• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

PPCM ဖြစ်လာရင် ငြိမ်းချမ်းရေး ပျက်နိုင်တဲ့ အခင်းအကျင်း ဖြစ်နိုင်တယ်

by ချစ်မင်းထွန်း
21 May 2019
in အင်တာဗျူး
A A
PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ  / ဧရာဝတီ

PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ / ဧရာဝတီ

17.1k
VIEWS
Share on FacebookShare on Twitter

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့သည် NCA-S EAO ထိပ်သီး အစည်းအဝေးတရပ်ကို မေ ၁၄ ရက်မှ ၁၈ ရက်ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။

ထိုအစည်းအဝေးသည် NCA ထိုးထားသော လက်နက်ကိုင်အဖွဲ့ ၁၀ အနက် ၈ ဖွဲ့ဖြင့် စုဖွဲ့ထားသော ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ စုဖွဲ့မှု ပုံစံကို အဓိကဆွေးနွေးခဲ့ကြရာ သဘောထား ကွဲလွဲမှုများ ရှိခဲ့ ကြကြောင်းနှင့် နှုတ်ထွက်မည့်ဆိုသော အခြေအနေများကို တင်ပြသော အဖွဲ့များလည်း ရှိခဲ့ကြောင်း သိရသည်။

ထို့အခြေအနေများ အပါအဝင် အပစ်ရပ် အဖွဲ့များ ရှေ့ဆက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပအိုဝ့် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဧရာဝတီ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ်မေးမြန်းထားသည်။

မေး ။     ။ NCA-S EAO ထိပ်သီး အစည်းအဝေးမှာ ဘာတွေများ ဆုံးဖြတ်ချက်တွေ ချခဲ့လဲ။

ဖြေ ။      ။ ဆုံးဖြတ်ချက်ကတော့ ကြီးကြီးမားမား ၃ ချက်လောက်ပါပဲ၊ ၁ ကတော့ ကျနော်တို့ မူလ ရှိနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကို ဆက်လက် ထားရှိပြီးတော့ သူ့ရဲ့ အလုပ်တာဝန်တွေကို ဆက်လက် ထမ်းဆောင်ဖို့ပေါ့ဗျာ။  အဲဒါလည်း ဆုံးဖြတ်ပါတယ်။ ဆုံးဖြတ်တယ်ဆိုတာ အများသဘောတူပေါ့ ဗျာ။ တဖွဲ့လောက်ကတော့ သဘောမတူဘူးပေါ့။ ဒါပေမယ့် ကျန်တဲ့အဖွဲ့တွေက အားလုံး သဘောတူတယ်၊ နာမည်တော့ မပြောတော့ပါဘူး။

နောက်တခါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့နေတဲ့ ပြဿနာကို ဖြေရှင်းသွားဖို့အတွက် လုပ်ငန်းကော်မတီ တခုက အလွတ်သဘော တွေ့သွားမှာပေါ့ဗျာ အစိုးရ- တပ်မတော်တို့နဲ့။ အဲဒီကော်မတီတရပ် ဖွဲ့ဖို့သဘောတူ တယ်။ နောက်တခုက အဖွဲ့အစည်းတခုပေါ့ KNU က အဆိုပြုတယ်လို့ ပြောတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး (Peace Process Consultative Meeting-PPCM) ပေါ့ အမျိုးအမည်မသိတဲ့ ပရိုပို့ဆယ်ကြီးတခု ရှိတယ်။

ကျယ်ပြန့်ပြီးတော့ အစရှာဖို့တော့ သိပ်မလွယ်ဘူး နားလည်ဖို့လည်း သိပ်မလွယ်ဘူး။ နားလည်တဲ့လူလည်း သိပ်မရှိဘူးဗျ ကျနော်ကြည့်ရတာ။ အဲဒီ ပရိုပိုဆယ်မျိုးကို လေ့လာဖို့ပေါ့လေ အကျိုးရှိတယ် မရှိဘူး၊ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်မှာ အထောက်အကူဖြစ်တယ် မဖြစ်နိုင်တာ ကွဲကွဲပြားပြား သိနိုင်အောင်  လေ့လာရေး လုပ်မယ် ၊ ၃ လနဲ့ ၆ လပေါ့ဗျာ။ အဲဒီမှာ လေ့လာရေးလုပ်ဖို့ကိုလည်း လုပ်ငန်း ကော်မတီ တဖွဲ့ ဖွဲ့တယ်။ လုပ်ငန်း ကော်မတီ ၂ ခုပေါ့၊ မူလ PPST ကိုထားမယ်ဆိုတဲ့ လုပ်ငန်းကော်မတီ ၁ ဖွဲ့ဆုံးဖြတ်ချက်၊ ဒီတစ်ဆို့နေတဲ့ ပြဿနာတွေကို ရှင်းဖို့ လုပ်ငန်းကော်မတီမှာကျတော့ လုပ်ငန်းကော်မတီကနေပြီးတော့ ကိုင်ဆွဲသင့်တဲ့ အခြေခံ မူလေးတွေကို ချပေးတာရှိတယ်။ အဲဒါပါပဲ သိပ်ထွေထွေထူးထူးတော့ မရှိပါဘူး။

မေး ။      ။ PPST ကို ဆက်ထားမယ်ဆိုတော့ ၂၀၂၀ အထိပဲလား ၊ ဘယ်ကာလအထိလဲ။

ဖြေ ။      ။ ကျနော်တို့ PPST ထားရေး အဖွဲ့တွေကတော့ ၂၀၂၀ ထိထားတာပေါ့၊ ဒါပေမယ့် မထားရေး အဖွဲ့က လည်း သူတို့ PPCM ဆိုတာကို အသုံးပြုလို့ရတဲ့အချိန်မှာကျရင် PPST ကို ရုပ်သိမ်းပြီးတော့ PPCM အစားထိုးဖို့ ပေါ့ အဲလိုတော့ အစီအစဉ်ရှိတယ်။ အဲဒါ အဆိုတခုပေါ့ နောက်အဆိုတခုကတော့ PPCM ဆိုတာ အစည်းအဝေး လေ Meeting ဖြစ်တာကို PPCM Meeting လို့ ကျယ်ကျယ်ပြန့်ပြန့် ခေါ်သင့်တဲ့အချိန်မှာ ခေါ်ပါ သို့သော် မူလ လက်မှတ်ထိုးအဖွဲ့တွေ ဖွဲ့ထားတဲ့ PPST ကိုလည်း ထားပါ၊ နောက် PPST ကတော့ ပုံမှန်အလုပ်တွေ လုပ်နေ မယ်၊ PPCM လို အစည်းအဝေးကြီးခေါ်ရင်လည်းပဲ ပူးပေါင်းဆောင်ရွက်မယ်။ အဲသလို ယှဉ်တွဲပြီးတော့ တပြိုက် နက်တည်း လုပ်သွားနိုင်ရင် ကောင်းမယ်ဆိုတဲ့ အဆိုပြုတဲ့အဖွဲ့လည်း ရှိတယ်ဗျ။

တချို့ကျတော့လည်း PPCM ဆိုတာက လိုအပ်ချက်အရ ခေါ်ယူတဲ့အစည်းအဝေး ဖြစ်တဲ့အတွက် အစည်းအ ဝေး ကာလထဲမှာပဲ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ရှိတာလေ၊ အစည်းအဝေးပြီးရင် သူ့အိမ်သူပြန်၊ ကိုယ့်အိမ် ကိုယ်ပြန်ဆိုတော့ ဘာမှ ပူးပေါင်းဆောင်ရွက်မှုက မရှိတော့ဘူး ဖြစ်သွားတယ်။ အဲဒါကြောင့် PPCM ကို လိုအပ် သလိုခေါ် PPST ကို ပုံမှန်ထားပေါ့လေ။ အဲဒီလိုမျိုး အယူအဆ ၃ မျိုးလောက်ရှိတယ်။

အဲဒီ အယူအဆ ၃ မျိုးက ညှိနှိုင်းလို့ မရဘဲနဲ့ ပထမအကြိမ် အစည်းအဝေးလို့ သတ်မှတ်ပြီးတော့ ထိပ်သီး အစည်းအဝေးကို ရပ်လိုက်တာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ဆက်ဆွေးနွေးလည်း ပြီးမှာ မဟုတ်ဘူးလေ။ အဲတော့ ပြဿနာ နည်းနည်းပါးပါးရှိနေတဲ့ အဖွဲ့တွေက ကိုယ့်အဖွဲ့ထဲမှာ ကိုယ်ပြန်ပြီတော့ ကျေလည်အောင် လုပ်၊ လုပ်ပြီးတော့ ၂ လ- ၃ လ တန်ကျည်ကျရင် ပြန်ခေါ်ပြီးတော့ သူတို့ပြေလည်ပြီးရင် ပြန်လာပေါ့၊ မပြေ လည်သေးဘူးဆိုရင်လည်း မခေါ်သေးဘူးပေါ့ဗျာ။ PPST ကတော့ သူ့မူလအတိုင်း ဆက်ပြီးသွားနေမယ်။

မေး ။      ။ ဒါဆို PPCM ဆိုပြီး ဖွဲ့မယ်ဆိုရင် NCA မထိုးရသေးတဲ့ အဖွဲ့တွေရော ပါဝင်ခွင့် ပြုမယ့် အနေအထားမျိုးလား။ ပါလာရင် ကျယ်ပြန့်မသွားနိုင်ဘူးလား။

ဖြေ ။      ။ မပါဝင်ပါဘူး၊ PPCM မှာ လက်မှတ် မထိုးတဲ့အဖွဲ့ ပါမယ်ဆိုတာ ဘယ်သူမှ အာမ မခံဘူး၊ လက်မှတ် မထိုးတဲ့ အဖွဲ့တွေကိုယ်တိုင်ကိုက PPCM ဆိုတာ ဘာမှမသိပါဘူး၊ လေ့လာထားပြီးသားလည်း မရှိပါဘူး။ PPCM မှာ ပါမယ်လို့ ပြောသံလည်း မကြားပါဘူး၊ ပါလို့ရှိရင်လည်း အစည်းအဝေးမျှသာ ဖြစ်တဲ့အတွက် အစည်းအဝေး ကာလမှာတော့ ရှိကောင်း ရှိမှာပေါ့ဗျာ၊ အစည်းအဝေး ကာလမှာတော့ ပါကြမှာပေါ့ အစည်း အဝေးပြီးရင် မထိုးတဲ့လူက မထိုးတဲ့နေရာပဲ ပြန်သွားရမှာ အဲဒါဆို ကျနော်တို့ ခါတိုင်း ပြောသလို EAO ထိပ်သီးပေါ့၊ လက်မှတ်ထိုး တာရော မထိုးတာရော ပါတယ်။ EAO တွေရဲ့ ထိပ်သီးပွဲနဲ့ သွားတူတာပေါ့နော်။ နာမည်သာ ပြောင်းသွားမှာပေါ့ PPCM ဆိုတာ။ အမှန်က EAO ထိပ်သီးနဲ့တူပါတယ်။

မေး ။      ။ PPCM ကလာတဲ့ ဆွေးနွေးချက်တွေက အစိုးရနဲ့ တပ်မတော်တို့ကို သွားပြီး စကားပြောရင် ဟိုဘက်က ဘယ်လိုမျိုး တုန့်ပြန်မှုတွေ ဖြစ်လာနိုင်မလဲ။

ဖြေ ။      ။ PPCM က တရားဝင်လည်း မဟုတ်သေးဘူး ကျနော်တို့ EAO ထဲမှာ။ သို့သော်လည်းပဲ အဲဒီလို အသံလေးထွက်တာနဲ့ အရင်က KNU ဘက်က Bilateral မှာ သွားတင်ပြဖူးတယ်ထင်တယ် ကြည့်ရ တာတော့။ ဟိုဘက်က (အစိုးရ-တပ်မတော်ဘက်က) အကြမ်းဖျင်း ကြည့်တာနဲ့ လက်မခံဘူးလို့ သတင်းက ထွက်တာပဲ၊ လက်မခံလို့ မလုပ်ရဘူးတော့ မဟုတ်ဘူးပေါ့လေ လက်တွေ့ဖြစ်နိုင်ချေနည်းလို့ လက်မခံဘူး ဆိုတော့လည်း ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဘယ်မှရောက်မှာ မဟုတ်ဘူးပေါ့။  PPCM ကို သူတို့ မိတ်ဆက် အခု ပွဲပျက်မှာပေါ့။ PPST ကတော့ ပွဲဆက်နိုင်တဲ့ အလားအလာရှိသေးတယ်။ အဲလိုဖြစ်နေတာ။

မေး ။      ။ PPST ကို ဖျက်ပြီးတော့ တချို့အဖွဲ့က ဘာကြောင့် PPCM ကို ဖွဲ့ချင်တယ်လို့ ဆွေးနွေးတာလဲ။

ဖြေ ။      ။ ဟုတ်တယ် တချို့အဖွဲ့တွေက အဲဒီလိုပဲ ပြောင်ပြောတယ် (ဖျက်ချင်တယ်လို့) အဲလိုလုပ်ချင် တယ်တဲ့ ကျနော်တို့ကတော့ မလုပ်နိုင်ဘူးလို့။ PPCM အခုလုပ် အခု ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပျက်မှာပဲလေ။ အခုကတော့ ရပ်ဆိုင်းတာပဲ ရှိတယ် မပျက်ဘူး၊ PPCM မိတ်ဆက်လိုက်တယ်ဆိုတာနဲ့ ချက်ချင်း ပျက်မှာပဲ။ ဘာကြောင့်ဆို အလုပ်ဖြစ်နိုင်တဲ့ ပရိုပိုဆယ်မဟုတ်ဘူး အဲဒါကြောင့်ပါ။

မေး ။      ။ PPCM ဖြစ်လာရင် ငြိမ်းချမ်းရေး ပျက်နိုင်တဲ့ အခင်းအကျင်း ဖြစ်နိုင်တယ်ဆိုတော့လေ ဘယ်လို အကြောင်း အချက်တွေကြောင့်မလို့ အဲလို သုံးသပ်မိတာလဲ။

ဖြေ ။      ။ ဘာကြောင့်လဲဆိုတော့ PPCM ဆိုတာက Meeting (အစည်းအဝေး) ဆိုတော့ Meeting ပဲလေ။ Meeting မှာပဲ ဆုံတယ်၊ Meeting မရှိရင် မဆုံဘူး၊ သူ့ဟာသူနေ ကိုယ့်ဟာကိုယ်နေဆိုတော့ ဆုံချက်မရှိဘူး၊ ဆုံချက် မရှိတဲ့အတွက် Meeting ကို မလာခင်မှာ ကိုယ့်ဟာကိုယ်လုပ် သူ့ဟာသူလုပ်ဆိုတော့ အားလုံးက အစိုးရ-တပ်မတော်နဲ့ Bilateral ပဲလုပ်နိုင်တယ်။

ဘာကြောင့်လဲဆိုတော့ ဆုံချက်မှ မရှိဘဲ။ နောက်ပြီးတော့ လက်ရှိ ဆွေးနွေးဖက်တွေကလည်း သူတို့နဲ့ ဆွေးနွေး နေလို့ NCA လမ်းကြောင်းနဲ့သွားနေတာ အတော်အသင့်ရောက်နေတယ်၊ အခက်အခဲလေး တချို့ရှိတယ် တစ်ဆို့နေတာ မှန်တယ်၊ သို့သော် ကျော်လွှားဖို့ နည်းတွေကလည်း ရှိတယ်။ အဲဒီလိုမျိုး အချိန်မှာမှ ပုံစံ အသစ် တခုကို ရုတ်တရက် လာချလိုက်ရင် အဲဒီဟာကြီးကို အဲဒီပုံစံက ဘာလဲ၊ ဘယ်လဲ မေးနေတာနဲ့တင် ၁ နှစ်ခွဲ ကုန်သွားမယ်။ အခုအစိုးရ သက်တမ်းကလည်း ၁ နှစ်ခွဲပဲ ကျန်တာ၊ ၁ နှစ်ခွဲကျန်တဲ့ အချိန်မှာ ရသင့်သလောက် ရအောင် ကြိုးစားဖို့က မူလအစုအဖွဲ့က ပိုကောင်းတယ်ပေါ့ဗျာ အဲသလို မြင်ကြတာ။

အစုအဖွဲ့အသစ်က အမည်အမျိုး မသိတဲ့အခါကျတော့ ဒီ ၁ နှစ်ခွဲအချိန် ပုတ်သွားမှာကို အဲဒီလို စိုးရိမ်ကြတာ ဒါကြောင့် ကောင်းတာ မကောင်းတာ  ခဏထားအုံး၊ အသစ်နဲ့လာရင် ပုံစံအသစ်ကို လေ့ကျင့် မွေးမြူ လေ့လာ နေရတာက ၁ နှစ်ခွဲ အချိန် ကုန်သွားနိုင်တာကို အဲဒါကြောင့်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
124
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
113
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
63

မေး ။      ။ PPST နဲ့ PPCM ရဲ့ အားသာချက် အားနည်းချက်တွေက ဘာတွေဖြစ်မလဲ။

ဖြေ ။      ။ PPST ရဲ့ အားသာချက်က ၁ NCA အပေါ်မှာ စုဖွဲ့ထားတယ်လေ၊ NCA လက်မှတ်ထိုးတဲ့အဖွဲ့တွေပဲ ပါတာကို၊ နံပါတ် ၂ ကျနော်တို့ NCA အကောင်အထည်ဖော်တဲ့ လမ်းပြမြေပုံ အတိုင်းသွားနေတာ အခုဆိုရင် ကျနော်တို့ ပြည်ထောင်စု သဘောတူ စာချုပ်တောင် အစိတ်အပိုင်း ၁-၂ တောင် ချုပ်ပြီးပြီဗျာ။ ၃ နှစ်ကျော် ခရီး လာခဲ့ပြီးပြီလေ၊ နောက်ပြီးတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ကလည်း ဆွေးနွေးဖက်ပါဆိုပြီးတော့ သဘောထား ချမှတ်ပြီးတော့ ပူးပေါင်းဆောင်ရွက်နေတာကလည်း ၃ နှစ်ကျော်ပြီလေ။

ပြည်သူလူထုတွေ၊ လူထုအဓိက အဖွဲ့အစည်းတွေ၊ ပြည်တွင်းက အင်အားစုတွေကလည်း PPST က ထောက်ခံ အားပေးရမယ့် ဝိုင်းရံပေးရမယ့် အင်အားစုဆိုပြီးတော့ သဘောထားရှိတာကိုလည်း တွေ့ရတယ်ဗျာ။ နောက်ဆုံး တချက်ကတော့ နိုင်ငံတကာပေါ့ ကုလသမဂ္ဂ (UN) တို့၊ ဥရောပသမဂ္ဂ (EU) တို့၊ အာဆီယံတို့ သံတမန်အသိုင်း အဝိုင်းတွေကလည်း PPST ကို အသိအမှတ်ပြုပြီးတော့ ရံပုံငွေ ကိစ္စတွေ ဘာတွေ အားလုံး ပူးပေါင်းဆောင်ရွက် နေတာလည်း ရှိတယ်ဗျ။ ဒါအားသာချက်တွေပေ့ါနော် ၃ နှစ်ခွဲမှာ။

အခု အမျိုးအမည်မသိ PPCM ကို တင်လိုက်တာနဲ့ ပထမဆုံး ဝေးဝါးတာက ဘယ်လိုပုံစံလဲ၊ ဘယ်သူတွေ ပါနေလဲ၊ ဘာလုပ်မှာလဲ စသဖြင့်ပေါ့ဗျာ မေးခွန်းတွေ အများကြီးထွက်လာမယ်။ NCA ကို အခြေခံလား ဟာ မဟုတ်ဘူး၊ NCA မထိုးတဲ့လူလည်း ပါမယ်ဆိုရင် ရှုပ်သွားပြန်ရော၊ လမ်းပြမြေပုံကို လိုက်မလား ဟာ လမ်းပြ မြေပုံလည်း မဟုတ်ဘူး။ ပြည်ထောင်စု သဘောတူညီချက်ကို ရထားတာလည်း မသိအမှတ်မပြုတော့ဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်သွားနိုင်တယ်။

ဒါကြောင့် မရေရာ မသေချာတာက ကျနော်တို့ ပိုပြီးတော့ ကြီးမားသွားမယ်။ ကြီးမားတဲ့ မရေရာမှုနဲ့ ရင်ဆိုင် ရလိမ့်မယ်။ နောက်ပြီးတော့ စုဖွဲ့မှုကလည်း Meeting လို့ ပြောတော့ Meeting ဆိုသည်မှာ ၆ လတခါခေါ်လား၊ ၁ နှစ်တခါ ခေါ်လားနော်၊ အစည်းအဝေးကိုဗျ။ အဲဒီ အစည်းအဝေး မခေါ်ဘူးဆိုရင် အဖွဲ့အစည်းတိုင်းက သူ့ဟာ သူ လွတ်လွတ်ကျွတ်ကျွတ် ထင်ရာလုပ် ၊ ထင်ရာသွား Bilateral ပေါ့၊ အစိုးရ-တပ်မတော်နဲ့ ဆွေးနွေးချင်လည်း ဆွေးနွေး၊ လက်မှတ်ထိုးပြီးသားလူကလည်း ကိုယ်အကောင်အထည်ဖော်ချင်ရာ ဖော်ဆိုရင် အဲဒါကမှ တကယ့် ဝါးအစည်းဖြိုသလိုဖြစ်ပြီးတော့ သူတလူ ငါတမင်း ဖြစ်သွားနိုင်တယ်။ EAO ရဲ့ အခွင့်အရေးက ကြာလေ ပျောက် လေ ဖြစ်သွားနိုင်တယ်။

အဲဒါကြောင့် PPCM ရဲ့ အနေအထားကို ကျနော်အကြမ်းပျဉ်ကြည့်လိုက်တော့ တကယ့်လက်တွေ့ကို ရာခိုင်နှုန်း တော်တော်နည်းတဲ့ လက်တွေ့နဲ့ တော်တော်ကင်းကွာတဲ့ ပုံကြီးချဲ့ထားတာမျိုးကြီး ဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့က ကျစ်ကျစ်လျစ်လျစ် ရိုးရိုးလေး ဖွဲ့ထားတဲ့ PPST အခြေခံပေါ်မှာပဲ ရပ်တည်သွားသင့်တယ်လို့ ကျနော်တို့က ဒါကြောင့် ဒီထိပ်သီး အစည်းအဝေးမှာ ကျနော်တို့ ၆ ဖွဲ့ပေါ့ဗျာ ရပ်တည်တာပါ။

နောက်ဆုံး RCSS ကပါ PPST ထပ်ထားမယ်၊ သူလည်းပဲ အဖွဲ့ဝင် ထပ်ပါမယ်လို့ ဆုံးဖြတ်လိုက်တော့ ဒါ နည်းနည်းလေး ကျနော်တို့ ပိုကောင်းသွားတာပေါ့  အဲလိုဖြစ်တာပါ။

မေး ။      ။ PPST ဆိုရင် KNU ဘက်က နှုတ်ထွက်ဖို့ အဆိုပြုခဲ့တယ်လို့လည်း ကြားတယ်၊ နောက်တဖက်ကို ကြည့်တော့လေ PPCM ဆိုရင်လည်း ဗိုလ်မှူးကြီးတို့ အဖွဲ့က နှုတ်ထွက်မယ်ဆို တဲ့ဟာမျိုးတွေ ဖြစ်နေတော့ ဒီ EAO တွေရဲ့သဘောထားကို ဘယ်လိုမျိုး ညှိကြဖို့ရှိမလဲ။ နောက်ဆုံး ဘယ်လိုပုံစံနဲ့သွားကြမလဲပေါ့။

ဖြေ ။      ။ ညှိလို့ ရဖို့ကတော့ လောလောဆယ်မှာ လက်ရှိနဲ့ လက်မဲ့ပေါ့။  လက်ရှိကတော့ PPST လေ၊ လက်ရှိ က PPST ဆိုတော့ PPST ကို ၇ ဖွဲ့က သွားမယ့်သဘောပေါ့။ နှုတ်ထွက်မယ်ဆိုတဲ့ အဖွဲ့ကလည်း RCSS က ပြန် ပါမယ်ဆိုတဲ့အခါကျတော့ သူလည်း နှုတ်ထွက်တာကို ပြန်စဉ်းစားမယ်ဆိုပြီးတော့ ဆိုင်းငံ့လိုက်တာပေါ့။ အဲဒါ လေးပါ။

သို့သော် PPCM ဆိုတာလည်း စဖြစ်မှ ဖြစ်မှာပါ၊ ဘယ်အချိန်မှာမှ စဖြစ်မလည်း မသိသေးပါဘူး၊ သို့သော် ကွင်းထဲ ဝင်နိုင်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ဒါကြောင့် အဲဒီ Meeting ဆိုတာကလည်း Meeting ဖိတ်ရင် သွားတက်တာ၊ Meeting မဖိတ်ရင် မတက်တာ ဒါပဲရှိတာ။ Meeting ဆိုတာက ကျနော်တို့က လုပ်ငန်း ဖြစ်ဖို့ က ခက်တယ်၊ ဒါကြောင့် အဲဒီ Meeting မျိုးခေါ်လည်း ကျနော်တို့က ပူးပေါင်းပါဝင် သွားတက်ဖို့ခက်တယ်၊ အစုအဖွဲ့မဟုတ်ပါဘူး အစည်းအဝေးပါ။

အစည်းအဝေးက ဘယ်သူခေါ်မှန်းလည်း မသိပါဘူး၊ ခေါ်တဲ့လူ ဘယ်သူခေါ်မှန်းမသိတဲ့ အခါကျတော့ အတွင်းရေးမှူး အဖွဲ့ ဖွဲ့ပြီးတော့ ခေါ်မလား၊ ဘာလား မသိပါဘူး။ အစည်းအဝေးခေါ်တဲ့အချိန်မှာ အလားအလာ ကြည့်ပြီးတော့ ကျနော်တို့က ရရှိပြီးသား ပလက်ဖောင်းကို စွန့်ပြီးတော့ သွားတက်ရမှာကတော့ အခက်အခဲ ရှိ တယ်လေ။

မေး ။       ။ ထိပ်သီး အစည်းအဝေး ထုတ်ပြန်ချက်ထဲမှာ NCA မထိုးရသေးတဲ့ အဖွဲ့တွေ ဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်အောင် လုပ်မယ်ဆိုတော့ ဘယ်လိုပုံစံမျိုးလုပ်သွားဖို့ရှိလဲ။

ဖြေ ။      ။ ရသလောက်တော့ လုပ်ရမှာ၊ ဆွေးနွေးမှု ပါလာအောင်ဆိုတာက  အခု PPST လုပ်ငန်း လမ်းညွန် မှာ လည်း ပါပါတယ်။ PPST စဖွဲ့တုန်းက ရည်ရွယ်ချက် ၃ ခု ရှိတယ်၊ အဲဒီ ၃ ခုမှာလည်း မထိုးရသေးတဲ့ အဖွဲ့ တွေနဲ့ ဆက်လုပ်ရမယ်ဆိုတာ ပါပြီသားပဲ။ PPCM ဖွဲ့မှ မဟုတ်ဘူး၊ PPCM လို့ခေါ်တဲ့ Meeting လုပ်မှ မဟုတ် ဘူး၊ ဒါကြောင့် PPST ရဲ့ လုပ်ငန်းလမ်းညွန်ကို သေချာဖတ်ရင် အားလုံး ပြည့်ပြည့်စုံစုံ ပါဝင်ပြီးသားပဲ ဖြစ်ပါ တယ်။

ဒါကြောင့် PPST ဖျက်သိမ်းရေးကို ဥပါယ်တံမျဉ်နဲ့ misguided လုပ်သလို ဖြစ်မှာကို ကျနော်တို့ ကြောက်ပါတယ်၊ ဒါကြောင့် PPST ပလက်ဖောင်းကိုပဲ အခိုင်အမာရပ်မယ်ဆိုပြီးတော့ပဲ ဆုံးဖြတ်ကျတာ ဖြစ်ပါတယ်။

မေး ။       ။ PPST မှာ ဆက်စပ်အနေနဲ့ ၂ ဖွဲ့ရှိနေသေးတယ် မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက် တစ်အစည်းအရုံး (LDU) အဲဒီ အဖွဲ့တွေကရော PPST ထဲမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ အဆိုပြုနေပြီးလား။

ဖြေ ။      ။ အဲဒီအဖွဲ့ကလည်း PPST မှာ ပြင်ထားပါတယ်လို့ ပြောနေကြတာကို ဒါပေမယ့် သူတို့မှာ ညှိနေတာ က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာလည်း လွတ်လွတ် ကျွတ်ကျွတ် မဖြစ် တဲ့အခါကျတော့ အဲဒါလေး လွတ်ကျွတ်သွားဖို့လိုတယ်လို့ သူတို့က အကြောင်းပြတာ၊ လာမယ့် ဇွန်လမှာလည်း UNFC က သူတို့ နောက်ဆုံးပိတ် အစည်းအဝေး ခေါ်နိုင်တယ်ဗျ။ ဒါကြောင့် အဲဒီ ဇွန်လထဲမှာ ဆုံးဖြတ်မယ်လို့ တော့ ပြောသံကြားတာပဲဗျ။ သူတို့ UNFC ကနေ လွတ်လွတ် ကျွတ်ကျွတ် ဖြစ်သွားရင်တော့ ကျနော်တို့ PPST ပို အားကောင်းတာပေါ့။

မေး ။      ။  အခု EAO တွေနဲ့ အစိုးရ-တပ်မတော်ကြားမှာ နှေးကွေးသွားတဲ့အချက်ပေါ့လေ၊ ခွဲမထွက်ရေး သဘောတူဖို့ အချက်နဲ့ တခုတည်းသော တပ်မတော်ထားရှိရေး သဘောတူဖို့အချက်ပေါ့လေ။ အဲဒါနဲ့ ပတ်သက် ပြီး EAO တွေကြားထဲမှာ ဘယ်လိုမျိုး အဖြေရှာထားပြီးပြီလဲ၊ ဘယ်လိုမျိုးဆုံးဖြတ်သွားဖို့ရှိလဲ။

ဖြေ ။      ။ ကျနော်တို့ လေ့လာရေး ခရီးသွားကြတယ်ဗျ အဲဒီကိစ္စပေါ်မှာ၊ လေ့လာရေးခရီးသွားကြပြီး အမျိုးမျိုး လုပ်ကြတော့ အဲဒီအချက် ၂ ချက်ကြောင့် တစ်ဆို့ပါတယ်ဆိုပြီးတော့ အကြောင်းပြနေတဲ့လူတွေ ရှိနေသလို၊ အဲဒီ ၂ ချက်ကို ကျော်လွှားနိုင်တဲ့နည်းကို တိုင်ပင်ဖို့လိုတယ်ဆိုတဲ့ လူတချို့ရှိတယ်။ အဲဒီ ၂ ချက်ပိတ်ဆို့လို့ ဆိုပြီးတော့ စကားဝိုင်းကနေ ထွက်သွားလို့ရှိရင် ထွက်သွားတဲ့လူက တာဝန်ရှိသလိုဖြစ်တာကို ။

အဲဒီ ၂ ချက် ကို တင်ပြတဲ့ အစိုးရတို့၊ တပ်မတော်တို့ကလည်း တင်ပြတယ်၊ တင်ပြတာကို ညှိနှိုင်းဖို့ အခွင့် အလမ်း ရှိတာကို ဆက်ညှိပေါ့ဗျာ၊ ဆက်ညှိလို့ မရဘူးဆိုရင် တမျိုးပေါ့၊ ညှိနှိုင်းဖို့ အခွင့်အရေးရှိတဲ့ဟာကို တင်ပြတဲ့လူတွေက လည်း ညှိပါ၊ စိတ်ကြိုက်ပုံစံ တင်ပေးပါလို့ အပြန်အလှန်ညှိနေတဲ့ ဝိုင်းကနေ ကျနော်တို့ ထွက်တယ်လို့ ယာယီပဲ ဖြစ်ဖြစ် မပါဘူးလို့ ပြောရင် မညှိချင်တော့လို့ပြောတဲ့လူက အဲထွက်သွားတဲ့လူက မညှိချင်လို့ပေါ့။

အဲဒါကို လက်ညိုးထိုး အကြောင်းပြပြီးတော့ ထွက်သွားသလိုဖြစ်တာပေါ့။ အဲဒါကြောင့် ကျနော်တို့ကတော့ ဆက်လက် ညှိနှိုင်းသင့်တယ်ဆိုပြီးတော့ အဆိုပြုတယ်၊ အဲဒီ အဆို ၂ ခုက အခက်အခဲဖြစ်တယ်၊ ဒါပေမယ့် ညှိနှိုင်းသင့်တယ်။ အဲဒီ အဆို(၂)ခုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်ဆိုင်းတာတွေ၊ တစ်ဆို့တာတွေ မဖြစ်သင့်ဘူးပေါ့။ ညှိနှိုင်းနေရင် လမ်းစတွေ့မှာပေါ့ဗျာ မညှိနှိုင်းဘူးဆိုရင် လမ်းစ မတွေ့တော့ဘူး။ အဲဒါပါပဲဗျာ။

မေး ။       ။ တချို့ကတော့ ခွဲမထွက်ရေးဆိုတာကို ကတိခံခိုင်းဖို့ မလိုတော့ဘူးလို့ ပြောတယ်၊ အဲဒီအပေါ်မှာ ရော ဗိုလ်မှူးကြီးတို့ မှတ်ယူမိလဲ။

ဖြေ ။      ။ ဒီလိုဗျ တဖက်က ကြည့်ရင်လည်း၊ အဖွဲ့အစည်းတွေရဲ့ စိတ်ထဲမှာ တချို့လူမျိုးတွေရဲ့စိတ်ထဲမှာ ဖုံးကွယ်ထားတဲ့ ရည်မှန်းချက်တွေလည်း ရှိချင် ရှိနိုင်တာပေါ့၊ ဒါတော့ ဘယ်သူ ဘယ်သူလဲတော့ မပြောဘူး၊ ဖုံးကွယ်ထားတဲ့ ရည်မှန်းချက်တွေက တနေ့ တချိန်၊ ဘယ်ကာလ ဘယ်အချိန်မှာ ဝန်ခံမှု မလုပ်ဘဲ အခွင့် အလမ်းများ ရှိမလား၊ မွေးရာပါ အခွင့်အရေး လွတ်သွားမလား၊ ဘိုးဘွားပိုင်တဲ့ အမွေအနှစ်ကြီး လွတ်သွား မလား၊ ဒါကြောင့် ခွဲမထွက်ရဆိုတာကို အာမခံလိုက်ရင် သမိုင်းတရားခံ ဖြစ်သွားမလားပေါ့ဗျာ။ ကြောက်တဲ့ လူရှိတယ်၊ တချိန်တည်းမှာပဲ ခွဲထွက်ပိုင်ခွင့်ရှိပြီဆိုတာကိုလည်း တောင်းဆို လုပ်ကိုင်ဖို့မလိုဘူးပေါ့၊ ခွဲမထွက်ရ ဆိုတဲ့ အာမခံချက်ကိုလည်း မတောင်းနဲ့ မလိုဘူး၊ ဖက်ဒရယ်အခြေခံမူ စစ်စစ်ကိုပဲ ညှိနှိုင်းပြီးတော့ အကောင် အထည်ဖော်ရအောင်ပေါ့။

အဲဒါကတော့ ဖက်ဒရယ်မူ စစ်စစ်မှန်မှန်ဖြစ်ရင်တော့ ထွက်ခိုင်းလည်း ဘယ်သူမှ မထွက်ပါဘူး၊ အဲဒါကြောင့် ဖက်ဒရယ်မူ စစ်စစ်ရရေး ဦးတည်နေတဲ့အချိန်မှာ  ခွဲထွက်ခွင့်ရှိသည်၊ ခွဲမထွက်ရဆိုတဲ့ အာမခံချက် ဒါတွေကို စာချုပ်ထဲမှာ သွားမထည့်သင့်ဘူးပေါ့။ အဲဒါတွေကတော့ သုံးသပ်ချက် အဲလိုရှိကြပါတယ် နောက်ဆုံးလေ၊ ဒါပေမယ့် ညှိတော့ ညှိရမှာပေါ့လေ၊ နိုင်ငံရေးသဘောတူညီချက်မှာ ထည့်မယ်၊ နောက် ဖက်ဒရယ်ဖွဲ့စည်းပုံ ဥပဒေရေးရင် မထည့်ဘူး။ ဒါလည်း သူ့အပိုင်းနဲ့သူရှိတာပဲ နောင်တနေ့ ကျနော်တို့ အုပ်ချုပ်မယ့် ဖက်ဒရယ် အခြေခံဥပဒေက ပေါ်လာမှာပဲ၊ ပေါ်လာတဲ့အချိန်မှ ခွဲထွက်ပိုင်ခွင့်ရှိကြောင်းတို့၊ ခွဲထွက်ပိုင်ခွင့် မရှိကြောင်း မထည့်ပဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ကျန်ထားမလားပေါ့၊ ဒါလည်းပဲ ကျနော်တို့ ညှိရမယ့် ကိစ္စဖြစ်တယ်။ နည်းလမ်းတွေတော့ အများကြီးရှိပါတယ်၊ ဆက်လက် ဆွေးနွေးရင်တော့ ထွက်လာမှာပါ။

You may also like these stories:

ထောင်ပိုင်ကြီး ပြန်ရှင်းပြတဲ့ ရွှေဘိုထောင် ဆူပူမှုဖြစ်စဉ်

မြေမြှုပ်မိုင်းကြောင့် ခြေတုဝန်ဆောင်မှု ပေးရတာ များတယ်

ာ့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းက KNU ထွက်ရသလဲ

အစိုးရနှင့် အပစ်ရပ်အဖွဲ့များ အလွတ်သဘော တွေ့မည်

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် အင်တာဗျူး (အပိုင်း – ၁)

Your Thoughts …
Tags: EAOsPPCMPPSTဦးခွန်ဥက္ကာ
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

by Matthew B. Arnold
20 November 2023
12.2k

၁၀၂၇ စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။

နေပြည်တော်တွင် စစ်ကောင်စီ စည်းရုံးရေးဆင်း

နေပြည်တော်တွင် စစ်ကောင်စီ စည်းရုံးရေးဆင်း

by ဧရာဝတီ
1 September 2023
10.1k

နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင် ဦးဆောင်သည့် အဖွဲ့တဖွဲ့သည် ပျဉ်းမနားမြို့နယ်ရှိ ကျေးရွာများ၌ ဒေသခံများ၏ ထောက်ခံမှုရရန် စည်းရုံးလှုပ်ရှားနေသည်။

ရွေးကောက်ပွဲ ဆိုပါလားဟေ့

ရွေးကောက်ပွဲ ဆိုပါလားဟေ့

by ဉာဏ်လင်း
22 January 2024
8.8k

စစ်ရေးမျက်နှာစာတွင် အလားအလာ မကောင်း ခုခံနေရသည့် အနေအထားတွင် စစ်တပ်အနေဖြင့် နိုင်ငံရေးမျက်နှာစာဘက်သို့ မဖြစ်မနေ ပြန်လှည့်လာနေရသည်

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

by ဧရာဝတီ
1 December 2023
8.3k

ခုခံတော်လှန်ရေးသမား ခန့်မှန်းခြေ ၂၀,၀၀၀ ကို စုစည်းပြီး ထိုစစ်ဆင်ရေးသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တိုက်ခိုက်သည့် အကြီးမားဆုံး၊ အကောင်းဆုံး စုစည်းထားသည့် ထိုးစစ်ဖြစ်သည်။

မြန်မာ့လက်နက်ကိုင်ပဋိပက္ခ သရုပ်ခွဲလေ့လာရာတွင် မမြင်နိုင်သည့်အချက်များ

မြန်မာ့လက်နက်ကိုင်ပဋိပက္ခ သရုပ်ခွဲလေ့လာရာတွင် မမြင်နိုင်သည့်အချက်များ

by David Scott Mathieson
13 January 2024
8.2k

စိတ်ကူးယဉ် ‘ညီညွတ်သော’ လူမှုအသိုက်အဝန်းကို တမ်းတနေမည့်အစား သဘောထား ကွဲလွဲမှုများနှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်ရေးအတွက် စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ပဋိပက္ခ သရုပ်ခွဲလေ့လာမှု နည်းလမ်းတခု ရှိသင့်သည်။

Next Post
ရှုထောင့်သစ်

ရှုထောင့်သစ်

ကော်ဖီမှာ သစ်ကြားပိုးခေါက်မှုန့် အနည်းငယ် ထည့်ဖျော်ခြင်းဟာ အရသာကို ထူးခြား ကောင်းမွန်စေပါတယ်

ကော်ဖီ အရသာကို ပိုမိုထူးခြားအောင် ဖျော်စပ် သောက်သုံးနိုင်မယ့် နည်းလမ်းများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved