ်အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းနိုင်မယ်လို့ ဆိုပါတယ်။

“ဤခရီးနီးသလားဆို တို့ပြည်သူတွေ ညီရင် မဝေးပါဘူး။ ဤခရီးကြမ်းသလားဆို တို့ပြည်သူတွေ ညီရင် မကြမ်းပါဘူး။ ဤခရီးမှာ လာခဲ့တဲ့ ဒေသတွေ၊ လာခဲ့တဲ့ ခံယူချက်တွေ မတူညီနိုင်တာတွေအပေါ် လက်ညိုးထိုးထောက်ပြနေပြီ၊ ယုံကြည်မှု တည်ဆောက်ဖို့ ဝေးနေကြမယ်ဆိုရင် ခရီးဟာရောက်မှာ သေချာပေမယ့် ကြာနေဦးမယ်”လို့ ဟန်ဇော်လတ်က ပြောပါတယ်။

ဆက်ပြီး သူက “တို့တွေအားလုံး တလှေတည်းစီး တခရီးတည်း သွားတွေပါ။ တို့အားလုံးမှာ လှော်တက် ကိုယ်စီနဲ့ပါ။ ဘယ်ကို ဦးတည်လှော်ခတ်ကြမလဲဆိုတာ တိတိကျကျ ရှိပြီးသားပါ။ လှော်တက်ကို တခြားသူတွေနဲ့ဆန့်ကျင်ပြီး လှော်တဲ့သူဆိုရင် သမိုင်းရဲ့ တရားခံ ဖြစ်လိမ့်မယ်။ လှော်တက်ကိုင်ပြီး ထိုင်လိုက်မယ်ဆို တို့ပြည်သူတွေ ခရီးပန်းလာကြလိမ့်မယ်။ ပန်းတိုင်းအတွက် တက်ညီလက်ညီ လှော်တက်ကိုယ်စီနဲ့ အားထုတ် လှော်ခတ်ကြပါ”လို့ ပြောပါတယ်။

လူငယ်တွေရဲ့ အန္တိမ ရည်ရွယ်ချက်ဟာ စစ်အာဏာရှင်စနစ် ဒီ Generation မှာ နောက်ဆုံး ဖြစ်စေရမယ်ဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်ကြမယ်လို့ ဟန်ဇော်လတ်က ဆိုပါတယ်။

Gen Z Burma အဖွဲ့ဝင် ကိုဟန်ဇော်လတ် (ဓာတ်ပုံ – Han Zaw Latt’s Facebook)

“ဆန္ဒနဲ့ ပိတ်မိနေတဲ့ အတွေးတွေထဲက သားကောင် ထပ်မဖြစ်စေနဲ့တော့။ ရန်သူက ဒီအချက်တွေကို အဓိက လက်နက်အနေနဲ့ အသုံးချလာတာ နှစ် ၇၀ တောင် ကျော်ပြီနော်။ တို့လူငယ်တွေရဲ့ အန္တိမ ရည်ရွယ်ချက်က ငါတို့ရဲ့ Generation မှာတော့ အာဏာရှင်စနစ်ဟာ နောက်ဆုံး ဖြစ်စေရမယ် ဆိုတာပဲ။ ညီညွတ်ခြင်းကို ဦးတည်ကြစို့။ စည်းလုံးခြင်းအတွက် ရှေ့ဆက်ကြစို့”လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး ယခုအရေးကို တိုင်းရင်းသားအရေး၊ ဗမာအရေးလို့ မမြင်ဘဲ ဘုံရန်သူ ဖြုတ်ချရေးလို့ မြင်ကြဖို့လည်း ဟန်ဇော်လတ်က ပြောပါတယ်။

Gen Z Burma အဖွဲ့ဝင် ကိုဟန်ဇော်လတ် (ဓာတ်ပုံ – Han Zaw Latt’s Facebook)

“တို့တိုင်းပြည်အတွက် တို့အားလုံး ရှိနေတယ်။ “ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ” ဆိုတဲ့အတိုင်း ပြည်ထောင်စုအတွက်ပါ။ မြန်မာပြည် အတွက်ပါ။ မြည်မာပြည်မှာ နေထိုင်တဲ့ တိုင်းရင်းသား အားလုံးရဲ့ အနာဂတ်အတွက်ပါ”

“တိုင်းရင်းသားအရေး၊ ဗမာအရေးလို့ သွေးကွဲ မမြင်ဘဲ ဘုံရန်သူ ဖြုတ်ချရေးလို့ မြင်ပါ။ တို့တွေ ပိုချစ်ကြမယ်။ ပိုစည်းလုံးကြမယ်။ ဘုံရန်သူကို အမြစ်ဖြတ် ချေမှုန်းပစ်ကြမယ်။ လာရာတွေ မတူညီခဲ့ရင်တောင် လားရာတူရင် ဒီတိုက်ပွဲ အောင်မြင်ပြီ။ အရေးတော်ပုံ မုချအောင်ရမည်”လို့ ဟန်ဇော်လတ်က ပြောထားပါတယ်။

“Gen Z Burma” အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဟန်ဇော်လတ်ဟာ Miss Golden Land Myanmar Organization ရဲ့ CEO & Founder လည်းဖြစ်ပြီး၊ သူဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်နေသူတဦး ဖြစ်ပါတယ်။

]]>
“တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေရဲ့ ချစ်ခြင်း မေတ္တာကို တန်ဖိုးထားနေမှာပါ” https://burma.irrawaddy.com/lifestyle/entertainment/2021/05/21/242047.html Fri, 21 May 2021 05:18:20 +0000 https://burma.irrawaddy.com/lytbox/?p=242047 ကိုဝေယံအောင်  / Pageant by Wai Yan Pageကျနော်လည်း ကျေးဇူးတင်ကြောင်းပြောပြီး ဒီပိုက်ဆံကို ကျနော်တို့အဆောင်နားက အဒေါ်တယောက် ဆေးရုံတက်ရမှာမလို့ သူ့ကို ပြန်လှူခွင့်တောင်းပြီး ပြန်လှူလိုက်ပါတယ်”]]> ကိုဝေယံအောင်  / Pageant by Wai Yan Page

Gen Z Burma အဖွဲ့ဝင်များနဲ့အတူ ထိုင်း-မြန်မာ နယ်စပ်ကို ရောက်ရှိနေတဲ့ Miss Golden Land Myanmar Organization ရဲ့ CEO & Founder တဦးဖြစ်သူ ကိုဝေယံအောင်က သူ့ဆီကို ပြည်ပကနေ တိုင်းရင်းသား အမျိုးသမီးတဦးက အလှူငွေ ပို့ပေးလိုက်တဲ့အပေါ် အခြား လိုအပ်တဲ့နေရာထံ ပြန်လှူဒါန်းလိုက်တယ်လို့ ဆိုပါတယ်။

“ပြည်ပက တိုင်းရင်းသား အစ်မတယောက် ကျနော် ရှိတဲ့နေရာကို မရရအောင် စုံစမ်းပြီး ကျနော် လိုတာသုံးလို့ရအောင် သင်တန်းသား ညီလေးတယောက်နဲ့ ပိုက်ဆံ လှမ်းပို့ပေးလိုက်တာတဲ့။ ကျနော်နဲ့ အဲဒီ အစ်မနဲ့က Facebook မှာ မိတ်ဆွေလည်း မဟုတ်၊ စကားလည်း တခါမှ မပြောဖူးတော့ မပို့ဖို့ မတားလိုက်ရဘူး”

“လာပို့တဲ့ ညီလေးကို မေးကြည့်ခါမှ အရင်နေ့ကတည်းက ကျနော့် Messenger မှာ အားပေးစကားလေးတွေ ပြောထားတာ တွေ့ရတယ်။ သူရတဲ့ လစာထဲက ပြန်လှူပေးတာပါတဲ့။ လိုတာရှိရင်လည်း တတ်နိုင်တဲ့ဘက်က ကူညီချင်ပါတယ်တဲ့။ ကျနော်လည်း ကျေးဇူးတင်ကြောင်းပြောပြီး ဒီပိုက်ဆံကို ကျနော်တို့အဆောင်နားက အဒေါ်တယောက် ဆေးရုံတက်ရမှာမလို့ သူ့ကို ပြန်လှူခွင့်တောင်းပြီး ပြန်လှူလိုက်ပါတယ်”လို့ ကိုဝေယံအောင်က ပြောပါတယ်။

ကိုဝေယံအောင်ဟာ နိုင်ငံကျော် Makeup Artist မေဦး၊ ဟန်လင်းနဲ့ Miss Golden Land Myanmar Organization ရဲ့ CEO & Founder ဖြစ်သူ ဟန်ဇော်လတ်တို့နဲ့ အတူ ထိုင်း-မြန်မာ နယ်စပ် တနေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ကိုဝေယံအောင် (ဓာတ်ပုံ – Pageant by Wai Yan Page)

“ကျနော်တို့တွေ အပြင်မှာ မသိကြပေမယ့် ဆိုရှယ်မီဒီယာကနေ ကျနော့်ကိုသိပြီး ချစ်ခင်အားပေးနေကြတဲ့ ကမ္ဘာအရပ်ရပ်က တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အားလုံးရဲ့ ချစ်ခြင်း မေတ္တာတွေကို အမြဲ တန်ဖိုးထားနေမှာပါ။ ကျနော်တို့တွေ အောင်ပွဲရတဲ့ တနေ့ အားလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် ဆုံတွေ့ချင်ပါတယ်ဗျ”လို့ ကိုဝေယံအောင်က ပြောပါတယ်။

ဆက်လက်ပြီး ကိုဝေယံအောင်က ရောက်တဲ့ နေရာတိုင်းမှာ လူချစ်လူခင်များပြီး အဆင်ပြေနေတာ၊ အခုလို ကူညီပေးမယ့်သူ ပေါများနေတာဟာ စေတနာ အကျိုးပေးလို့ပဲ မှတ်ယူတယ်လို့ ဆိုပါတယ်။

ကိုဝေယံအောင် (ဓာတ်ပုံ – Pageant by Wai Yan Page)

“ရောက်တဲ့ နေရာတိုင်းမှာ လူချစ်လူခင်များပြီး အဆင်ပြေနေတာ၊ ဘယ်ရောက်ရောက် ကိုယ့်ကို ကူညီပေးမယ့်သူ ပေါများတာဟာလည်း လူတွေအပေါ် ကိုယ်ထားရှိခဲ့တဲ့ စေတနာ အကျိုးပေးလို့ပဲ မှတ်ယူပြီး ကျေနပ်ပီတိဖြစ်မိတယ်။ အမြဲ စိတ်ထားကောင်းကောင်း ထားပါ့မယ်ဗျ”လို့ ကိုဝေယံအောင်က ပြောထားပါတယ်။

Miss Golden Land Myanmar Organization ရဲ့ CEO & Founder ဖြစ်သူ ကိုဝေယံအောင်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်နေတဲ့ လူငယ်တဦး ဖြစ်ပါတယ်။

]]>
“ယုံကြည်ချက်အပြည့်နဲ့ ပူးပေါင်း တိုက်ပွဲဝင်ပေးကြပါ”လို့ ဟန်ဇော်လတ် ပြော https://burma.irrawaddy.com/lifestyle/entertainment/2021/05/03/241395.html Mon, 03 May 2021 09:07:10 +0000 https://burma.irrawaddy.com/lytbox/?p=241395 Gen Z Burma အဖွဲ့ဝင် ကိုဟန်ဇော်လတ်  / Han Zaw Latt's Facebookရှေ့ဆက်ရမယ့် လမ်းကြောင်းတွေအတွက် ခံယူချက်အပြည့်၊ ယုံကြည်ချက်အပြည့်နဲ့ ရှေ့ဆက် ပူးပေါင်းပါဝင် တိုက်ပွဲဝင်ပေးကြပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်။]]> Gen Z Burma အဖွဲ့ဝင် ကိုဟန်ဇော်လတ်  / Han Zaw Latt's Facebook

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် ထိုင်း-မြန်မာ နယ်စပ်ကို ရောက်ရှိနေတဲ့ Gen Z Burma အဖွဲ့ဝင် Miss Golden Land Myanmar Organization ရဲ့ CEO ကိုဟန်ဇော်လတ်က အာဏာရှင်ကို တော်လှန်ဖို့ အတူတကွ လုပ်ဆောင်ချင်တယ် သိရလို့ အင်မတန် အားတက်တယ်လို့ ဆိုပါတယ်။

“အာဏာရှင် တော်လှန်ဖြုတ်ချရေး ဒုတိယလှိုင်းကြီးဟာဆိုရင်ဖြင့် အင်တိုက်အားတိုက် ပြည်တွင်းပြည်ပရောက် မြန်မာတွေရော၊ မြန်မာအရေးကို စိတ်ဝင်စားသူတွေရော ပါဝင်လာသူတွေကို တွေ့ရတဲ့ အတွက် အင်မတန်မှကို အားရကျေနပ်ဖွယ် ကောင်းပါတယ်”

“ဒီအခြေအနေတွေကို ဆက်လက် ထိန်းထားဖို့လည်း လိုအပ်ပါတယ်။ ကျနော်တို့ Free Burma Ranger အဖွဲ့နဲ့ လေ့ကျင့်မှုတွေ ရယူနေတယ်ဆိုတာကို သိရှိကြပြီးနောက် ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာတွေအနေနဲ့ ကျနော်တို့နဲ့အတူ ပူးပေါင်းပြီး Training တွေ ရယူချင်တယ်။ အာဏာရှင်ကို တော်လှန်ဖို့ အတူတကွ လက်တွဲ လုပ်ဆောင်ချင်တယ်လို့ သိရလို့ အင်မတန်မှ အားတက်ဖွယ် ကောင်းပါတယ်”လို့ ဟန်ဇော်လတ်က ပြောပါတယ်။

ဆက်လက်ပြီး ဟန်ဇော်လတ်က ပြင်းထန်တဲ့ ခံယူချက်နဲ့ စိတ်ဓာတ်သာ မွေးမြူပြီး ရောက်ရှိရာ နေရာကနေ အာဏာရှင်ကို တော်လှန် ပုန်ကန်ကြပါလို့ တိုက်တွန်းထားပါတယ်။

အာဏာရှင်ကို တွန်းလှန်နေတဲ့ Gen Z Burma အဖွဲ့ (ဓာတ်ပုံ – Han Zaw Latt’s Facebook)

“ကျနော် တခုပြောချင်တာက Training တွေ ရရှိမှ အာဏာရှင်ကို ပုန်ကန်လို့ရတာ မဟုတ်ပါဘူး။ ကျနော်တို့ ရောက်ရှိနေတဲ့ နေရာ၊ ရရှိနေတဲ့ နေရာကနေ ပြင်းထန်တဲ့ ခံယူချက်နဲ့ စိတ်ဓာတ်သာရှိရင် အာဏာရှင်ကို တော်လှန် ပုန်ကန်လို့ ရပါတယ်။ ပြင်းထန်တဲ့ ခံယူချက်နဲ့ စိတ်ဓာတ်သာ မွေးမြူပြီး ရောက်ရှိရာ နေရာကနေ အာဏာရှင်ကို တော်လှန် ပုန်ကန်ကြပါလို့ တိုက်တွန်းလိုပါတယ်”လို့ ဟန်ဇော်လတ်က ပြောပါတယ်။

အရေးတော်ပုံ အောင်နိုင်ရေးအတွက် ခွန်အားမဖြစ်စေတဲ့ ဘယ် Psywar မျိုးကိုဆို မယုံကြည်ဖို့လည်း ဟန်ဇော်လတ်က အခုလိုပဲ ဆိုပါတယ်။

Gen Z Burma အဖွဲ့ဝင် ကိုဟန်ဇော်လတ် (ဓာတ်ပုံ – Han Zaw Latt’s Facebook)

“ဒီတိုက်ပွဲ အောင်နိုင်ရေးအတွက် ခွန်အား မဖြစ်စေတဲ့ ဘယ် Psywar မျိုးကိုဆို မယုံကြည်ဖို့၊ ဒီတိုက်ပွဲ အောင်နိုင်ရေးအတွက် နှောင့်နှေး ကြန့်ကြာစေမယ့် ဘယ်စကားလုံး၊ ဘယ်လူမျိုးမဆို ကျနော်တို့ အနီးနားမှာ ရှိမနေဖို့ အင်မတန်မှ အထူးသတိပြုရမှာ ဖြစ်ပါတယ်။ ဒါက ဒလန်ထက်ကို အန္တရာယ်ကြီးပါတယ်”

“ရှေ့ဆက်ရမယ့် လမ်းကြောင်းတွေအတွက် ခံယူချက်အပြည့်၊ ယုံကြည်ချက်အပြည့်နဲ့ ရှေ့ဆက် ပူးပေါင်းပါဝင် တိုက်ပွဲဝင်ပေးကြပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်။ ကျနော်တို့ အရေးတော်ပုံက မုချအောင်မြင်မှာ ဖြစ်ပါတယ်”လို့ ဟန်ဇော်လတ်က ပြောပါတယ်။

“Gen Z Burma” အဖွဲ့ဝင်၊ Miss Golden Land Myanmar Organization ရဲ့ CEO & Founder ဖြစ်သူ ကိုဟန်ဇော်လတ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူတဦး ဖြစ်ပါတယ်။

You may also like these stories:

“အသက်ပေးသွားသူတွေနဲ့ ယှဉ်ရင် ရှောင်ရပြေးရတာ စာမဖွဲ့လောက်ဘူး”

“အသက်ပေးခဲ့တဲ့ သူရဲကောင်းတွေကို တရက်မှ မမေ့ဘူး”လို့ သန္တာလှိုင် ဆို

]]>
“ရွေးချယ်ထားတဲ့ လမ်းကို အဆုံးထိ လျှောက်ပါ”လို့ မေဦး ဆို https://burma.irrawaddy.com/lifestyle/entertainment/2021/04/30/241291.html Fri, 30 Apr 2021 07:04:03 +0000 https://burma.irrawaddy.com/lytbox/?p=241291 Makeup Artist မေဦး / May Oo's Facebook“ဓမ္မနဲ့ အဓမ္မမှာ ဓမ္မကသာ အနိုင်ရစမြဲ၊ ကျနော်တို့ နိုင်မှာ။ အခုလည်း နိုင်နေပြီ။ အားလုံးလည်း ဘာမှ တွေဝေမနေဘဲ ပန်းတိုင် အဆုံးထိ သတ္တိရှိရှိ လျှောက်ကြပါ”]]> Makeup Artist မေဦး / May Oo's Facebook

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အဓိက ဦးဆောင်ခဲ့တဲ့ Gen Z Burma အဖွဲ့ဝင် တချို့ ထိုင်း-မြန်မာ နယ်စပ်ကို ရောက်ရှိနေပါတယ်။ အဲဒီထဲမှာ နိုင်ငံကျော် Makeup Artist မေဦး၊ ဟန်လင်းနဲ့ Miss Golden Land Myanmar Organization ရဲ့ CEO တွေ ဖြစ်ကြတဲ့ ကိုဟန်ဇော်လတ်နဲ့ ကိုဝေယံအောင်တို့ ပါဝင်ပါတယ်။

“Gen Z Burma” အဖွဲ့ထဲမှာ မိတ်ကပ် မေဦး၊ မော်ဒယ် ဟန်လင်းတို့ အပါအဝင် Miss Golden Land Myanmar Organization ရဲ့ CEO & Founder ဟန်ဇော်လတ်နှင့် ဝေယံအောင်၊ Social Media Team အဖွဲ့ဝင် Alvine နဲ့ သပိတ်စည်းရုံးရေးမှူး မချစ်စုမွန်တို့ ပါဝင်တာ ဖြစ်ပါတယ်။

“ကျနော်တို့ ကိုယ့်ဘဝကိုယ် အဆုံးရှုံးမခံပါဘူး။ အနစ်နာလည်း မခံပါဘူး။ စွန့်လွှတ်မှုလည်း မလုပ်ပါဘူး။ ကျနော် ရွေးချယ်တာပါ။ ကျနော် ကိုယ့်လမ်းကိုယ် ဖောက်တာပါ။ ဒါကြောင့် အမှန်တရားဘက်တော်သားများ မှန်ကန်သော လမ်းကို ရွေးချယ်ပါ။ ရွေးချယ်ထားသော လမ်းကို အဆုံးထိ လျှောက်ပါ”လို့ မိတ်ကပ် မေဦးက ပြောပါတယ်။

မိတ်ကပ် မေဦး အခုလိုမျိုး စစ်အာဏာရှင်ကို ရဲရဲဝံ့ဝံ့ တွန်းလှန်တဲ့အပေါ် အနုပညာ အသိုင်းအဝိုင်းနဲ့ မိတ်ကပ်ပညာရှင်များ၊ LGBT များက ချီးကျူးစကားများ ဆိုခဲ့ကြပါတယ်။

Miss Golden Land Myanmar ရဲ့ CEO ကိုဝေယံအောင်

“ဓမ္မနဲ့ အဓမ္မမှာ ဓမ္မကသာ အနိုင်ရစမြဲ၊ ကျနော်တို့ နိုင်မှာ။ အခုလည်း နိုင်နေပြီ။ အားလုံးလည်း ဘာမှ တွေဝေမနေဘဲ ပန်းတိုင် အဆုံးထိ သတ္တိရှိရှိ လျှောက်ကြပါ”လို့ Miss Golden Land Myanmar ရဲ့ CEO ကိုဝေယံအောင်က မေဦးကို အားပေးထားပါတယ်။

ဆက်လက်ပြီး ကိုဝေယံအောင်က “ယုံကြည်ချက်နဲ့ အမှန်တရားအတွက် ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။ အဖမ်းမခံဘူး။ ထွက်လည်း မပြေးဘူး။ အရှုံးလည်း မပေးဘူး။ မနိုင်မချင်း တိုက်မှာ။ ကျနော်တို့ ပြည်သူတွေ လုံးဝ အားမလျှော့ပါနဲ့။ ကျနော်တို့မှာ ကျနော်တို့ ရှိတယ်။ သေချာပေါက် နိုင်ကို နိုင်မှာ”လို့ ပြောထားပါတယ်။

မေဦးရဲ့ ပရိသတ်များကလည်း မိတ်ကပ် Brush ကိုင်တဲ့ လက်ပိုင်ရှင်က အခုလို သတ္တိရှိပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ဆိုထားကြပါတယ်။

Makeup Artist မေဦး (ဓာတ်ပုံ – May Oo’s Facebook)

“မိတ်ကပ် Brush ကိုင်တဲ့ ညင်သာတဲ့ လက်ချောင်းလေး အခုလို သတ္တိရှိပေးလို့ ကျေးဇူးတင်ရတယ်။
အရေးတော်ပုံ အောင်ရမည်။ စစ်အာဏာရှင်စနစ် ကျဆုံးရမည်”လို့ ပရိသတ်တဦးက ပြောပါတယ်။

“မိတ်ကပ်စုတ်တံ ကိုင်တဲ့ လက်နုနုလေး၊ အသံတိုးတိုးလေးနဲ့ ပြုံးပြုံးအေးအေးလေး နေတတ်တဲ့ ကလေး၂ ယောက်ဟာ အခုတော့ သေနတ်ကိုင်ပြီတဲ့လား။ လေးစားလိုက်တာ မေဦးနဲ့ ဟန်လင်းရေ။ ဘေးကင်းစွာဖြင့် အမြန်ဆုံး ပြန်လာနိုင်ပါစေ”လို့လည်း ပရိသတ်တဦးက ဆိုပါတယ်။

“Gen Z Burma” အဖွဲ့ဝင်များဖြစ်ကြတဲ့ မိတ်ကပ် မေဦး၊ မော်ဒယ် ဟန်လင်း၊ Miss Golden Land Myanmar Organization ရဲ့ CEO & Founder ဟန်ဇော်လတ်နှင့် ဝေယံအောင်တို့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူများ ဖြစ်ပါတယ်။

You may also like these stories:

တရုတ်မှ တင်သွင်းတဲ့ အစားအစာများကို Boycott လုပ်ဖို့ တိုက်တွန်းတဲ့ ဟိဏ်းသစ်

“စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်”လို့ ဒေါင်း ပြော

“ပြည်သူချင်း စည်းလုံးမှု၊ မေတ္တာတရားနဲ့ တိုက်လာခဲ့တာ အရာထင်နေပါပြီ”

]]>
“LGBT တယောက်ဆိုတာ သေချာပြီဆိုရင် စိတ်ဓာတ် ကြံ့ခိုင်ပါ”လို့ ဦးဟန်ဇော်လတ် ပြော https://burma.irrawaddy.com/lifestyle/entertainment/2019/06/27/196270.html Thu, 27 Jun 2019 10:04:10 +0000 https://burma.irrawaddy.com/lytbox/?p=196270 Miss Golden Land Myanmar Organization မှ CEO ဦးဟန်ဇော်လတ် / ဧရာဝတီ“နံပါတ် ၁၊ ကိုယ်တိုင်က LGBT ဖြစ်တဲ့သူတွေက လက်ခံနိုင်မှု ရှိရမယ်။ ကျနော်တို့ နိုင်ငံက မိသားစုတွေက ရှေးရိုးစွဲကြတယ်လေ။ ကိုယ့်မိသားစုကို အသိပေးဖို့ လိုတယ်။ ဒါဟာ ရှက်စရာ မဟုတ်ဘူး။]]> Miss Golden Land Myanmar Organization မှ CEO ဦးဟန်ဇော်လတ် / ဧရာဝတီ

နိုင်ငံကိုယ်စားပြု အလှမယ်တွေကို မွေးထုတ်ပေးနေတဲ့ Miss Golden Land Myanmar Organization မှ CEO ဖြစ်သူ ဦးဟန်ဇော်လတ်ဟာ LGBT (Lesbian, Gay, Bisexual, Transgender) တွေဟာလည်း လူသားထဲက လူသားဖြစ်တဲ့အတွက် တူညီတဲ့ ရပိုင်ခွင့်တွေ ရှိတယ်လို့ ပြောပါတယ်။

“LGBT တွေဟာ လူသားထဲက လူသားဖြစ်တဲ့အတွက် သူတို့မှာလည်း တူညီတဲ့ ရပိုင်ခွင့်တွေ ရှိပါတယ်။ ကျနော်တို့ Organization အနေနဲ့လည်း နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး LGBT Rights အတွက် ထောက်ခံခဲ့တာတွေ၊ ကိုယ်တိုင်ဦးစီးပြီး ကျင်းပပေးခဲ့တာတွေလည်း ရှိပါတယ်။ ကျနော်တို့ Organization အနေနဲ့ LGBT တွေအပေါ်မှာ ခွဲခြားဆက်ဆံတာမျိုး၊ ဖိနှိပ်တာမျိုး ရှုံ့ချပါတယ်။ လက်လည်း မခံပါဘူး”လို့ ဦးဟန်ဇော်လတ်က ပြောပါတယ်။

“အကယ်လို့ Mister ၊ Miss တွေထဲမှာလည်း LGBT တွေ ရှိနေမယ်ဆိုရင် ကျနော်တို့ကတော့ ဒါဟာ သူရဲ့ လူသားတယောက်ရဲ့ ရပိုင်ခွင့်၊ ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်တဲ့အတွက် ကျနော်တို့က လေးလေးစားစားနဲ့ ဖြစ်တည်မှုကို လက်ခံပေးဖို့ အဆင်သင့်ပါပဲ”လို့ သူက ဆိုပါတယ်။

ကိုယ့်ကိုယ်ကိုယ် LGBT တယောက် ဖြစ်နေတာ သေချာပြီဆိုရင် စိတ်ဓာတ်ကြံ့ခိုင်ပြီး မိသားစုတွေကို အသိပေးကာ လက်ခံနိုင်အောင် ကြိုးစားဖို့ အကြံပေးချင်တယ်လို့ ဦးဟန်ဇော်လတ်က ပြောပါတယ်။

“နံပါတ် ၁၊ ကိုယ်တိုင်က LGBT ဖြစ်တဲ့သူတွေက လက်ခံနိုင်မှု ရှိရမယ်။ ကျနော်တို့ နိုင်ငံက မိသားစုတွေက ရှေးရိုးစွဲကြတယ်လေ။ ကိုယ့်မိသားစုကို အသိပေးဖို့ လိုတယ်။ ဒါဟာ ရှက်စရာ မဟုတ်ဘူး။ ကြောက်စရာ မဟုတ်ဘူး။ ဒါဟာ သာမန် ဖြစ်တည်မှုတခုပဲ။ မိသားစုက လက်ခံလာအောင် ပြောပြရမယ်။ အခုဆိုရင် လူမှုအဖွဲ့အစည်းတွေ အများကြီး ရှိတယ်။ ပံ့ပိုးပြီး ကူညီစောင့်ရှောက်နေသူတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ တိုင်ပင်ပြီး ဆွေးနွေးပါ”

“အဲ့လို မဟုတ်ဘဲ စော်ကားခံရတဲ့အထိ တိုက်ခိုက်ခံရတယ်ဆိုရင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကြောင်းကြားပြီး စောင့်ရှောက်မှု၊ ကာကွယ်မှုတွေ ခံယူလို့ရပါတယ်။ ကာကွယ်ပေးမယ့်သူတွေ အများကြီးပါ။ ဒီလို မဟုတ်တဲ့ နည်းတွေ နဲ့ ဖြေရှင်းတာကတော့ အဖြေ မဟုတ်ဘူးပေါ့။ အဲ့အတွက် ကိုယ့်ကိုယ်ကိုယ် LGBT တယောက်ဆိုတာ သေချာပြီဆိုရင် စိတ်ဓာတ် ကြံ့ခိုင်ပါ။ မိသားစုတွေကို အသိပေးပြီး လက်ခံနိုင်အောင် ကြိုးစားပါလို့တော့ အကြံပေးချင်ပါတယ်”လို့ ဦးဟန်ဇော်လတ်က ပြောပါတယ်။

Miss Golden Land Myanmar Organization ကို ၂၀၁၃ ခုနှစ်မှာ စတင် ဖွဲ့စည်း တည်ထောင်ခဲ့တာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း နိုင်ငံကိုယ်စားပြု အလှမယ်များကို မွေးထုတ်ပေးလျက် ရှိပါတယ်။ မကြာသေးခင် အချိန်ကလည်း Miss Golden Land Myanmar Organization မှ Mini Mr & Miss Myanmar 2019 ပွဲ ပြုလုပ်ခဲ့ပြီး ဆုရရှိခဲ့ကြတဲ့ Mini Mr & Miss ကလေးငယ်များကို ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ပါတယ်။

You may also like these stories:

အရှေ့တောင်အာရှ ခရီးသွားဈေးကွက် ချဲ့ထွင်နိုင်ဖို့ LGBT ခရီးသွားလုပ်ငန်းကိုလည်း စဉ်းစားဖို့လို

ကလေးတွေ ဂေးဖြစ်နေရင်တောင် ထောက်ခံအားပေးမယ်လို့ ပြောတဲ့ တော်ဝင်မင်းသား ဝီလျံ

သီချင်းအသစ်နဲ့အတူ LGBTQ တန်းတူညီမျှမှုအတွက် တောင်းဆိုလိုက်တဲ့ Taylor Swift

]]>