• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Game of Thrones ဇာတ်လမ်းတွဲထဲကTyrion Lannister နဲ့တူလွန်းတဲ့ စားပွဲထိုး

by ဟယ်လ်သင်
1 April 2019
in Entertainment
A A
Game of Thrones ဇာတ်လမ်းတွဲထဲကTyrion Lannister နဲ့တူလွန်းတဲ့ စားပွဲထိုး Rozi Khan

Game of Thrones ဇာတ်လမ်းတွဲထဲကTyrion Lannister နဲ့တူလွန်းတဲ့ စားပွဲထိုး Rozi Khan

8.7k
VIEWS
Share on FacebookShare on Twitter

အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ပါကစ္စတန်နိုင်ငံ ရာဝါပင်ဒီမြို့က စားသောက်ဆိုင်တဆိုင်မှာ စားပွဲထိုးအဖြစ် လုပ်ကိုင်တဲ့ Rozi Khan ဆိုသူ အမျိုးသားတဦးဟာ နာမည်ကြီးနေပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူက Game of Thrones ရုပ်ရှင်ဇာတ်လမ်းတွဲထဲက နာမည်ကြီးဇာတ်ကောင်Tyrion Lannister အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Peter Dinklage နဲ့ ရုပ်ချင်းဆင်တူလွန်းတဲ့အတွက် လူမှုကွန်ရက်မှာ သူ့နဲ့ Peter ကို တွဲလျက်ယှဉ်ပြထားပုံတွေ ပျံ့နှံ့နေတာပဲ ဖြစ်ပါတယ်။ သူကိုယ်တိုင်ကတော့ Game of Thrones ရုပ်ရှင်ကိုလည်း မသိသလို Tyrion ကိုလည်း မသိတာကြောင့် သူအလုပ်လုပ်တဲ့စားသောက်ဆိုင်မှာ လာရောက်စားသောက်ကြတဲ့ ဧည့်သည်တွေကကနေ တဆင့် သိရတာပဲ ဖြစ်ပါတယ်။

“ကျနော်ကိုယ်တိုင်ကတော့ အဲဒီရုပ်ရှင်ကို တခါမှလည်း မကြည့်ဖူးသလို ကျနော်နဲ့တူတယ်ဆိုတဲ့ နာမည်ကြီးမင်းသားကိုလည်း မမြင်ဖူးပါဘူး၊ ဆိုင်မှာလာစားကြတဲ့ နိုင်ငံခြားသားစားသုံးသူတွေက ကျနော့်ကို ဓာတ်ပုံတွေရိုက်ကြပြီး မင်းသားရဲ့ ဓာတ်ပုံတွေကိုလည်း ကျနော့်ကို ပြကြပါတယ်၊ အဲဒီတော့မှ ကျနော်ဘာကြောင့် ဓာတ်ပုံတွေ အရိုက်ခံရပြီး နာမည်ကြီးနေရတယ်ဆိုတာကို သိတာပါ” လို့ Khan က AFP နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ရုပ်ရှင်ထူးချွန်ဆုအဖြစ် ချီးမြှင့်တဲ့ Emmy Award ဆုရှင် မင်းသား Peter Dinklage နဲ့ ရုပ်ရည်ချင်းရော အရပ်အမောင်း ၄ပေ ၅ လက်မချင်းပါ ကွက်တိနီးပါး ဆင်တူလွန်းတဲ့ ပါကစ္စတန်နိုင်ငံသား Khan ကို ကြည့်ရှုဖို့နဲ့ တွဲဖက်ဓာတ်ပုံရိုက်ကူးဖို့အတွက် သူအလုပ်လုပ်တဲ့ စားသောက်ဆိုင်ကို လာရောက် စားသောက်ကြသူတွေဟာလည်း အမြောက်အများပဲ ဖြစ်ပါတယ်။

“သူ့ကို တွေ့လိုက်တဲ့အချိန်မှာ တော်တော်ပျော်သွားပါတယ်၊ ရုပ်ရှင်ထဲက Tyrion Lannister နဲ့ တကယ့်အပြင်လောကမှာ တွေ့လိုက်ရသလိုကို ခံစားရပါတယ်” လို့ ဆိုင်မှာလာရောက်စားသောက်တဲ့ ဧည့်သည်တဦးက ဖြေကြားသွားခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

Game of Thrones ရုပ်ရှင်ဇာတ်လမ်းတွဲချစ်သူတွေကတော့ ဧပြီလ ၁၄ ရက်နေ့မှာ ထွက်ရှိမယ့် Game of Thrones ရုပ်ရှင်ဇာတ်လမ်းတွဲရဲ့ Final Season အတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြသလို ဒီ နောက်ဆုံး Season မှာ ပါဝင်မယ့် Tyrion ရဲ့ ဇာတ်ဝင်ခန်းတွေအတွက်လည်း ကြိုတင်ရင်ခုန်နေကြတာကြောင့် Rozi Khan နဲ့တွဲဖက်ဓာတ်ပုံရိုက်ကူး လိုသူတွေဟာလည်း အမြောက်အများပဲ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ ရိုးရာအစားအစာတွေ ရောင်းချတဲ့ ဒီစားသောက်ဆိုင်မှာဆိုရင်တော့ လတ်တလောမှာ နိုင်ငံတကာက Game of Thrones Fan တွေရဲ့ အားပေးမှုနဲ့ Khan နဲ့တွေ့ချင်တဲ့သူတွေကြောင့် တဟုန်ထိုးနာမည်ကြီး ရောင်းအားတက်လာနေတာပဲ ဖြစ်ပါတယ်။

Ref. www.boredpanda.com

Your Thoughts …
Tags: Game of Thrones ဇာတ်လမ်းတွဲTyrion Lannister
ဟယ်လ်သင်

ဟယ်လ်သင်

Similar Picks:

No Content Available
Next Post
တေးရေးနောင်နောင် (S.F)  /  ဝေဝေနှင်း / ဧရာဝတီ

“ဝါသနာရှင်တွေအနေနဲ့ ကိုယ်ပိုင်ဂီတကို ဖန်တီးနိုင်ရမယ်”လို့ တေးရေးနောင်နောင် (S.F) ပြော

ပင်ပွားစေ့ရဲ့ ကျန်းမာရေးကောင်းကျိုးများ

ပင်ပွားစေ့ရဲ့ ကျန်းမာရေးကောင်းကျိုးများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved