• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ဝါသနာရှင်တွေအနေနဲ့ ကိုယ်ပိုင်ဂီတကို ဖန်တီးနိုင်ရမယ်”လို့ တေးရေးနောင်နောင် (S.F) ပြော

by ယုဖြူဟန်
1 April 2019
in Entertainment
A A
တေးရေးနောင်နောင် (S.F)  /  ဝေဝေနှင်း / ဧရာဝတီ

တေးရေးနောင်နောင် (S.F) / ဝေဝေနှင်း / ဧရာဝတီ

15.6k
VIEWS
Share on FacebookShare on Twitter

တေးသီချင်းကောင်းများကို ဖန်တီးရေးသားခဲ့တဲ့ တေးရေးဆရာ နောင်နောင်(S.F) ကတော့ ဂီတကိုဝါသနာပါတဲ့ မျိုးဆက်သစ်ဝါသနာရှင်များကို ကိုယ်ပိုင်ဂီတ တည်ဆောက်ဖို့ လိုတယ်လို့ ပြောပါတယ်။

“ဝါသနာရှင်တွေအနေနဲ့ ကိုယ်ပိုင်ဂီတကို တည်ဆောက်ရမယ်။ ကျနော်တို့နိုင်ငံမှာဖြစ်နေတာက မှားတဲ့စနစ်လေးတွေ ရှိတာပေါ့။ သူများဟာကို ယူဆိုတယ်။ ဆိုချင်သလောက် တက်ဆိုတယ်။ အဲဒါတွေကို ပိုက်ဆံပေးပြီး အားရပါးရ လက်ခုပ်တီးတယ်။ တကယ့်သီချင်းပိုင်ရှင်တွေရဲ့အောက်မှာကျတော့ အဲဒီညကြေး တဝက်လောက်တောင် မရဘူး။ ဖြစ်တတ်တယ်”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“ဖန်တီးတည်ဆောက်မှု မရှိဘူး။ အမြဲတမ်း သူများခြံထဲကပဲ စားနေတယ်။ ခြံပိုင်ရှင်ဆီက ကုန်ရင်လည်းကုန်သွားမယ်။ ပေးချင်မှလည်းပေးတော့မယ်။ အဲဒီလိုဆို အခက်အခဲဖြစ်လိမ့်မယ်။ အခက်အခဲမဖြစ်အောင် ကိုယ့်အပင်ကိုယ်စိုက် ကိုယ့်အသီးကိုယ်စားမယ်ဆိုရင် နှစ်တွေအများကြီးသွားလို့ရတာပေါ့” လို့ တေးရေးဆရာ နောင်နောင်(S.F)က ပြောပါတယ်။

ယခင်က အဆိုပညာရှင်ကို ဝါသနာပါတဲ့သူများကတော့ ကိုယ်ပိုင်သီချင်းများသီဆိုကာ ပရိသတ်ရှေ့ရောက်ရှိ အောင်မြင်လာတဲ့အတွက် တခေတ်မှာ တယောက်လို့ ပြောလို့ရအောင် အောင်မြင်မှုများရရှိပြီး ယခုခေတ်မှာတော့ တခြားသူရဲ့အောင်မြင်ပြီးသားသီချင်းများကို အဆင့်သင့် ယူဆိုနေကြတာဖြစ်တာကြောင့် ဖန်တီးတည်ဆောက်မှု မရှိဘူးလို့ ဆိုပါတယ်။

“အရင်တုန်းဆို အဆိုတော်တွေ တခေတ်ကိုတယောက် ကောင်းကောင်း ပေါ်ထွက်ခဲ့တယ်။ ဒီဘက်ခေတ်မှာက ရောထွေးနေကြတယ်။ ဖန်တီးမှုလည်း မလိုတော့ဘူး။ ကိုဇော်ဝင်းထွဋ်သီချင်းယူဆိုလိုက် ဟိုလူ့သီချင်းအောင်မြင်တာကို ဝင်ဆိုလိုက်နဲ့က အဆင်မပြေတော့ဘူး။ ရေစုန်မှာတော့ ခဏလေး ဟုတ်နေတယ်။ သီးသန့် တနေရာလည်း ရောက်ရော ရပ်သွားလိမ့်မယ်။ ပေါ်လိုက်ပျောက်လိုက်နဲ့ပဲ ဖြစ်သွားရော” လို့ တေးရေးဆရာ နောင်နောင်(S.F)က ပြောပါတယ်။

ယခုခေတ်မှာတော့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လူသိများရုံနဲ့ ကျေနပ်နေတတ်ကြပြီး လူသိများသွားတဲ့အားကို ယူကာ ကိုယ်ပိုင်ဖန်တီးမှုကို ဆက်လက် မလုပ်ဆောင်နိုင်ကြဘူးလို့ ဆိုပါတယ်။

“တချို့ဆိုလည်း Facebook ကနေ စားပြီးပြီလား Fan တွေ သမီးလှလား ဘာညာလုပ်တယ်။ အဲဒီလောက်နဲ့ ပဲပျော်တယ်။ လူသိသွားပြီး ချောတာလှတာနောက်မှာ ရပ်နေတယ်။ တကယ်တော့ အဲဒီအားကိုယူပြီးတော့ ကိုယ့်ရဲ့ဖန်တီးမှုကို တင်ဆက်ရမှာ။ ပရိသတ်ရဲ့အားနဲ့ ကိုယ့်ရဲ့အားထုတ်မှုနဲ့ပေါင်းပြီး ဝုန်း ဆိုအောင်မြင်တာ” လို့ပြောပါတယ်။

ဆက်လက်ပြီး “အခုက အားမထုတ်တော့ဘူး။ ဘယ်အားထုတ်ကြတော့မလဲ။ အောင်မြင်တဲ့အဆိုတော် တွေရဲ့သီချင်းကို ယူဆိုလည်းရတာပဲဆိုပြီးတွေးကြတယ်။ အဲဒီလိုတွေးလို့တော့ ရေစုန်လေးတခုတော့ အဆင်ပြေတယ်။ လူ့ဘဝကြီးက ရေစုန်ပဲ ဘယ်တော့မှ မရှိဘူး။ ရေဆန်လေးတွေ ရှိတယ်။ ရေကလည်း အမြဲတမ်းမဆန်ဘူး။ တနေ့ စုန်မှာပဲ။ အဲဒီလိုမျိုးအချိန်ကျရင် အခက်အခဲဖြစ်လိမ့်မယ်” လို့ တေးရေးဆရာ နောင်နောင်(S.F)က ပြောပါတယ်။

အခုအချိန်မှာတော့ သီချင်းဆိုပြိုင်ပွဲများ ပေါ်ထွက်လာခဲ့ပြီး အဆိုပါသီချင်းဆိုပြိုင်ပွဲမှ အဆိုတော်ဖြစ်လာသူများ ၊ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ယခင်က အောင်မြင်ပြီးသား အဆိုတော်များရဲ့ သီချင်းများကို Cover ပြန်လည် သီဆိုသူများလည်း များစွာပေါ်ထွက်လာခဲ့ပါတယ်။

Your Thoughts …
Tags: တေးရေးနောင်နောင် (S.F)
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ပင်ပွားစေ့ရဲ့ ကျန်းမာရေးကောင်းကျိုးများ

ပင်ပွားစေ့ရဲ့ ကျန်းမာရေးကောင်းကျိုးများ

ဂျပန်ဖိုက်တာ ဟာဆီဂါဝါ ကို အလဲထိုး အနိုင်ယူခဲ့သည့် အောင်လအန်ဆန်း / One Championship Facebook

မြန်မာတို့၏ ဖိုက်တာ အောင်လအန်ဆန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved