• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဟားခါးတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ ၄ ဦး ကျဆုံး

by ဧရာဝတီ
3 May 2021
in သတင်း
A A
ချင်းပြည်နယ်၊ ဟားခါးမြို့ တနေရာ / ဧရာဝတီ

ချင်းပြည်နယ်၊ ဟားခါးမြို့ တနေရာ / ဧရာဝတီ

32.4k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မနေ့က ည ၇ နာရီမှ ၈ နာရီအထိ ဒေသခံများ၏ ကာကွယ်ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၄ ဦး ကျဆုံးခဲ့ကြောင်း ဟားခါး ဒေသခံများက အ တည်ပြုသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့အထွက် ကျောဘုတ်ရပ်ကွက်ရှိ ကျောဘုတ်ဂိတ်တွင် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ပြီး ဒေသခံများ တောင်းဆိုသည့် လူငယ်များကို မေလ ၂ ရက်နေ့ ညနေ ၄ နာရီတွင် စစ်ကောင်စီဘက်မှ လွှတ်မပေးသဖြင့် ယခုလို တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

“မနေ့ညက ၇ နာရီ ထိုးခါနီးမှာ ဒီမှာရှိတဲ့ ကျောဘုတ်ဂိတ်ဘက်မှာ ဒေသခံတွေရဲ့ ကာကွယ်ရေးတပ်နဲ့ သူတို့ဘက်က စစ် တပ်နဲ့ တိုက်ပွဲဖြစ်ပါတယ်။ ၈ နာရီလောက်မှာ ပြီးသွားပြီ။ တပ်မတော်ဘက်က ၄ ယောက် ကျတယ်လို့ သိရတယ်။ အ နည်းဆုံး ၄ ယောက် သေတာကတော့ သေချာတယ်”ဟု ဟားခါး ကာကွယ်ရေးတပ်နှင့် နီးစပ်သူ ဒေသခံက ပြောသည်။

Chinland Defense Force (ဟားခါး)က မေလ ၁ ရက်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီက ဖမ်းဆီးထားသူများအားလုံး ကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုထားပြီး ပြန်မလွှတ်ပေးပါက အပြစ်မဲ့ ပြည်သူများကို ကာကွယ်သည့် အနေဖြင့် လိုအပ်သည့် စစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်အတိုင်း ဟားခါးကာကွယ်ရေးတပ်ဖွဲ့ မှ လူငယ်များသည် ညနေ ၄ နာရီအချိန်ထိ စောင့်ဆိုင်းခဲ့ကြပြီး ယင်းအချိန်အထိ ဖမ်းဆီးခံရသူများ လွတ်မလာသည့်အခါ ဟားခါးမြို့ ရှိ စစ်ကောင်စီလက်နက်ကိုင်တပ်များကို စတင် တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
510
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
41
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
87

“ကျနော်တို့က နေရာ ၂ ခုမှာ စတိုက်ဖို့ လုပ်တယ်။ ဒီဘက်မှာက တူမီးနဲ့ လေသေနတ်ပဲ ရှိတာ။ ပြီးတော့ နှစ်လုံးပြူး ခေါက်ချိုး သေနတ်တွေ ရှိတယ်။ အဲဒီ သေနတ်တွေကတော့ အားပြင်းတယ်။ ဖြစ်တာကတော့ ကျောဘုတ်ရပ်ကွက်မှာ ဖြစ်တာ။ ချင်းပြည်နယ် တောင်ပိုင်းကို သွားတဲ့ လမ်းဘက်မှာရှိတဲ့ ဂိတ်ဘက်ပေါ့”ဟု ဒေသခံတဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ယနေ့အချိန်အထိ ဟားခါးမြို့တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ ၅၀ ဝန်း ကျင်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ဟာခါးမြို့ တွင် ဝန်ကြီးများ နေထိုင်သည့် အိမ်ရာကို စောင့်ကြပ်ရ သည့် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့မှ ရဲနှင့် စစ်သားတို့ အချင်းချင်း ပစ်ခတ်ကြရာ စစ်သား ၂ ဦး သေဆုံးသွားခဲ့ သေးသည်။

ပစ်ခတ်မှု ဖြစ်ပွားရာ နေရာသည် ချင်းပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးများ၊ လွှတ်တော် ရှိစဉ်က လွှတ်တော် ကိုယ်စားလှယ်များ နေထိုင်သည့် အိမ်ရာတခု ဖြစ်ပြီး လုံခြုံရေး ဂိတ်အဆင့်ဆင့် ချထားသည့် နေရာတခု ဖြစ်သည်။

ယနေ့ နံနက်ပိုင်း ဟားခါးမြို့၏ အခြေအနေမှာ မြို့ထဲတွင် ဈေးဆိုင်များလည်း ဖွင့်ပြီး ပုံမှန် သွားလာလျက်ရှိကြောင်း သိရ သည်။

ထို့ပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် ဒေသကာကွယ်ရေး အဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် နှစ်ဖက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ကြရာ ဒေသခံ ၇ ဦး ပြန်လွတ်မြောက်လာသလို မြို့ ထဲတွင် ရှိသည့် စစ်ကောင်စီ လက်နက်ကိုင် ၃၀ ဝန်းကျင်ကိုလည်း မြို့ ပြင်သို့ ပြန်ထွက်ခွင့် ပြုလိုက်ကြောင်း သိရသည်။

“ကျနော်တို့ လူတချို့ ပြန်လွတ်လာတဲ့အတွက် သူတို့လူ ၃၀ ကို သွားခွင့်ပေးလိုက်တာ။ လမ်းဖွင့်ပေးလိုက်တာ။ မင်းတပ် ကနေ ပြန်ထွက်ခွင့် ပေးလိုက်တာ။ အတက်ကိုတော့ ခွင့်မပြုဘူး။ ဘယ်စစ်ကားမှ တက်လာခွင့်မပေးဘူး”ဟု မင်းတပ် ဒေသခံတဦးက ပြောသည်။

သို့သော် ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ၇ ဦးမှာ ပြန်လည် လွတ်မြောက်လာသော်လည်း တိုက်ပွဲများအတွင်း အဖမ်းခံရ သူတချို့ ရှိနေဆဲ ဖြစ်ကြောင်း၊ ၎င်းတို့ ပြန်လည် လွတ်မြောက်လာရန်အတွက် ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေ ကြောင်း သိရသည်။

“မင်းတပ်မြို့ အခြေအနေက အဝင်လက်မခံတော့ တပ်တွေ ရဲတွေ မြို့ထဲမှာ မရှုပ်တော့ဘူး။ အရင်ကဆိုရင် ရဲတွေ စစ်သား တွေက ဝင်စစ်လိုက်။ ဖမ်းလိုက်နဲ့ပေါ့။ မြို့ထဲကို ပတ်ပြီးတော့ သေနတ်တွေ လိုက်ဖောက်တယ်။ အခု သူတို့ ဝင်လို့ မရတော့ တဲ့အခါ အေးအေးချမ်းချမ်း ဖြစ်သွားတယ်။ အခုအခြေအနေကတော့ ငြိမ်နေတယ်လို့ ပြောလို့ရတယ်”ဟု မင်းတပ် ဒေသခံ တဦးက ပြောသည်။

ချင်းပြည်နယ်၏ အခြားမြို့နယ်များ ဖြစ်သည့် တီးတိန်၊ ဖလမ်း၊ ထန်တလန်၊ တွန်းဇန်မြို့ များတွင် ဆန္ဒပြသဖြင့် အဖမ်းခံရသူ များ ရှိခဲ့သော်လည်း တိုက်ပွဲ မရှိဘဲ အခြေအနေများ တည်ငြိမ်နေဆဲ ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ပြည်သူလူထုက စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ပုံစံမျိုးစုံနှင့် ဆန့်ကျင်လျက်ရှိရာ မိရိုးဖလာဓလေ့အရ အမဲလိုက်ရန် အသုံးပြုသည့် တူမီးသေနတ်များ ရှိရာ ဒေသများဖြစ်သည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီကို ယခုလို တော်လှန် တိုက်ခိုက်နေခြင်း လည်း ဖြစ်သည်။

You may also like these stoires:

ဟားခါးတွင် ရဲနှင့် စစ်သားတို့ အချင်းချင်း ပစ်ခတ်၊ စစ်သား ၂ ဦး သေဆုံး

မင်းတပ်တွင် တိုက်ပွဲဆက်ဖြစ်နေ၊ စစ်ကောင်စီဘက်မှ ၁၃ ဦး ထပ်မံ သေဆုံး

Your Thoughts …
Tags: စစ်ကောင်စီတိုက်ပွဲတော်လှန်ရေးဟားခါးမြို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဧပြီ ၁၈ရက်က မန္တလေးမြို့တွင် NUG အစိုးရကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်နေကြစဉ် / CJ

NUG က ပြည်ထောင်စုဝန်ကြီး၂ ဦးနှင့် ဒုဝန်ကြီး ၄ ဦး ထပ်မံ ခန့်အပ်

၂၀၂၁ မေလ ၂ရက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP မှ ထုတ်ပြန်သည့် စစ်အာဏာသိမ်းကာလအတွင်း သတ်ဖြတ်ခံရသူ၊ ဖမ်းဆီးခံရသူစာရင်း / AAPP

စစ်အာဏာသိမ်းပြီး ၃ လကျော်အတွင်း ပြည်သူ ၇၆၅ ဦး အသတ်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved