• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ကမ္ဘာပေါ်က အအေးဆုံး နေရာ ၁၀ ခု

by ချစ်ဖေ (တောင်တွင်းမြေ)
19 November 2017
in Trend
A A
ကမ္ဘာပေါ်က အအေးဆုံး နေရာ ၁၀ ခု
26.1k
VIEWS
Share on FacebookShare on Twitter

ဆောင်းတွင်း ရောက်လာပါပြီ၊ ရာသီဥတုလည်း နည်းနည်း အေးလာပါပြီ၊ ဒီတော့ နယ်က ကျနော့် သူငယ်ချင်း ပြောသလို သူတို့နယ်ဘက်မှာ အရမ်းအေးတယ်ပေါ့၊ ဒါနဲ့ ကမ္ဘာပေါ်က လူနေထိုင်ရာ အရပ်တွေထဲက ဘယ်နေရာမှာ အအေးဆုံးလဲပေါ့၊ ကိုယ်တိုင်လည်း သိချင်လာတာနဲ့ ရှာဖတ်မိရင်း နည်းနည်းလောက် ပြန်ပြောပါရစေ။

(၁၀) Rogers Pass, Montana

အမေရိကန်က မွန်းတားနားပြည်နယ်မှာ ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၅၆၁၀ မှာ ရှိပါတယ်။ အမေရိကန်မှာ ဒုတိယမြောက် အအေးဆုံး နေရာပါ။ Rogers Pass ဟာ မွန်တားနားပြည်နယ်ရှိ ဂရိတ်ဖောနဲ့ မစ်ဇိုလာမြို့ကြီးနှစ်မြို့ကြားအကောင်းဆုံးဆက်သွယ်ပေးထားတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိပါတယ်။ ၁၉၅၄ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က အအေးဆုံး စံချိန်တင်ခဲ့ပြီး အပူချိန် – ၅၇ ဒီဂရီ စင်တီဂရိတ် (- ၇၀ ဒီဂရီဖာရင်ဟိုက်) ထိအောင် ကျဆင်းခဲ့ဖူးပါတယ်။

(၉) Fort Selkirk, Yukon

Fort Selkirk ဟာ ကနေဒါ နိုင်ငံရှိ ယူကွန်မြစ်နဲ့ ပယ်လီမြစ်နှစ်ခု ဆုံရာနေရာမှာရှိပြီး ယခင်က ကုန်သွယ်ရေး စခန်းတခုဖြစ်ခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်တွေက အရမ်းအေးလွန်းတာကြောင့် ဒီနေရာမှာ လူသူကင်းမဲ့ခဲ့တယ်လို့ ဆိုပါတယ်။ အအေးဆုံးလအနေနဲ့ ဇန်နဝါရီလ ဖြစ်ပြီး အပူချိန်က – ၇၄ ဒီဂရီ ဖာရင်ဟိုက်လောက်ထိအောင် နိမ့်ဆင်းသွားတတ်တယ်လို့ သိရပါတယ်။

(၈) Prospect Creek, Alaska

အမေရိကန်က အလက်ဇကားပြည်နယ်မှာ ရှိပါတယ်။ အမေရိကန်မှာတော့ အအေးဆုံး အရပ်ပါ။ ဖဲရားဘန့်မြို့ကနေ မြောက်ဘက် မိုင် ၁၈၀ အဝေးမှာ ရှိပါတယ်။ ဘီတယ်မြို့အရှေ့တောင်ဘက် ၂၅ အကွာမှာလည်း ရှိတာပါ။ အပူချိန်မှတ်တမ်းတွေ အရဆိုရင် အနိမ့်ဆုံး – ၆၂ ဒီဂရီ စင်တီဂရိတ် ( -၈၀ ဒီဂရီ ဖာရင်ဟိုက်)ထိအောင် ကျဆင်းဖူးပါတယ်။ ပင်လယ်ရေမျက်နှာပြင် အထက် ၆၄၃ပေ မှာ တည်ရှိနေတာ ဖြစ်ပါတယ်။

(၇) Snag, Yukon

ကနေဒါက ယူကွန်တောင်တန်းနဲ့ တဆက်တည်းပါပဲ။ စနက်ဆိုတာက မြို့မဟုတ်ဘဲ ရွာ အမည်လေး ဖြစ်ပါတယ်။ အလက်စကား အဝေးပြေးလမ်းမကနေ အတွင်းဘက်ကို ၂၅ ကီလိုမီတာလောက် ဝင်မှ ရောက်တဲ့ အရပ်ပါ။ ဇန်နဝါရီလမှာ အအေးဆုံးဖြစ်ပြီး – ၆၃ ဒီဂရီစင်တီဂရိတ်လောက်ထိအောင် နှစ်စဉ် အပူချိန် လျော့ကျနေကျ ဖြစ်ပါတယ်။

(၆) Eismitte, Greenland

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

ဂရင်းလန်းရဲ့ မြို့လေးအမည် အစ်မစ်တီက ဂျာမနီလို ရေခဲပြင်ရဲ့ အလယ်လို့ အဓိပ္ပါယ်ရပါတယ်။ အာတိတ်အလယ်ပိုင်းဒေသက လူနေတဲ့ အရပ်တခုပါ။ နေရာတိုင်းမှာ ရေခဲများသာတွေ့ရပြီး လူနေနည်းကာ ဆက်သွယ် သွားလာရေးလည်း ခက်ခဲတယ်လို့ သိရပါတယ်။ အပူချိန် အနိမ့်ဆုံး -၆၄.၉ ဒီဂရီစင်တီဂရိတ် ပုံမှန် လျော့ကျနေတတ်တယ်လို့ သိရပါတယ်။

 

(၅) North Ice, Greenland

အင်္ဂလန်နိုင်ငံအခြေစိုက် မြောက်ဘက်ပိုင်း ရေခဲပြင်ဆိုင်ရာ လေ့လာရေးစခန်း တည်ရှိရာအရပ် ဖြစ်ပါတယ်။ ကမ္ဘာ့အနိမ့်ဆုံး အပူချိန် နံပတ် ၅ နေရာမှာ မှတ်တမ်းဝင်ထားတာက – ၆၆ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၇၆၈၀ ပေ မှာ ရှိပါတယ်။ North Ice ဆိုတာ လေ့လာရေးအဖွဲ့ရဲ့ အမည်ကိုပဲ အစွဲပြုပေးထားတာလို့ သိရပါတယ်။

(၄) Verkhoyansk

ရုရှမှာ ရှိပါတယ်။ ကမ္ဘာပေါ်မှာ အအေးဆုံး နိုင်ငံ ရုရှရဲ့ ဒုတိယမြောက် အအေးဆုံးမြို့ အဖြစ် မှတ်တမ်းဝင်နေပါတယ်။ ထူးခြားချက်က နွေမှာ အရမ်းပူပြီး ဆောင်းမှာ အရမ်းအေးတယ်လို့ သိရပါတယ်။ ပုံမှန်လည်း ဖေဖော်ဝါရီလတွေက အအေးဆုံး ဖြစ်သလို သမိုင်းတလှျှောက် ၁၈၉၂ ခုနှစ် ဖေဖော်ဝါရီက အပူချိန် – ၆၉.၈ ဒီဂရီစင်တီဂရိတ်ထိအောင် လျော့ကျဖူးတာ တွေ့ရပါတယ်။ ဒီမြို့လေးက နောက်ဆုံးစာရင်းတွေအရ လူဦးရေ ၁၃၀၀ ကျော်လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

(၃) Oymyakon

ရုရှရဲ့ မြောက်ဘက်စွန်းစွန်းမှာ ရှိသလို မြောက်ဝင်ရိုးစွန်းနယ်မှာလည်း သူ့လောက် အေးတဲ့ မြို့မရှိပါဘူး။ မြေပြင်က တစ်နှစ်ပတ်လုံး ရေခဲနေတယ်လို့ ဆိုပါတယ်။ ၁၉၂၄ခုနှစ်က အပူချိန် အနိမ့်ဆုံး ကျဆင်းဖူးပြီး – ၇၁.၂ ဒီဂရီစင်တီဂရိတ်ထိအောင် အေးဖူးပါတယ်။ တစ်နှစ်ပတ်လုံး ပျမ်းမျှ အမြင့်ဆုံး အပူချိန် – ၅၀ ဒီဂရီ စင်တီဂရိတ် ထိအောင်ပဲ ရောက်တယ်လို့ ဆိုပါတယ်။

(၂) Plateau Station

အန္တာတိကတိုက်မှာ ရှိပါတယ်။ အမေရိကန် လေ့လာရေးအဖွဲ့ အခြေစိုက်ရာစခန်း ဖြစ်ပါတယ်။ ဇူလိုင်လမှာ အအေးဆုံးဖြစ်ပြီး ပျမ်းမျှ -၁၂၃.၁ ဒီဂရီဖာရင်ဟိုက်ထိအောင် အေးတယ်လို့ ဆိုပါတယ်။ စံချိန်အနေနဲ့ကတော့ ၁၉၆၈ ခုနှစ် ဇူလိုင် ၂၀ ရက်က အပူချိန် -၈၆.၂ ဒီဂရီ စင်တီဂရိတ်ထိအောင် ကျဆင်းဖူးတယ်လို့ သိရပါတယ်။ နွေရာသီ ကာလတိုလေးသာ ရှိပြီး အများစုသော အချိန်တွေမှာ ပတ်ဝန်းကျင်က မှောင်နေတယ်လို့ ဆိုပါတယ်။

(၁) Vostok

အန္တာတိကတိုက်မှာပဲ ရှိပါတယ်။ အာတိတ်ပင်လယ်အတွင်း ရုရှရဲ့ လေ့လာရေး အဖွဲ့ အခြေစိုက်ရာ စခန်း ဖြစ်ပါတယ်။ သြဂုတ်လအတွင်းဟာ အအေးဆုံးကာလဖြစ်ပြီး အပူချိန် အနိမ့်ဆုံး -၈၉.၂ ဒီဂရီစင်တီဂရိတ် (-၁၂၈.၆ ဒီဂရီ ဖာရင်ဟိုက်)ထိအောင် ကျဆင်းတတ်တယ်လို့ ဆိုပါတယ်။ ထူးခြားချက်ကတော့ ဘော့တော့စခန်းဟာ ကမ္ဘာနဲ့ နေနဲ့ အနီးဆုံးနေရာ တခုဖြစ်ပေမယ့် အပူချိန် အရမ်းနည်းပြီး အေးခဲနေပါတယ်။ တနှစ်ပတ်လုံး နေရောင်ခြည်ကို ရရှိသော်လည်း မေလမှ သြဂုတ်လ အထိကတော့ နေရောင်ခြည်လုံးဝ မရရှိဘူးလို့ သိရပါတယ်။ နေရောင်ခြည်ဟာ ဒီဇင်ဘာလအတွင်းမှာ နေ့စဉ် တရက်ကို နေအလင်းရောင် ၂၂. ၉ နာရီထိအောင် မြင်ရပြီး နေဝင်ချိန်တွေဟာ ၂ နာရီတောင် မပြည့်ပါဘူး။

www.wonderslist.com တွင်ဖော်ပြထားတဲ့ Top 10 of the world’s coldest places ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Your Thoughts …
Tags: ကမ္ဘာ့အအေးဆုံးနေရာများ
ချစ်ဖေ (တောင်တွင်းမြေ)

ချစ်ဖေ (တောင်တွင်းမြေ)

Similar Picks:

No Content Available
Next Post
သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ

သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ

ဘယ်နိုင်ငံထုတ်တွေကို လူတွေအကြိုက်ဆုံးလဲ

ဒီတပတ် ဖတ်စရာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved