• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အသတ်ခံခဲ့ရသည့် ကရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူအတွက် အောက်မေ့ဖွယ်ဝတ်ပြုပွဲ

by Brennan O'Conner
10 May 2018
in ဆောင်းပါး
A A
စောအိုမူး၏ အောက်မေ့ဖွယ် ဆုတောင်းပွဲတွင်တွေ့ရသည့် ၎င်း၏ သားများ၊ စောလွယ်မူး (ဘယ်)၊ စောမော်ချစ်နူး (ညာ)  /  KESAN

စောအိုမူး၏ အောက်မေ့ဖွယ် ဆုတောင်းပွဲတွင်တွေ့ရသည့် ၎င်း၏ သားများ၊ စောလွယ်မူး (ဘယ်)၊ စောမော်ချစ်နူး (ညာ) / KESAN

31.4k
VIEWS
Share on FacebookShare on Twitter

မြေယာထိန်းသိမ်းစောင့်ရှောက်သူ၊ ငြိမ်းချမ်းရေးအကျိုးဆောင်နှင့် ဌာနေတိုင်းရင်းသားအခွင့် အရေးများကို ကာကွယ် စောင့်ရှောက်သူ အဖြစ် လုပ်ဖော်ကိုင်ဘက်များက သတ်မှတ်ခံရသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ စောအိုမူး သတ်ဖြတ်ခံရပြီးနောက် တလအကြာ၊ ပြီးခဲ့သောစနေနေ့က ထိုင်းနိုင်ငံမဲဆောက်မြို့တွင် ကရင်တိုင်းရင်းသားများ စုဝေးပြီး အမှတ်တရ ဆုတောင်းပွဲတခု ပြုလုပ်ကျင်းပခဲ့သည်။

“သူဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အမြော်အမြင်ရှိသူဖြစ်ပြီး ပြည်သူတွေနဲ့ ရပ်ရွာ အသိုင်းအဝိုင်းအတွက် လုပ်ဆောင်ခဲ့သူပါ” ဟု ကရင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ယက် – KESAN အဖွဲ့မှ စောဒိုးဒိုးက ပြောသည်။

လွန်ခဲ့သော ၅ နှစ်အတွင်းသူနှင့် စောအိုမူးတို့ လွန်စွာရင်းနှီးခဲ့ကြောင်း၊ KESAN နှင့်အတူ လုပ်ဆောင်နေသည့် လုသောပေါဒေး အမည်ရှိ ရပ်ရွာအခြေပြုအဖွဲ့တွင်လည်း အဖွဲ့ဝင် ပီသသူ တဦးဖြစ်ကြောင်း ဒိုးဒိုးက ပြောပြသည်။

“သူက သဘာဝသယံဇာတတွေကို ကာကွယ်ဖို့ ကြိုးစားတယ်။ အစိုးရနဲ့တပ်မတော်တို့နဲ့ နှစ်ဖက်အပစ်ရပ်ပြီးတဲ့ ၂၀၁၅ ခုနှစ်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက်မှာ သဘာဝသယံဇာတတွေကို ထိန်းသိမ်းဖို့ မနားမနေ ဆောင်ရွက်ခဲ့တယ်” ဟုလည်း သူကပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
561
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
131
စောအိုမူး၏ အောက်မေ့ဖွယ် ဝတ်ပြုအစည်းဝေးတွင် ၎င်း၏ ဓာတ်ပုံရှေ့၌ ဖရောင်းတိုင် အမျိုးသမီးတစ်ဦးကို တွေ့ရစဉ် မီးညှိနေသည့် (ဓာတ်ပုံ – KESAN)

ဖာပွန်ဟုသိကြသည့် မူတြော်ခရိုင်မှ စစ်ဘေးရှောင်များအား အကူအညီပေးရေး အစည်းအဝေး တခုတက်ရောက်ပြီးနောက် ဧပြီ ၅ ရက်နေ့က နေအိမ်သို့ ပြန်လာချိန်တွင် စောအိုမူးကို မြန်မာ့တပ်မတော်စစ်သားများက ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ သေနတ်သံများကို ကြားခဲ့ရကြောင်းကို စောအိုမူးလမ်းကြုံခေါ်လာသော လွတ်မြောက်လာသည့် KNLA တပ်ဖွဲ့ဝင်တဦးက ပြန်ပြောပြခဲ့သည်။

၂၀၁၂ ခုနှစ်က လက်လွှတ်ခဲ့သော စစ်သုံးလမ်းကို တိုးချဲ့ပြီး တောင်ပေါ်စစ်စခန်း နှစ်ခုကိုဆက်သွယ်ရန် KNLA ထိန်းချုပ်ဒေသကို နယ်မြေစိုးမိုးရေးအတွက် တပ်မတော်သည် မတ်လအစောပိုင်းကစတင်ပြီး လုသောမြို့နယ်တွင် တပ်ရင်း ၆ ရင်းကျော်ကိုချထားခဲ့သည်ဟု ဆိုသည်။ ထိုအချိန်မှ စတင်ကာ တပ်မတော်နှင့် KNLA တို့အကြား တိုက်ပွဲများလည်း ဖြစ်ပွားလာခဲ့သည်။

ဌာနေတိုင်းရင်းသား သားရိုင်းတိရစ္ဆာန် သုတေသီတဦးအနေဖြင့် စောအိုမူးသည် KESAN ၊ ကရင်အမျိုးသား အစည်းအရုံး၏ သစ်တောဌာနတို့နှင့် ပူးပေါင်းပြီး ကရင်ပြည်နယ်မြောက်ပိုင်းမှ စတုရန်းကီလိုမီတာ ၅၄၀၀ ကျယ်ဝန်းသော တောတွင်းဒေသကို ငြိမ်းချမ်းရေး ဥယျာဉ်အဖြစ် ပြောင်းလဲနိုင်ရန် ရည်မှန်းထားသည်။

သံလွင် မြစ်ဝှမ်းတလျှောက်ရှိ ထိုဒေသသည် ကျား၊ ကျားသစ်၊ ဝက်ဝံနှင့် မျောက်များအပါအဝင် တခြားရှားပါးအပင်နှင့် တိရစ္ဆာန်များ စသည့် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ထိခိုက်လွယ် သားရိုင်းတိရစ္ဆာန်များ ကျင်လည်ကျက်စားရာ ဒေသဖြစ်သည်။

လယ်မူပလောရွာတွင် ကျင်းပနေသည့် စောအိုမူး၏ ဈာပနအခမ်းအနား မြင်ကွင်း (ဓာတ်ပုံ – KESAN)

နတ်ကိုးကိုယ်သူ ကရင်တိုင်းရင်းသားလူမျိုးစုဝင် စောအိုမူးသည် ထိုအဆိုပြုဥယျာဉ်နယ်နိမိတ်အတွင်း နေထိုင်ကြသော ရပ်ရွာ အသိုင်းအဝန်းများကို ကူညီပြီးဥယျာဉ်နှင့် ပတ်သက်သည့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရာတွင် လွန်စွာ အရေးပါသူဖြစ်သည်။

“ကျနော်တို့ ဌာနေတိုင်းရင်းသားတွေ အတွက် သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်ဟာ အနက်ရှိုင်းဆုံး ဆန္ဒနဲ့ လိုအပ်ချက်တွေ ဖြစ်တယ်” ဟု စောအိုမူးက ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် လူထုအစည်းအဝေးပွဲတွင် ပြောခဲ့ကြောင်း KESAN  ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

စောအိုမူး သေဆုံးပြီး တလကြာသည့်တိုင် တပ်မတော်သည် စောအိုမူး၏ အလောင်းကိုပြန်လည်ပေးအပ်ခြင်း မရှိသေးဘဲ မြှုပ်နှံလိုက်သည်ဟု ဆိုသည်။ သို့သော် မိသားစုနှင့် မိတ်ဆွေများသည် သူ၏ဇာတိကျေးရွာဖြစ်သော လယ်မူပလောတွင် ရိုးရာနတ်ကိုးကွယ်မှု အစဉ်အလာ အတိုင်းသုံးရက်ကြာ ဈာပနအခမ်းအနားကို ကျင်းပခဲ့သည်။ ဒုတိယနေ့တွင် တပ်မတော် စစ်သား အများအပြားကို အနီးအနားတွင်တွေ့ပြီးနောက် ထိတ်လန့်တကြား ထွက်ပြေးခဲ့ရသည်။

စစ်တပ်က အလောင်းကို ပြန်ပေးရန်ငြင်းဆန်သောကြောင့် စောအိုမူး၏ ဇနီး နော်ပေါသာမှာ စိတ်ဆိုးဒေါသထွက်နေသည်။

စောအိုမှူး မသေဆုံးမီ မိသားစုနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ – KESAN)

အထက်ပါ အထိမ်းအမှတ် အခမ်းအနားတွင် ရိုက်ကူးထားသော မှတ်တမ်းဗီဒီယိုတွင် “သူ့အလောင်းကို ကျမတို့ကို ကြည့်ခွင့်မပေးတာ ဘာကြောင့်လဲသိချင်တယ်။ ဒီအကြောင်းကြောင့် ကျမစိတ်ဖိစီးရတယ်။ သူကကျမတို့ရဲ့ အိမ်ထောင်ဦးစီးပဲ။ ကျမတို့ နတ်ကိုးကွယ်မှု အစဉ်အလာအရ ဈာပနထုံးစံတွေလုပ်ချင်တယ်။ သူ့အလောင်းကိုဘယ်မှာ မြှုပ်ထားတယ်ဆိုတာ စစ်တပ်က ကျမတို့ကိုပြောရမယ်။ ဒါမှ ကျမတို့ရဲ့ထုံးစံနဲ့ အညီအစဉ်အလာတွေကို လုပ်ဖို့ သူ့ရဲ့ဆံပင်၊ ခြေသည်းလက်သည်း၊ သွား ဒါမှမဟုတ် အလောင်းကို ပြန်ယူနိုင်ပြီးမှ ကျမတို့ စိတ်ငြိမ်းချမ်းနိုင်မယ်” ဟု စောအိုမူး၏ ဇနီးကပြောသည်။

ခင်ပွန်းဖြစ်သူ သေဆုံးသွားသောကြောင့် သူနှင့် ကလေး ၇ ဦးတို့ မည်သို့ ဆက်လက်ရှင်သန်ရမည်ကို နော်ပေါသာ စဉ်းစားမရဖြစ်နေသည်။ ၎င်းတို့သည် လတ်တလောတွင် တပ်မတော်၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရသော စစ်ဘေးရှောင် စခန်းတခုတွင် နေထိုင်နေကြသည်။

အသက် ၁၀နှစ်နှင့် ၉ နှစ်အရွယ်ရှိသူ၏ သားများဖြစ်သော စောမော်ချစ်နူးနှင့် စောလွယ်စိုးတို့ သည်လည်း ဖခင်သေဆုံးသည့် အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ခဲ့ပြီး မကြာခဏငိုကြွေးကြရသည်။

စောအိုမူးကို အစားထိုးနိုင်မည် မဟုတ်သော်လည်း သူ၏လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်ရမည်ဟု စောဒိုးဒိုးက ဆိုသည်။

“သူမရှိတော့ပေမယ့် သူဆောင်ရွက်ခဲ့တဲ့ အလုပ်တွေ ဆက်လက်လည်ပတ်နေအောင် လုပ်ရမယ်” ဟု စောဒိုးဒိုးက ဆက်ပြောသည်။

ဆက်စပ် ဖတ်ရှုရန် – စောကလိုပါး သေဆုံးမှုနှင့် ပတ်သက်၍ တပ်မတော် သတင်းထုတ်ပြန်

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Brennan O’Connor ၏ Emotional Memorial for Karen Environmentalist Shot by Soldiers ကိုဆီလျော်အောင် ဘာသာပြန်သည်။

Your Thoughts …
Tags: စောအိုမှူး
Brennan O'Conner

Brennan O'Conner

Similar Picks:

No Content Available
Next Post
ထိုင်ဝမ်စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတခု / Reuters

တရုတ်က ထိုင်ဝမ်ကို ဝင်သိမ်းနိုင်မလား

ပရိတ်သတ်ကို ခုုချိန်မှာ အဆိုတော် အစ္စဏီအမှု ရှင်းပြရင် မတရားတာ ကျမယ် လိုု့ အစ်ကိုဖြစ်သူပြော (ရုုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved