“Pandan Leaf” (ဆွမ်းမွှေးရွက်) ဟာ အရှေ့တောင်အာရှ နိုင်ငံတွေမှာသာ ပေါက်ရောက်တဲ့ အပင်တမျိုးဖြစ်ပြီး အစားအစာတွေမှာ ထည့်သွင်းအသုံးပြုကြလေ့ ရှိပါတယ်။
မြန်မာနိုင်ငံမှာတော့ ဆွမ်းမွှေးကျောက်ကျော၊ ဆွမ်းမွှေးရွက် မုန့်လက်ဆောင်း၊ ဆွမ်းမွှေးပူတင်း၊ ဆွမ်းမွှေးထမင်း စသဖြင့် အမျိုးမျိုး ပြုလုပ်စားသုံးကြပေမယ့် သူ့ရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့ လူသိနည်းတာကြောင့် ကျန်းမာရေး ဗဟုသုတအနေနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) အာရုံကြောစနစ်ကို ကောင်းမွန်စေတယ်
ဆွမ်းမွှေးရွက်ဟာ ဦးနှောက်နဲ့ အာရုံကြောရဲ့ လုပ်ဆောင်မှုစနစ်ကို ကောင်းမွန်စေတဲ့အပြင် စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်ပူပန်မှုများခြင်းနဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုကြောင့် နှစ်ခြိုက်စွာ အိပ်မပျော်ခြင်းတို့ကို လျော့ပါးသက်သာစေနိုင်ပါတယ်။
(၂) ဆံကေသာ ကျန်းမာရေးကို ကောင်းမွန်စေတယ်
ဆံပင်ကျွတ်ခြင်း၊ ဗောက်ထခြင်း၊ ဦးရေပြားယားယံခြင်း စတဲ့ ဆံကေသာ ကျန်းမာရေး ပြဿနာတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ ဆွမ်းမွှေးရွက်ကို ရေအနည်းငယ်နဲ့ ရောစပ်ကာ ကြိတ်ချေပြီး ခေါင်းမလျှော်ခင် ဦးရေပြားအနှံ့ လိမ်းကျံပေးခြင်းအားဖြင့် ဆံသားကျန်းမာရေး ပြဿနာတွေကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
(၃) ကိုက်ခဲနာကျင်မှုတွေကို သက်သာစေတယ်
ဆွမ်းမွှွေးရွက်ကို အခြောက်ခံထားတဲ့ ဆွမ်းမွှေးရွက် လက်ဖက်ခြောက်ကို သောက်သုံးပေးခြင်းအားဖြင့် ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။
(၄) ဖျားနာခြင်းကြောင့် ကိုယ်အပူရှိန်တက်ခြင်းကို ကျဆင်းစေနိုင်တယ်
ဖျားနာခြင်းကြောင့် ခန္ဓာကိုယ်အပူရှိန်မြင့်တက်လာတဲ့အခါ ဆွမ်းမွှေးရွက်ကို ရေနွေးဆူဆူနဲ့ ပြုတ်တိုက်ခြင်းဟာ ကိုယ်အပူချိန်ကို ကျဆင်းစေနိုင်ပါတယ်။
(၅) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်
၂၀၁၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ဆွမ်းမွှေးရွက်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကင်ဆာရောဂါကို ကာကွယ်ကုသနိုင်စွမ်းရှိတယ်လို့ ယူဆကြပြီး ကင်ဆာကုထုံးတွေမှာ ရှေးယခင်တည်းက သုံးစွဲခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
Ref. the-benifits.com