• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အမျိုးသမီးများအတွက် ရင်ဖွင့်ဂေဟာ (သို့မဟုတ်) ကြည်ကြည်ရဲ့အိမ်

by နန်းဆိုင်နွမ်
18 June 2017
in ဆောင်းပါး
A A
ဒေါ်ကြည်ကြည်ဝင်းရွှေ

ဒေါ်ကြည်ကြည်ဝင်းရွှေ

12k
VIEWS
Share on FacebookShare on Twitter

တိတ်ဆိတ်ငြိမ်သက်တဲ့ရပ်ကွက်တခုက အဝါရောင်ကျောက်ပြားတွေနဲ့ ကပ်ထားတဲ့သုံးထပ်တိုက်ကြီးရဲ့ရှေ့ ခြံစည်း ရိုးမှာ “ Kyi Kyi’s House” ဆိုပြီး ဆိုင်းဘုတ် တပ်ထားပါတယ်။

မြန်မာလိုတော့ ကြည်ကြည်ရဲ့အိမ်ပေါ့။

အဲဒီအိမ်လေးကတော့ တလတကြိမ် အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေကို ပြုလုပ်ပေးသလို အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဆွေးနွေးအကြံပေးတာတွေကိုလည်း အခမဲ့ပြုလုပ်ပေးပြီး အမျိုးသမီးတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ရှာဖွေပေးတဲ့နေရာတခုပါ။

ဒီအိမ်လေးမှာပဲ အမျိုးသမီးတွေအတွက် အဆောင်လည်း ဖွင့်လှစ်ပေးထားပါတယ်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
620
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
193
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
605

အိမ်ကလေးကတော့ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ရပ်ကွက်(၄၁)မှာ ရှိတာပါ။ ဒီအိမ်လေးကို ဦးဆောင်တည်ထောင်သူ ကတော့ အသက်(၃၅)နှစ်ကျော် အမျိုးသမီးတဦးဖြစ်တဲ့ ဒေါ်ကြည်ကြည်ဝင်းရွှေ ပဲဖြစ်ပါတယ်။

Kyi Kyi’s house ဖွင့်ရတဲ့ ရည်ရွယ်ချက်က အမျိုးသမီးတိုင်း အလုပ်လုပ်ရမှာဖြစ်ပြီး အလုပ်လုပ်နိုင်ဖို့ အလုပ်အ ကိုင်ရှာဖွေ ပေးတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးကြောင်း၊ အမျိုးသမီးတဦးစီနဲ့ ကိုက်ညီတဲ့အလုပ်တွေကိုလည်း အကြံပေးမှုတွေ ပြုလုပ်ကြောင်း ဒေါ်ကြည်ကြည်ဝင်းရွှေ က ပြောပြပါတယ်။

ဒေါ်ကြည်ကြည်ဝင်းရွှေဟာ ၁၉၉၅ ခုနှစ်မှာ ထားဝယ်မြို့ ကိုယ်စားပြု ရေကူးလက်ရွေးစဉ်အဖြစ် ရွေးချယ်ခံရပြီး ရန် ကုန်မြို့ကို ရောက်ရှိလာသူတဦးဖြစ်ပါတယ်။

ရေကူးသင်တန်းပြီးတဲ့အချိန်မှာ သူတို့မိသားစု ကံဆိုးမိုးမှောင်ကျပြီး မိဘပိုင်တဲ့မြေယာကို အာဏာပိုင်တွေက သိမ်းယူသွားခဲ့တဲ့ အတွက် မိဘနှစ်ပါးနဲ့ မောင်နှမတွေက ထိုင်းနိုင်ငံကို ရွှေ့ပြောင်းပြီး အလုပ် သွားလုပ်ရပါတယ်။

ဒါ့ကြောင့် သင်တန်းပြီးဆုံးချိန်မှာ မွေးရပ်မြေကို မပြန်နိုင်ခဲ့ပဲ လှည်တန်းမြို့နယ်ရှိ ပြင်ပအဆောင်မှာ နေထိုင်ရင်း ဘဝကို ရုန်းကန်ပြီး ပညာဆက်လက်သင်ကြားခဲ့ပါတယ်။

မကြည်ကြည်ဝင်းရွှေဟာ အသက် (၁၆) နှစ်ကစပြီး အသက် (၂၇)နှစ်အထိ မတူညီတဲ့ အလုပ်နယ်ပယ်တွေမှာ မတူညီတဲ့ အတွေ့အကြုံသင်ယူခဲ့ပြီး လက်ရှိမှာတော့ အမျိုးသမီးတွေဦးဆောင်တဲ့ ကုမ္ပဏီတခုကို ဖွင့်လှစ်နိုင်ခဲ့ပါ တယ်။

“ကျမ အလုပ်တွေ အများကြီးလုပ်ခဲ့တယ်။ စတိုးဆိုင်အရောင်းစာရေး၊ ရေကူးသင်တဲ့ဆရာ၊ စားသောက်ဆိုင်မှာ လည်း ငွေသိမ်းကောင်တာ ထိုင်ဖူးတယ်”
သူဟာ မတူညီတဲ့နယ်ပယ်စုံမှာ အလုပ်တွေ လုပ်ဆောင်ရတာ သဘောကျပြီး လူငယ်တွေကိုလည်း မတူညီတဲ့ နယ်ပယ်တွေကို ပြောင်းပြီး အလုပ်လုပ်ဖို့ တိုက်တွန်းလိုကြောင်းပြောပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ နယ်ပယ် အစုံကို သိကျွမ်း နားလည်နိုင်ကြောင်း နဲ့ ကိုယ်ပိုင်အလုပ်လုပ်တဲ့အခါမှာ ဒီအတွေ့အကြုံတွေက အများကြီးအသုံးဝင်ကြောင်း ပြောပြပါတယ်။

နောက်ပိုင်းမှာ ဒေါ်ကြည်ကြည်ဝင်းရွှေဟာ အမျိုးသမီးတွေ ဦးဆောင်တဲ့ ဆေးကုမ္ပဏီတခု ဖွင့်လာနိုင်ပြီး၊ အဲဒီက တဆင့် ကွန်ရက်တွေ ချိတ်ဆက်နိုင်ဖို့ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်အသင်းကို ဝင်ခဲ့ကြောင်း၊ အဲဒီလိုအဆင့် ဆင့်ကြိုးစားမှုနဲ့ နိုင်ငံတကာ အမျိုးသမီးတွေနဲ့ တွေ့ဆုံစကားပြောနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကြည်ကြည်ရဲ့ အိမ်ထဲက အမျိုးသမီးတွေနဲ့ ဆွေးနွေးပွဲ

အမျိုးသမီးတိုင်း ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိနေအောင် အလုပ်တခုခုလုပ်သင့်ကြောင်း၊ ဗဟုသုတကိုလည်း အမြဲတမ်း ဖြည့်ဆည်း ပေးသင့်ကြောင်း၊ နောက်ဆုံး အလုပ်မလုပ်ရင်တောင်မှ ဗဟုသုတကို အဆက်မပြတ် ဖြည့်ဆည်းဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

ကြည်ကြည်ရဲ့အိမ်လေးကတော့ အမျိုးသမီးတွေ အတွက် အလုပ်အကိုင်တွေကို အခမဲ့ ကူညီရှာဖွေပေးတဲ့နေရာ တခုဆိုရင်လည်း မမှားပါဘူး။

“ကျမဆီကို စီးပွားရေးသမား အသိတွေက အလုပ်ခေါ်တဲ့ စာတွေပို့ပါတယ်။ လျှောက်လွှာ (CV) လာလျှောက်တဲ့ အမျိုးသမီးတွေကို ကျမက အရင်အင်တာဗျူးပါတယ်” လို့ ဒေါ်ကြည်ကြည်ဝင်းရွှေ က ဆိုပါတယ်။

ဒါ့အပြင် ကြည်ကြည်ရဲ့အိမ်လေးဟာ အမျိုးသမီးနဲ့ ကျန်းမာရေး၊ အမျိုးသမီးနဲ့ ပညာရေး၊ စီးပွားရေးလုပ်ငန်းတွေအ တွက် အခမဲ့ တိုင်ပင်ဆွေးနွေးခြင်း၊ ဥပဒေရေးရာ အခမဲ့တိုင်ပင်ဆွေးနွေးခြင်း၊ အမျိုးသမီးနဲ့စိတ်ပိုင်းဆိုင်ရာ အကြံပြု ဆွေးနွေးခြင်းတို့ကို လုပ်ဆောင်ပေးနေတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

မေလနှောင်းပိုင်းမှာ ကြည်ကြည်ရဲ့အိမ်လေးမှာ ပြုလုပ်တဲ့ အမျိုးသမီးနဲ့ စိတ်ကျန်းမာရေး ဆွေးနွေးပွဲကို လာတက် ကြတဲ့ အမျိုးသမီးအများစုကို ကြည့်မယ်ဆိုရင် စိတ်ဓာတ်ကျနေသူတွေ၊ အိမ်ထောင်ရေး အဆင်မပြေသူတွေ များ နေတာကို တွေ့ရပါတယ်။

“ကျမဆီကို စိတ်ပိုင်းဆိုင်ရာအရ အကူအညီလိုအပ်သူတွေနဲ့ စိတ်ဓာတ်ကျနေတဲ့အမျိုးသမီးတွေ လာပြီးတော့ ဆွေး နွေးကြတာများပါတယ်။ အဓိကတော့ အိမ်ထောင်ရေးအခက်အခဲတွေ၊ စီးပွားရေးအခက်အခဲတွေကို ပိုပြီးတော့ အကြံပေးနေရပါတယ်” လို့ ဒေါ်ကြည်ကြည်ဝင်းရွှေက ဆိုပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ချင်တဲ့ အမျိုးသမီးတွေလာပြီး အကြံဉာဏ်တောင်းတာတွေ၊ ဥပဒေနဲ့ပတ်သက်ပြီး မေးမြန်း တာတွေ၊ နိုင်ငံတကာ ပညာတော်သင်သွားတဲ့ အတွေ့အကြုံတွေကိုလည်း သူက အခမဲ့တွေ့ဆုံဆွေးနွေးမှုတွေ ပြု လုပ်ပေးနေပါတယ်။

ဆွေးနွေးပွဲကို လာတက်တဲ့ အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတဦးကတော့ “ အမျိုးသမီးတွေဟာ အိမ်မှာနေ လည်း အလုပ်လုပ်ရတာပဲ၊ ရုံးသမားတွေဆိုလည်း ရုံးကိုသွား၊ အလုပ်လုပ်ကြရပြီး အိမ်ပြန်လာလည်း အိမ်အလုပ် တွေ လုပ်နေရတာဘဲ၊ တခါတလေမှာ ကိုယ့်အတွက်တောင် ကိုယ်မေ့နေကြတယ်၊ ဒီလိုအမျိုးသမီးတွေနဲ့ဆိုင်တဲ့ သီးသန့်ဆွေးနွေးပွဲတွေကို များများလုပ်ပေးတာ ကောင်းတယ်” လို့ဆိုပါတယ်။

အမျိုးသမီးအများစုဟာ စိတ်ညစ်ရင်၊ စိတ်ဓာတ်ကျရင်၊ အိမ်ထောင်ရေး အဆင်မပြေရင် စိတ်ထွက်ပေါက် သိပ်မရှိ ကြကြောင်း ပွဲလာတက်တဲ့ အသက် (၃၅)နှစ်အရွယ် အမျိုးသမီးတဦးက ပြောပါတယ်။

အမျိုးသမီးတွေဟာ အိမ်ထောင်ကျပြီဆိုရင် အများစုက ကလေးမွေးကြပြီး၊ ကိုယ်ဝန်ဆောင်ချိန်ကနေ မွေးဖွားချိန် အထိ တနှစ်ကျော်ကာလမှာ ယောကျ်ားတွေကို မှီခိုကြရကြောင်း၊ အဲဒီလို မှီခိုတဲ့အချိန်မှာ ကလေးတွေနဲ့သာ အချိန် ကုန်လာပြီး ကိုယ်က ကလေးထိန်း၊ အိမ်ထောင်ထိန်း အလုပ်ကလွဲပြီး ဘာမှမတတ်တော့ဘူးလို့ ကိုယ့်ကိုယ်ကို ယူ ဆလာကြကြောင်း ဒေါ်ကြည်ကြည်ဝင်းရွှေက ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို ပြောပါတယ်။

ကလေးမွေးဖွားပြီးတဲ့မိခင်တွေဟာ ကိုယ်ပိုင်ဝင်ငွေရတဲ့အလုပ်ကို ပြန်လုပ်ချင်လာတဲ့အခါမှာ ကိုယ့်ယောကျာ်းက ထောက်ပံ့မှု မရှိတဲ့အပြင် ကိုယ့်ဇနီးကို အထင်ကြီးမှု မရှိတဲ့အတွက် အမျိုးသမီးတဦးအနေနဲ့ အလုပ်ပြန်လုပ်ဖို့ ဆုံးဖြတ်ရ ခက်ခဲလာတတ်ပါတယ်။

ဒါ့ကြောင့် အမျိုးသမီးတွေက ဆက်ပြီးအလုပ်လုပ်ဖို့ မစဉ်းစားတော့ဘဲ ဒီအိမ်ထောင်၊ ဒီသားသမီးတွေနဲ့သာ တောက်လျှောက် မျောပါနေရတဲ့ အခြေအနေကိုရောက်နေကြရသလို တချို့ကျတော့လည်း ဒီအခြေအနေကို ဆန့် ကျင်မှုကြောင့် အိမ်ထောင်ကွဲ တာတွေ ဖြစ်လာတာတွေ့ရပါတယ်လို့ သူက ဆိုပြန်တယ်။

“ကျမတို့ လူအသိုင်းအဝန်းမှာ အသားကျပြီးသား၊ အမျိုးသားက ဦးဆောင်မယ်၊ အမျိုးသားက ရိုက်မယ်၊ အမျိုးသ မီးတွေ ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို တန်းတူရည်တူ သဘောမထားဘဲ ငါကခံရတဲ့အပိုင်း၊ ငါကအိမ်ထောင် သည် စသဖြင့် စွဲနေကြတယ်”

ခေတ်အဆက်ဆက်မှာ အမျိုးသားတွေက အမျိုးသမီးတွေအပေါ် တဆင့်နိမ့်ပြီး ဆက်ဆံခဲ့မှုတွေဟာ အမျိုးသမီး တွေအပေါ်မှာလည်း မူတည်ကြောင်း၊ အမျိုးသမီးတွေက အမျိုးသားတွေအပေါ် အားကိုးလိုစိတ်ရှိနေသရွေ့ အနှိမ် ခံနေရဦးမယ်လို့လည်း သူမက ဆက်လက်ပြောပါတယ်။

ဒါ့အပြင် “ မိန်းကလေးတွေကိုယ်တိုင်က ယောကျ်ားလေးတွေကို အားကိုးဖို့လိုက်ရှာနေတာ။ အိမ်မှာ မီးလုံးကျွမ်း တာ ယောကျ်ားတွေကို လိုက်ရှာတယ်။ မီးလုံးကတော့ အမျိုးသမီးတွေလည်း လဲလို့ရပါတယ်” လို့ သူမထင်မြင် ချက်ကို ပြောပြပါတယ်။

ဒေါ်ကြည်ကြည်ဝင်းရွှေကတော့ အမျိုးသမီးတွေကို အပြင်ထွက် အလုပ်လုပ်ဖို့၊ ဗဟုသုတများများရှာဖို့ တိုက်တွန်း လိုက်ပါတယ်။

ကြည်ကြည်ရဲ့အိမ်လေးကတော့ အမျိုးသမီးတွေကို အမြဲတမ်းဖိတ်ခေါ်လျက်ပါ။

စိတ်မွန်းကြပ်လို့ တိုင်ပင်ဖော်မဲ့နေတဲ့၊ စကားပြောရင်ဖွင့်ဖော်လိုနေတဲ့ အမျိုးသမီးတွေအားလုံးအတွက် ကြည် ကြည်ရဲ့အိမ်ကလေးက အမြဲတန်းတံခါးဖွင့်ထားပါတယ်။

Hiburma.net မှ ဆောငျးပါးကို ပွနျလညျဖောျပွပါသညျ။

Your Thoughts …
Tags: ကြည်ကြည်
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

No Content Available
Next Post
ဒီဇိုင်း-ကျော်မျိုးထိုက်/ ဧရာဝတီ

လေ့ကျင့်ခန်းလွတ် အစားအစာနဲ့ စားသောက်နည်းများ

စိတ်ကြွဆေး ၂သန်းကျော် ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိ

စိတ်ကြွဆေး ၂သန်းကျော် ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved