• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

ထိုင်းဘုရင် နန်းတက်ပွဲတွင် ကြောင်အစစ် သုံး၊ မသုံး ဒွိဟဖြစ်နေကြ

by ဧရာဝတီ
7 May 2019
in Culture
A A
နန်းတော်မှ ထွက်ပေါ်လာသော ဓာတ်ပုံတွင် ကြောင် အရုပ်သုံးခြင်း ဟုတ်၊ မဟုတ် သို့လော သို့လော ဖြစ်နေကြသည်  /  The Committee on Public Relations of the Coronation of King Rama X via REUTERS

နန်းတော်မှ ထွက်ပေါ်လာသော ဓာတ်ပုံတွင် ကြောင် အရုပ်သုံးခြင်း ဟုတ်၊ မဟုတ် သို့လော သို့လော ဖြစ်နေကြသည် / The Committee on Public Relations of the Coronation of King Rama X via REUTERS

16.4k
VIEWS
Share on FacebookShare on Twitter

ထိုင်းဘုရင်သစ်နှင့် မိဖုရားတို့ သက်ရှိ ကြောင်တကောင် မွေးမြူရန်အတွက် ထိုင်းကြောင်တကောင်ကို နန်းတက်ပွဲတွင် ဆက်သခဲ့ခြင်း ရှိ၊ မရှိ ထိုင်းနိုင်ငံမှ တိရစ္ဆာန်ချစ်သူများအကြား သို့လော သို့လော ဒွိဟ ဖြစ်ခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် အသက် ၆၆ နှစ်ရှိ ဘုရင် မဟာဗာဂျီရာလောင်ကွန် ထီးနန်း အရိုက်အရာဆက်ခံသည့် နန်းတက်ပွဲကို မေလ ၄ ရက်နေ့က ကျင်းပခဲ့ပြီး ရာဇဘိသိက် ခံယူခြင်းအစီအစဉ်ကို ၃ ရက်တိုင်တိုင် ဆင်ယင် ပြုလုပ်ခဲ့သည်။

ချာကရာဘက် ဗိမာန်အိမ်တော်တွင် မေလ ၄ ရက်နေ့က ကျင်းပခဲ့သော ဘုရင်သစ်အတွက် အိမ်တော်တက်ပွဲ အခမ်းအနားတွင် မင်္ဂလာယူသည့် အနေဖြင့် ထိုင်းဓလေ့ထုံးစံ နန်းတက်ပွဲအစဉ်အလာအရ ကြောင်တကောင် အပါအဝင် အိမ်တော် အသုံးအဆောင်များ လွှဲပြောင်း ဆက်သခြင်း အစီအစဉ်များကို ထည့်သွင်းခဲ့သည်။

ထိုင်းလူမျိုးများက ကြောင်များကို လာဘ်ကောင်းသည်ဟု မှတ်ယူကြပြီး တည်ငြိမ်သည့် အိမ်အတွက် နွေးထွေးမှု လက်ဆောင်ပေးခြင်းအဖြစ် ကြောင်ပေးသည့် ဓလေ့ကို လက်ခံ ယုံကြည်ကြသည်။

မေလ ၅ ရက်နေ့၊ နံနက်ပိုင်းက ထိုင်းမီဒီယာ အများအပြားသည် ဝတ်စုံအပြည့်ဖြင့် ပွဲတက်နေသော နန်းတော် အရာရှိများ ဘေးတွင် ထိုင်းကြောင်လိမ္မာ တကောင်နှင့် အမွေးပွ ကြက်ဖြူတကောင်တို့ ရှိနေသည့်ပုံကို ထုတ်လွှင့် ပြသခဲ့ကြသည်။ တော်ဝင်အိမ်တော် ဗျူရိုမှ ထုတ်လွှင့်သည့် အဆိုပါပုံတွင် အကြောင်းအရာ စာတန်း ထိုးထားခြင်း မတွေ့ရပေ။

သို့သော် မွန်းလွဲပိုင်း အရောက်တွင် ထိုင်းဘာသာဖြင့် သတင်းတင်ဆက်သူက “နန်းတက်ပွဲတွင် သုံးခဲ့သည့်ပုံမှာ သက်ရှိ ကြောင်တကောင်အစား ကြောင်အရုပ်သာ သုံးခဲ့ခြင်းဖြစ်သည်” ဟု ဆိုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
118
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
36
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
119

ရိုက်တာမှ အဆက်အသွယ် ပြုနိုင်ခဲ့သည့် နန်းတော်အရာရှိတဦးက “တော်ဝင် အခမ်းအနားမှာ ကြက်ဖ တကောင်နဲ့ ကြောင်တကောင် သုံးဖို့ပဲ လိုပါတယ်။ ဒီတိရစ္ဆာန်တွေ အစစ်ဖြစ်ရမယ်၊ အတုဖြစ်ရမယ်ဆိုတာ အာရုံစိုက်နေဖို့ မသင့်ပါဘူး။ အဲဒီလို အာရုံစိုက်မယ့်အစား၊ ဓလေ့ထုံးစံအတိုင်း ဖြစ်ဖို့ပဲ အရေးကြီးပါတယ်” ဟု ပြောကြားခဲ့သည်။

အခမ်းအနား (သို့မဟုတ်) ဓာတ်ပုံထဲတွင် သက်ရှိတိရစ္ဆာန်များ သုံးခဲ့ခြင်း ရှိ/မရှိ ရိုက်တာက သီးခြား အတည်ပြုချက် မရရှိသေးပါ။ Facebook စာမျက်နှာတွင် နန်းတော်ဓာတ်ပုံကို ကူးယူ လွှင့်တင်ထားပြီး ထင်ရှားသော ကြောင်မွေးသူတဦးက နန်းတက်ပွဲ အတွက် ၎င်း၏ လှပခန့်ညားသော ထိုင်း ကြောင်ထီးနှစ်ကောင်ကို အသုံးပြုပါရန် မူလက ကမ်းလှမ်းခဲ့သော်လည်း ၎င်းကြောင်များကို အမှန်တကယ် အသုံးပြုခဲ့ခြင်း မရှိကြောင်း သတင်းစကားအဖြစ် ရေးသားထားသည်။

“ဘုန်းတော်ကြီးလှသော ဘုရင်မင်းမြတ်အတွက် ကြောင်လေးတွေနဲ့ ပတ်သက်ပြီး သနားကြင်နာမှုရှိတဲ့ အပေါ် ကျေးဇူးတင်မိပါတယ်။ အခမ်းအနား ကျင်းပနေတုန်း စောင့်ဆိုင်းရတာ ကြာတဲ့အတွက် တိရစ္ဆာန်လေးတွေ မသက်မသာ ဖြစ်နေမှာလည်း စိုးရိမ်နေမိပါတယ်။ အဲဒါကြောင့် ကြောင်လေးတွေကို အခမ်းအနားမှာ ထည့် မသုံးတာပါ” ဟု ကြောင်မွေးသူက ပြောကြားထားပြီး ၎င်း၏ အမည်ကို ထုတ်ဖော်ခြင်းမပြုပေ။

နန်းတော်မှ ထွက်ပေါ်လာသော ဓာတ်ပုံတွင် အရုပ်သုံးခြင်း ဟုတ်၊ မဟုတ် အဆိုပါကြောင်မွေးသူက တိုက်ရိုက် ထုတ်ဖော် ပြောကြားခြင်း မရှိပေ။ ယင်းအတွက် သို့လောသို့လော ဖြစ်နေကြသော ထိုင်းပြည်သူတချို့က အွန်လိုင်းတွင် သဘောထား မှတ်ချက်များ ရေးခဲ့ကြသည်။

“ဒါဆိုရင် ကြောင်အစစ်လား၊ အတုလား” ဟု နီဖာဝမ်ရက်ပွန်တီ အမည်ရှိ လူမှုကွန်ရက် သုံးစွဲသူတဦးက မေးခွန်း ထုတ်ထားသည်။ ကရစ်တယာ ပရီချာယာနန် အမည်ရှိ အခြား သုံးစွဲသူ တဦးကလည်း “ကြောင်အစစ်မှ ဟုတ်ရဲ့လား” ဟု ဆန်းစစ်သည်။

ထိုင်းနိုင်ငံတွင် ဘုရင်၊ မိဖုရား (သို့မဟုတ်) ထီးမွေနန်းမွေ ဆက်ခံသူများကို ထိပါးစော်ကားလျှင် ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန် တင်းကျပ်သော တော်ဝင်မိသားစု ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းထားသည်။

ယခုဘုရင်သစ်၏ ဘကြီးတော်စပ်သော ရာမဘုရင် ၇ ၏ ၁၉၂၆ ခုနှစ် နန်းတက်ပွဲ သမိုင်းဝင် ဓာတ်ပုံများတွင် တော်ဝင်မိသားစုဝင် အမျိုးသမီးတချို့သည် ကြောင်တကောင်နှင့် ကြက်ဖ တကောင်စီ ကိုင်ဆောင်လျက် စုပေါင်းဓာတ်ပုံ ရိုက်ကူးထားကြောင်း တွေ့ရပြီး ယင်းကြောင်များမှာ ထိုင်းတွင် မွေးသည့် ကြောင်များဖြစ်ကာ ကြက်ဖလည်း အလားတူ ဖြစ်သည်။

ထိုင်း တော်ဝင်မိသားစု အခမ်းအနားတွင် ကြောင်များသုံးခြင်းသည် ရာစုနှစ်များစွာကတည်းက ရှိခဲ့ကြောင်း သမိုင်းပညာရှင်နှင့် စာရေးဆရာ စူဂျင်းကန်ပရစ်က ရှင်းပြသည်။

“ကြောင်တကောင် ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်က အိမ်တော်အတွက် နွေးထွေးမှုကို သယ်ဆောင်လာတဲ့ သဘောပါ။ ရှေးခေတ် တရားစီရင်ရေးကလည်း တော်ဝင်နန်းတော်ထဲမှာ စစ်ဆေးလေ့ ရှိပါတယ်” ဟု ၎င်းက ရိုက်တာသို့ ပြောသည်။

နန်းတော်မှ ထွက်ပေါ်လာသော ကြောင်များသည် သက်ရှိလား၊ အရုပ်လားဟု မေးမြန်းရာ စူကျင်းက “ကျနော်လည်း မပြောပြတတ်ဘူးဗျာ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

Reuters သတင်းဌာနတွင် ရေးသားထားသော (Fake mews? Confusion over cat at Thai king’s coronation ceremony) သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။

Your Thoughts …
Tags: ကြောင် အစစ်ထိုင်းဘုရင် နန်းတက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
Ice Cube ပါဝင်ထားတဲ့ "Friday" ရုပ်ရှင်

“Friday” ရုပ်ရှင်ကား ထပ်ရိုက်ဖို့ ဇာတ်ညွှန်း ရေးပြီးသွားပြီလို့ Ice Cube ပြော

ကိုရီးယား မင်းသား လီမင်ဟို

စစ်မှုထမ်းပြီးနောက် ပထမဆုံး ဒရာမာစီးရီး ပြန်ရိုက်မယ့် မင်းသား လီမင်ဟို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved