• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ချင်းတွင်းမြစ်ကမ်းနဖူးက ရှေးမြန်မာမြို့

by သန်းနိုင်ဦး
25 June 2017
in ဆောင်းပါး
A A
အမြင့်မြို့အဝင်လမ်း

အမြင့်မြို့အဝင်လမ်း

19.3k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်ထဲက ချင်းတွင်းမြစ်ရိုးမှာ ရှေးမြန်မာရွာကြီး ရှိတယ်။ ဒီရွာကြီးက အရင် ပဒေသရာဇ်ခေတ်က မြို့စားထားရလောက်အောင်အထိ စည်ပင်ဖွံ့ဖြိုးခဲ့တယ်။

မင်းလက်ဝါးကို ဒီရွာမှာ မွေးခဲ့တယ်။ သခင်လေးမောင်ရဲ့ဇာတိဆိုလည်း ဟုတ်တယ်။ အိုးဝေဦးညိုမြကိုလည်း ဒီရွာမှာပဲ မွေးဖွားခဲ့ပါတယ်။ အရီးတောင်း လက်ဖက်လုပ်ငန်းပိုင်ရှင် ဦးကျော်သိန်းကိုလည်း ဒီရွာမှာပဲ မွေးဖွားခဲ့တာပါ။

ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ဇနီး၊ သမ္မတကြီး ဦးထင်ကျော်ရဲ့အမေ ဒေါ်ကြည် (B.A) ရဲ့ ဇာတိချက်မြှုပ်လည်း ဖြစ်ပါ တယ်။

ဒီရပ်ဒီရွာက မြစ်နီးကမ်းနီးအရပ်ဖြစ်လို့ မြစ်ရေဝင်ပြီး နုံးတင်မြေနုပေါလို့ စိုက်ပျိုးရေး ဖြစ်ထွန်းပါတယ်။ ကြည့်လေရာရာမှာ လယ်တောကိုင်းတော စိမ်းစိမ်းအုပ်အုပ် တွေ့နေရတယ်။ ရွာတွေက တရွာနဲ့ တရွာ ဆက်နေပြီး ရွာထိပ်လေးတွေမှာ ချောင်း ကူးတံတားလေးတွေရှိတယ်။ ကုက္ကိုပင်တွေ ရှားပင်တွေ ထန်းတောတွေက အုပ်ဆိုင်းနေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်အတွင်းက အမြင့်ဆိုတဲ့ ရွာဖြစ်ပါတယ်။ မြန်မာစကားမှာ မြေဆူလူဖျင်းဆိုတဲ့ ဆို ရိုးစကားရှိသော်လည်း အမြင့်ရွာသူ ရွာသားတွေ မညံ့ကြပါ။ မညံ့တဲ့အပြင် လူတော်လူကျော်တွေ အထူးအထွက်တိုးတဲ့ အ ရပ်ဒေသလည်းဖြစ်ပါတယ်။ အိုးဝေဦးညိုမြတို့က ကိုလိုနီခေတ်မှာကတည်းက အမေရိကားက သတင်းစာပညာ မဟာသိပ္ပံ ပညာဘွဲ့ကို ရယူနိုင်ခဲ့ပါပြီ။

အမြင့်မြို့ရှိ ညိုမြတို့ရွာ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်

ဒီရွာလေးမှာ ချောင်းဦးစည်ပင်က ဈေးဖွင့်လှစ်ထားတယ်။ အဲဒီ ဈေးတန်းလေးမှာ လက်ဖက်ရည်ဆိုင်၊ လယ်ယာသုံးပစ္စည်း အရောင်းဆိုင်၊ အကျီ ၤအဝတ်အထည်ဆိုင်၊ အလှပြင်ဆိုင်တွေရှိတယ်။ ရွာထဲမှာလည်း တယ်လီဖုန်းဆိုင်၊ လက်ဖက်ရည် ဆိုင်၊ သွားဆရာဝန်၊ နှီးဖျာဆိုင်တွေရှိပါတယ်။ စာသင်ကျောင်း၊ စာကြည့်တိုက်၊ လူမှုကူညီရေးအသင်း၊ နိုင်ငံရေးပါတီ၊ တိုက် နယ်ဆေးရုံနဲ့ ရဲစခန်းလည်း ရှိပြီး စည်ပင်ဖွံ့ဖြိုးတဲ့ ကျေးရွာကြီး ဖြစ်ပါတယ်။

ရှေးဟောင်းစေတီပုထိုးတွေ အများအပြားဖူး တွေ့နိုင်ပြီး စေတီအချို့ပြိုကျပျက်စီးနေတယ်။ ဘုန်းတော်ကြီးကျောင်းတွေ လည်း အများအပြား ရှိပါတယ်။

ဒီရွာထိပ်မှာ ကြီးမားတဲ့စာကြည့်တိုက်ကြီးရှိပြီး သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ အကြံဉာဏ်၊ လုံ့လ၊ ဥသဟနဲ့ ဖွင့် လှစ်ခဲ့တဲ့ ညိုမြတို့ရွာ စာကြည့်တိုက်က ရွာ့ကျက်သရေ ဖြစ်နေပါပြီ။ အညာရွာကြီးတရွာမှာ စာကြည့်တိုက်ကြီး ရှိနေတာ ဂုဏ်ယူစရာကောင်းတယ်။

စာကြည့်တိုက်က အုတ်ကာသွပ်မိုး တထပ်အဆောက်အဦပါ။ စာကြည့်တိုက်ရှေ့မှာ အမြင့်ရွာသား (၃) ယောက်ဖြစ်တဲ့ အိုးဝေ ဦးညိုမြ ၊သခင်လေးမောင်၊ အရီးတောင်း ဦးကျော်သိန်းတို့ရဲ့ကိုယ်တပိုင်းပုံကြေးရုပ်တွေ စိုက်ထူထားတယ်။

အမြင့်မြို့ရှိ ညိုမြတို့ရွာ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်

၂၄ ဧပြီ ၂၀၁၄ ရက်နေ့က အိုးဝေဦးညိုမြ နှစ်(၁၀၀)ပြည့်တဲ့နေ့က အမှတ်တရအဖြစ် အမြင့်ရွာသားသုံးယောက်ရဲ့ ကြေးရုပ် တွေ စိုက်ထူခဲ့ကြတာပါ။ ညိုမြတို့ရွာ စာကြည့်တိုက်ဖြစ်မြောက်ဖို့ မန္တလေးက လူထုဒေါ်အမာရဲ့စီစဉ်ပေးမှုနဲ့ ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၁၃ရက်နေ့မှာ ဖွင့်လှစ်ခဲ့ကြတာပါ။

စာကြည့်တိုက်ဖွင့်ပွဲလာကြတဲ့ ဆရာနေဝင်းမြင့်၊ ဆရာကျော်ရင်မြင့်၊ ဆရာညီပုလေး၊ ဆရာဆူးငှက်တို့ရဲ့ဓာတ်ပုံမှတ်တမ်း တွေကို စာကြည့်တိုက်ထဲမှာ ပြသထားတယ်။ စာကြည့်တိုက်တည်ထောင်ပြီး နှစ် ၂၀ နီးပါးအတွင်း စာပေဟောပြောပွဲတွေ ၁၀ ကြိမ်ထက်မနည်း လုပ်ဆောင်ပေးခဲ့တယ်။

ညိုမြတို့ရွာ စာကြည့်တိုက်ရယ်လို့ အမည်မတွင်ခင်က နန်းမြင့် အမည်နဲ့လည်း စာကြည့်တိုက် ဖွင့်လှစ်ခဲ့ဖူးတယ်။ အလင်း ရောင်စာကြည့်တိုက်၊ ရတနာပျိုးခင်းစာကြည့်ုတိုက်စတဲ့ နာမည်တွေနဲ့လည်း အမြင့်မှာ စာကြည့်တိုက်တွေ ရှိခဲ့ဖူးတယ်။ အခု ညိုမြတို့ရွာ စာကြည့်တိုက် ဗီရိုတွေထဲမှာ အရင်စာကြည့်တိုက်တွေက စာအုပ်တွေပါ စုဆောင်းထားရှိပါတယ်။

စာကြည့်တိုက်မှူး ဦးညိုသောင်းက “ စာအုပ်ပုံမှန် အလှူရှင်တွေလည်းရှိတယ်။ လက်ရှိမှာလည်း စာအုပ် ၄၀၀၀ ဝန်းကျင် လောက်ရှိတယ်။ နေ့စဉ် ပုံမှန်စာလာဖတ်သူက ၁၀ ဦး ထက် မပိုဘူး။ တချို့ရက်တွေဆို လေးငါးယောက်ပဲ လာတယ်” လို့ သူ့ စာကြည့်တိုက်အခြေအနေကို ပြောပြတယ်။

အမြင့်က သမိုင်းထဲကမြို့ဖြစ်ပေမယ့် လျှပ်စစ်မီးရတာ မကြာလှသေးဘူး။ ရွာထိပ်က ထရန်စဖော်မာမှာ ရေးထိုးထားတဲ့ မှတ် တမ်းအရ (၇-၇-၂၀၁၄)ရက်နေ့ကမှ လျှပ်စစ်မီးရခဲ့တာဖြစ်ပါတယ်။ အမြင့်က ရှေးရွာကြီးဖြစ်ပြီး ရွာတည်ထားပုံက စနစ် ကျ တယ်၊ လမ်းတွေက ဖြောင့်တန်းနေပြီး အကွက်ကျကျ ဖော်ဆောင်ထားတယ်။

အမြင့်က လူတွေရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းက မိရိုးဖလာ တောင်သူလုပ်ငန်းနဲ့ နှီးဖျာ ရက်လုပ်ရောင်းချတာပါ။ နှီး ဖျာ ရက်လုပ်ပြီး တောင်း၊ ခမောက်၊ ဖျာ၊ စတဲ့ လက်မှုလုပ်ငန်းထွန်းကားပြီး အနီးဝန်းကျင် မြို့ရွာတွေမှာ ရောင်းချကြပါ တယ်။ အမြင့်က ဘွဲ့ရလူငယ်တွေ ကုမ္မဏီလုပ်ငန်းတွေမှာလည်း ဝင်ရောက်လုပ်ကိုင်ကြတာရှိပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
83
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
326
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116
အမြင့်မြို့ရှိ ရှေးဟောင်းစေတီအချို့

အညာရွာတွေ ထုံးစံအတိုင်း မလေးရှားနဲ့ ကိုရီးယားမှာ သွားရောက် လုပ်ကိုင်နေကြသူတွေလည်း မနည်းလှဘူးလို့ အမြင့်ရွာ ခံက ပြောပြတယ်။

အမြင့်ဝန်းကျင်ဒေသက ရှေးမြန်မာကြီးတွေ အခြေစိုက်နေထိုင်ခဲ့ကြတာပါ။ အမြင့်မှာ ရှေးခံတပ်မြို့ဖြစ်တာနဲ့အညီ ကျုံး၊ မြို့ ရိုးဟောင်းတွေ အခုတိုင်တွေ့မြင်နိုင်ပါသေးတယ်။ ခေတ်အဆက်ဆက် စိုက်ထူခဲ့တဲ့ကျောက်စာတွေလည်း အမြင့်မှာရှိ တယ်။ နန်းတော်ရာကုန်းမှာ တိုင်အဟောင်းအမြင်းတွေသာ ရှိတော့တယ်။ ရှေးခေတ်စေတီအပျက်အစီးတွေကို ရှေး ဟောင်းသုတေသနက နံပါတ်ရေးထိုးပြီး မှတ်တမ်းတင်ထားပါတယ်။

အမြင့်ရွာအနီးမှာရှိတဲ့ တောကျောင်းလေးရွာက ပျူတွေ တည်ခဲ့တဲ့ရွာဖြစ်ပြီး တခါတရံ ပျူခေတ်လက်ရာ ရှေးဟောင်းပ စ္စည်း တွေ့ရလေ့ရှိပါတယ်။ အမြင့်ရွာနဲ့ ၅ မိုင်အကွာမှာ အနိမ့်ရွာဆိုတာ ရှိပြီး အဲဒီ အနိမ့်ရွာကလည်း ရှေးဟောင်းရွာကြီး တရွာ ဖြစ် ပါတယ်။

ညိုမြတို့ရွာ စာကြည့်တိုက်နဲ့ လမ်းခြားပြီး ပန်းတိမ်ကုန်းစေတီရှိပါတယ်။ ပန်းတိမ်ကုန်းစေတီရဲ့အပြင်ဘက်မှာ လူတရပ် ကျော်မြင့်တဲ့ ငုဝါပင်ပျိုတပင်ရှိတယ်။ ငုဝါပင်လေးရဲ့ဘေးမှာ တတောင်သာသာ ကျောက်စာတိုင်လေး စိုက်ထူထားပါတယ်။

ကျောက်စာမှာ ၁၉-၆-၂၀၀၈ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အမြင့်တိုက်နယ်) စိုက်ပျိုးသည်လို့ ရေးထားပါတယ်။ သစ်ပင်ကို ၂၀၀၈ ခုနှစ်ကတည်းက စိုက်ပျိုးခဲ့ပေမယ့် ကျောက်စာတိုင်ကိုတော့ ၂၀၁၆ ခု နှစ်မှသာ စိုက်ထူခွင့်ရခဲ့ပါသတဲ့။

အညာဒေသ မုံရွာ-ချောင်းဦးဒေသ ရောက်တဲ့အခါ ရှေးမြို့ဟောင်းအမြင့်ဒေသကို အရောက်လှမ်းခဲ့ကြပါ။ ရှေးဟောင်း စေတီပု ထိုးတွေ၊ သာသနိကအဆောက်အဦတွေ ဖူးမြှော်ရင်း အညာမုန့်ပဲသရေစာတွေ သုံးဆောင်ရအောင် အရောက် လှမ်းခဲ့ကြစေလို ပါတယ်။

 

Your Thoughts …
Tags: ရှေးမြန်မာရွာ
သန်းနိုင်ဦး

သန်းနိုင်ဦး

Contributor

Similar Picks:

No Content Available
Next Post
Windows 10 မှာ Emoji အတွက် Shortcut သုံးနိုင်ပြီ

Windows 10 မှာ Emoji အတွက် Shortcut သုံးနိုင်ပြီ

ပုသိမ်မြို့နယ် သလပ်ခွာနယ်မြေရဲစခန်း / ဆလိုင်းသန့်စင် / ဧရာဝတီ

ပုသိမ်မြို့နယ်၌ ကျောင်းသူတဦး ကြိုးဆွဲချသေဆုံး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved