• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မြောက်အမေရိကမှာ “Skyscraper” ကိုကျော်တက်သွားတဲ့ “Hotel Transylvania 3” ရုပ်ရှင်

by မစ်ကီ
16 July 2018
in Entertainment
A A
"Hotel Transylvania 3" ရုပ်ရှင်

"Hotel Transylvania 3" ရုပ်ရှင်

56.5k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းရဲ့ မြောက်အမေရိက ရုံဝင်ငွေစာရင်းဟာ “Hotel Transylvania 3: Summer Vacation” ရုပ်ရှင်အတွက် သတင်းကောင်းကို ဆောင်းကျဉ်းလာခဲ့ပြီး The Hollywood Reporter မီဒီယာရဲ့ အဆိုအရ အဆိုပါ ဟာသ Animation ရုပ်ရှင်ဟာ မြောက်အမေရိက ဒေသမှာ ဒေါ်လာ ၄၄ ဒဿမ ၁ သန်းနဲ့ တကမ္ဘာလုံးမှာ ဒေါ်လာ သန်း ၁၀၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် မင်းသား Adam Sandler ပါဝင်သရုပ်ဆောင်ထားတဲ့ Dracula နဲ့ သူရဲ့ မွန်းစတား အပေါင်းအပါတွေဟာ ပင်လယ်ကြီးထဲမှာ ဇိမ်ခံသင်္ဘောကြီးနဲ့ အပျော်ခရီး ထွက်ကြရင်း Drac တယောက် သင်္ဘောရဲ့ ကပ္ပတိန် ဖြစ်သူ အမျိုးသမီးကို မမျှော်လင့်ဘဲ ချစ်မိခဲ့ပုံကို ဇာတ်အိမ်တည်ထားပါတယ်။

Sony မှ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်နဲ့ ဖြန့်ချိရေးဥက္ကဌ Josh Greenstein က “ကျနော်က မြင်းသုံးကောင် ပြိုင်ပွဲတခုလို့ ခန့်မှန်းထားခဲ့တာပါ။ နံပါတ် ၁ နေရာကို ရရှိလို့ တော်တော်လေးကို ပျော်ရွှင်မိပါတယ်။ အရမ်းကိုပဲ ယှဉ်ပြိုင်မှုများတဲ့ ဈေးကွက်တခုပဲဖြစ်ပါတယ်”လို့ “Hotel Transylvania 3” ရဲ့ အောင်မြင်မှုနဲ့ ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီသတင်းကတော့ မင်းသား Dwayne Johnson ရဲ့ ငွေကြေး အကုန်အကျခံ ရိုက်ကူးထားတဲ့ “Skyscraper” အတွက်တော့ သတင်းကောင်းတခု မဟုတ်ခဲ့ဘဲ မြောက်အမေရိကဒေသမှာ ကန်ဒေါ်လာ ၂၅ ဒဿမ ၅ သန်းသာ ရရှိခဲ့ပြီး ကမ္ဘာတဝန်းမှာတော့ ဒေါ်လာ ၆၅ ဒဿမ ၉ သန်း ရရှိခဲ့ပြီး ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
134
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ဒေါ်လာ သန်း ၁၃၀ အကုန်အကျခံရိုက်ကူးထားတဲ့ “Skyscraper” ရုပ်ရှင်ဟာ အဖွင့် သီတင်းပတ် ကုန်ပိုင်းမှာ မျှော်မှန်းထားသလောက် ဝင်ငွေရရှိထားတာ မရှိခဲ့ပါဘူး။ ဒီကားက ၁၄ လအတွင်းမှာ မင်းသား Johnson ရဲ့ ပဉ္စမမြောက် ရုပ်ရှင်ဖြစ်တဲ့အတွက် တချို့ရုပ်ရှင် ပရိသတ်အတွက်တော့ အံ့သြသင့်စရာ မဟုတ်ခဲ့ပါဘူး။

ဒါပေမယ့် မီးလောင်ပြီး ပြိုကျတောမယ့် မိုးမျှော် အဆောက်အဦးထဲမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ဇနီးဖြစ်သူနဲ့ ကလေး ဖြစ်သူတို့ကို ကယ်ဆယ်ရေမယ့် FBI ဓားစားခံ ညှိနှိုင်းသူဟောင်း တယောက်အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ရဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေကိုတော့ ကြည့်ရှုသူတွေ အကြိုက်တွေ့ခဲ့ကြပါတယ်။

Universal ရဲ့ မြောက်အမေရိက ဖြန့်ချိရေး ဥက္ကဌ Jim Orr က “ကျနော်တို့မှာ နွေရာသီအချိန်တွေ အများကြီး ကျန်ပါ သေးတယ်။ ကျနော်တို့ရဲ့ ပရိသတ်ကတော်တော်လေးကို ကျယ်ပြန့်ပါတယ်။ ပြီးတော့ Dwayne Johnson ဟာ ဒီကမ္ဘာပေါ်မှာ စာအရရော တကယ့်လက်တွေ့အရရော အကြီးမားဆုံးရုပ်ရှင်စတားတယောက် ဖြစ်ပါတယ်။ သူနဲ့အတူ အလုပ်အတူလုပ်ရတာ အံ့သြဖို့ကောင်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မြောက်အမေရိကရုံဝင်ငွေစာရင်းမှာတော့ “Hotel Transylvania 3” ရုပ်ရှင်က ထိပ်ဆုံးမှာ ရပ်တည်နေပြီး အဲဒီနောက်မှာ တော့ ဒုတိယမြောက်သီတင်းပတ်အဖြစ် ရုံတင်တဲ့ “Ant-Man and the Wasp” ရုပ်ရှင်က ကန် ဒေါ်လာ ၂၈ ဒဿမ ၂ သန်းနဲ့ ဒုတိယနေရာ ၊ “Skyscraper” ရုပ်ရှင်က ၂၅ ဒဿမ ၅ သန်းနဲ့ တတိယနေရာ၊ “Incredibles 2” ရုပ်ရှင်က ဒေါ်လာ ၁၆ ဒဿမ ၂ သန်းနဲ့ စတုတ္ထနေရာ၊ “Jurassic World: Fallen Kingdom” ရုပ်ရှင်က ဒေါ်လာ ၁၅ ဒဿမ ၅ သန်းနဲ့ ပဉ္စမနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

Ref: etcanada

Your Thoughts …
Tags: Hotel Transylvania 3Skyscraper
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

“Hotel Transylvania 3 : Summer Vacation” ကာတွန်းရုပ်ရှင်

“Hotel Transylvania 3” ကာတွန်းကား နောက်ကွယ်က စိတ်ဝင်စားဖွယ် အချက် ၆ ချက်

by ဟယ်လ်သင်
2 July 2018
22k

Hotel Transylvania ဟာ Sony ရဲ့နောက်ထပ် Trilogy ရုပ်ရှင်ကား တကားအဖြစ် ရိုက်ကူး ထုတ်လုပ်ထားတာဖြစ်ပြီး သူ့အရှေ့မှာ Smurfs Animated ရုပ်ရှင် ၃ ကား ရှိနေခဲ့ပါတယ်။

Dwayne Johnson ပါဝင်ထားတဲ့ Skyscraper ရုပ်ရှင်ကား

“Skyscraper” မှာ ခုန်ချတဲ့ ဇာတ်ဝင်ခန်းကို တကြိမ်တည်း အပြီးရိုက်ခဲ့တဲ့ Dwayne Johnson

by မစ်ကီ
13 July 2018
7.8k

ရင်သပ်ရှုမောရတဲ့ အဲဒီဇာတ်ဝင်ခန်းဟာဆိုရင် ရုပ်ရှင်ရဲ့ အမြည်းဗီဒီယိုထဲမှာ ပါဝင်ပြီး အခုတော့ နပန်းသမားဟောင်း မင်းသားက လေထဲမှာ ပေ ၄၀ လောက် တကယ်ခုန်ချခဲ့ရတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

မင်းသား Dwayne Johnson ပါဝင်ထားတဲ့ Skyscraper ရုပ်ရှင်

“Skyscraper” ရုပ်ရှင် မိုးပျံအဆောက်အဦအတွက် ထိပ်တန်းဗိသုကာပညာရှင် ငှားရမ်းခဲ့တဲ့ The Rock

by မစ်ကီ
21 June 2018
5.4k

အဲဒီရုပ်ရှင်အသစ်ကို Rawson Marshall Thurber ကကိုယ်တိုင်ရေးသားရိုက်ကူးထားတာ ဖြစ်ပြီး မင်းသား Dwayne က ထုတ်လုပ်သူအဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။

Next Post
Balance Fitness ဖွင့်ပွဲမှာတွေ့ရတဲ့ သင်ဇာဝင့်ကျော် / Thinzar Wint Kyaw's Facebook

“ဘယ်သူမှ သိပ်မဝတ်တဲ့ ဝတ်စုံကို ဝတ်ဖြစ်ခဲ့တာပါ” ဆိုတဲ့ သင်ဇာဝင့်ကျော်

ကယ်ဆယ်ရေးအတွင်း သေဆုံးသွားသော ထိုင်းရေတပ်အထူးတပ်ဖွဲ့ဝင် ဆမန် ဂနန်၏ ဓာတ်ပုံနှင့် တောဝက်အသင်း

တောဝက်ကလေးများ ပေးတဲ့ ပျော်စရာ ဇာတ်သိမ်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved