• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ဥပါဒါန်”ရုပ်ရှင် ၃ ပတ်ဆက်တိုက် ရုံတင်ခွင့်ရလို့ ဝမ်းသာနေတဲ့ နန်းဆုဦး

by မန်းသူ
4 June 2018
in Entertainment
A A
သရုပ်ဆောင် နန်းဆုဦး  / မန်းသူ

သရုပ်ဆောင် နန်းဆုဦး / မန်းသူ

7.3k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် နန်းဆုဦးက သူပါဝင် သရုပ်ဆောင်ထားတဲ့ “ဥပါဒါန်”ဇာတ်ကားကြီး ပရိသတ်အားပေးမှုကြောင့် တတိယပတ်ဆက်လက်ရုံတင်ခွင့်ရလို့ အရမ်းဝမ်းသာတယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“ဥပါဒါန်ကတော့ ခုချိန်ထိ ပရိသတ်ဆီက ပြန်ုကြားရတာတော့ အကောင်းတွေကြီးပါပဲ။ နန်းဆုတို့ သရုပ်ဆောင်တွေ ဘက်ကတော့ ရိုက်ကူးနေစဉ်မှာ အကောင်းဆုံး ကြိုးစားခဲ့တယ်။ ရုပ်ရှင်ထွက်လာလို့ ရုံတင်တဲ့အခါမှာ အားပေးဖို့ကတော့ ပရိသတ်ရဲ့ အပိုင်းဖြစ်တယ်။ အခုလို Feed Back ကောင်းတွေ ပြန်ကြားရတော့လည်း နန်းဆုအနေနဲ့ ဝမ်းသာပါတယ်။ ပြီးတော့ ပရိသတ်တွေ အားပေးမှုကြောင့်လည်း ခုဆိုတတိယပတ် ရုံတင်ခွင့်ရတဲ့အတွက်လည်း အရမ်းကို ဝမ်းသာပါတယ်” လို့ နန်းဆုဦးက ဧရာဝတီကို ဆိုပါတယ်။

နန်းဆုဦးက “ဥပါဒါန်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဘုန်းကြီးတပါးကို အကြည်ညိုလွန်တဲ့ ဒါယိကာမတယောက်အဖြစ် ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ရုပ်က နန်းဆုဦးအနေနဲ့ တခါမှ သရုပ်ဆောင်ခဲ့ဖူးခြင်း မရှိတဲ့ ကာရိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ဒါနဲ့ပတ်သတ်လို့ နန်းဆုဦးက “ကာရိုက်တာတွေက ကိုယ့်အပြင်က ကာရိုက်တာ မဟုတ်ဘူးလေ။ ဇာတ်ရုပ်တခုကိုမွေးပြီ ဆိုရင် အဲဒီစိတ်နဲ့ နေရတာပေါ့နော်။ အဲဒီစိတ်ကိုမွေးရတာပေါ့။ ဥပမာ- ဥပါဒါန်ကားဆိုရင် ပြည့်စုံခင်ရဲ့ စိတ်ကို မွေးရင်းနဲ့ မျက်လုံးအကြည့်ရော၊ အပြောအဆိုရော အဲဒီမွေးထားတဲ့ စိတ်အတိုင်း လုပ်ရတာပေါ့။ ရိုက်ကွင်းပေါ်ရောက်လို့ လိုတာ ပိုတာကတော့ ဒါရိုက်တာတွေနဲ့ ဆက်လုပ်ရတာပါ”လို့ ဆိုပါတယ်။

နန်းဆုဦးအနေနဲ့ “ဥပါဒါန်”အောင်မြင်နေဆဲမှာပဲ နောက်တကားဖြစ်တဲ့ “လက်စားချေနတ်သမီး”ကိုလည်း ဇွန်လ ၈ ရက် နေ့မှာ ရုံတင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးထားတာ ဖြစ်ပြီး ဒါရိုက်တာ ညိုမင်းလွင်နဲ့ ရိုက်ကူးရတဲ့ အပေါ်ကိုလည်း အခုလိုဆိုပါတယ်။

နန်းဆုဦးက “ညီမက ဦးညိုမင်းလွင်ရဲ့ ပရိသတ်ပဲလေ။ ဦးညိုမင်းလွင်ရိုက်တဲ့ကားတွေဆို Twist လေးတွေပါတယ်။ ဇာတ်လမ်းကလည်း အဆန်းဖြစ်တယ်။ လူငယ်တွေ ဆက်သွယ်လို့ရတဲ့ဟာ ဖြစ်တယ်။ဒါကြောင့် ရိုက်ကူးဖြစ်တာပါ”လို့ ဆိုပါတယ်။ ထူးထူးခြားခြား ဆက်တိုက်ဆိုသလိုရုံတင်လာတဲ့ ကား ၂ ကားစလုံးမှာ ပါဝင်တဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့ မင်းသားတွေကလည်း အသစ်တွေဖြစ်ပါတယ်။

နန်းဆုဦးက သူမအနေနဲ့တော့ အသစ်ဖြစ်စေ၊ အဟောင်းဖြစ်စေ သရုပ်ဆောင်လို့သာ မြင်ကြောင်းနဲ့ ဇာတ်ကားတကား အတွက် သရုပ်ဆောင်အပြင့် Quality ကသာ အရေးကြီးကြောင်း ဆိုပါတယ်။ နန်းဆုဦး ပါဝင်သရုပ်ဆောင်ထားတဲ့ “လက်စားချေ နတ်သမီး” ရုပ်ရှင်ကားနဲ့ပတ်သတ်လို့ အခုလိုဆိုပါတယ်။

“အမှတ်တရတွေကတော့ အများကြီးပါပဲ။ မသက်မွန်မြင့်နဲ့ ပထမဆုံး ဆုံတဲ့ကားပါ၊ မသက်မွန်က စီနီယာကျတယ်။ သဘာလည်း အရမ်းကောင်းတယ်တယ်။ ညီမတို့ကိုလည်းတွဲခေါ်တယ်၊ ဒါပေမဲ့ ဦးညို(ညိုမင်းလွင်)က ဘယ်လိုလုပ်လဲ ဆိုတော့ နောက်ဆုံး Ending ကို အမြဲဖွက်ထားတတ်တယ်ဆိုတော့ သရုပ်ဆောင်တွေက မသိသေးဘူးလေ။ ဒီတော့ ရင်ခုန်နေရတယ်။ အဲဒါလေးတခုတော့ အမှတ်တရ ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်နာမည်အတိုင်း ကိုယ်တွေအနေနဲ့ဆိုရင်တော့ လက်စားချေတာဟာ မကောင်းပါဘူး။ဘာလုပ်မှာလဲနော်”လို့ ဆိုပါတယ်။

နန်းဆုဦးက ဒီနှစ်ထဲမှာပဲ ရုံတင်ကားတွေထပ်ရှိနေပြီး “ငဒူ”၊ “အနန္တ “စတဲ့ဇာတ်ကားတွေထပ်တင်ဖို့ရှိနေပြီး “အနန္တ “ဇာတ်ကားကတော့ ဒါရိုက်တာ ညိုမင်းလွင်နဲ့ ထပ်မံတွေ့ဆုံထားတဲ့ ကားပဲ ဖြစ်ပါတယ်။

Your Thoughts …
Tags: သရုပ်ဆောင် နန်းဆုဦး
မန်းသူ

မန်းသူ

Similar Picks:

No Content Available
Next Post
Silica Gel အထုပ်လေးတွေကို အသုံးပြုလို့ရတဲ့ နေရာတွေများစွာ ရှိပါတယ်

Silica Gel အထုပ်ကလေးတွေကို ဘယ်နေရာတွေမှာ အသုံးချမလဲ

မိတ်ကပ်ပညာရှင်တဦးနဲ့ မင်းသား Johnny Depp

အလွန်ပိန်ချုံးသွားသည့် မင်းသား Johnny Depp ကို ပရိသတ်များ စိုးရိမ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved