• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာ့ စစ်ဘက်စီးပွားရေးလုပ်ငန်းများကို အနီးကပ်ကြည့်ရှုခြင်း

by Michael Peel
26 March 2017
in ဆောင်းပါး
A A
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရအောက် စစ်ဘက်စီးပွားရေးလုပ်ငန်းများက ပြည်ပနိုင်ငံစုံ လုပ်ငန်းကြီးများနှင့် စီးပွားရေး လုပ်ဖော်ကိုင်ဖက် ဖြစ်လာရန် ရည်မှန်းလာကြသည်။ / သရုပ်ဖော် - Financial Time

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရအောက် စစ်ဘက်စီးပွားရေးလုပ်ငန်းများက ပြည်ပနိုင်ငံစုံ လုပ်ငန်းကြီးများနှင့် စီးပွားရေး လုပ်ဖော်ကိုင်ဖက် ဖြစ်လာရန် ရည်မှန်းလာကြသည်။ / သရုပ်ဖော် - Financial Time

26.8k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သောနှစ် အောက်တိုဘာလက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရန် အမေရိကန်နိုင်ငံ၏ ရုတ်တရက် ဆုံးဖြတ်ချက်သည် ဆယ်စုနှစ်များစွာ အထီးကျန်နီးပါး နေထိုင်ခဲ့ရာမှ စတင်လာသော မဟာခြေလှမ်းတခု အဖြစ် အခြားသူများ ခြေမချရဲသော ဈေးကွက်ကြီးတခုကို ရယူရန် အချိန်ကောင်း အဖြစ် အမေရိကန်ကုမ္ပဏီများက ကြိုဆိုခဲ့ကြသည်။

သို့သော် ဝေဖန်ဆန်းစစ်သူများက ထို စီးပွားရေး ပိတ်ဆို့မှု၏ အမှောင်ဘက်ခြမ်း ဖြစ်သော နှစ်ပေါင်း ၅၀ နိုင်ငံကို အုပ်ချုပ်ခဲ့သည့် စစ်တပ်၏ ကျယ်ပြန့်လှသော စီးပွားရေး လုပ်ငန်းများနှင့် ၎င်းတို့၏ အကျိုးစီးပွားကိုပါ လွတ်လပ်ခွင့် ပေးရာရောက်ကြောင်း ထောက်ပြခဲ့ကြသည်။

စစ်ဘက် စီးပွားရေး ကုမ္ပဏီများတွင် ဆိပ်ကမ်းမှသည် ဆက်သွယ်ရေးလုပ်ငန်းများအထိ ကျယ်ပြန့် အရေးပါသော လုပ်ငန်းများကို လုပ်ကိုင်နေသည့် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC လည်း ပါဝင်သည်။ အခြားသော လုပ်ငန်းတခုမှာ စီးကရက်မှ ရေနံတင်သွင်းခွင့်အထိ ပါသော အကျိုးအမြတ်များလှသည့် လုပ်ငန်းများမှ အမြတ်ငွေဖြင့် စစ်အရာရှိများနှင့် စစ်မှုထမ်းဟောင်းများကို ချမ်းသာစေသော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် MEHL ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရအောက် စီးပွားရေး အလားအလာများ၏ ဆွဲဆောင်ခံရသော ပြည်ပနိုင်ငံစုံ လုပ်ငန်းကြီးများ အတွက် စီးပွားရေး လုပ်ဖော်ကိုင်ဖက်သဖွယ် ထိုလုပ်ငန်းများက ၎င်းတို့ကိုယ် ၎င်းတို့ ရည်မှန်းလာကြသည်။ ထိုလုပ်ငန်းတို့သည် အသစ်တဖန် ပြန်လည် တည်ထွင်ရန် လူသိရှင်ကြား အားထုတ်ကြ သော်လည်း ထိုလုပ်ငန်းများသည် အာဏာရှင်စနစ်နှင့် ဆက်စပ်မှုကို မပယ်ဖျက်နိုင်သေးဟု သုတေသီ အများအပြားက မြင်ကြသည်။

လူ့အခွင့်အရေးချိုးဖောက်မှု၊ မြေယာအဓမ္မ သိမ်းယူမှု၊ အဂတိလိုက်စားမှုတို့နှင့် နှစ်ပေါင်းများစွာ အမည်ပျက်စာရင်း အသွင်းခံရသူများနှင့် စီးပွားဖက်လုပ်ခြင်းသည် မည်သည့် စီးပွားရေးမျှ မလုပ်ဘဲနေခြင်းထက် ပိုကောင်းသည်ဟု ဘီယာလုပ်ငန်းမှ စ၍ သံမဏိလုပ်ငန်းအဆုံး ပါဝင်သော ပြည်ပကုမ္ပဏီများက ဆုံးဖြတ်ခဲ့ကြသည်။ ထိုစီးပွားရေး လောကမှ အကျပ်အတည်းသည် လွန်ခဲ့သော တနှစ်က လက်ရှိအစိုးရ အာဏာရချိန်မှစ၍ နိုင်ငံ၏အာဏာ တည်ဆောက်ပုံ မည်မျှပြောင်းလဲသွားသနည်း ဟူသည့် ပိုမိုအရေးပါသော မေးခွန်းကို ထင်ဟပ်နေသည်။

“မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို မစဉ်းစားဘဲ စစ်တပ်ပိုင်ကုမ္ပဏီတွေရဲ့ အနာဂတ်ကို စဉ်းစားဖို့ ခက်တယ်။ သဘောကျသည်ဖြစ်စေ၊ သဘောမကျသည် ဖြစ်စေ စစ်တပ်ကတော့ နိုင်ငံတော်ရဲ့ တကယ့်ဗဟိုချက်မှာ ရှိနေတယ်။ ဒီကုမ္ပဏီတွေဟာ နိုင်ငံတော်တည်ဆောက်ရေးရဲ့ ဖွားဘက်တော် ဖြစ်နေတာ ဆယ်စုနှစ်နဲ့ ချီနေပါပြီ” ဟု ရန်ကုန် သမိုင်းပညာရှင်နှင့် သုတေသီ ဦးသန့်မြင့်ဦးက ပြောသည်။

ထိုစီးပွားရေး လုပ်ငန်းများသည် ပါကစ္စတန်နှင့် အင်ဒိုနီးရှားမှ စစ်တပ်နှင့် အဆက်အသွယ်ရှိသော ကုမ္ပဏီများကဲ့သို့ပင် အရပ်သားအစိုးရ ပြန်လည်ထူထောင်ပြီးသော အခါတွင် အမြတ်ရရှိစေရန် လုပ်ငန်းအသစ် သဖွယ် ပြန်လည်ဖန်တီးယူ လိုကြသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားရေး၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတို့ကို ထောက်ခံမည်ဟု မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုနှုန်းမှာ အာရှတွင် အမြင့်မားဆုံး ဖြစ်နေသည်။

သူနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များသည် အမေရိကန် အပါအဝင် ဥရောပကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ရန် လွန်စွာ လိုလားကြသည် ဟု မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ အထွေထွေမန်နေဂျာ ဗိုလ်မှူးဟောင်းဦးလှမျိုးက အားတက်သရော ပြောသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အရာရှိများသည် ဖက်စပ်လုပ်ငန်းများကို အင်အားဖြည့်ရန် အနောက်ကမ္ဘာတွင် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေနေပြီ ဖြစ်သည်။

အရေးယူပိတ်ဆို့မှု ခေတ်က ပိတ်ထားခဲ့သော တံခါးများမှာ ပိုမိုကျယ်ပြန့်သည့် ပြင်ပကမ္ဘာသို့ အနည်းငယ်ပွင့်လာပြီ ဖြစ်သည်။ စစ်ဘက် လုပ်ငန်းစုကြီးများကို နိုင်ငံတကာစံနှုန်းများနှင့် ထိတွေ့စေရာတွင် ကောင်းမွန်သော အလားအလာ များ ရှိနိုင်သည်ဟု ဝါရှင်တန်မှ အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ ဒါရိုက်တာ အန်ထော်နီနယ်လ်ဆင် (Anthony Nelson) က ပြောသည်။

“အထူးသဖြင့် အမေရိကန်နိုင်ငံစုံ လုပ်ငန်းကြီးတွေဟာ တရားဥပဒေစိုးမိုးရေး၊ စာရင်းအင်း၊ လုပ်အား၊ သဘာ၀ ဝန်းကျင် အပေါ် အလေးထားမှုတွေနဲ့ ပတ်သက်ရင် ပိုမိုမြင့်မားတဲ့ စံနှုန်းတွေ ဆောင်ယူလာပေးနိုင်တယ်။ နိုင်ငံစုံ လုပ်ငန်းကြီးတွေဟာ စီးပွားရေး အခွင့်အလမ်းနဲ့ စစ်ဘက်အချိတ်အဆက် ရှိတဲ့ လုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်လို့ ဂုဏ်သိက္ခာ ထိခိုက်နိုင်တာတွေကိုလည်း ကိစ္စတခုချင်း အလိုက် ချိန်ဆဖို့ လိုပါတယ်” ဟုလည်း သူက ပြောသည်။

စီးပွားရေး လုပ်ငန်းကြီးများအား သယံဇာတကြွယ်ဝသော မြန်မာနိုင်ငံ၏ ဆွဲဆောင်မှုမှာ ထင်ရှားလှသည်။ စစ်တပ်က နိုင်ငံတော်အာဏာကို တရားဝင် စွန့်လွှတ်သည့် ၂၀၁၁ ခုနှစ် နောက်ပိုင်း ခွင့်ပြုပြီး လူသုံးကုန် ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းအများအပြား ပါဝင်သော စီးပွားရေး လုပ်ငန်းကြီးများ ဝင်ရောက်လာခြင်းကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ အထိ ရှိသည်ဟု တရားဝင် ထုတ်ပြန်သော စာရင်းများ အရ သိရသည်။

အလားတူ သိသာထင်ရှားသော ကိစ္စတခုမှာ စစ်အစိုးရခေတ်အတွင်း ကြီးပွားချမ်းသာလာသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ဂုဏ်သိက္ခာ ထိခိုက်မည့် အရေး ဖြစ်သည်။ မြန်မာ နိုင်ငံမှ ၎င်းတို့၏ စီးပွားဘက်သည် ကျောက်စိမ်းလုပ်ငန်း အချိတ်အဆက် ရှိသည်ဟု ကိုကာကိုလာက ၂၀၁၅ ခုနှစ်က ဖွင့်ဟ ကြေညာသည်။ ကျောက်စိမ်းလုပ်ငန်းမှာ ထိုစဉ်က အမေရိကန် ပိတ်ဆို့အရေးယူမှုထဲ ပါဝင်နေပြီး အဂတိ လိုက်စားမှုနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှု စွပ်စွဲချက်များကြောင့် အကြပ်အတည်း ဖြစ်နေသည်။

ထိုနှစ်မှာပင် မိုက်ခရိုဆော့သည် ရွှေတောင်လုပ်ငန်းစုနှင့် ဆော့ဖ်ဝဲဆိုင်ရာ စာချုပ်တခု ချုပ်ဆိုသည်။ ရွှေတောင် လုပ်ငန်းစုကို တည်ထောင်သူမှာ မူးယစ်ဆေးဝါးလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည်ဟု ၂၀၀၇ ခုနှစ်က ပေါက်ကြားခဲ့သော အမေရိကန်ဘဏ္ဍာရေးဌာန၏ သံတမန်ကြေးနန်းစာတွင် ဖော်ပြခဲ့သည်။ သို့သော် နှစ်ဘက်စလုံးက ထိုသံသယကို ငြင်းဆိုခဲ့ကြသည်။ ထိုနိုင်ငံစုံ လုပ်ငန်းနှင့် ၎င်းစီးပွားဘက်များမှာ တစုံတရာ အမှားကျူးလွန်သည်ဟု စွပ်စွဲခံရခြင်းလည်း မရှိပေ။

စစ်တပ်နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် လုပ်ငန်းများသည် ပိုမိုကြီးမားသည့် အန္တရာယ်ကို ဖြစ်စေနိုင်သည်။ ၂၁၀၅ ခုနှစ်တွင် နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) က ထုတ်ပြန်သော အစီရင်ခံစာ အရ ယင်းလုပ်ငန်းများသည် စစ်တပ်က အုပ်ချုပ်ရေးအာဏာကို မစွန့်လွှတ်မီ နိုင်ငံပိုင်လုပ်ငန်းများကို ခရိုနီများထံတွင် ပုဂ္ဂလိကပိုင် ပြုလုပ်သောအခါ အကြီးအကျယ် အမြတ်ထွက်ခဲ့သူများဟု သံသယရှိသည်။ စစ်တပ်၏ လုပ်နည်း လုပ်ဟန်မှာ ၎င်းတို့ကို၎င်းတို့ စီးပွားရေး၏ အစိတ်အပိုင်း အသီးသီးတွင် ထည့်သွင်းထားပြီး ၎င်းတို့၏ အဖွဲ့ဝင်များကို ကြွယ်ဝချမ်းသာစေရေး ဖြစ်သည်ဟု ထိုအစီရင်ခံစာကို ရေးသားသူ Yeshua Moser-Puangsuwan က ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်သော်လည်း အခိုင်အမာ ထိန်းချုပ်ထားဆဲ ဖြစ်ကာ ၎င်းတို့၏ စာရင်းများကို အများပြည်သူ လေ့လာသိရှိခွင့် မပေးပေ။

စစ်တပ်နှင့် အချိတ်အဆက်ရှိသော ကုမ္ပဏီများသည် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကြား ဒေသတွင်း ကုန်သွယ်ရေး အချက်အခြာ နိုင်ငံတွင် စစ်တပ်က ထိန်းချုပ်ထားသော အာဏာကို မီးမောင်းထိုးပြနေသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရသော်လည်း စစ်တပ်က လွှတ်တော်ကိုယ်စားလှယ်နေရာ လေးပုံတပုံကို ရယူထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရာတွင် ခက်ခဲစေမည့် တချက်လွှတ် အာဏာကို ရရှိထားသည်။ စစ်တပ်သည် အရေးကြီးသော ဝန်ကြီးဌာနများကိုလည်း ချုပ်ကိုင်ထားပြီး လွှတ်တော်၏ ဆုံးဖြတ်ချက်များကို ပယ်ချနိုင်သည့် အခွင့်အာဏာ ရှိသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်လည်း နေရာအများစုကို ရယူထားသည်။

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် အထူးသဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့သည် နိုင်ငံ၏ နိုင်ငံရေး အဆောက်အအုံ အတွင်းကိုလည်း ယှက်နွယ်နေသည်။ ဝီကီလီက ထုတ်ပြန်သော ၂၀၀၉ ခုနှစ် သံတမန်ကြေးနန်းအရ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ သြဇာနှင့် ပိုင်ဆိုင်မှုများသည် စစ်တပ်က အာဏာကို ထိန်းသိမ်းထားနိုင်ရန် အသုံးပြုသော အဆင့်မြင့် ထောက်ပံ့ကြေးပေးစနစ်၏ အဓိက အစိတ်အပိုင်းများ ဖြစ်သည်ဟု သိရသည်။

မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်မှ အရာရှိများသည် ကန်ထရိုက်၊ လိုင်စင်နှင့် ပါမစ်များရယူလိုသော ကုမ္ပဏီများထံမှ လာဘ်ယူကြသည် ဟု ဒေသခံစီးပွားရေးသမားတဦး ပြောကြောင်းလည်း ထိုကြေးနန်းတွင် ဖော်ပြထားသည်။ ယင်း အချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပေးရန် မေတ္တာရပ်ခံချက်ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က တုံ့ပြန် ဖြေကြားခဲ့ခြင်း မရှိပေ။

နိုင်ငံတော် အတွက် ထိုလုပ်ငန်းစုကြီးနှစ်ခု၏ အရွယ်အစားနှင့် အရေးပါမှုကိုလည်း ပြည်တွင်းတွင် အခွန်အများဆုံး ဆောင်သော လုပ်ငန်းများ၏ တရားဝင်စာရင်းအရ သိရသည်။ မြန်မာစီးပွားရေး ဦးပိုင်လီမိတက်နှင့် ၎င်း၏ လုပ်ငန်းခွဲများ ဖြစ်ကြသော မြဝတီဘဏ်၊ မြဝတီကုန်သွယ်ရေးလုပ်ငန်းတို့သည် ၂၀၁၅-၂၀၁၆ ခုနှစ် အတွက် ဝင်ငွေခွန် အများဆုံး ပေးဆောင်သော လုပ်ငန်း ၅ ခု အနက်မှ လုပ်ငန်း ၃ ခု ဖြစ်သည်။ မြဝတီကုန်သွယ်ရေး လုပ်ငန်းနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ ဒဂုံအဖျော်ယမကာ လုပ်ငန်းလုပ်ငန်းခွဲသည် ကုန်သွယ်ခွန် အများဆုံး ပေးဆောင်သော လုပ်ငန်း ၅ ခုတွင် ပါဝင်သည်။

ထိုအချက်အလက်များမှ အပ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီပွားရေး ဦးပိုင်လီမိတက်နှင့် ပတ်သက်သော အခြား အချက်အလက်များမှာ မှုန်ဝါးနေဆဲဖြစ်သည်။ ၎င်းတို့၏ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု သို့မဟုတ် ဘဏ္ဍာရေး အခြေအနေတို့ကို ထုတ်ပြန်ခြင်း မရှိသလောက်ပင် ဖြစ်သည်။ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ အထူးပြု လုပ်ငန်း တခုမှာ ဆက်သွယ်ရေး ဖြစ်ပြီး ၎င်း၏ ပိုင်ဆိုင်မှု ပမာဏနှင့် ကျယ်ပြန့်မှုကို လျှို့ဝှက်လိုခြင်းမှာ ဝိရောဓိဖြစ်နေသည်။ ထိုလုပ်ငန်းသည် မြန်မာနိုင်ငံတွင် စတုတ္ထမြောက် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ရကြောင်း ဇန်နဝါရီလက ကြေညာခဲ့ သည့် ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာနပိုင် Viettel အပါအဝင်ဖြစ်သော လုပ်ငန်းစုကြီး၏ အစိတ်အပိုင်းလည်း ဖြစ်သည်။

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ အင်တာနက်စာမျက်နှာတွင် လုပ်ငန်းခွဲနှင့် လက်အောက်ခံလုပ်ငန်း ၃၀ ကျော်ကို စာရင်းဖော်ပြထားသည်။ အချို့မှာ သင်္ဘောဖျက် သင်္ဘောကျင်းနှင့် ဆေးထိုးအပ် စက်ရုံများကဲ့သို့ ကာလကြာရှည်စွာ တည်ရှိပြီး ဖြစ်သော ကုန်ထုတ်လုပ်ငန်းများ ဖြစ်သည်။ အခြားလုပ်ငန်းများတွင် မိုဘိုင်းဖုန်းဖြင့် ငွေပေးချေမှုကဲ့သို့ ဈေးကွက်သစ်များကို ပစ်မှတ်ထားသော လုပ်ငန်းများလည်း ပါဝင်သည်။ ကျန်လုပ်ငန်းများမှာ နိုင်ငံတွင် ပေါ်ပေါက်လာ နေသော ချမ်းသာကြွယ်ဝသူများ အတွက် ရည်ရွယ်သည်။ ကြော်ငြာဗီဒီယို တခုတွင် ငယ်ရွယ်သော စုံတွဲတတွဲသည် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် ရန်ကုန်ရှိ ဥက္ကလာဂေါက်ကွင်းတွင် ဂေါက်ရိုက်ကစားပြီး မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် သံဗူးအချိုရည် သောက်သုံးနေပုံကို ပြသထားသည်။

ထိုဗီဒီယိုမှာ Financial Times က သွားရောက်ခဲ့သည် ရန်ကုန်ရှိ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ မီးခိုးရောင် ရုံးချုပ်တွင် ထိုလုပ်ငန်းက ပြသသည့် သွင်ပြင်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။ “ဟေ့လူတွေ ထွက်သွားကြ၊ လူကြီးတွေ မမြင်ခင် မြန်မြန်သွားကြ” ဟု ဝန်ထမ်းတဦးက တုန်လှုပ်စွာ အပေါက်ဝဘက်သို့ လက်ဟန်ခြေဟန် ပြပြီး ပြောသည်။

ထိနေ့က ၎င်းတို့၏ ရုံးတွင် Financial Time က တင်ထားခဲ့သော စာဖြင့် မေးမြန်းသည့် မေးခွန်းများကိုလည်း မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းက တုံ့ပြန်ခဲ့ခြင်း မရှိပေ။ ကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည့် အဓိက ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာတို့ကလည်း အလုပ်မလုပ် သို့မဟုတ် ဖြေကြားခြင်း မရှိပေ။

Financial Time က ကြည့်ရှုခဲ့သော စာရွက်စာတမ်းများ အရ ဆိုလျှင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ ညီအစ်ကို ဝမ်းကွဲဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သည် လက်ရှိတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်ဟောင်းများနှင့် မိသားစုဝင်များ အတွက် လူမှုဖူလုံရေး ရင်းမြစ် ဖြစ်သည်။ ၎င်း၏ ဖက်စပ်လုပ်ငန်းအချို့တွင် အရေးပါသော အကျိုးအမြတ်များ ရှိသည်။ ၎င်းသည် မြေပိုင်ဆိုင်မှု အငြင်းပွားမှုများ၊ လုံခြုံရေး တပ်ဖွဲ့များ၏ အကြမ်းဖက်မှု စွပ်စွဲချက်များကြောင့် ကာလကြာမြင့် စွာ အခက်အခဲ ဖြစ်နေသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး သတ္တုမိုင်းတွင် တရုတ်အစိုးရ ပိုင်ဝမ်ပေါင်ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်နေသည်။ ၎င်းတို့ကမူ မည်သည့်အမှားအယွင်းမျှ မရှိဟုပြောသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အခြားသော လုပ်ငန်းခွဲနှင့် လက်အောက်ခံ လုပ်ငန်းများတွင် ဂျပန်အဖျော်ယမကာ လုပ်ငန်း Kirin နှင့် ဖက်စပ်လုပ်ငန်း၊ တောင်ကိုရီးယားသံမဏိလုပ်ငန်း Posco နှင့် ဖက်စပ်လုပ်ငန်းတို့ ပါဝင်သည်။ ကိုရီးယားမှ Inno အုပ်စုသည်လည်း ရန်ကုန်တွင် လူနေတိုက်ခန်းများနှင့် အစည်းအဝေးခန်းမ တခုတို့ ပါဝင်သည့် ဒေါ်လာသန်း ၁၂၀ တန် စီမံကိန်းတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ပူးပေါင်းဆောင်ရွက် နေသည်။

၎င်းတို့၏ စီးပွားဘက်များ၏ စစ်ဘက်အဆက်အသွယ်နှင့် ပတ်သက်ပြီး မည်သို့သော အာမခံချက်ပေးသည် ဆိုသည့် ပြဿနာကို ထိုပြည်ပ ကုမ္ပဏီများအနက် မည်သူ့ကိုမျှ တိုက်ရိုက်ကိုင်တွယ်ခြင်း မရှိကြပေ။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ပတ်သက်ပြီး လတ်တလော စိုးရိမ်စရာ မရှိဟု Kirin က ပြောသည်။ ထိုလုပ်ငန်းမှာ စစ်မှုထမ်းဟောင်းများ အတွက် အငြိမ်းစား လစာရန်ပုံငွေသာ ဖြစ်သည်ဟု Kirin က ပြောသည်။ ၎င်း၏ ဖက်စပ်လုပ်ငန်း ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ပြောကြားပေးရန် ငြင်းဆိုသော Posco ကလည်း ၎င်းတို့သည် မြန်မာနိုင်ငံတွင် မည်သည့် တရားမဝင် လုပ်ငန်းနှင့် အခွင့်အရေးချိုးဖောက်မှုတွင်မျှ ပါဝင်ခြင်း မရှိဟု ပြောသည်။ Inno အုပ်စုကမူ ဝေဖန်ပြောကြားပေးရန် မေတ္တာရပ်ခံချက်ကို တုံ့ပြန်ခဲ့ခြင်း မရှိပေ။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၎င်းတို့သည် သာမန်ကုမ္ပဏီတခုနှင့် တူညီစေရန် ကြိုးစားနေသည်ဟု ပြောသည်။ ကာကွယ်ရေး ဝန်ကြီးဌာနသည်  မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တွင် ရှယ်ယာမပါတော့ ဟုလည်း ဦးလှမျိုး၏ အဆိုအရ သိရသည်။ စစ်မှုထမ်းဟောင်းနှင့် လက်ရှိစစ်သားများ၊ စစ်ဘက်အဖွဲ့အစည်းများ အပါအဝင် ရှယ်ယာရှင်ပေါင်း ၃ သိန်း ၂ သောင်းကျော်တို့က ပိုင်ကြသည်ဟု သူက ဆက်ပြောသည်။ ၂၀၁၅-၁၆ ခုနှစ်တွင် အခွန်မဆောင်မီ အမြတ် ကျပ်ငွေ ၁၀၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၅ သန်း) မြတ်ပြီး ထိုအမြတ်၏ ၃ ပုံတပုံကို ရှယ်ယာရှင်များသို့ ပေးခဲ့သည် ဟုလည်း သူက ဆိုသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သည် ၎င်း၏ ရပ်စဲရတော့မည့် စက်ရုံများကို ပြန်လည် ရှင်သန်စေရန် စီးပွားဘက်များနှင့် ကြိုးစားနေပြီး ၎င်း၏ အိမ်သုတ်ဆေး လုပ်ငန်း ပြန်လည်ရှင်သန်စေရန်လည်း အမည်မဖော်လိုသော အနောက်တိုင်း စီးပွားရေးလုပ်ငန်းတခုနှင့် ဆွေးနွေးနေသည်ဟု ဦးလှမျိုးက ပြောသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ကြွယ်ဝချမ်းသာမှုသည် လူသိရှင်ကြား ကြေညာထားသည်ထက် များစွာ ပိုမိုများပြားသည် ဟု ဝေဖန်သူများက ပြောကြသည်။ ၎င်းသည် ကျောက်စိမ်းလုပ်ငန်းတွင်လည်း ထင်ရှားသော အခန်းမှ ပါဝင်ပြီး ဗြိတိန် အခြေစိုက် Global Witness ၏ ခန့်မှန်းချက်အရ မြန်မာ့ကျောက်စိမ်း ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်း ဈေးကွက်ဖြစ်သည့် တရုတ်ပြည်သို့ ပို့ပြီး ၂၀၁၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံဖိုး ရောင်းရသည်ဟု သိရသည်။ အစိုးရ၏ တရားဝင်လေလံပွဲ ဖြစ်သော ၂၀၁၄ ခုနှစ် ကျောက်မျက်ရတနာ ပြပွဲတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ Imperial Jade သည် ပုဂ္ဂလိကနှင့် ဖက်စပ်ကျောက်စိမ်းတွဲ ဒေါ်လာ သန်း ၁၅၀ ဖိုးဖြင့် ဒုတိယအများဆုံး ရောင်းချရသည်ဟု Global Witness က ပြောသည်။

စစ်တပ်ကုမ္ပဏီများသည် အဖျားအနားမျှသာ ရှိသေးပြီး ကျောက်စိမ်းကဲ့သို့ အကျိုးအမြတ် များသော စီးပွားရေး လုပ်ငန်းများကို လွှမ်းမိုးချုပ်ကိုင်ထားသည့် ဗိုလ်ချုပ်ဟောင်းများ၏ မိသားစုများ စီမံသည့် လျှို့ဝှက်ကွန်ရက်များလည်း ရှိသည်ဟု Global Witness မှ ဦးဆောင်လှုပ်ရှားသူ Mike Davis က ပြောသည်။

ထို့ကြောင့်ပင် အချို့သော လေ့လာသူများက အရပ်သားခေတ် ပြုပြင်ပြောင်းလဲရေး ကုမ္ပဏီများ၏ ဇာတ်လမ်းများကို မယုံကြည်ကြခြင်း ဖြစ်သည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ထိပ်တန်းဒါရိုက်တာ ၁၀ ဦးစလုံးသည် စစ်ဘက် ရာထူး ရရှိထားကြကြောင်း Financial Time က ရရှိသော စာရွက်စာတမ်းများအရ သိရသည်။ ထိုဒါရိုက်တာအဖွဲ့ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် နိုင်ငံ၏ ထိပ်တန်း စစ်အရာရှိ ၇ ဦးက ကြီးကြပ်သည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ဖူးသော ပြည်ပအစိုးရ အရာရှိတဦးက ထိုတွေ့ဆုံ ခဲ့ခြင်းနှင့် ပတ်သက်၍ “လုံးဝ ကွဲပြားခြားနားတဲ့ ကမ္ဘာတခုက အငြိမ်းစား စစ်အရာရှိအိုတွေ လာကြတာပါ။ ကျနော်တော့ ဘာပြန်လည် တီထွင်ဆန်းသစ်ဖို့ အားထုတ်မှုမှ မတွေ့ခဲ့ရပါဘူး” ဟု ပြောသည်။

ထိုကုမ္ပဏီများသည် ၎င်းတို့၏ အာရုံစူးစိုက်မှုကို ကော်ပိုရိတ်လုပ်ငန်း အုပ်ချုပ်မှု ပွင့်လင်းမြင်သာမှု ရှိရေးနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေးတို့ အပေါ်ထားရန် လိုသည်ဟု မြန်မာလူမှု တာဝန်သိ စီးပွားရေးလုပ်ငန်းဌာန Myanmar Centre for Responsible Business ကို ဦးဆောင်သူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း Vicky Bowman က ပြောသည်။

“အရင်တုန်းကတော့ သူတို့ကို သွားထိလို့ မရဘူးလို့ မြင်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရက သူတို့တွေ စည်းမျဉ်းလိုက်နာအောင် ဘယ်လောက်အထိ တွန်းအားပေးမယ် ဆိုတာတော့ မသိဘူး” ဟု သူမက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အလုပ်မနိုင်မနင်း ဖြစ်နေသော အစိုးရသည် ထိုလုပ်ငန်းများကို ပိုမိုချုပ်ကိုင်ရန် အာသာဆန္ဒ သို့မဟုတ် နိုင်ငံရေး ထိုးနှက်နိုင်စွမ်း ရှိသည့် လက္ခဏာ မတွေ့ရသေးပါ။ ပြန်ကြားရေး ဝန်ကြီးရုံးသည် တစုံတရာ ဝေဖန်ပြောကြား ပေးရန် မေတ္တာရပ်ခံခြင်းကို အကြောင်းပြန်ကြားပေးခဲ့ခြင်း မရှိခဲ့ပေ။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
0
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
120
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
390

သြစတေးလျပညာရှင်၊ မြန်မာအစိုးရ၏ စေတနာ့ဝန်ထမ်း စီးပွားရေးအကြံပေး Sean Turnell ကမူ အစိုးရအရာရှိများ သည် စစ်တပ်နှင့် ဆက်စပ်ကုမ္ပဏီများ အပါအဝင် ခရိုနီလုပ်ငန်းစုများ ခံစားနေသော အထူး အခွင့်အရေးများကို ဖယ်ရှား ပစ်လိုသည်ဟု ပြောသည်။ သို့သော် လက်စားချေမှု မရှိရန် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သတိထားရခြင်းကို ထင်ဟပ်ပြောသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ အထူးပြုသော အမေရိကန်စီးပွာရေး လုပ်ငန်းဆိုင်ရာ ရှေ့နေတဦးဖြစ်သူ Eric Rose ကမူ မြန်မာနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ထရမ့်အစိုးရသည် သဘောတရား အတိအကျ မဆန်သော နည်းလမ်းများ ကျင့်သုံးမည်ဟု မျှော်လင့်နေသည်။

ထိုကုမ္ပဏီများသည် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ လေးနက်ကြောင်း ပြသလာပါက နာမည်ဆိုး ကျော်ကြားသော စစ်တပ်နှင့်ပတ်သက်သည့် ကုမ္ပဏီများနှင့်ပါ လုပ်ကိုင်ခွင့်ရရန်မှာလည်း သူ၏မျှော်လင့်ချက်တွင် ပါဝင်နေသည်။

“စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ ပတ်သက်တဲ့ အလားအလာက အရမ်းကြီးမားတယ်။ အမေရိကန်ကုမ္ပဏီတွေဟာ စစ်တပ်ရဲ့ စီးပွားရေး ပုံစံဟောင်းတွေ ပြုပြင်ပြောင်းလဲရေးမှာ ကူညီဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေတယ်” ဟု Mr Rose က ပြောသည်။

(လန်ဒန်အခြေစိုက် Financial Time သတင်းစာပါ Michael Peel ၏ Myanmar: the military-commercial complex  ဆောင်းပါးကို ဘာသာပြန်ဆိုသည်။ မူရင်းကို ဖတ်ရှုလိုလျှင် ဤနေရာကိုနှိပ်ပါ။ )

Your Thoughts …
Tags: စစ်ဘက်စီးပွားရေးလုပ်ငန်း
Michael Peel

Michael Peel

Similar Picks:

No Content Available
Next Post
ငွေဆောင်ဒေသခံ ဦးသောင်းလှ သေဆုံးခဲ့သည့် အခင်းဖြစ်ပွားရာနေရာကို တွေ့ရစဉ် / ဧရာဝတီ

ငွေဆောင် ၌ တောဆင်ရိုင်းနင်း၍ ဒေသခံတဦးသေဆုံး

မြန်မာ့တပ်မတော်ရဲ့ တကယ့် သူရဲကောင်းများ

မြန်မာ့တပ်မတော်ရဲ့ တကယ့် သူရဲကောင်းများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved