• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

လေးယောက်မြောက်ကိုယ်ဝန်လွယ်ထားရတဲ့ ဝိန်းရွန်နီရဲ့ဇနီး ကောလင်း

by ဧရာဝတီ
24 August 2017
in Lifestyle
A A
ဝိန်းရွန်နီနဲ့ ဇနီးဖြစ်သူ ကောလင်း

ဝိန်းရွန်နီနဲ့ ဇနီးဖြစ်သူ ကောလင်း

6.3k
VIEWS
Share on FacebookShare on Twitter

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကမ္ဘာကျော်ဘောလုံးသမား ဝိန်းရွန်နီရဲ့ဇနီး ကောလင်းဟာ လေးယောက်မြောက် ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့အကြောင်း သူမရဲ့ တွစ်တာပရိသတ် ၁.၂၅ သန်းကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဓာတ်မှန်ရိုက်ပြီး စစ်ဆေးစရာရှိတာ စစ်ဆေးပြီးမှ အတည်ပြုပြောကြားခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အလွန်ပျော်ရွှင်စရာကောင်းပြီး ငြင်းရက်စရာမရှိတဲ့ သတင်းထူးရှိတယ်။ စစ်ဆေးစရာရှိတာတွေလည်း စစ်ဆေးပြီးပြီ။ အားလုံးကောင်းတယ်။ လေးယောက်မြောက် ကလေးမွေးလာဖို့သာ ရှိတော့တယ်” လို့လည်း ရေးသားထားပါတယ်။

ယခုရာသီတွင် အဲဗာတန်အသင်းကို ပြောင်းရွှေ့သွားတဲ့ ခင်ပွန်းဖြစ်သူ ရွန်နီကလည်း အဲဒီသတင်းကို သူ့ရဲ့ တွစ်တာအကောင့်တွင် ရေးသားထားတာ တွေ့ရပါတယ်။

လီဗာပူးမြို့တွင် နေထိုင်စဉ် ဆယ်ကျော်သက်အရွယ်ကတည်းက စတင်လက်တွဲလာခဲ့တဲ့ ကောလင်းနဲ့ ဝိန်းတို့ဟာ ၂၀၀၈ ခုနှစ်တွင် အကြင်လင်မယားအဖြစ် လက်ထပ်ခဲ့ကြပါတယ်။ ဝိန်းတို့ ဇနီးမောင်နှံမှာ လက်ရှိတွင် သား ၃ ယောက်ရှိပြီး ပထမသား ကိုင် ၇ နှစ်၊ ဒုတိယသား ကလေ ၄ နှစ်နဲ့ တတိယသားဖြစ်တဲ့ ကစ် ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် မွေးဖွားခဲ့ပါတယ်။

ကောလင်းဟာ လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကလည်း မိန်းကလေးရင်သွေး လိုချင်တယ်လို့လည်း ရင်ဖွင့်ပြောဆိုခဲ့ပါသေးတယ်။

New Magazine က မေးမြန်းထားတဲ့ အင်တာဗျူးတခုတွင် “ကျမက မိန်းကလေးရင်သွေးရမယ်လို့ စိတ်ကူးယဉ်မိတယ်။ ယခုလက်ရှိမှာလည်း ကြီးမားတဲ့ မိသားစုတခုကို ပိုင်ဆိုင်ထားပြီးပါပြီ။ ဒါကြောင့် ကျမ ဘေးနားမှာ သမီးလေးတွေ သားလေးတွေနဲ့ ဝန်းရံပြီး နေချင်တယ်” လို့ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး “ကျမကတော့ မစိုးရိမ်ပါဘူး။ သမီးလေးဟာ မိသားစုရဲ့တစိတ်တပိုင်း ဖြစ်ခဲ့ရင် ပိုကောင်းမှာပေါ့။ ဒါပေမယ့်လည်း ကျမ စိတ်သောက ရောက်စရာ ပူပန်စရာတခုလို့တော့ မထင်ပါဘူး”လို့ ကောလင်းက ဆိုပါတယ်။

တတိယောက်မြောက် သားမွေးဖွားပြီး အချင်းကို ဆေးတောင့်အဖြစ်ပြောင်းကာ သောက်သုံးခဲ့သည်

ဒါ့အပြင် တတိယသား ကစ် ကို မွေးဖွားပြီးချိန် သူမရဲ့ အချင်းကို ဆေးတောင့်အဖြစ်အသွင်ပြောင်းပြီး ဖန်ပုလင်းထဲ ထည့်ကာ သောက်သုံးခဲ့တယ်လို့ သူမက ဆိုပါတယ်။

“မိတ်ဆွေတယောက်က ဒီနည်းကို စမ်းကြည့်ဖို့ ကျမကို တိုက်တွန်းခဲ့တယ်။ အရင်က ကျမလည်း တခါမှ မကြားဖူးပါဘူး။ ကျေးဇူးတင်ပါတယ်သူငယ်ချင်းရေ” လို့ သူမရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
134
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ဝိန်းရွန်နီဟာ အင်္ဂလန် လက်ရွေးစင်အသင်းကနေ အနားယူတော့မယ်လို့ ဒီသတင်းပတ်ထဲမှာဘဲ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ သူဟာ အင်္ဂလန်အသင်းအတွက် ၁၄ နှစ် အတွင်း ပွဲပေါင်း ၁၁၉ ပွဲ ကစားခဲကာ ၅၃ ဂိုး သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။

www.bbc.com တွင်ဖော်ပြထားသည့် Coleen Rooney pregnant with her and Wayne’s fourth child ဆိုတဲ့ သတင်းဆောင်းပါးကို ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Your Thoughts …
Tags: ဝိန်းရွန်နီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
ကွန်ဂျီဆင်များဖြင့် တောဆင်ရိုင်း သတ်ဖြတ်သူများကို ဖမ်းဆီးရန် ရှာဖွေ / ဆလိုင်းသန့်စင် / ဧရာဝတီ

ငပုတောတွင် တောဆင်ရိုင်း သတ်ဖြတ်သူများကို ဖမ်းဆီးရန် ရှာဖွေ

ဟောင်ကောင်တွင် မုန်တိုင်းတိုက်ခတ်နေသည့် ကြားမှ ဓာတ်ပုံရိုက်နေသူတဦး / AP

တိုင်ဖွန်းမုန်တိုင်း ဟာတိုကြောင့် သေဆုံးသူ ၁၂ဦးအထိ မြင့်တက်လာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved