• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကရဝိတ်ခန်းမနှင့် မြေနေရာ ငှားရမ်းရန် တင်ဒါများ ရောင်းချ

by မျိုးပပစန်း
9 June 2020
in စီးပွားရေး
A A
ကရဝိတ်ခန်းမ / အောင်ကျော်ထက် / ဧရာဝတီ

ကရဝိတ်ခန်းမ / အောင်ကျော်ထက် / ဧရာဝတီ

17.8k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအပန်းဖြေ ဥယျာဉ်ဝင်းအတွင်းရှိ ကရဝိတ်ခန်းမနှင့် မြေနေရာ ငှားရမ်းရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပြည်တွင်း လုပ်ငန်းရှင်များအား တင်ဒါ လျှောက်လွှာပုံစံများ ယနေ့မှ စ၍ ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းထွဋ်က “ငှားရမ်းနှစ်က ၁၅ နှစ် သတ်မှတ် ထားပြီး ငှားရမ်းတဲ့ ကုမ္ပဏီက ပြည်တွင်းကုမ္ပဏီပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားလို့ ဒီနေ့ ရောင်းပြီးသွားတာ လျှောက်လွှာ ပုံစံ ၄ စောင် ရှိပါပြီ။ အခုကိုဗစ်ကာလမှာ အဲဒီလောက် များမယ်လို့ မထင် ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ခန်းမနှင့် မြေနေရာကို ယခင်စစ်အစိုးရ လက်ထက် ၁၉၉၉ ခုနှစ်မှ စတင်၍ ငှားရမ်းထားသော ဇေကမ္ဘာကုမ္ပဏီ က ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ငှားရမ်းနှစ် သက်တမ်းပြည့်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းမြေနေရာကို ပြည်တွင်း လုပ်ငန်း ရှင်များအား ငှားရမ်း လုပ်ကိုင်နိုင်ရန် အတွက် တင်ဒါ ခေါ်ယူခြင်းဖြစ်သည်။

ငှားရမ်းခ ကြမ်းခင်းဈေးကို သတ်မှတ်ထားခြင်း မရှိဘဲ အဆိုပြုသူ၏ နှုန်းထားပေါ်တွင် ပြန်လည် စိစစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ၎င်းက “တင်ဒါ စည်းကမ်းချက် အနေနဲ့ ငှားသူက အမည်ပြောင်းတာကို လက်မခံဘူး။ ဆိုလိုချင်တာက တဦးက ရသွားတယ်။ အဲဒီလူက နောက်တဦး ကို ပြန်ငှားလို့ မရပါဘူး။ နောက်တခုက ကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ ဒီ ကုမ္ပဏီက ဘယ်လုပ်ငန်း အတွေ့ အကြုံရှိတယ်။ ကျနော်တို့က အဲဒါတွေကို စိစစ်ပြီးတော့ အမှတ်ပေးမှာပါ။ တင်ဒါ ခေါ်ယူရေး အဖွဲ့ ဖွဲ့ထားပါတယ်။ ဒီအဖွဲ့ကနေ လုပ်ငန်းအတွေ့အကြုံတို့ သေချာခိုင်မာတဲ့ ကုမ္ပဏီကို စိစစ်ပြီး ငှားမှာ”ဟု ရှင်းပြသည်။

ယခင်က ဝန်ကြီးဌာနပိုင် ဟိုတယ်များကို ငှားရမ်းပြီးမှ ငှားရမ်းခ ပုံမှန် မသွင်းသည့် ကုမ္ပဏီများ ရှိခြင်းကြောင့် ရွေးချယ် ရာတွင် သေချာစွာ စိစစ်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် စိတ်ချရသည့် ကုမ္ပဏီကို ငှားရမ်းခြင်း၊ လုပ်ငန်းကို အမှန်တကယ် လုပ်ကိုင်နိုင်ခြင်း ရှိ၊ မရှိဆိုသည့် အချက်ကို ကြည့်ခြင်း၊ ကုမ္ပဏီ၏ အတွေ့အကြုံ၊ ၎င်း၏ အရင်းကြေကာလ တွက်ချက်ခြင်း စသည့် အချက်တို့ကို ကြည့်ကာ တင်ဒါရွေးချယ်မှုကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ဦးကောင်းထွဋ်က ပြောသည်။

“ငှားရမ်းခ ဈေးကို မတရားကြီး ပေးတယ်ဆိုရင်လည်း မဖြစ်နိုင်ပါဘူး။ ကျနော်တို့မှာ ကရဝိတ်နဲ့ ပတ်သက်ပြီးတော့ နှစ်ပေါင်း နှစ်ဆယ်လောက် ကာလမှာ ဘယ်လောက် ဝင်ငွေ ရှိတယ်။ ဘယ်လိုရှိတယ်ဆိုတာ ရှိပါတယ်။ အဲဒါကို လုပ်ငန်းရှင်က မဟားတရားကြီး ပေးတယ်ဆိုရင် ကျနော်တို့ လက်မခံပါဘူး။ အဲဒီတော့ ကျနော်တို့ ဈေးများတိုင်းလည်း မပေးပါဘူး”ဟု ရွေးချယ်ရေးပိုင်းကို ၎င်းက ဆက်လက်ရှင်းပြသည်။

အစိုးရနှင့် လုပ်ငန်းရှင် နှစ်ဦးနှစ်ဘက် လုပ်ကိုင်နိုင်သော အနေအထားရှိပြီး ငှားရမ်းခ ဈေးမှာလည်း သင့်တင်သော နှုန်းထားနှင့် တိကျစွာ ဆောင်ရွက်နိုင်သော ကုမ္ပဏီကိုသာ ရွေးချယ်မည် ဖြစ်ကြောင်း၊ ငှားရမ်းခွင့်ရသော ကုမ္ပဏီသည် ယခု ကိုဗစ်ကာလ အတွင်း ဝန်ကြီးဌာနပိုင် ပြည်တွင်း ဟိုတယ် ငှားရမ်းခများ ဆိုင်းငံ့ပေးခြင်း အစီအစဉ်တွင် အကျိုးခံစား ခွင့် ရရှိမည် မဟုတ်ပေ။

ထို့အပြင် ငှားရမ်းမှု နှစ်ပြည့်သွားသည့် ဇေကမ္ဘာကုမ္ပဏီ သည်လည်း ငှားရမ်းခ နှုန်းထားများကို အကြေပေးဆောင်ထား၍ နာမည်ပျက် မရှိသောကြောင့် ယခုတင်ဒါပြန်လည်ခေါ်ယူရာတွင် ဝင်ပြိုင်ခွင့်ရှိကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
5.5k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
250
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

ဇေကမ္ဘာ ကုမ္ပဏီ စီမံကိန်းဒါရိုက်တာ ဦးရဲဝင်းရှိန်က “ဟုတ်ပါတယ်။ တင်ဒါ ဝင်ပြိုင်ခွင့်ရှိပါတယ်။ ဒါကတော့ လောလော ဆယ် ကျနော်တို့ မပြောသေးပါဘူး။ လောလောဆယ်တော့ ကျနော်တို့နဲ့ သူတို့နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ ရှိပါတယ်။ အဲဒီစာချုပ်ပါအတိုင်းပဲ ဆက်လက်ဆောင်ရွက်ဖို့ လုပ်နေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဇေကမ္ဘာကုမ္ပဏီ က ကရဝိတ် ၁၉၉၉ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ငှားရမ်းနှစ် ပြည့်သွားသဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ညိုနှိုင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ကတော့ ပထမတုန်းကတော့ ၂၀၁၂ ခုနှစ်ထဲက စပြီးတော့ ကျနော်တို့ ၁ လကို ကျပ်သိန်း ၃၅၀ ပေးခဲ့ပါတယ်။ ငှားရမ်းမှုက ကျနော်တို့နဲ့ သူတို့ ကြားထဲမှာ နှစ်၂၀ အပေါင်း ၅ နှစ်၊ ၅ နှစ်ပေါ့။ ဒါက ဟိုတုန်းက မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်(MIC) က ခွင့်ပြုထားတာပါ။ ကနဦး အနှစ် ၂၀ ၊ နောက်ထပ် ၅ နှစ်၊ ၅ နှစ် ငှားရမ်းခွင့်ပြုသည်ဆိုတာ အပိုဒ် ၇ မှာ ပါတယ်ခင်ဗျ”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ကနဦး ငှားရမ်းနှစ်ပြည့်သော်လည်း နောက်ထပ် ငှားရမ်းခွင့် သက်တမ်းများ ရှိသေးပြီး ချုပ်ဆိုထားသည့် စာချုပ်များ အတိုင်းသာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇေကမ္ဘာကုမ္ပဏီ မှ သိရသည်။

Your Thoughts …
Tags: ကရဝိတ်ဇေကမ္ဘာကုမ္ပဏီ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အိန္ဒိယမှ ခွဲထွက်ရေးလှုပ်ရှားနေသည့် အရှေ့မြောက်ဒေသမှ လက်နက်ကိုင်များ(sanjhamorcha)

မြန်မာပြည်ထဲက ကသည်းသူပုန်ပြဿနာ

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / ဧရာဝတီ

စွပ်စွဲပြစ်တင်မှုကို ရန်ကုန်တိုင်းဝန်ကြီးချုပ် အောင်မြင်စွာ ဖြတ်ကျော်နိုင်မလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved