• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ

by Petr Lom & ခင်မောင်အေး
19 November 2017
in Culture
A A
သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ
15.1k
VIEWS
Share on FacebookShare on Twitter

ကဗျာဆရာ သီချင်းရေးဆရာ သုခမိန်လှိုင်ကို ၁၉၄၈ ခုနှစ်မှာ မွေးဖွားခဲပါတယ်၊ ပြည်မြို့မှာ ကြီးပြင်းခဲ့ တဲ့ သုခမိန်လှိုင်ဟာ နာမည်ကျော် ခေတ်ပြိုင် ကဗျာဆရာတွေဖြစ်တဲ့ အောင်ချိမ့် ၊ မောင်ချောနွယ်၊ ဖော်ဝေးတို့နှင့် အတူ ခေတ်ပေါ်ကဗျာများကို ရှေးရိုးစွဲ ကာရန်များရဲ့ ချုပ်နှောင်မှုကနေ လွတ်ကင်း အောင် ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည် ရဲ့ ထင်ရှားတဲ့ သီချင်ရေးဆရာတဦးလည်း ဖြစ်ပါတယ်။

မေး။ ။ ခင်ဗျား ဘယ်အချိန်ကစပြီး ကဗျာတွေ စရေးခဲ့တာလဲ။

ဖြေ။ ။ ၁၉၆၅ခုနှစ်က စပြီးရေးဖြစ်ပါတယ်။ ကျနော့်ကို ဘာလို့ကဗျာရေးတာလဲလို့ လာမေးရင် ရေးချင်လို့ ရေးတာလို့ပဲ ပြန်ဖြေဖြစ်တယ်။ ဒါက အဖြေကောင်းလို့ ကျနော်ထင်တယ်။ ကျနော့် ကို ကျနော် ကဗျာရှိရင် ပြည့်စုံပြီလို့ စိတ်ထဲက လေးလေးနက်နက်ကို ခံယူထားတယ်။ ကိုယ့်ကိုကိုယ် ကဗျာအတွက်ပဲပေးအပ်တော့မယ်လို့ နှလုံးသားထဲ ကလက်ခံယုံကြည်လာတယ်။ အဲဒါကြောင့် ၁၉၆၆ခုနှစ်မှာ အထက်တန်းကျောင်းကနေ ထွက်ခဲ့တယ်။

အဲဒီ့အချိန်ကတည်းက ကဗျာတွေကို ရေးချင်နေခဲ့တာ။ စားဖို့ အိပ်ဖို့ ရေချိုးဖို့ အချိန်တောင်မှ မယူချင်ဘူး။ ကဗျာပဲ အမြဲတမ်းရေးချင်နေခဲ့တယ်။ ကဗျာရေးဖို့အချိန်ရောက်ပြီလို့ မတွေးအောင်ကို အချိန်တိုင်းရေးနေချင်တယ်။

၁၉၆၆မှာ ကျွန်တော် ၁၈နှစ်သားပေါ့။ အချစ်ထက်စာရင် ပတ်ဝန်းကျင်နဲ့ ကမ္ဘာမြေက ကျနော်ကို ပိုလွှမ်းမိုးတယ်။ ဗီယက်နမ်စစ်ပွဲ၊ မြန်မာ့နိုင်ငံရေးအခြေအနေ၊ ပိုက်ဆံ၊ အာဏာ၊ ကမ္ဘာ့ရေးရာတွေ၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း အစုံပေါ့။ ဒီလွှမ်းမိုးမှုတွေ၊ စိတ်ခံစားချက်တွေ အကုန်လုံးကို သမားရိုးကျ လေးလုံးစပ်လင်္ကာနဲ့တော့ မဖမ်းယူနိုင်ဘူးဆိုတာ ကျနော့် ကဗျာဆရာဘ၀ အစမှာတင် သိခဲ့တယ်။ ကျနော်ရဲ့ ကဗျာနဲ့ပတ်သက်တဲ့ အတွေးအခေါ်၊ သောက နဲ့ ခံစားချက်တွေကို ကျနော်ကဗျာတွေမှာ တွေ့ရမှာပါ။

မေး။ ။လူမှုပတ်ဝန်းကျင်မှာ ကဗျာဆရာတွေရဲ့ အခန်းကဏ္ဍအပေါ် ခင်ဗျားရဲ့ အမြင်ကရော။

ဖြေ။ ။အမြင် ဆိုတဲ့ စကားလုံးကို မသုံးချင်ဘူး။ ကျနော်ရဲ့ ယုံကြည်မှုလို့ပဲ ပိုသုံးချင်ပါတယ်။ လူတိုင်း ကဗျာအကြောင်းသိနေရင် ဒီကမ္ဘာပေါ်မှာဘယ်သူမှ ဒုက္ခနဲ့ကြုံရမှာမဟုတ်ဘူး။အဲဒါ ကျနော်ရဲ့ ကဗျာအပေါ်ထားတဲ့ ယုံကြည်ချက်ပဲ။ ကျနော်မှတ်ချက်တွေက မြန်မာ့သမိုင်းရဲ့ လွှမ်းမိုးမှုတွေပါ နေမှာပဲ။ ၁၉၄၈ လွတ်လပ်ရးမရခင်၊ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရခင်ကတည်းက ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကအချင်းချင်း အပြုတ်ဆော်တာ၊ လျှို့ဝှက်ကြံစည်တာ၊ သစ္စာဖောက်တာတွေ ရှိနှင့် နေပြီးသား။ ကျနော် ကဗျာသက် ၁၀နှစ်ပြည့်တဲ့ ၁၉၇၅ခုနှစ်ကတည်းက အဲဒီ့ အပြုတ်ဆော် နိုင်ငံရေး လောကထဲ ဝင်မပါဖို့ ဆုံးဖြတ်ထားတယ်။ကျနော် ရွေးချယ်ခဲ့တဲ့နိုင်ငံရေးက ကဗျာနဲ့ထမ်ဆောင် ရတဲ့နိုင်ငံရေး။ ခေါင်းစဉ်ပေးမထားတဲ့ ကျနော့်ရဲ့ ၂ကြောင်းကဗျာလေးက ဒီမေးခွန်းကို ဖြေပေးမှာပါ။

“ကျနော် မတတ်နိုင်သော ကမ္ဘာလောကကြီးထဲသို့ ရောက်ခဲ့သည်။

ကျနော်တတ်နိုင်သလောက် ကြိုးစားခဲ့မိသည်။”

အခုဆို တစ်ကမ္ဘာလုံးက ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို မြင်နေရပြီ။ ဒီနိုင်ငံက ဘယ်ကဗျာ စာအုပ်မဆို အုပ်ရေ ၅၀၀ထက် ပိုထုတ်လို့မရဘူး။ ဘယ်သူမှမဝယ်ကြဘူး။ ကျနော်တို့ ဘယ်လိုရှင်သန် နေထိုင်ရသလဲ။ ဒီမေးခွန်းကလည်း သိပ်ကိုအရေးကြီးတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
156
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
423
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126

နောက်ဆုံးအနေနဲ့ ကျနော် ရဲ့ နောက်ထပ်ကဗျာတစ်ပုဒ်နဲ့ပဲ ဖြေပြချင်တယ်။ Bob Dylan နိုဘယ်စာပေဆုမရခင်က ကျနော် ရေးခဲ့တဲ့ “ဆု” ဆိုတဲ့ ကဗျာပါ။

“ဟေး . . ကဗျာဆရာ

ဘာဆုရသလဲ

ကမ္ဘာကြီးကို ရတယ်လေ

Petr Lom နှင့် ခင်အောင်အေး စီစဉ်မှုနဲ့ ကဗျာဆရာ ၁၇ဦးရဲ့ ရှိရင်းစွဲ အမြင်များကို မှတ်တမ်းတင် ထားတဲ့ “မြန်မာပုံပြင်စာအုပ်”မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပြီး၊ အဲ့ဒီ့ “မြန်မာပုံပြင်စာအုပ်” ကို လှတယ်၊ အင်းဝစာအုပ်ဆိုင်၊ Myanmar Book Centre နဲ့ ကမ်းနား ဟိုတယ်၊ Yangon Book Plaza တို့မှာ ရောင်းချနေပါတယ်။

ဆက်စပ်ဖတ်ရှု့ရန်

မြန်မာကဗျာဆရာတွေရဲ့ “မြန်မာပုံပြင်စာအုပ်”

အောင်ချိမ့် သို့မဟုတ် အနုပညာကို ဘာနဲ့မှ မလဲနိုင်သူ

ပန်ဒိုရာ သို့မဟုတ် ရဲရင့်စွာ ကဗျာရေးသူ

ဇေယျာလင်း သို့မဟုတ် ဘာသာဗေဒအခြေပြု ကဗျာ ဖန်တီးသူ

ခင်အောင်အေး သို့မဟုတ် “ကဗျာများ-၁၉၉၀”

မယ်ယွေး သို့မဟုတ် ၂၀မှာ ၁နှစ် ပေါင်းဦးမယ့် သူမ

မောင်ပြည့်မင်း သို့မဟုတ် နှစ်ယောက်ညချမ်း အောက်မေ့ဖွယ် ဇာတ်ဝင်ခန်း

မိုးဝေး သို့မဟုတ် ကဗျာစစ်စစ်ကိုသာ ရေးချင်သူ

မောင်ယုပိုင် သို့မဟုတ် ရေခဲပြင်ကြီးအောက်က ကဗျာဆရာ

မြတ် သို့မဟုတ် အတွေးအခေါ် ဘောင်ခတ်ထားမှုမှ ဖောက်ထွက်ချင်သူ

ဟံလင်း သို့မဟုတ် တကယ်တမ်းက ဒီလို

ဆူးရင့် သို့မဟုတ် သံယောဇဉ်ကြိုးကို ဖြတ်တောက်သူ

မွန်းသူအိမ် သို့မဟုတ် ရှေးရိုးစွဲကို ချိုးဖောက်သူ

Your Thoughts …
Tags: ကဗျာဆရာ သုခမိန်လှိုင်
Petr Lom & ခင်မောင်အေး

Petr Lom & ခင်မောင်အေး

...

Similar Picks:

No Content Available
Next Post
ဘယ်နိုင်ငံထုတ်တွေကို လူတွေအကြိုက်ဆုံးလဲ

ဒီတပတ် ဖတ်စရာ

နိုဝင်ဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိ နှင့် သမ္မတ ဦးထင်ကျော် တွေ့ဆုံစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

မြန်မာကို တရုတ် နိုင်ငံက ဆက်လက် ထောက်ခံမည်ဟု ဆို

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved