• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“တော်လှန်ရေး မုချ အောင်မြင်မယ်လို့ အပြည့်အဝ ယုံကြည်တယ်”

by ဧရာဝတီ
14 June 2021
in Entertainment
A A
ကိုဝေယံအောင်  / Pageant by Wai Yan Page

ကိုဝေယံအောင် / Pageant by Wai Yan Page

26.8k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာ နယ်စပ် တနေရာမှာ Gen Z အဖွဲ့ဝင်များနဲ့အတူ ရောက်ရှိနေတဲ့ Miss Golden Land Myanmar Organization ရဲ့ CEO & Founder ကိုဝေယံအောင်က သူရွေးချယ်ခဲ့တဲ့ လမ်းဟာ အောင်မြင်မှု ရမယ်လို့ အပြည့်အဝ ယုံကြည်ထားကြောင်း ဆိုပါတယ်။

“ကျနော် ရွေးချယ်ခဲ့တဲ့လမ်းက အောင်မြင်မှုရမယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ပြည်သူ့အစိုးရ (NUG) ရှိတယ်။ ပြည်သူ့တပ်မတော် (PDF) ရှိတယ်။ နောက်ပြီး ကျနော်တို့ရဲ့ ညီအစ်ကို မောင်နှမ EAOs (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း) တွေ ရှိတယ်”

“မြန်မာတပြည်လုံးက ပြည်သူ မောင်နှမ အားလုံးကလည်း တညီတညွတ်တည်း စစ်အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းဖို့ ရရာ နည်းလမ်းမျိုးစုံနဲ့ တော်လှန်နေကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ အရေးတော်ပုံဟာ မုချ အောင်နိုင်မှာ ဖြစ်ပါတယ်”လို့ ကိုဝေယံအောင်က ပြောပါတယ်။

သို့ပေမယ့်လည်း အရေးတော်ပုံ အောင်နိုင်ရေးကို နှောင့်နှေး ကြန့်ကြာစေတဲ့ အကြောင်းအရာတွေကိုတော့ မလုပ်မိအောင် သတိထားဖို့ လိုတယ်လို့ ကိုဝေယံအောင်က ဆိုပါတယ်။

ကိုဝေယံအောင် (ဓာတ်ပုံ – Pageant by Wai Yan Page)

“ဒီနေရာမှာ ကျနော်တို့ရဲ့ အရေးတော်ပုံ အောင်နိုင်ရေးကို နှောင့်နှေး ကြန့်ကြာစေတဲ့ အကြောင်းတရားတွေကိုတော့ မလုပ်မိအောင် သတိထား ဆင်ခြင်ဖို့ လိုပါတယ်။ အဲဒါကတော့ ကျနော်တို့ရဲ့ မတူကွဲပြားမှုတွေ အပေါ်မှာ အချင်းချင်း အပြစ်တင် ရှုတ်ချနေခြင်း ဖြစ်ပါတယ်”

“ကျနော်တို့အနေနဲ့ မတူ ကွဲပြားမှုတွေကို အပြန်အလှန် နားလည်ပြီးတော့ တူညီတဲ့ ဘုံခံယူချက်အတွက် စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲ ဝင်သွားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ကျနော်တို့အနေနဲ့ ပြန့်ကျဲနေတဲ့ အင်အားတွေကို စည်းစည်းလုံးလုံးနဲ့ ပေါင်းစုပြီးတော့ တိုက်ပွဲဝင်မယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပန်းတိုင်ဟာ အလျင်မြန်ဆုံး ရောက်နိုင်ရှိမှာ ဖြစ်ပါတယ်”လို့ ကိုဝေယံအောင်က ပြောပါတယ်။

အလှမယ်တွေကို မွေးထုတ်ပေးနေတဲ့ CEO တယောက်အနေနဲ့ တော်လှန်ရေး လုပ်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ရလဲဆိုတာကိုလည်း ကိုဝေယံအောင်က အခုလိုပဲ ဆိုထားပါတယ်။

ကိုဝေယံအောင် (ဓာတ်ပုံ – Pageant by Wai Yan Page)

“ကျနော့်အနေနဲ့ စစ်အာဏာရှင် စနစ်ဆိုးရဲ့အောက်မှာ လုံးဝ မနေနိုင်ပါဘူး။ ကျနော်တို့ ကြိုးစားခဲ့တဲ့ အရာတွေ၊ ကျနော်တို့ ရှေ့ဆက်လျှောက်မယ့် ရည်မှန်းချက်တွေ အားလုံးဟာ အာဏာသိမ်းခံလိုက်ရတဲ့ အချိန်ကစပြီး အစိတ်စိတ် အမွှာမွှာ ရိုက်ချိုးခံလိုက်ရသလိုပါပဲ။

“ထိုနည်းတူစွာပါပဲ။ ကျနော်တို့ ပြည်သူတွေရဲ့ အနာဂတ်၊ ကျနော်တို့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်၊ ရည်မှန်းချက်တွေ အားလုံးဟာလည်း ဖျက်ဆီးခြင်း ခံလိုက်ရပါတယ်။။ ဒါကြောင့်မို့လို့ ဒီအချိန်မှာ ကျနော်တို့ ဗမာလူမျိုးတွေသာမက တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အားလုံး လိုချင်နေတဲ့ ဖက်ဒရယ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ အပြည့်အဝ ရရှိဖို့အတွက် ကျနော်တို့ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
312

ကိုဝေယံအောင်က စစ်အာဏာရှင် တော်လှန်ရေးကို မုချအောင်မြင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပြီး၊ အဲဒီ ယုံကြည်ချက်၊ ခံယူချက်နဲ့ စိတ်ဓာတ်တွေကပဲ တွန်းအား ဖြစ်စေခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ရဲ့ တော်လှန်ရေးဟာလည်း မုချအောင်မြင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်။ ဒီယုံကြည်ချက်၊ ခံယူချက်နဲ့ စိတ်ဓာတ်တွေဟာ ကျနော် အခုလို တောထဲကနေမှ တော်လှန်ရေး လုပ်ဖို့အတွက် အဓိက တွန်းအားတွေ ဖြစ်စေခဲ့တာပါ”လို့ ကိုဝေယံအောင်က ပြောထားပါတယ်။

You may also like these stories:

စစ်ကောင်စီကို ငွေချေးရန် တရုတ်နောက်ခံ အာရှဘဏ် တံခါးဖွင့်ထား

NUG ကို ထိတွေ့ဆက်ဆံမှု မပြုသည့် အပေါ် စိုးရိမ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးထံ စာပို့

Your Thoughts …
Tags: Gen Z BurmaMiss Golden Land Myanmarကိုဝေယံအောင်စစ်အာဏာရှင်တော်လှန်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

by ဧရာဝတီ
18 November 2023
13.5k

လတ်တလော အရှိန်မြင့်လာတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

by နန်းဆိုင်နွမ်
24 May 2025
7.8k

“သျှမ်းလူမျိုး၊ သျှမ်းပြည်၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး” ဆိုပြီး ကြွေးကြော်လက်နက်ကိုင်ခဲ့တာ မေ ၂၁ ရက်မှာ ၆၇ နှစ် တိုင်ခဲ့ပါပြီ။

နိုင်ငံတော်ဈာပန ဆိုသော်ငြား ပြည်သူမချစ်ရင် ကမ္ဗည်းမတင်

နိုင်ငံတော်ဈာပန ဆိုသော်ငြား ပြည်သူမချစ်ရင် ကမ္ဗည်းမတင်

by မောင်ဘိုး
18 August 2025
7.6k

ပြည်သူလူထု လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဈာပနတွေဆိုရင်တော့ ဘယ်လောက်ပဲ အတားအဆီး အကန့်အသတ်ရှိပါစေ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြည်သူတွေ ဂုဏ်ပြုကြတယ်ဆိုတာ အတိတ်ဖြစ်ရပ်တွေက သက်သေပြပြီး ဖြစ်ပါတယ်။

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

by ကြာဖက်နှင်း
2 June 2024
7.3k

ခရိုနီ သူဌေး အတော်များများသည် စစ်တပ် ဗိုလ်ချုပ်တွေ အပါအဝင် စစ်အစိုးရနှင့် ပေါင်းစား၍ ကြီးပွား ချမ်းသာ လာခဲ့သူများ ဖြစ်သည်။

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

by ကြာဖက်နှင်း
4 May 2024
6.7k

အာဏာ မသိမ်းခင်ကလည်း ဒီခရိုနီတွေပဲ ဗိုလ်ချုပ်ကြီးတွေနဲ့ အတူတူ စီးပွားရေး လုပ်ခဲ့ကြတယ်။ တိုင်းပြည်ရဲ့ ဘတ်ဂျက်တွေကို၊ စီမံကိန်းတွေကို ခွဲဝေ စားသုံးခဲ့ကြတယ်။

အိမ်စောင့်အစိုးရ၊ ကြားဖြတ်အစိုးရ လုပ်တာမျိုး လက်မခံနိုင်ဘူး

အိမ်စောင့်အစိုးရ၊ ကြားဖြတ်အစိုးရ လုပ်တာမျိုး လက်မခံနိုင်ဘူး

by စောရယ်
1 February 2024
6.6k

ကျနော်တို့နဲ့ ဘဝတူတော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ ညှိနှိုင်းမှာ ဆွေးနွေးမှာဖြစ်ပါတယ်။ ဘုံသဘော တူညီချက်ပေါ်လာအောင် အခုက ကျနော်တို့ သဘောထား ဒီလိုရှိပါတယ်ဆိုတာ ကနဦး ချပြတဲ့သဘောပါပဲ

Next Post
စစ်ကောင်စီက ဖမ်းဆီးထားစဉ် ညှင်းဆဲသတ်ဖြတ်ခံရသူ တချို့၏ ပုံများ

စစ်ကောင်စီက ဖမ်းဆီးထားစဉ် ညှင်းဆဲသတ်ဖြတ်ခံရသူများ

Miss Universe Myanmar သူဇာဝင့်လွင်  / Thuzar Wint Lwin's Facebook

စစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေပွဲမှာ ပါဝင်ပေးတဲ့ အလှမယ် သူဇာဝင့်လွင်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

7 hours ago
2.7k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.4k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved