• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မဟာသီယာ အစိုးရ တနှစ်ပြည့်တဲ့အခါ

by Karim Raslan
21 May 2019
in ဆောင်းပါး
A A
မဟာသီယာ အစိုးရ အဖွဲ့သစ်၏ ထိရောက်မှုနှင့် ပတ်သက်၍လည်း အများစုက မေးခွန်းထုတ်နေကြသည် / Reuters

မဟာသီယာ အစိုးရ အဖွဲ့သစ်၏ ထိရောက်မှုနှင့် ပတ်သက်၍လည်း အများစုက မေးခွန်းထုတ်နေကြသည် / Reuters

16.9k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည့်နှစ်တွင် ဒေါက်တာ မဟာသီယာ မိုဟာမက်ဦးဆောင်သော Pakatan Harapan (PH) မဟာမိတ်အဖွဲ့က အံ့ အားသင့်ဖွယ်ရာ အနိုင်ရရှိခဲ့ခြင်းကြောင့် ခံစားခဲ့ရသည့် ဝမ်းသာပီတိများက အံ့သြဖွယ်ကောင်းကောင်းလောက်အောင် ခါးသီးသည့် စိတ်ပျက်မှုများဖြင့် လျှင်လျှင်မြန်မြန် အစားထိုးခြင်း ခံနေရသည်။

ပြီးခဲ့သည့် ၂ လအတွင်း Ceritalah အဖွဲ့က တိုင်းပြည်အတွင်း နေရာတိုင်းသို့ လွန်းထိုးသွားလာနေခဲ့သည်။ အဖွဲ့အတွက် လက်တွေ့မြေပြင်မှ ဇာတ်ကြောင်းများကို နားထောင်ခြင်းနှင့် မှတ်တမ်းတင်ခြင်းက အလွန်ခက်ခဲ၍ အားစိုက်ရသော အားထုတ်မှုတခု ဖြစ်ခဲ့ပါသည်။

ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲများ မတိုင်မီက ကျနော်တို့ အင်တာဗျုး လုပ်ခဲ့သည့် ပြည်သူများထံသို့ ပြန်လည်သွားရောက်နိုင်အောင် ကျနော်တို့ ကြိုးစားခဲ့ပါသည်။

Ceritalah အဖွဲ့က သဘောထားစစ်တမ်း ကောက်ယူသည့် အဖွဲ့မဟုတ်ပါ။ သိပ္ပံနည်းကျ စစ်တမ်းတခု ပြုလုပ်ရန် ကျနော်တို့ ကြိုးစားနေခြင်း မဟုတ်ပါ။ ၎င်းအစား ကျနော်တို့က ကြီးမားသော အပြောင်းအလဲနှင့် ဘဝရပ်တည်ရေးအတွက် ပိုများလာသော နေ့စဉ်စိန်ခေါ်မှုများကို တဖြည်းဖြည်း သိလာနေရသော တိုင်းပြည်တခု၏ မျက်နှာစာပုံရိပ်ကို ဖမ်းယူရန် ကြိုးစားခြင်းမျှသာ ဖြစ်ပါသည်။

မြေကြီးနှင့် ပို၍ နီးစပ်သူများ (ဆီအုန်းနှင့် ရာဘာ အသေးစား စိုက်ပျိုးရေးသမားများ နှင့် စပါးစိုက် တောင်သူများ) က စိတ်အပျက်ဆုံးသူများ ဖြစ်နေကြသည်။ သူတို့၏ ခံစားချက်က အဘယ်ကြောင့် အရေးပါသနည်းဆိုလျှင် မလေးရှား လုပ်သားအင်အားစု၏ ၆ ရာခိုင်နှုန်း အတွက် စိုက်ပျိုးရေးလုပ်ငန်းက အလုပ်ပေးနေဆဲ ဖြစ်သောကြောင့်ပင်။

ဆီလန်ဂေါ ပြည်နယ် Selangor ၏ ဆန်အိုးကြီးဟု တင်စားကြသည့် ဆီကင်ချန် Sekinchan တွင် သူ ရှင်းမပြတတ်သော ရောဂါတမျိုးက သူ၏ စပါးခင်းများကို ခြိမ်းခြောက်နေခြင်းနှင့် အဘန်ဇာကီ Abang Zaki ရင်ဆိုင်နေရခဲ့သည်။ ကွာလာကန်ဆာ Kuala Kangsar တော်ဝင်မြို့၏ အပြင်ဘက်မှ အသက် ၅၀ ကျော် ရာဘာစေးခြစ်သူတယောက် ဖြစ်သည့် အားဆန် Ah Seng အတွက်လည်း ကုန်စည်ဈေးနှုန်းများ ကျဆင်းခြင်းက သူ၏ အလုပ်အကိုင်ကို ဖျက်ဆီးလုနီးပါး ဖြစ်နေသည်။ အရွယ်ရောက်ပြီးဖြစ်သည့် သူ၏ ကလေး ၅ ယောက်လုံးက စင်ကာပူတွင် အလုပ်လုပ်နေ၏။

ပီရတ် Perak ပြည်နယ်သား ဆီအုန်းခြံငယ် ပိုင်ရှင်တယောက်ဖြစ်သည့် အဘန်မန်း Abang Man ကလည်း ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး စရိတ်များ မြင့်တက်လာခြင်းနှင့် ရင်ဆိုင် ရုန်းကန်နေရသည်။ ယခုနှစ်နှောင်းပိုင်းတွင် အယ်နီညိုကြောင့် မိုးခေါင်ရေရှားမှု အနည်းငယ် ဖြစ်နိုင်ခြင်းက (ထုတ်လုပ်မှုကို ကျဆင်းစေပြီး) ဈေးနှုန်းများမြင့်တက်လာရန် အထောက်အကူဖြစ်စေနိုင်သည့်တိုင် ယေဘုယျအားဖြင့်ဆိုလျှင် စိတ်ပျက်မှုကို ခံစားနေရသည်။

ယခင် နာဂျစ်ရာဇတ်၏ Barisan Nasional (BN) အစိုးရက အဆိုပါ စိန်ခေါ်မှုများကို ၎င်းတို့၏ လူကြိုက်များသော ငွေသားတိုက်ရိုက် ထုတ်ပေးသည့် BR1M အစီအစဉ်မှ တဆင့် ကြိုးစားခဲ့သည်။ မလေးရှားနိုင်ငံသား ၇ သန်းမှာ ထိုအစီအစဉ်မှ တနှစ်လျှင် ရင်းဂစ် ၁၂၀၀ အထိ ရရှိခဲ့ကြသည်။

မဟာသီယာ၏ PH က ၎င်းအစီအစဉ်ကို ပါးနပ်စွာဖြင့် ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ Bantuan Sara Hidup သို့မဟုတ် BSH ဟု အမည် ပြောင်းလဲခဲ့သည်။ မလေးရင်းဂစ် ၅ ဘီလီယံခန့်ကို အိမ်ထောင်စု ၄.၁ သန်းသို့ ထုတ်ပေးရန် ရှိနေသည်။ သို့သော်လည်း ဗျုရိုကရေစီ ရှုပ်ထွေးမှုကြောင့် လက်တွေ့မြေပြင်မှ ရရှိရန် အခွင့်အလမ်းရှိသူ အမြောက်အမြားသည် သူတို့၏ ရရှိပိုင်ခွင့် မရေမရာဖြစ်နေကြောင်း Ceritalah အဖွဲ့က တွေ့ ရှိရသည်။

Ceritalah အဖွဲ့က တိုင်းပြည်အတွင်း နေရာတိုင်းသို့ လွန်းထိုးသွားခဲ့သည်/ Ceritalah

အလားတူပင် မြို့တော်၏ မြောက်ဘက်မှ ဆီလာယန်း Selayang တွင် လက်ရှမီး Lakshmi ကဲ့သို့သော ဒေသတွင်း ဈေးဆိုင်ပိုင်ရှင်များက ဈေးအပြင်ဘက်တွင် တရားမဝင် နိုင်ငံခြားသား ဈေးရောင်းသူ ဆက်လက်ရှိနေခြင်းကို စောဒက တက်နေကြသည်။ သူတို့၏ ဝင်ငွေများ ပြင်းပြင်းထန်ထန် ထိုးကျသွားသည်ကို အများစုက တွေ့ကြုံခဲ့ရသည်။

ထို့ကြောင့် မလေးရှားနိုင်ငံသားများသည် အတွေ့အကြုံနည်းသော ခေါင်းဆောင်များ (လက်ရှိ ဝန်ကြီး ၂၈ ဦးတွင် ၂၃ ဦးသည် ယခင်က ဖက်ဒရယ်ရုံးတွင် လုံးဝ တာဝန်မယူဖူးသူများ) ဖြင့် ပြည့်နေသော အစိုးရတခုနှင့် အလိုက်သင့် ပြုမှုနေရသည့် အချိန်တွင် အဖွဲ့သစ်၏ ထိရောက်မှုနှင့် ပတ်သက်၍ အများစုက မေးခွန်းထုတ်ခဲ့ကြသည်။

သေချာပါသည်။ သာမန် မလေးရှားနိုင်ငံသားများနှင့် သူတို့၏ ဆက်သွယ်နိုင်စွမ်းက အငွေ့ပျံ ပျောက်ကွယ်သွားခဲ့သည့် အသွင်ရှိသည်။ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲကြိုကာလတွင် သူတို့ပြသခဲ့သော ပေါင်းစည်းနိုင်စွမ်းနှင့် လုပ်ကိုင်နိုင်စွမ်း အရ ဆိုလျှင် ထိုသို့ ပျက်ကွက်ခြင်းက သာမန်မဟုတ်ပါ။

သူတို့၏ စစ်မှန်သော အောင်မြင်မှုများ (ပင်မ အဖွဲ့အစည်းများ ပြန်လည် တည်ထောင်ခြင်းနှင့် အစိုးရ လုပ်ငန်းစဉ်များ တိုးတက်လာခြင်း) နှင့် ပတ်သက်၍ ခိုင်မာသော ဇာတ်ကြောင်းတခု တည်ဆောက်ခြင်းအစား သူတို့က သူတို့ ညံ့ဖျင်းစွာ အကောင်အထည်ဖော်သည့် မူဝါဒ ဆောင်ရွက်မှုများနှင့် အတွင်းကြိတ် တိုက်ခိုက်မှုများကို သူတို့ဖာသာ ခွင့်ပြုမိခဲ့သည်။ လူမျိုးခွဲခြားရေး ပုံစံများ အားလုံးကို ဖျက်သိမ်းရေး အပြည်ပြည်ဆိုင်ရာ စာချုပ် (ICERD) နှင့် ရောမ သဘောတူညီချက် (Statute of Rome) လက်မှတ်ထိုးရန် ငြင်းဆန်ခြင်းတို့က အရုပ်ဆိုးသော ဒေသစွဲ၊ လူမျိုးစွဲ သဘောထားများအတွက် လောင်စာဖြစ်စေခဲ့သည်။ အမှန်တကယ်တွင် မလေးရှားဝန်ကြီးများ၏ မဝံမရဲ စိတ်ထားများက အဓိက စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။

ထို့အပြင် လူများစုဖြစ်သည့် မလေးမွတ်ဆလင်များအတွက် တချိန်က အလွန်အာဏာကြီးခဲ့သည့် UMNO ပါတီ ရှုံးနိမ့် သွားခြင်းက သူတို့ကို ခပ်ကြမ်းကြမ်း လှုပ်နိုးလိုက်သလို ဖြစ်သွားခဲ့သည်။ ပိုမိုချမ်းသာ၍ ပညာပိုတတ်သည့် တရုတ်နွယ်ဖွား မလေးရှားနိုင်ငံသားများ က ဘေးဖယ် ချန်ထားခဲ့မည်ကို စိုးရိမ်မှုများ ခပ်ကြမ်းကြမ်း မြင့်တက်လာခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်က သူ၏ ဂုဏ်သိက္ခာ ပြန်လည်ရှင်သန်လာရေးအတွက် Maluapabossku ( အရှက်ဆိုတာ ဘာလဲ ကိုယ့်ဆရာ) ဆိုသည့် ဆိုရှယ်မီဒီယာ လှုပ်ရှားမှုကို မြို့ပြမှ မော်တော်ဆိုင်ကယ်စီး အလုပ်သမား လူတန်းစား လူငယ်များကို ဦးတည်ဆွဲဆောင်လာသည်။

သို့သော်လည်း ကျနော်တို့ စကားပြောခဲ့သည့် မလေးရှားနိုင်ငံသားများက PH ကို အခွင့်အရေးတခု ပေးရန် ဆန္ဒရှိနေ သည်။

ရောဂါတမျိုးက သူ၏ စပါးခင်းများကို ခြိမ်းခြောက်နေခြင်းနှင့် ရင်ဆိုင်နေရသူ အဘန်ဇာကီ/ Ceritalah

ရှေ့တွင် စိန်ခေါ်မှုများက ရှိနေသော်လည်း မလေးရှားနိုင်ငံက ကြီးမားသော အလှည့်အပြောင်းတခုအတွက် သေချာ နေသည့် အသွင်ရှိသည်ဟု ဆိုနိုင်ပါသည်။

တချိန်က ပင်လယ်ရပ်ခြား ကုန်ပစ္စည်းထုတ်လုပ်မှုများအတွက် ကာလရှည်ကြာစွာ လူကြိုက်များခဲ့သော တရုတ်နိုင်ငံ က ရင်းနှီးမြှုပ်နှံသူများအပေါ် ဆွဲဆောင်နိုင်မှု ပိုနည်းလာနေသည်။

အမေရိကန်၏ ကုန်သွယ်ခွန်ကြောင့်ဖြစ်ရသည့် ကုန်သွယ်ရေးစစ်ပွဲ၊ နိုင်ငံခြား စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် တရုတ်အစိုးရ၏ ဆူးများသော သဘောထား၊ သွင်းအားစုဈေးနှုန်းများ မြင့်တက်လာခြင်း၊ ဉာဏပစ္စည်း မူပိုင်ခွင့်ခိုးယူခြင်းနှင့် အရည်အသွေး ထိန်းချုပ်ရေးတို့ကဲ့သို့သော ထောက်ပံ့မှုကွင်းဆက် လုံခြုံရေး ခိုင်မာအားကောင်းအောင် ပြုလုပ်ရာတွင် တိုးတက်မှု မရှိခြင်းများကို သင်ကြိုက်ရာ ရွေးပါ။

နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများက သူတို့၏ ပုံရိပ်ကျဆင်းမည့် အန္တရာယ်ကို လျှော့ချရန် ကြိုးစားနေကြသည့် အတွက် ရင်းနှီးမြှုပ်နှံရန် တိုင်းပြည်များ လိုက်လံရှာဖွေနေကြသည်။

မလေးရှားနိုင်ငံက ထိုအခွင့်အရေးကို ရယူသင့်ပါသည်။ ကျနော်တို့တွင် အလွန်ကောင်းမွန်သော ထောက်ပံ့ပို့ဆောင် ရေးများ ရှိပါသည် (ထိုအတွက်တော့ ယခင် အစိုးရကို ကျနော်တို့ ကျေးဇူးတင်နိုင်ပါသည်)။ ယှဉ်တုမရသည့် အချက် အချာ ဗျူဟာကျသော တည်နေရာလည်း ရှိသည်။ ကျနော်တို့က ကမ္ဘာ့ ထောက်ပံ့မှုကွင်းဆက်၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း လမ်းကြောင်းများ၏ အစိတ်အပိုင်း ဖြစ်သည်။ ကျနော်တို့က World Justice Project ၏ တရားဥပဒေ စိုးမိုးရေး ညွှန်းကိန်း (၂၀၁၉) တွင် အဆင့် ၅၁ ၌ ရှိနေသည်။ အာဆီယံနိုင်ငံများထဲတွင် စင်ကာပူတခုသာ ကျနော်တို့ရှေ့ တွင် ရှိနေသည်။

ဆီအုန်းခြံငယ် ပိုင်ရှင်တယောက်ဖြစ်သည့် အဘန်မန်း/ Ceritalah

IBM မှ အစိုးရနှင့် ကြီးကြပ်ကွပ်ကဲမှုရေးရာ ဒါရိုက်တာ Hasnul Nadzrin Shah က “သူတို့ရဲ့ ယဉ်ကျေးမှုစုံလင်တဲ့ နောက်ခံကြောင့် မလေးရှားနိုင်ငံသားတွေက ပိုမိုပြီး ကျယ်ပြန့်တဲ့ ကမ္ဘာ့အမြင်တခုကို ဖော်ပြတဲ့အချိန်မှာ စုံလင်ကြွယ်ဝမှုရှိကြတယ်” ဟု ကျနော့်ကို ပြောပါသည်။

Ceritalah အဖွဲ့၏ ခရီးစဉ်တွင် ပြသခဲ့သည့်အတိုင်း သာမန်မလေးရှားနိုင်ငံသားများက လုပ်ငန်းဆိုင်ရာ စည်းကမ်း ကျင့်ဝတ် အားကောင်းကြပြီး ကိုယ်ကိုယ်ကို တိုးတက်အောင်လုပ်ရန် စိတ်အားထက်သန်ကြသည်။ လိုအပ်သည်မှာ ကျနော်တို့၏ လူသားအရင်းအမြစ်က မှန်ကန်စွာ ဖွံ့ဖြိုးလာရေး ဖြစ်သည်။ မလေးရှား လုပ်သားများကို စီးပွားရေး သွင်း အားစုများအနေဖြင့်သာ သဘောမထားသင့်ပါ။ ကျနော်တို့၏ ပြည်သူများသည် ကျနော်တို့၏ အကြီးကျယ်ဆုံး (ရေရှည် တွင်) ပိုင်ဆိုင်မှုများ ဖြစ်ကြပါသည်။

သူတို့က ဘဝရပ်တည်ရေးအတွက် လုံလောက်သော လုပ်ခလစာနှင့် ထိုက်တန်ပါသည်။ သို့သော်လည်း သူတို့၏ ထုတ်လုပ်နိုင်စွမ်းနှင့် ထပ်တိုးတန်ဘိုးကလည်း အလားတူ တိုးတက်ရမည် ဖြစ်သည်။

ကျနော်တို့၏ ပညာရေးစနစ်နှင့် ပတ်သက်၍ အများစုက စိုးရိမ်နေကြသည်။

သင်ရိုးညွှန်းတမ်းများကို သေသေချာချာကြည့်ရတော့မည် ဖြစ်သော်လည်း ပညာရေးဝန်ကြီးဌာန အနေဖြင့် သူတို့၏ လူငယ်များ (မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ တဝက်နီးပါးရှိသည်) တွင် ယနေ့ အလုပ်သမားဈေးကွက်တွင် မရှိမဖြစ် ကျွမ်း ကျင်မှု ၂ခု ဖြစ်သည့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အဖွဲ့လိုက်လုပ်ကိုင်ခြင်း တို့ အပါအဝင် ကမ္ဘာ့လမ်းကြောင်းများကို လိုက်နာကျင့်သုံးနိုင်သည့် စိတ်သဘောထား ထားရှိရေး သေချာစေရန်လည်း လိုအပ်မည် ဖြစ်သည်။

တရားမဝင် နိုင်ငံခြားသား ဈေးရောင်းသူများ လာရောင်းနေသော ဆီလာယန်းဈေး/ Ceritalah

အစိုးရ အနေဖြင့်လည်း ဒေသခံ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက်ဖြစ်စေ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများအတွက် ဖြစ်စေ ကြိုးနီစနစ် လျှော့ချရေး ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်။

ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနများ အားလုံးကလည်း သူတို့၏ စွမ်း ဆောင်မှုကို တိုးတက်စေရမည် ဖြစ်သည်။

အစိုးရဌာနများနှင့် အလုပ်လုပ်ခြင်းက အရေးကြီးသည်။ သို့သော်လည်း သူတို့ အနေဖြင့် (လွှတ်တော်ကိုယ်စားလှယ် များနှင့် ဝန်ကြီးများက ကိုယ်စားပြုသော) ပြည်သူများသည် သူတို့၏ အလုပ်ရှင်ဖြစ်ကြောင်း သိထားရမည် ဖြစ်သည်။

ရှေ့တွင် စောင့်နေသော စိတ်လှုပ်ရှားစရာ အပြောင်းအလဲများအရ ဝန်ကြီးဌာနနှင့် အေဂျင်စီအမျိုးမျိုးကို ပန်းတိုင် ဆီသို့ ထိန်းကျောင်းပေးသွားရန် နောက်လာမည့် ဆယ်စုနှစ်အတွင်း တိုင်းပြည်၏ စီးပွားရေး လားရာကို ဆုံးဖြတ် သတ်မှတ်ပေးမည့် ရှင်းလင်းသော (ခမ်းနားကြီးကျယ်သော၊ လွှမ်းခြုံ ပြည့်စုံမှုရှိသော) မူဘောင်တခု ချမှတ်ရေးက စီးပွားရေးရာ ဝန်ကြီးဌာနအတွက် အရေးကြီးပါသည်။

ဒေါက်တာ မဟာသီယာက “ခွဲဝေယူကြရမည့် အောင်မြင်ကြီးပွားမှု” ဆိုသည်ကို သူ့ အစိုးရအဖွဲ့၏ နောက်ဆုံးပေါ် မန္တန် အဖြစ် သုံးစွဲခဲ့သည်။

ဖြစ်သင့်ပါသည်။ မလေးရှားနိုင်ငံသား အားလုံးက တိုင်းပြည်၏ ဥစ္စာဓနတွင် ဝေစုတခု ထိုက်တန်ပါသည်။

လိုအပ်နေသော ပြည်သူများကို ကူညီရန်လည်း ထိုက်တန်ပါသည်။ သို့သော် တိုင်းပြည်၏ ဘဏ္ဍာရေး အခြေအနေနှင့် အစိုးရ၏ ထိရောက်မှုနှင့် ပတ်သက်၍ အမြော်အမြင်လည်း ရှိရမည် ဖြစ်သည်။

ထပ်ပြောရလျှင် ဆက်သွယ်ရေးနှင့်သာ အားလုံးဆိုင်ပါသည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ နိုင်ငံရေး ပါတီ အမျိုးမျိုးမှ တိုးတက်သော မလေးရှားနိုင်ငံရေးသမားများကို စင်မြင့်အလယ်သို့ ခေါ်ဆောင်ရမည် ဖြစ်သည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
438
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
173
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.7k

လက်ရှိ အချိန်တွင် UMNO လက်ယာယိမ်းသွားခြင်းက မလေးရှား အစ္စလာမ်မစ် ပါတီ PAS အတွက် ကြီးစွာသော အားဖြည့်မှု ဖြစ်သည်ဆိုသည်မှာ ပြောရန်လိုမည် မထင်ပါ။ တိုင်းပြည်၏ အလယ်အလတ်တွင် ရှိရမည့် တာဝန်အတွက် အန္တရာယ်ဖြစ်စေပါလိမ့်မည်။ PAS နှင့် မဟာမိတ်ပြုခြင်းက ဖွံ့ဖြိုးတိုးတက်ရေးကို အတားအဆီးဖြစ်မည့် ရှေးရိုးစွဲ အစိတ်အပိုင်းများကိုသာ ပိုမို အားကောင်းသွားစေလိမ့်မည် ဖြစ်သည်။

၂၀၁၈ ခုနှစ် မေလ ၉ ရက်နေ့ နောက်တနှစ်ကြာခဲ့သည့် အချိန်တွင် PH ရပ်တည်ရှင်သန်ရေးထက် ပိုမိုကျယ်ပြန့် စွာ အာရုံစိုက်ရန် လိုပါသည်။

အမှန်တကယ် အရေးကြီးသော စိန်ခေါ်မှုမှာ မလေးရှားနိုင်ငံ၏ တိုးတက်သော အနာဂတ်ဖြစ်ပါသည်။

အကယ်၍ PH က သူတို့၏ အချင်းများမှုနှင့် မကျွမ်းကျင်မှုများအတိုင်း ဆက်သွားနေခဲ့လျှင် ကျနော်တို့သိသော၊ ကျနော်တို့ ချစ်သော မလေးရှားက ပျောက်ကွယ်သွားရပါလိမ့်မည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

Your Thoughts …
Tags: မဟာသီယာ အစိုးရ တနှစ်ပြည့်
Karim Raslan

Karim Raslan

Contributor

Similar Picks:

No Content Available
Next Post
AA တပ်ဖွဲ့ဝင်တဦး / နန်းလွင်နှင်းပွင့် / ဧရာဝတီ

ရခိုင်တိုက်ပွဲ ဘယ်လို ရပ်တန့်နိုင်မလဲ

PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ  / ဧရာဝတီ

PPCM ဖြစ်လာရင် ငြိမ်းချမ်းရေး ပျက်နိုင်တဲ့ အခင်းအကျင်း ဖြစ်နိုင်တယ်

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved