Entertainment

“အသက်ပေးသွားသူတွေနဲ့ ယှဉ်ရင် ရှောင်ရပြေးရတာ စာမဖွဲ့လောက်ဘူး”

Want create site? Find Free WordPress Themes and plugins.

ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီရဲ့ ဖမ်းဝရမ်း ထုတ်ခံထားရပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လူမှုကွန်ရက်မှာ Speak Out လုပ်ပေးနေတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက အခုချိန် ရှောင်ရပြေးရ၊ ဒုက္ခခံကြရတာဟာ အသက်ပေးသွားသူတွေနဲ့ ယှဉ်ရင် စာမဖွဲ့လောက်ဘူးလို့ ဆိုပါတယ်။

“အခုချိန် ရှောင်ရပြေးရ ဒုက္ခခံကြရတာဟာ တသက်တာ လိပ်ပြာလုံဖို့ အသက်ပေးသွားသူတွေ၊ ဖမ်းဆီး ချုပ်နှောင်ခံရသူတွေအကြောင်း တွေးလိုက်တိုင်း သူတို့ကို ရှက်မနေရဖို့ သူတို့တွေရဲ့စွန့်လွှတ်မှုနဲ့ ယှဉ်ရင် ကိုယ်တွေရဲ့ဒုက္ခက စာမဖွဲ့လောက်ဘူး”လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

ဆက်လက်ပြီး ပိုင်ဖြိုးသုက အရေးတော်ပုံကြီးအောင်ပြီးနောက် ဘယ်သူနဲ့ ပြန်တွေ့တွေ့ ခေါင်းငုံ့မျက်နှာလွှဲ နေရမယ့် အဖြစ်မျိုးတော့ မလိုချင်ဘူးလို့ ဆိုပါတယ်။

သရုပ်ဆောင် ပိုင်ဖြိုးသု (ဓာတ်ပုံ – Paing Phyoe Thu’s Facebook)

“အရေးတော်ပုံကြီးအောင်ပြီးနောက် ဘယ်သူနဲ့ ပြန်တွေ့တွေ့ ခေါင်းငုံ့ မျက်နှာလွှဲနေရမယ့် အဖြစ်မျိုးတော့ မလိုချင်ပါ။ တမွန်းတည့်စာ ကောင်းစားနေတဲ့ ဟိုဒင်းကြီးကို ဘုရားတဆူ၊ ဂူတလုံးသဖွယ် ကိုးကွယ်နေကြသူများ နောင်တချိန် လူအများကို ဘယ်လိုစိတ်နဲ့ မျက်နှာချင်းဆိုင်မယ်ဆိုတာ သိချင်စမ်းပါဘိ”လို့ ပိုင်ဖြိုးသုက ပြောထားပါတယ်။

ပိုင်ဖြိုးသုကို ဘေးရန်ကင်းဖို့အတွက်လည်း ပရိသတ်တွေက ဆုတောင်းပေးထားကြပါသေးတယ်။

သရုပ်ဆောင် ပိုင်ဖြိုးသုက ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ ရေးသား ပြောပြထားတာဖြစ်ပြီး၊ ပိုင်ဖြိုးသုဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် သူတတ်နိုင်တဲ့ဘက်ကနေ တတ်အားသရွေ့ ပါဝင်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။

You may also like these stories:

“အသက်ပေးခဲ့တဲ့ သူရဲကောင်းတွေကို တရက်မှ မမေ့ဘူး”လို့ သန္တာလှိုင် ဆို

စစ်အာဏာရှင်ကို ဆန့်ကျင်မှု မှန်သမျှ မိမိမှာသာ တာဝန်ရှိကြောင်း ထားထက်ထက် ပြော

လူငယ်တွေကို လျှို့ဝှက်သတင်းတွေ မတင်ကြပါနဲ့လို့ ဆောင်းဦးလှိုင် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading