• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“အိမ်ထောင် မကျသေးတဲ့ လူပျိုပါ”လို့ ပြောတဲ့ အဆိုတော် X-Box

by ယုဖြူဟန်
22 August 2019
in Entertainment
A A
အဆိုတော် X-Box / ဧရာဝတီ

အဆိုတော် X-Box / ဧရာဝတီ

7.5k
VIEWS
Share on FacebookShare on Twitter

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် X-Box ကတော့ အခုအချိန်မှာ အိမ်ထောင်မကျသေးတဲ့ လူပျိုတယောက်ဖြစ်ပြီး အိမ်ထောင်ပြုချိန်တန်ရင်တော့ ပြုဖြစ်မယ်လို့ ပြောပါတယ်။

“အချစ်ရေးကတော့ အချိန်တန်ရင် ပြောပါမယ်။ လောလောဆယ်ကတော့ အိမ်ထောင်မကျသေးဘူး။ လူပျိုပဲ ရှိပါသေးတယ်။ နေချင်တာကတော့ တသက်လုံး အမေ့ဘေးမှာပဲ နေချင်တာပါ။ ဒါပေမဲ့ ပြုချိန်တန်ရင် ပြုမယ်ဗျာ။ ပြုချိန် မတန်သေးရင်တော့ လူပျိုပဲ။ ယူတာတော့ ယူမှာပဲ။ လောလောဆယ်တော့ မယူချင်သေးပါဘူး”လို့ အဆိုတော် X-Box က ပြောပါတယ်။

သူကြိုက်တဲ့ မိန်းကလေး ပုံစံကတော့ “ကျနော်နဲ့ အတိုင်အဖောက် ညီနေရမယ်။ ကျနော်လွဲရင် သူလွဲမယ်။ ကျနော် ပေါက်တတ်ကရ လုပ်ရင် သူလုပ်မယ်။ အတူတူ အလွဲပေါင်းစုံနဲ့ အကျင့်စာရိတ္တ တူတဲ့ လူမျိုးကို ပိုပြီးတော့ စိတ်ဝင်စားပါတယ်”လို့ X-Box က ပြောပါတယ်။

အဆိုတော် X-Box က သီချင်းနဲ့ ပတ်သက်ပြီးတော့ပဲ အလုပ်များ လုပ်ကိုင်နေပြီး သူ့ရဲ့သူငယ်ချင်းတွေ ဖြစ်ကြတဲ့ အဆိုတော် ရွှေထူးနဲ့ ရဲရင့်အောင်ကတော့ သရုပ်ဆောင်များအဖြစ် လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။

“သရုပ်ဆောင်ကိုတော့ လောလောဆယ် စိတ်မဝင်စားသေးပါဘူး။ သရုပ်ဆောင်လုပ်မယ် ဆိုပြီးတော့ ၂၀၁၇ ခုနှစ်လောက်တုန်းက မီဒီယာတွေကို သတင်းလွှင့်ဖူးပါတယ်။ အဲ့အချိန်တုန်းက စိတ်ခံစားမှုလေး တချက်ပေါ့။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သီချင်းပဲ ဝါသနာပါတာပေါ့”လို့ X-Box က ပြောပါတယ်။

သူငယ်ချင်းဖြစ်သူ ရဲရင့်အောင် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီးကလည်း ရုံတင်ပြသတော့မှာဖြစ်တဲ့အတွက် သူငယ်ချင်းနဲ့ အမှတ်တရတွေလည်း ပြောပြခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“ရဲရင့်အောင်နဲ့က သီချင်းဆိုရင်လည်း စင်ပေါ်မှာ အပေးအယူ ညီတယ်။ စကားပြောလည်း အပေးအယူ ညီတယ်။ သူ့က ကျနော့်ထက် အသက် နည်းနည်း ငယ်ပေမယ့် ကျနော့်ထက် အနုပညာလောကမှာ ဝါရင့်တယ်။ သီချင်းဆိုတာက ကျနော့်ထက် ၂ နှစ် ၃ နှစ်လောက် ပိုစောတယ်။ သူနာမည် စကြီးတဲ့အချိန်မှာ ကျနော်တို့က သီချင်းကို လုပ်တုန်းပဲ ရှိသေးတာပေါ့နော်။ ဘာပဲပြောပြော သူ ကူညီတာတွေ အများကြီး ရှိတယ်” လို့ X-Box က ဆိုပါတယ်။

X-Box နဲ့ ရဲရင့်အောင်တို့ နှစ်ဦးက ရုပ်ချင်းလည်း ဆင်ကြပြီး ငယ်စဉ်က သောက်စား မူးယစ်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“ပြီးတော့ ကျနော်တို့က ရုပ်လည်း မဆင့်တဆင်လေးတွေ၊ ဘာပဲပြောပြော ကျနော့်သူငယ်ချင်း ဘာပဲလုပ်လုပ် အောင်မြင်ပါစေ။ ငယ်ငယ်တုန်းကတော့ သောက်စားမူးယစ်တဲ့ တချိန်က ရှိခဲ့ပါတယ်။ အခုတော့ မရှိတော့ာပါဘူး။ ဆုံမှပဲ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်တယ်”လို့ X-Box က ပြောပါတယ်။

ရဲရင့်အောင်က သရုပ်ဆောင်လုပ်နေပြီ ဖြစ်ပေမယ့် X-Box အတွက် သရုပ်ဆောင်လုပ်ဖို့ အခက်အခဲကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ခံစားမှုကတော့ ရုပ်ရှင်မင်းသားတယောက်ကို စင်ပေါ်မှာ သီချင်းဆိုခိုင်းရင် သူ့အတွက် ခက်ခဲနေသလိုမျိုးပဲ။ ကျနော်တို့လို ကင်မရာရှေ့မှာ ဒိုင်ယာလော့တွေ ကျက်ပြီးတော့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရမယ်ဆိုရင် မသိကျွမ်းတဲ့ ဘာသာရပ်တခုကို သင်ကြားရသလိုပဲ ခက်ခဲပါတယ်။ ဘယ်အရာမဆိုတော့ ခက်ခဲပါတယ်” လို့ X-Box က ပြောပါတယ်။

X-Box ကတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ အရင်ကပေါက်ခဲ့တဲ့ သီချင်းများနဲ့ သီချင်းအသစ်များကို လုပ်နေပြီး Music Video တွေလည်း ပရိသတ်အတွက်ပေးဖို့ ဖန်တီးနေတယ်လို့ သိရပါတယ်။

Your Thoughts …
Tags: အဆိုတော် X Box
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အဆိုတော် X-box / X-Boxin's Facebook

“ကိုဗစ်ကာလမှာ အခွေအသစ် ထွက်တာ အတွေ့အကြုံသစ် ရတယ်”လို့ X-box ပြော

by ယုဖြူဟန်
4 December 2020
3.1k

အခုလို အချိန်ကာလကြီးမှာ ကျနော့် သီချင်းတွေကို အချိန်ပေးပြီး နားထောင်တဲ့ ပရိသတ်တွေ တပုဒ်တလေပဲ ဖြစ်စေ၊ စာသားတကြောင်းပဲဖြစ်စေ၊ ကြိုက်နှစ်သက်သွားရင် ကျေနပ်ပါပြီ။

အဆိုတော် X-box / X-Boxin's Facebook

ဒီနှစ်ထဲ တကိုယ်တော်အခွေသစ် ထွက်ဖို့ရှိတဲ့ အဆိုတော် X-box

by ချစ်ပိုး
25 June 2020
4.7k

“သီချင်းတွေကလည်း အရင်နှစ်တွေကနဲ့ မတူတဲ့ နှစ်တွေ ရောက်လာပြီ။ ၂၀၁၆ မှာ ပထမဆုံး တခွေထွက်တယ်။ ၂၀၁၈ မှာ နောက်တခွေ ထွက်တယ်။

အဆိုတော် X Box / ယုဖြူဟန် / ဧရာဝတီ

မွေးနေ့ မတိုင်ခင် သက်သတ်လွတ် စားနေတဲ့ အဆိုတော် X Box

by ယုဖြူဟန်
16 May 2019
5.9k

“ပွဲပြီးလို့ ၁၂ နာရီကျော်သွားရင် ကျနော်က အသားစားလို့ ရသွားပြီ။ မွေးနေ့ကျော်သွားမှ အသားစားလို့ ရတာ။ အခုကတော့ အဓိဋ္ဌာန်ဝင်နေလို့ အသားမစားဘူး။ ၇ လ ၊ ၈ လ ၊ ၉ လလောက်တော့...

Next Post
အိပ်မက်နဲ့ဘဝကို ပိုင်းပြတ်စေတဲ့ မြေမြှပ်မိုင်း(ရုပ်/သံ)

အိပ်မက်နဲ့ဘဝကို ပိုင်းပြတ်စေတဲ့ မြေမြှပ်မိုင်း(ရုပ်/သံ)

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် Bilateral စာချုပ်ပါအချက်များ RCSS နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည်ဟု အစိုးရဆို (ရုပ်/သံ)

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် Bilateral စာချုပ်ပါအချက်များ RCSS နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည်ဟု အစိုးရဆို (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved