• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပုဒ်မ ၁၇(၁) နှင့် မီဒီယာသမားများ

by ထက်မြက်
20 July 2017
in ဆောင်းပါး
A A
ဖမ်းဆီးခံ သတင်းသမားများ လွတ်မြောက်ရေး ရန်ကုန်တွင် တောင်းဆိုဆန္ဒပြကြစဉ် / မျိုးမင်းစိုး / ဧရာဝတီ

ဖမ်းဆီးခံ သတင်းသမားများ လွတ်မြောက်ရေး ရန်ကုန်တွင် တောင်းဆိုဆန္ဒပြကြစဉ် / မျိုးမင်းစိုး / ဧရာဝတီ

4.8k
VIEWS
Share on FacebookShare on Twitter

ဇွန်လ ၂၆ ရက် မွန်းလွဲပိုင်းက နမ့်ဆန် သီပေါ ကားလမ်းတွင် ဖမ်းဆီးခံသော DVB အကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ ကိုပြည့်ဘုန်းနိုင် နှင့် ဧရာဝတီ သတင်းဌာနမှ ဦးသိန်းဇော်တို့ နှင့် ပတ်သက်ပြီး တပ်မတော်က ဇွန်လ ၂၈ ရက် နေ့တွင် သီပေါ ရဲစခန်းတွင် မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နှင့် တရားစွဲဆိုလိုက်သော သတင်းမှာ သတင်း လောကတွင် ဟိုးလေးတကျော် ဖြစ်သွားလေသည်။

လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်သည် ဆိုပြီး ပုဒ်မ ၁၇(၁) လို ပုဒ်မဖြင့် စွဲဆိုမှုမှာ မြန်မာ့ တရားဥပဒေတွင် ပြဌာန်း လိုက်ပြီးကတည်းက ပထမဆုံး စွဲလိုက်သော အမှု ဖြစ်နေသည်ဟုလည်း တရားလွှတ်တော် ရှေ့နေကြီး တဦးက ထောက်ပြ ပြောဆိုသွားသည်ကို ကြားရလေသည်။

ထိုကဲ့သို့ တရားစွဲဆိုခြင်းသည် သတင်းသမားများ သတင်းရယူခွင့်ကို ကန့်သတ်လိုက်ခြင်းလည်း ဖြစ်သလို သတင်း မယူရဲအောင်၊ သတင်းသမားများ လွတ်လပ်စွာ လှုပ်ရှားခွင့် မရှိအောင် ကန့်သတ်ချုပ်ခြယ် လိုက်ခြင်းလည်း ဖြစ်သည်။

သတင်းသမားများ နောင် သတင်းမယူရဲအောင် ခြောက်လှန့်လိုက်ခြင်းလည်း ဖြစ်သည်ဟု သတင်းလောကသားများက ယူဆကြသည်။

ပလောင် (တအာင်း) လွတ်မြောက်ရေး တပ်မတော် (TNLA) နယ်မြေတွင် မူးယစ်ဆေးဝါးများ ဖျက်ဆီးမည် ဆိုသော သတင်း ကို ထို သတင်းဌာနများက ရရှိသဖြင့် သတင်းထောက်များကို သတင်း သွားယူခိုင်းရာမှ အပြန် ဤသို့ ဖမ်းဆီးခံရ၊ တရား စွဲဆို ခံရခြင်း ဖြစ်လေသည်။

မိမိတို့ သိရှိသမျှ ဆိုလျှင် သတင်းလောကသားများသည် သတင်းကို ရယူရာတွင် ဖမ်းဆီးခံရသည့် အနစ်နာခံမှုမျိုးသာမက ထို့ထက် ဆိုးသည်များ ကမ္ဘာပေါ်တွင် အဖြစ်အပျက်ပေါင်း များစွာ ရှိခဲ့ပါသည်။

RelatedPosts

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
110
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
3.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.2k

ကမ္ဘာတွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီး ဖြစ်နေသည့် မြန်မာနိုင်ငံတွင်လည်း ၁၉၄၈ ခုနှစ်ကနေ ယခုအထိ နိုင်ငံရေး ပါတီများနှင့် တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်၊ ပြည်ပမှ လာရောက် တိုက်ခိုက်သော ကူမင်တန် (KMT) တရုတ်ဖြူများနှင့် တပ်မတော်တို့ နှစ်ပေါင်း ၇၀ ကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ပုဂ္ဂလိက ထိုကဲ့သို့ နှစ်ပေါင်းများစွာ တိုက်ပွဲများ ဖြစ်ပွားနေသော ကာလများတွင် သတင်းသမားများက အလျင်းသင့်သလို စစ်ပွဲ သတင်းများ သွားရောက်ယူလေ့ ရှိပါသည်။ ပုဂ္ဂလိက သတင်းစာများက သတင်းသွားရောက် ယူကြသလို နိုင်ငံပိုင် သတင်း စာ များကလည်း တပ်မတော်နှင့် အတူ သတင်း သွားမည်မှာ သေချာသလောက် ရှိပါသည်။

ယခုလို ပုဂ္ဂလိက သတင်းဌာနများ၊ ရုပ်သံလွှင့် ဌာနများက ပွင့်လင်းလာသည့် အခါတွင် လွတ်လပ်စွာ သတင်းယူခွင့် ဆိုသော ဒီမိုကရေစီ၏ အနှစ်သာရကို အသုံးပြုကာ သတင်း သွားယူခြင်းသည် သတင်းထောက်များ၏ အလုပ်ဟု ယူဆ ကာ စွန့်စွန့်စားစား သတင်း သွားရောက်ယူလေ့ ရှိကြပါသည်။ တကြိမ်တခါမျှ ၁၇(၁) နှင့် အဖမ်းခံရ၊ တရားစွဲခံရခြင်း မရှိခဲ့ဖူးပါဘူးဟု ဥပဒေပညာရှင်များက ပြောကြား ပါသည်။

သတင်းယူတိုင်း မတရားသင်း ပုဒ်မနှင့် ငြိစွန်းသည်၊ အစိုးရကို ပုန်ကန် ဆန့်ကျင်နေသူများနှင့် အဆက်အသွယ် လုပ်သည် ဟု ယူဆလျှင် သတင်းသမားများ လက်နက်ကိုင် အဖွဲ့အစည်းများတွင် သတင်းယူခွင့် မရှိဟု ဥပဒေ စည်းကမ်းများ ထုတ်ပြန်ကာ တားမြစ်ရပေမည်။

လွန်ခဲ့သော တပတ်က တရားလွှတ်တော် ရှေ့နေကြီး တဦးက ကျနော်တို့ မိတ်ဆွေတစုကို ညစာကျွေးပါသည်။ မိတ်ဖြစ် ဆွေဖြစ် စကားစမြည် ပြောရင်း လက်ရှိ ဖြစ်နေသည့် အခြေအနေ အရပ်ရပ်ကိုလည်း တွေ့ဆုံ ဆွေးနွေးကြခြင်း ဖြစ်ပါ သည်။

ထိုအခါတွင် ကျနော်တို့ အဖွဲ့တွင် သတင်းသမား အများဖြစ်နေ၍ လွှတ်တော်တွင် တင်ထားသော ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ကို ဆွေးနွေးကြ လေသည်။

၆၆(ဃ)ကို လက်နက်သဖွယ် အသုံးပြုပြီး သတင်းသမားများအား မပြတ်ဖမ်းဆီးကာ အာမခံ မပေးဘဲ တရားရုံး တင်နေ သည့် အပေါ် သတင်းသမား အားလုံး မကျေမနပ် ဖြစ်ကာ ကန့်ကွက် ဆန္ဒပြမှု ပြုလုပ်ကြသည်။

ထိုဥပဒေကို ဖျက်သိမ်းပစ်ရန် သို့မဟုတ် ပြင်ဆင်ပစ်ရန် တရားနည်းလမ်းကျစွာ တောင်းဆိုနေခြင်းလည်း ဖြစ်ပါသည်။

၆၆(ဃ) နှင့် တရားစွဲလိုက်လျှင် အာမခံ မပေးဘဲ ရမန် ထပ်ခါထပ်ခါ ယူပြီး ထောင်တွင်း ထားရှိနေခြင်းကသည်ပင်လျှင် အပြစ် ရှိသည်။ မရှိသည် မသိရသေးဘဲ တရားစွဲခံရသော သတင်းသမား အဖို့ နစ်နာလှသည်ကို ဘယ်သတင်းသမားကမှ လက်ခံကြမည် မဟုတ်ပေ။ အလွန်ဆိုးဝါးလှသော လုပ်ရပ်လည်း ဖြစ်လေသည်။

အစောပိုင်းက ဦးမျိုးရန်နောင်သိမ်းတို့၊ ဒေါက်တာ သန်းထွဋ်အောင်တို့ ပုဒ်မ ၆၆(ဃ)ဖြင့် ဖမ်းဆီး တရားစွဲခံရ၊ ထောင်ဒဏ် ချခံရပြီးနောက် လက်ရှိ ဦးကျော်မင်းဆွေလည်း ၆၆(ဃ) နှင့် တရားစွဲ ခံနေရသည်။

သတင်းသမားများကို ခြောက်လှန့်လိုက်သည့် သဘောဖြင့် ထိုပုဒ်မ ၏ ပြင်းထန်သော အပြစ်ပေးမှုကို အသုံးချပြီး တရား စွဲခြင်းလည်း ဖြစ်နိုင်သည်ဟု ပြည်သူလူထုက ယူဆကြလေသည်။

ထိုကဲ့သို့ ပုဒ်မ ၆၆(ဃ) ၏ ဂယက် မပြီးသေးခင်မှာပင် ယခုတဖန် သတင်းယူသော သတင်းသမားများအား ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲလိုက်ခြင်းသည် သတင်းသမားများကို ခြောက်လှန့်လိုက်ခြင်းလား၊ အမှန်တကယ်ပင် မတရားအသင်း ကြေညာ ထားသော လက်နက်ကိုင် အဖွဲ့များနှင့် အဆက်အသွယ် လုပ်၍ တရားစွဲလိုက်ခြင်းလား ဆိုသည်မှာ မေးစရာ ပြောစရာများ ဖြစ်လာပါတော့သည်။

ဇွန်လဆန်းပိုင်းကလည်း ရှေ့နေများနှင့် တွေ့ဆုံ ဖြစ်သေးသည်။ ရှေ့နေကြီး တဦးက ကမကထ လုပ်၍ ညစာ စားကြခြင်း ဖြစ်ပါသည်။ ထိုရှေ့နေကြီးနှင့် အတူ ဇနီး အငြိမ်းစား ကျောင်းဆရာမကြီးလည်း ကျနော်တို့နှင့်အတူ ထိုင်ပါသည်။

ကျနော် နှင့် အတူ လာကြသူများမှာ ဂျာနယ်တိုက်မှ အယ်ဒီတာများ၊ သတင်းသမားများချည်း ဖြစ်နေ၍ ကျနော်တို့ ဝိုင်းမှာ ယခု လောလောဆယ် ဖြစ်ပေါ်နေသော ဥပဒေများ၊ သတင်းသမား ၃ ဦး ဖမ်းဆီးခံရသည်များကို ဆွေးနွေး ဖြစ်ကြပါသည်။

သတင်းသမား ၃ ဦး အဖမ်းခံရသည့် အကြောင်းကို ထိုရှေ့နေကြီး တော်တော်များများ သိရှိထားလေသည်။ ရုံးချိန်းတွင် တရားရုံးသို့ သွားပြီး ထိုသတင်းသမားများ အတွက် အာမခံ လျှောက်ရန်လည်း သူတို့စီစဉ်ထားသည့် အကြောင်းလည်း ပြောသည်။

ရှေ့နေကြီးက“တကယ်တော့ သူတို့အမှုက ပုဒ်မ ၁၇(၁) နဲ့ မငြိဘူးလို့ ကျနော် ထင်တယ်၊ ပုဒ်မ ၁၇(၁) နဲ့ သတင်းသမား တွေ၊ သတင်းစာ ဆရာတွေကို တရားစွဲဆိုတားမျိုး ၁၇(၁) ဥပဒေ ပြဌန်းပြီးကတည်းက အခုက ပထမဆုံး အကြိမ် ဖြစ် တယ်။ သတင်းသမား တွေမှာ လွတ်လပ်စွာ သတင်းယူခွင့် ရှိတယ်လို့ ကျနော်တို့ကတော့ ယုံကြည်တယ်။ ဒီသတင်းသမား ၃ ယောက်ဟာ TNLA နယ်မြေမှာ မူးယစ်ဆေးဝါး ဖျက်ဆီးတဲ့သတင်း ရလို့ သွားရောက် သတင်းယူတာပဲ ရှိတယ်။ လက် နက် ကိုင် အဖွဲ့တွေနဲ့ ဆက်သွယ်တာ၊ စစ်ရေး၊ နိုင်ငံရေးတွေ လုပ်တာလည်း မဟုတ်ပါဘူး။ သူတို့ကို စွပ်စွဲတဲ့ အထဲမှာ သက်ဆိုင်ရာ တပ်မတော် ကို အကြောင်းမကြားဘဲ သွားလို့ ဖမ်းတယ် လို့လည်း ဆိုတယ်”ဟု ပြောပါသည်။

သူက ဆက်လက်ပြီး“ဒီ ဥပဒေ စီရင်ထုံးထဲမှာ သတင်းသမားတွေ ပြစ်ဒဏ်ချခံရတယ် ဆိုတာ မပါအောင်တော့ ကြိုးပမ်းရ မယ်။ ပါသွားရင် အတော် အရုပ်ဆိုးသလို သတင်းလောကကို ချိုးနှိမ်ရာလည်း ကျပါတယ်။ ကျနော်တို့အနေနဲ့ သတင်း လွတ်လပ်ခွင့် အတွက် အစွမ်းကုန် ကြိုးစားပြီး ဒီအမှုကို ပြစ်ဒဏ်မကျအောင် လုပ်ဆောင်ရမှာပဲ”ဟုလည်း ရှင်းလင်း ပြောပြ ပါသည်။

ထိုအမှုသည် ဥပဒေကို ချိုးဖောက်ရာလည်း မကျကြောင်း အတူပါလာသော ရှေ့နေများကလည်း ဝေဖန် ဆွေးနွေး ကြလေ သည်။

ထိုသတင်းသမား ၃ ဦးနှင့် ပတ်သက်ပြီး သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကမူ“TNLA က ကျနော်တို့ အစိုးရနဲ့ နေ့စဉ် နေ့တိုင်း တိုက်ပွဲတွေက အမြဲဖြစ်နေတဲ့ အဖွဲ့ ဖြစ်နေတယ်။ ဖြစ်နေတဲ့ အပေါ်မှာ သတင်းသွားယူမယ် ဆိုရင် တခုခု အာဏာ ပိုင် အဖွဲ့အစည်း သော်လည်းကောင်း၊ လုံခြုံရေး တာဝန် ရှိသူ အပေါ် သော်လည်းကောင်း ဆက်သွယ်ပြီး ပြော သင့်တယ် ဆိုတာလေးကို တွေ့ရတယ်။ အဲဒီလို ပြောပြီး သွားတယ် ဆိုရင် ဒီလို ပြဿနာ မဖြစ်လာဘူးပေါ့”ဟု ပြောဆို ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ကလည်း သတင်းထောက် ၃ ဦး အဖမ်းခံရခြင်း သည် မီဒီယာ လွတ်လပ်ခွင့်ကို မထိခိုက်ဟု Central News Bureau သို့ ပြောကြားသည်။

မတရားအသင်း ကြေညာခံထားရသူများထံ သက်ဆိုင်ရာ တာဝန်ရှိသူများကို အကြောင်းမကြားဘဲ သွားရောက်လျှင် ပုဒ်မ ၁၇(၁) နှင့် ငြိစွန်းနိုင်သည်ဟု ဆိုသည်။ ငြိစွန်းသည် မငြိစွန်းသည်ကို တရားရုံးက ဆုံးဖြတ်ပြီးမှသာ ပြောနိုင်ပါသည်။

သို့သော် ဦးဝင်းထိန် ပြောသလို မီဒီယာ လွတ်လပ်ခွင့်ကို မထိခိုက်ဟု ဆိုခြင်းကိုမူ ဘဝင်မကျလှပေ။ နားလည်ရန်လည်း ခက်လှပါသည်။ သတင်းသွားယူသော သတင်းသမားများကို ဖမ်းဆီးခြင်းသည် မီဒီယာ လွတ်လပ်ခွင့်ကို ထိခိုက်လေသည်။

ယခု လောလောဆယ်တွင် The Voice Daily မှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို ၆၆(ဃ) ဖြင့် တရားစွဲခြင်းနှင့် သတင်းသမား ၃ ဦးကို ဖမ်းဆီးလိုက်ခြင်း တို့မှာ ဆက်တိုက် မီဒီယာ သမားများကို ဦးတည်ပြီး အရေးယူနေခြင်း ဖြစ်၍ မပြေးသော် ကန်ရာရှိ မီဒီယာ လွတ်လပ်ခွင့်ကို ထိပါးနေသည့် သဘောပင် ဖြစ်ပါသည်။

ဦးဝင်းထိန်သည် သူ့သဘောနှင့်သူ မလိုလျှင် မလိုသလို၊ လိုလျှင်လိုသလို မိမိတရားကို ထူထောင်တတ်သော နိုင်ငံရေး သမား ဖြစ်သည်ဟု ကောက်ချက်ချရ ပေမည်။

ထို့ကြောင့် NLD ပါတီ ပြည်နယ် နှင့် မြို့နယ် ကော်မတီများအား အရေးယူသည့် ကိစ္စကို ကြည့်လျှင် သိနိုင်၏။ ဒီမိုကရေစီ ပါတီ တရပ်၏ ဖွဲ့စည်းပုံ၊ စည်းကမ်း ဥပဒေ ကျင့်သုံးပုံများ နှင့် မကိုက်ညီသောကြောင့် ပြည်သူများက ဝေဖန်နေကြသလို ပါတီဝင်များကလည်း မကျေနပ်ကြ။ နှာခေါင်း ရှုံ့နေကြသည်ဟု ကြားသိရ၏။

ထိုကြောင့် ယခုလို ဖမ်းဆီးခြင်းမှာ မီဒီယာ လွတ်လပ်ခွင့်ကို ထိပါးခြင်း ဖြစ်သည်ကိုကား ပြတ်ပြတ်သားသား တင်ပြရပေ လိမ့်မည်။

မည်သို့ပင် ဖြစ်စေ တရားဥပဒေ အတိုင်း တရားစွဲခြင်း၊ တရားစီရင်ခြင်းများ ဖြစ်ဖို့ကား အလွန် လိုအပ်ပါသည်။ ဒီမိုကရေစီ နိုင်ငံတခု၏ တရားစီရင်ရေးမှာ အမှန်အကန် ဖြစ်ဖို့ လိုအပ်သလို နှစ်ပေါင်း မည်မျှပင် ကြာသည် ဖြစ်စေ စီရင်ထုံးများမှာ ဥပဒေတွင် မှတ်တမ်း တင်ထားပြီးသား ဖြစ်၏။

သတင်းသမားများကို ပုဒ်မ ၁၇(၁) ဖြင့် ပြစ်ဒဏ် ချမှတ်လိုက်သော စီရင်ထုံး မဖြစ်စေရန် တရားရုံးများ၊ ရှေ့နေများ တရားသူကြီးများက လေးလေးနက်နက် စဉ်းစားချင့်ချိန်ကာ ဆောင်ရွက်သင့်ပေသည်။ ။

ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။

Your Thoughts …
Tags: ပုဒ်မ ၁၇(၁)
ထက်မြက်

ထက်မြက်

Contributor

Similar Picks:

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်

ဒေါက်တာ ခလမ်ဆမ်ဆွန် မတရားအသင်း ဆက်သွယ်မှုဖြင့် တရားစွဲခံရ

by ဧရာဝတီ
29 December 2022
3.6k

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အာဏာသိမ်း စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင် တရားစွဲဆို ရမန်ရယူပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်သို့ ပို့ဆောင်ချုပ်နှောင်ထားကြောင်း မိသားစုဝင်တဦးက...

ယနေ့ရုံးချိန်းတွင် တွေ့ရသည့် ဖမ်းဆီးခံ သတင်းထောက် ၃ ဦး  / ဇော်ဇော် / ဧရာဝတီ

ဖမ်းဆီးခံ သတင်းထောက် ၃ ဦး အာမခံ ပယ်ချခံရ

by မေစစ်ပိုင်
4 August 2017
6.1k

မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် သီပေါမြို့နယ်တွင် ဖမ်းဆီးခံထားရသည့် ဧရာဝတီသတင်းဌာန သတင်းထောက် ဦးသိန်းဇော် (လဝီဝမ်)၊ DVB သတင်းဌာန သတင်းထောက် ဦးအေးနိုင်နှင့် ကိုပြည့်ဘုန်းအောင် တို့၏ အာမခံလျှောက်ထားမှု ကို...

Next Post
မွန်ပြည်သစ်ပါတီ ညှိနှိုင်းရေး ကော်မီတီမှ ၂၀၁၇ ခုနှစ် မတ်လ၌ မွန်အမျိုးသား ပါတီနှင့် တွေ့ဆုံနေစဉ်  / ဝဏ္ဏမာန်

မွန်ပါတီ ၂ ခုပေါင်းစည်းရေး အလွတ်သဘောညှိနှိုင်းရန် ကိုယ်စားလှယ်များ ရွေးချယ်

ဒီတပတ် ရန်ကုန်ရုပ်ရှင်

ဒီတပတ် ရန်ကုန်ရုပ်ရှင်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved