Travel

ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်တစားတည်းခိုကြတဲ့ ထူးထူးဆန်းဆန်း ဟိုတယ် (၅) ခု

Want create site? Find Free WordPress Themes and plugins.

သင့်အနေနဲ့ ခရီးတွေသွားတဲ့အခါ လုံလုံခြုံခြုံနဲ့ စိတ်အေးချမ်းသာစွာလည်း တည်းခိုချင်တယ်၊ ထူးထူးဆန်းဆန်း အရာတွေနဲ့လည်း ထိတွေ့ခံစားချင်တယ်ဆိုတဲ့ ဆန္ဒရှိရင်တော့ အခုဖော်ပြထားတဲ့ ကမ္ဘာတလွှားက ထူးထူးဆန်းဆန်း ဟိုတယ်တွေကို မှတ်သားထားသင့်ပါတယ်။

 

 

(၁) အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့က ထောင်ပုံစံတည်ဆောက်ထားတဲ့ Liberty ဟိုတယ်ကတော့ ဟိုတယ်တွင်းက စားသောက်ဆိုင်၊ mini ဘားတွေနဲ့ အပန်းဖြေစရာနေရာတွေရဲ့ နာမည်ကို နာမည်ကြီးရာဇဝတ်သားတွေရဲ့နာမည်ကို ပေးထားတာဖြစ်ပြီး တမျိုးဆန်းသစ်တဲ့ အပြင်အဆင်တွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ နှစ်ခြိုက်ကြတဲ့ ဟိုတယ်တခုပဲ ဖြစ်ပါတယ်။

 

 

(၂) မြေပြင်ကနေ ၄၂ ပေအမြင့်နဲ့ သက်တမ်း ၁၃၀ ရှိတဲ့ ဝက်သစ်ချပင်အိုပေါ်မှာ ၁၉၉၈ ခုနှစ်လောက်ကတည်းက တည်ဆောက်ခဲ့တဲ့ ဟိုတယ် Hackspett ဟာဆိုရင်လည်း ထူးခြားတဲ့ အပြင်အဆင်တွေကြောင့် နာမည်ကြီးလှတဲ့ ဟိုတယ်တခု ဖြစ်ပါတယ်။

ဒီဟိုတယ်ကတော့ နွေရာသီအပန်းဖြေသူတွေကြားမှာ ရေပန်းစားလှတဲ့ ဟိုတယ်တခုဖြစ်ပြီး တည်းခိုသူတွေနဲ့ မပြတ် စည်ကားနေတာလည်း ဖြစ်ပါတယ်။

 

 

(၃) Alaska မှာရှိတဲ့ ရထားဟိုတယ်ရယ်လို့ လူသိများကြတဲ့ Aurora ဟိုတယ်ကတော့ Alaska ရဲ့ရင်သပ်ရှုမောဖွယ် တောင်တန်းတွေကြား လှည့်လည်မောင်းနှင်ရင်းနဲ့ ခရီးသွားတွေကို ဝန်ဆောင်မှုပေးနေတဲ့ ဟိုတယ်ဖြစ်ပါတယ်။

အရသာကောင်းမွန်တဲ့ အစားအစာတွေကြောင့်နာမည်ကြီးသလို ရထားပေါ်မှာဆိုပေမယ့် သက်သောင့်သက်သာရှိတဲ့ နေရာထိုင်ခင်းတွေကြောင့်လည်း ခရီးသွားဧည့်သည်အများစု နှစ်ခြိုက်ကြတဲ့ ဟိုတယ်တခုဖြစ်ပါတယ်။

 

 

(၄) နှစ်ပေါင်း ၁၆၀ သက်တမ်းကြာရှိပြီး စစ်ပွဲကာလအတွင်းက ခံတပ်တခုအနေနဲ့ တည်ဆောက်ထားခဲ့တဲ့ No Man’s ဟိုတယ်ဟာဆိုရင်တော့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အင်္ဂလန်နဲ့ပြင်သစ်နိုင်ငံကြားက ကမ်းရိုးတန်းအလှအပတွေကို ရှုမြင်ခံစားနိုင်တာကြောင့် ခရီးသွားအများစု နှစ်ခြိုက်စွာ တည်းခိုကြတဲ့ ဟိုတယ်တခုပဲ ဖြစ်ပါတယ်။

 

 

(၅) မိုးသစ်တောအတွင်းမှာ တည်ရှိပြီး စက်လုံးပုံသဏ္ဍာန်ဟိုတယ်ခန်းတွေကြောင့် ခရီးသွားတွေကြား အထူးအဆန်း ဖြစ်ရတဲ့ စက်လုံးဟိုတယ်ဟာဆိုရင်တော့ ကနေဒါနိုင်ငံမှာ တည်ရှိတာဖြစ်ပြီး အရွယ်ရောက်ပြီးသူတွေကိုသာ တည်းခိုခွင့်ပြုတဲ့ ဟိုတယ်ဖြစ်ပါတယ်။

စာဘူးတောင်းတွေလို လေထဲမှာ တွဲလွဲခိုနေတဲ့ စက်လုံးပုံဟိုတယ်မှာဆိုရင်တော့ တခြားသောဟိုတယ်တွေလိုပဲ အိမ်သာ၊ အစားအသောက်ခန်း၊အိပ်ခန်းနဲ့ Wi-Fi စတာတွေကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref. www.rd.com

Did you find apk for android? You can find new Free Android Games and apps.
Loading