• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ထောင်ပိုင်ကြီး ပြန်ရှင်းပြတဲ့ ရွှေဘိုထောင် ဆူပူမှုဖြစ်စဉ်

by ထက်ခေါင်လင်း
15 May 2019
in အင်တာဗျူး
A A
ရွှေဘိုထောင် ဆူပူမှု ဖြစ်စဉ်တွင် ၄ ဦးသေဆုံးခဲ့  / ဧရာဝတီ

ရွှေဘိုထောင် ဆူပူမှု ဖြစ်စဉ်တွင် ၄ ဦးသေဆုံးခဲ့ / ဧရာဝတီ

59.4k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၎င်း၏လုပ်ပိုင်ခွင့်ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ အပိုင်ခွဲ (၁) အရ အကျဉ်းသား/သူ ၂၃၀၀၃ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦးတို့အား ၂၀၁၉ ခုနှစ် နှစ်သစ်ကူး အထိမ်းအမှတ် အနေဖြင့် ၃ ကြိမ်ခွဲကာ လွတ်ငြိမ်း သက်သာခွင့် ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ လွတ်ငြိမ်းသက်သာခွင့်သည် အကျဉ်းသားများအပေါ် တန်တူးညီမျှမှုမရှိဟုဆိုကာ မေလ ၇ နေ့နှင့် ၈ ရက်နေ့က ကလေး၊ ဘားအံ၊ ရွှေဘို၊ မြစ်ကြီးနား၊ ထားဝယ်၊ သာယာဝတီ နှင့် ပုသိမ် အကျဉ်းထောင်တို့တွင် ဆူပူမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

အဆိုပါ ထောင် ၇ ခုဆူပူမှုများအနက် ရွှေဘိုထောင်ဆူပူမှုတွင် ပစ်ခတ်တားဆီးရသည်အထိ ဖြစ်ပွားခဲ့ပြီး ယင်းပစ်ခတ်မှုကြောင့် အကျဉ်းသား ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် အဆိုပါဖြစ်စဉ် အပါအဝင် ထောင်စည်းကမ်းချိုးဖောက်မှုနှင့် အရေးယူ ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်ပြီး ရွှေဘိုထောင်ပိုင်ကြီး ဦးဇော်ထွန်း ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထက်ခေါင်လင်း က ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ ရွှေဘိုထောင်အတွင်း မေလ ၈ ရက်နေ့ ဖြစ်စဉ်နဲ့ ပက်သက်ပြီး ဖြစ်ပျက်သမျှတွေကို ပြန်ပြောပြပါလား။

ဖြေ။ ။ စတာက အမျိုးသမီးအဆောင်က စတာ။ ညနေ ၄ နာရီခွဲလောက်မှာ ရေချိုးချတဲ့အခါ အိပ်ဆောင် ၁ ကစပြီး အော်တယ်။ နောက် အိပ်ဆောင် ၂၊ အိပ်ဆောင် ၃ တို့ဆီပါ ဆက်ကူးသွားတယ်။ အဲ့အချိန် ကျနော်က အိပ်ဆောင် ၂ မှာ ရောက်နေတယ်။ မဆူဖို့ပြောတယ်။ ပြောမရဘူးဗျ။ အဲ့တော့ ကျနော်ပြန်ထွက်လာတယ်။

ကျနော်က ခရိုင်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားလိုက်တယ်။ အိပ်ဆောင် ၂ ကို ပြန်သွားပြီး အေးအေး ဆေးဆေးနေဖို့ ကျနော် ထပ်ပြောတယ်။ ရုံးခန်းကို ကျနော် ၄ နာရီ ၄၅ မိနစ်လောက်အချိန် ပြန်ရောက်တော့ ခရိုင်အုပ်ချုပ်ရေးမှူး ရောက်လာပြီး ဆူတဲ့အဆောင်က ကိုယ်စားလှယ် ၁၀ ယောက်လောက်ကို ခေါ်လိုက်တယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက မဆူဖို့၊ ဖြစ်ချင်တဲ့ဆန္ဒကို တင်ပြ၊ အထက်ကို ချက်ချင်းတင်ပြပေးမယ်။ စာရေးတင်မယ်ဆိုလည်း ပို့ပေးမယ်လို့ပြောတယ်။

သူတို့ပြန်သွားချိန် ညနေ ၅ နာရီ မိနစ် ၂၀ မှာ ကျနော်တို့ တိုင်းဒေသရဲ့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဦး ရောက်လာတယ်။ ဦးမျိုးဦးရယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးရယ်၊ ကျနော်ရယ်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရယ် အဆောင် အသီးသီးကို မအော်ဖို့၊ အေးအေး ဆေးဆေးနေဖို့၊ ဆူညံတာတွေ မလုပ်ဖို့ လိုက်ပြောတယ်။

ထောင်ပိတ်တဲ့ အချိန်ရောက်နေလို့ ကိုယ့်အခန်းထဲ ကိုယ်ဝင်ပြီး အေးအေး ဆေးဆေးနေကြဖို့ ပြောနေတာ။ ဒါပေမယ့် သူတို့တွေက ရိုင်းပြစွာ ဆက်ဆံတယ်။ ဘယ်သူ့စကားမှ အယုံအကြည်မရှိဆိုတဲ့ ရန်စကားတွေကို ကျနော်တို့ကို ပြောတယ်။ မဝင်ကြဘူး။ ဒါနဲ့ ကျနော်တို့က ရုံးခန်းကို ပြန်လာတယ်။

နောက် တိုင်းရဲ့နယ်လုံဝန်ကြီး၊ တိုင်းရဲတပ်ဖွဲ့မှူးတို့ ရောက်လာတယ်။ မှောင်ရီပျိုးတဲ့ ည ၇ နာရီ ၁၅ လောက်အချိန်မှာ တဝုန်းဝုန်း၊ တဒိုင်းဒိုင်းနဲ့ ဖျက်သံတွေ ကြားတယ်။ အဆောင်ရှေ့က ကင်းတဲတွေကို ဖျက်တယ်။ ခင်းပေးထားတဲ့ ကွပ်ပျစ်တွေကို ခွာပြီး သံဇကာတွေကို ရိုက်တယ်။ အုတ်ခဲတွေကို စုတယ်။ အိပ်ဆောင် ၂ ထဲမှာ။ အိပ်ဆောင် ၃ က အဆောင်တွေကို ကာထားတဲ့ သံဆူးကြိုးတွေကို ခွာတယ်။ အိမ်သာက အမိုးတွေကို ဖျက်တယ်။

ည ၇ နာရီခွဲထဲက ကျနော်တို့ ဗဟိုကင်းတဲကနေ အေးအေးချမ်းချမ်းနေကြပါ၊ ဖြစ်ချင်တဲ့ဆန္ဒကို အေးအေးချမ်းချမ်းနဲ့ တင်ပြလို့ရပါတယ်၊ အကြမ်းဖက်တယ်ဆိုတာ မကောင်းပါဘူး အကြိမ်ကြိမ်ပြောတယ်။ အေးအေးချမ်းချမ်း နေချင်တဲ့ သူတွေ အဆောင်ထဲ ဝင်ကြပါလို့ အဆောင်တွေ အကုန်လုံးကို အသံချဲ့စက်နဲ့ပြောတယ်။ အဲ့ဒါကို မဝင်ပဲ ပိုပြီး ဖျက်ဆီးမှုတွေ များလာတယ်။

ည ၈ နာရီခွဲကြတော့ ထောင်မပိတ်ရသေးတဲ့အတွက် အင်နဲ့အားနဲ့ လုပ်မယ်လို့ ရုံးခန်းထဲမှာ အရာရှိကြီးတွေ အကုန်လုံး ဆုံးဖြတ်ချက်ယူလိုက်တယ်။ အကျဉ်းဦးစီနဲ့ ရဲတပ်ဖွဲ့နဲ့ပေါင်းပြီး အိပ်ဆောင် ၂ ကို အရင်ဆုံး စဝင်တယ်။ အကျဉ်းဦးစီးက တုတ်နဲ့ဒိုင်းနဲ့ကရှေ့အဖွဲ့၊ လောက်လေးခွက နောက်အဖွဲ့ လုပ်ပြီး ရဲက ကျနော်တို့ကို လုံခြုံရေး ပေးတဲ့ပုံစံနဲ့ ဝင်တယ်။

အိပ်ဆောင် ၂ ကိုရောက်တဲ့အချိန် သူတို့က ကျနော်တို့ကို ခဲတွေနဲ့ထု၊ တုတ်တွေနဲ့ ပြေးရိုက်ကြတယ်။ ကျနော်တို့ ဝန်ထမ်း ၄ ဦးက ခဲမှန်ပြီး ထိခိုက်ဒဏ်ရာရတယ်။ အကြမ်းဖက်နေတော့ ကျနော်တို့က အိပ်ဆောင် ၂ ကို မဝင်တော့ပဲ နောက်ကိုပြန်ဆုတ်တာမှာ အိပ်ဆောင် ၃ ထဲကနေ ခြားထားတဲ့ သံဆူးကြိုးတွေ အကုန်ဆွဲချပြီး တုတ်တွေနဲ့ ကျော်တက်လာတယ်။

မေး ။ ။ အဲ့ဒီအချိန် မီးတွေလည်း ပျက်နေတယ်လို့ ကြားတယ်။ ဘယ်သူက ဖြတ်လိုက်တာလဲ။

ဖြေ ။ ။ မီးတွေက သူတို့နည်းသူတို့ဟန်နဲ့ မီးတွေ ပိတ်လိုက်တာဗျ။ ကျနော်တို့ ပိတ်တာမဟုတ်ဘူး။ ကျနော်တို့ထောင်မှာ လျှပ်စစ်မီးလည်းရှိတယ်။ ဝန်ကြီးချုပ်ကြီးက စီစဉ်ပေးထားတဲ့ မီးပျက်တာနဲ့ တန်းလည်နိုင်တဲ့ ၆၀ ကေဗီအေ မီးစက်ကြီးလည်းရှိတယ်။ တမင်သက်သက် သူတို့အဆောင်ထဲက မိန်းတွေကို ချလိုက်ကြတာ။ အိပ်ဆောင် ၃ က လူ ၆၀ လောက်က တုတ်တွေနဲ့ ညာသံပေးပြီး တက်လာတော့ ကျနော်တို့က အနောက်ကိုဆုတ်ပြီး နေရာယူလိုက်ကြရတယ်။

မေး ။ ။ ထောင်ပိုင်ကြီးကို နှစ်ကြီးသမားတဦးက အနောက်ကနေ လိုက်ရိုက်လို့ ပထမဦးဆုံး သေနတ်နဲ့ ပစ်သတ်လိုက်ရတယ်လို့ တချို့အကျဉ်းသားတွေဆီက ကြားရတယ်။ အဲ့ဒါရော ဘာပြောချင်လဲ။

ဖြေ။ ။ ကျနော်တို့ နောက်ကိုဆုတ်လာချိန် ကျနော့်ကို ပြေးရိုက်တယ်လို့ ကျနော့်ဝန်ထမ်းတွေက ပြောတယ်။ ကျနော့်လက်ထဲမှာ တုတ်ပါတယ်။ ခဲတွေကို ဒိုင်းနဲ့ကာနေရတယ်။ ကျနော့်ကို ပြေးရိုက်တယ်ဆိုလို့ ကျနော့်နောက်က လုံခြုံရေး တာဝန်ယူထားတဲ့သူက ပစ်လိုက်တာ။

မေး။ ။ နောက်ပြီး ထောင်အာဏာပိုင်တွေက အဆောင်ထဲအထိပစ်တယ်၊ ထောင်ဆူတဲ့အထဲမှာ မပါတဲ့သူတွေလည်း သေခဲ့ရတယ်လို့ တချို့အကျဉ်းသားမိသားစုဝင်တွေက ပြောတယ်။ အဆောင်ထဲမှာနေရင်း TV ကြည့်နေတဲ့သူတောင် သေနတ်ကျည်ထိပြီး သေတယ်လို့ ပြောကြတယ်။ အဲ့ဒါကရော။

ဖြေ။ ။ ဖြစ်နေတဲ့အချိန်က ညအချိန်ပါ။ နောက်ပြီး ကျနော်တို့အဆောင်တွေအထဲထိ ပစ်မယ်ဆိုရင် ဒီထက်သေဖို့ပဲ ရှိမယ်ဆိုတာ စဉ်းစားကြည့်ရင် သိမှာပါ။ ကျနော်တို့ အဆောင်တွေကို ရည်ရွယ်ချက်ရှိရှိ မပစ်ခဲ့ပါဘူး။ အခု အဆောင်ထဲက လူတွေ သေတယ်ဆိုတာ သူတို့က ထောင်ဆူတာကို အဆောင်ထဲကနေ မတ်တပ်ရပ် ကြည့်နေရင်းကနေ ကျနော်တို့ ခြောက်လှန့်ပစ်လိုက်တဲ့ဟာကို ထိသွားတာပါ။ မန္တလေးဆေးရုံမှာ မျက်စိထိလို့ ကုသနေတဲ့သူဆိုရင်လည်း သူက ကျနော်တို့ ပစ်လိုက်တဲ့ကျည်က အုတ်နံရံကို ထိပြီး အုတ်နံရံကအစတွေ သူ့မျက်စိကို ထိသွားလို့ ဖြစ်သွားတာပါ။

 

မေး။ ။ သြင်္ကန်အကြိုနေ့ မတိုင်ခင်တရက်မှာ အကျဉ်းသားတချို့ လွတ်ခဲ့ကြတယ်။ အဲ့ဒီမှာ ရွှေဘိုထောင်က အကျဉ်းသားတချို့လည်း လွတ်ခဲ့တယ်။ လွတ်တာမှာ တချို့အကျဉ်းသားတွေက သူတို့မပါရကောင်းလားဆိုပြီး ထောင်ပိုင်ကြီးဆီကို စောဒက ထက်ခဲ့တုန်းက ထောင်ပိုင်ကြီးက နောက်တခေါက် ပါမှာပါ။ မပါရင် မင်တို့ ဆူချင်လဲ ဆူကြလို့ အကျဉ်းသားတွေကို ပြောခဲ့တယ်လို့ သိရတယ်။ အဲ့ဒါဟုတ်လား။

ဖြေ။ ။ အဲ့ဒီလို မပြောပါဘူးဗျ။ ကျနော်ထောင်ပိုင်ကြီး တယောက်အနေနဲ့ အကျဉ်းသားတွေ ဆူဖို့ပြောတယ်ဆိုတာ ယုတ္တိမရှိတဲ့ စကားပါ။ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွတ်တဲ့ စကားမျိုး ကျနော်မပြောပါဘူး။ ထောင်ပိုင်တယောက်က ထောင်ဆူလို့ရှိရင် ကိုယ့်မိသားစု ဒုက္ခရောက်မယ်၊ ကိုယ်လည်း ဒုက္ခရောက်မယ်။ ကိုယ့်အိမ်ကို ကိုယ်မီးနဲ့ရှို့တာမျိုး ကျနော်မပြောပါဘူး။ ဒါ ယုတ်မာတဲ့သူတွေ ကောက်ကျစ်ပြီး ပြောတဲ့စကားပါ။

မေး။ ။ ထောင်ထဲကနေ Live လွှင့်ခဲ့တဲ့ အကျဉ်းသားတွေကရော ဘာဆက်ဖြစ်နေလဲ။ ဖုန်းသွင်းတဲ့ အကျဉ်းဦးစီး ဝန်ထမ်းကရော ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ သူတို့ ၃ ယောက်ကို အကျဉ်းထောင်ထဲ တားမြစ်ပိတ်ပင်တဲ့ ပစ္စည်းသွင်းလို့ဆိုပြီး ထောင် ၆ လ ချလိုက်ပြီ။ အီလက်ထရောနစ်အက်နဲ့ ထပ်အပြစ်ပေးဖို့တော့ စီစဉ်နေတုန်းပဲ။ ထောင်ဝန်ထမ်းကိုလည်း ထောင်ချလိုက်ပါပြီ။

မေး။ ။ တခြားထောင်တွေ ဆူတာ ရွှေဘိုထောင်လောက် ပြဿနာမကြီးခဲ့ဘူး။ ရွှေဘိုထောင်ကတော့ လူသေတဲ့အထိဖြစ်ခဲ့တယ်။ ထောင်ပိုင်ကြီးအပါအဝင် ထောင်ဝန်ထမ်းတွေကိုရော ဘယ်လိုအပြစ်ပေးမယ်လို့ သိထားလဲ။

ဖြေ။ ။ အဲ့ဒါကတော့ စုံစမ်းစစ်ဆေးနေဆဲပါပဲဗျ။ ဘယ်လိုအခြေအနေ ဖြစ်လာမယ်တော့ ကျနော်တို့ မသိသေးဘူး။ ကျနော်တို့ကို စစ်နေတာ ၈ ရက်လောက်ရှိနေပါပြီ။

မေး။ ။ အကျဉ်းသားတွေ တောင်းဆိုခဲ့တဲ့ အချက်တွေကို လိုက်လျောဖို့ရော ရှိတယ်လို့ သိထားလားခင်ဗျ။ အခင်းဖြစ်တုန်းက လွတ်ငြိမ်းမှာ တန်းတူရဖို့၊ မီဒီယာနဲ့တွေ့ဖို့၊ အာဏာပိုင်နဲ့တွေ့ဖို့ စသဖြင့် တောင်းခဲ့ကြတယ်။

ဖြေ။ ။ အဲ့ဒါက ကျနော်တို့အနေနဲ့ မပြောတတ်ဘူးဗျ။ ကျနော်တို့ဘက်က အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ကိုတော့ လိုက်လျောပေးခဲ့ပါတယ်။ မီဒီယာနဲ့တွေ့ဖို့ကိုတော့ မလိုက်လျောခဲ့ပါဘူး။

မေး။ ။ ထောင်ဆူတာနဲ့ ပက်သက်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ချက်အပေးမှာ အကျဉ်းဦးစီးမှာ တာဝန်ထမ်းဆောင်နေသူ တဦးအနေနဲ့ ဘယ်လိုသုံးသပ်လဲ။ ဝန်ထမ်းတွေအတွက် ဖိအားဖြစ်စေတယ်လို့ ယူဆလား။

ဖြေ။ ။ အဲ့ဒီလိုတော့ မယူဆဘူး။ ကျနော်တို့အနေနဲ့ အခြေအနေနဲ့အချိန်အခါအရ များတယ်ဆိုတဲ့ လူဦးရေကို ကိုယ့်ရှိတဲ့အားနဲ့ နိုင်နင်းအောင် အုပ်ချုပ်ရမှာပဲဗျ။

မေး။ ။ ရွှေဘိုထောင် ဆူပူမှုမှာ ဆိုင်းဘုတ်တွေကိုင်တယ်၊ ဆော့ပင်တွေနဲ့ ကတ်ထူပြားမှာ စာတွေရေးတယ်၊ မိုက်ကရိုဖုန်းတွေတောင် ကိုင်ပြောတယ်ဆိုတဲ့ ပုံတွေ ပျံ့နှံ့ခဲ့တယ်။ အဲ့ဒီအပေါ်လည်း ပြည်သူအများက ထောင် အာဏာပိုင်တွေ မပါပဲနဲ့ ဒီလိုလုပ်လို့ရမလားဆိုတဲ့ ဝေဖန်ချက်တွေရှိနေတယ်ခင်ဗျ။

ဖြေ။ ။ အဲ့ဒီ မိုက်ကရိုဖုန်းကိုင်ပြောတဲ့ အကျဉ်းသားကိုတော့ ကျနော်တို့က အရေးယူမှာပါခင်ဗျ။ ဝန်ထမ်းတွေပါ အရေးယူမှာ။ လောလောဆယ် ဖုန်းသွင်းတဲ့ ဝန်ထမ်းကို အရေးယူထားတယ်။ ကတ်ထူစက္ကူက ညပိုင်း သူတို့ထွက်လာချိန် ထောင်ဝင်စာလာတုန်းက ခေါက်ဆွဲထုပ်တွေဆို အဲ့ဒီမှာ ပါလာတဲ့ဟာတွေပါ။ အဲ့ဒီက စက္ကူပြားတွေပါ။ နောက်ပြီး မိန်းဂျေး (Main Jail) ရုံးခန်းကြီးကို သူတို့က ဝင်ဖျက်ဆီးခဲ့တော့ အဲ့ဒီကနေ ရုံးခန်းထဲသုံးတဲ့ ဘောပင်တွေ၊ ဆော့ပင်တွေ သူတို့ယူသွားကြတာပါ။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
115
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
64
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
170

မေး ။ ။ အခု အကျဉ်းသားတွေ တောက်လျှောက် တောင်းဆိုနေတဲ့ ၃ ကြိမ်အထိ လွတ်ငြိမ်းသက်သာက မညီမျှဘူးဆိုတဲ့ အချက်ကို တကယ်ရော မညီမျှဘူးလို့ ယူဆလား။

ဖြေ။ ။ ကျနော့်အနေနဲ့တော့ မယူဆပါဘူး။ အခုလွှတ်တာက ပြစ်မှုကို ကြည့်လွှတ်တာမဟုတ်ဘူးလေ။ ပုဒ်မကို ကြည့်လွှတ်တာ။ ညီမျှတယ်၊ မညီမျှဘူးက ကျနော်တို့ ဦးဏှောက်နဲ့ မပြောတတ်ဘူးဗျ။ မဆုံးဖြတ်တတ်ဘူး။ ကျနော်တို့ကတော့ အထက်အကြီးအကဲရဲ့ ဆုံးဖြတ်ချက်ကိုပဲ လုပ်ရမှာပါ။

မေး။ ။ ထောင်ဆူမှုနဲ့ ပက်သက်ပြီး အကျဉ်းဦးစီးဘက်ကရော ဘယ်လိုအရေးယူနိုင်မယ်လို့ တွေးထားလဲ။ တချို့အကျဉ်းဝန်ထမ်းတွေဆို ကိုယ့်ဌာနကို စိတ်ပျက်တဲ့ သဘောမျိုး ကြားသိနေရတယ်။

ဖြေ။ ။ ကျနော်တော့ အဲ့ဒီလို မခံစားရပါဘူး။ နှုတ်ထွက်ဖို့လည်း စဉ်းစားထားတာမျိုးမရှိပါဘူး။

ဆက်စပ်လင့် – ထောင်ဆူမှု သွေးရိုးသားရိုးဖြစ်စဉ်လို့ မမြင်ဘူး

လွတ်ငြိမ်းချမ်းသာခွင့် အကြောင်းပြပြီး ထောင်တွေဆူကြသည်

ရွှေဘိုထောင် ဆူပူမှု Live လွှင့်သည့် အကျဉ်းသား ၃ ဦးကို ထောင် ၆ လ ချ

ထောင်ဆူပူမှု စစ်ဆေးရေးအဖွဲ့ လွတ်လပ်ပွင့်လင်းရန် လိုအပ်ဟုဆို

Your Thoughts …
Tags: ထောင်ဆူပူမှုထောင်ပိုင်ကြီးရွှေဘိုထောင်ဦးဇော်ထွန်း
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မုပ္ပလင် ကုန်ထုတ်စခန်းကို ဧပြီ ၁၉ ရက်နေ့က သွားရောက်စစ်ဆေးစဉ်

မြင်းခြံထောင် ဆူပူမှု ထိန်းနိုင်ပြီဟု အကျဉ်းဦးစီးပြော

by မိုးမိုး
30 December 2019
15k

ညအိပ်ဆောင်ကို သံကြိုးခတ်ရသည့် အကြောင်းအရင်းမှာ အရေးပေါ် ကျန်းမာရေးဖြစ်ပါက တခါးဖွင့်သည့် အခါ၊ အတွင်းရှိ လူများအားလုံး လိုက်ပါထွက်လာမည်ကို စိုးရိမ်၍ ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုး က ဧရာဝတီသို့ ပြော သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မုပ္ပလင် ကုန်ထုတ်စခန်းကို ဧပြီ ၁၉ ရက်နေ့က သွားရောက်စစ်ဆေးစဉ်  / MNHRC

သမ္မတ လွတ်ငြိမ်း ဘက်လိုက်သည်ဟုဆိုကာ အကျဉ်းထောင် ၂ ခုတွင် ဆန္ဒပြမှုဖြစ်

by ထွန်းထွန်း
23 April 2019
33.4k

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာ ပေးအပ်မှုတွင် အခွင့်အရေး တန်းတူ မရရှိဘဲ ဘက်လိုက်မှုရှိနေသည်ဟု ဆိုကာ ထပ်မံစိစစ် ဆောင်ရွက်ပေးရန် ရွှေဘိုထောင်နှင့် မုပ္ပလင် ကုန်ထုတ်စခန်းတို့တွင် အကျဉ်းကျခံနေရသူများက ဆန္ဒထုတ်ဖော်

မတ် ၈ ရက်နေ့က ကလေးအကျဉ်းထောင် ဆူပူမှုဖြစ်စဉ် / KyawThet Win /  Facebook

ထောင်ဆူပူမှုများ ပြည်ထဲရေးတွင် တာဝန်ရှိဟု NLD အမတ်တချို့ပြော

by ထက်နိုင်ဇော်
10 May 2019
17.8k

နိုင်ငံတဝန်းလုံးရှိ အကျဉ်းထောင် အများစုတွင် ဆူပူမှုများ ဆက်တိုက် ဖြစ်ပေါ်နေရခြင်းသည် ပြည်ထဲရေး ဝန်ကြီးဌာနတွင် တာဝန်ရှိ ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မှ လွှတ်တော် ကိုယ်စားလှယ်တချို့က ဧရာဝတီသို့...

ရွှေဘိုထောင် ဆူပူမှု ဖြစ်စဉ်တွင် သေဆုံးသွားသူများ၏ရုပ်အလောင်းကို ထောင်ဘူးဝမှ သယ်ထုတ်လာစဉ်  / ဧရာဝတီ

ရွှေဘိုထောင် ဆူပူမှု အကျဉ်းသားတချို့ကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် အရေးယူမည်

by ထက်ခေါင်လင်း
31 May 2019
18.3k

ရွှေဘိုထောင် ဆူပူမှုဖြစ်စဉ်တွင် ထောင်ဆေးရုံ အပါအဝင် ထောင်တွင်းရှိ ပစ္စည်းများ ဖျက်ဆီးခဲ့သည့် အကျဉ်းသားများ ကို ပြည်သူူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့် အရေးယူမည် ဖြစ်ကြောင်း

Next Post
နိုင်ငံအသီးသီးမှာ ပလတ်စတစ်အသုံးပြုမှု လျော့ကျစေဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ပလစ်စတစ် အစားထိုး သုံးစွဲမှုများ ရှိနေပါတယ်

ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ နိုင်ငံတကာမှာ တီထွင်အသုံးပြုလာကြတဲ့ အသုံးပြုမှုများ

မက္ကဆီကို မြို့တော် မက္ကဆီကို စီးတီးရှိ ဘတ်စ်ကားမှတ်တိုင်မှ Huawei ကြော်ငြာ / Reuters

ဟွာဝေးအနေဖြင့် ထောက်လှမ်းရေး မလုပ်ကြောင်း အစိုးရများနှင့် လက်မှတ်ရေးထိုးလို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved