• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မောင်ပြည့်မင်း သို့မဟုတ် နှစ်ယောက်ညချမ်း အောက်မေ့ဖွယ် ဇာတ်ဝင်ခန်း

by Petr Lom & ခင်မောင်အေး
24 November 2017
in ဆောင်းပါး
A A
ကဗျာဆရာ မောင်ပြည့်မင်း / Dana Lixenberg

ကဗျာဆရာ မောင်ပြည့်မင်း / Dana Lixenberg

4.9k
VIEWS
Share on FacebookShare on Twitter

ကဗျာဆရာ မောင်ပြည့်မင်းကို ၁၉၅၃ ခုနှစ်တွင် မွေးဖွားပြီး၊ ယခုအခါ ရန်ကုန်မြို့ ဆင်ခြေဖုံးတွင် နေထိုင်သည်။ သူနေရာ အခန်း၌ သူ၏ စီးပွားရေးလုပ်ငန်းဖြစ်သော ဆေးဝါးပစ္စည်းများဖြင့် ပြည့် နှက်နေသည်။ ဂိုထောင်ထဲရှိ သူ၏ ကားဘန်ပါတွင် “ကားထဲမှာ ကဗျာဆရာရှိသည်” (Poet in car) ဟူသော စတေကာကပ်ထားသည်။ သူသည် မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသည်။

မေး။ ။ ခင်ဗျား ဘယ်အချိန်ကတည်းက ကဗျာစရေးဖြစ်တာလဲ။

ဖြေ။ ။ အထက်တန်းကျောင်းသား ဘဝကတည်းက စရေးတာ။ ကျနော်တို့ စရေးတုန်းက လေးလုံးစပ် ကဗျာ ပုံစံတွေ ရေးခဲ့တာ။ လေးလုံး တပါဒပုံစံနဲ့ ရေးဖွဲ့ခဲ့တာပေါ့။ ပြီးတော့ မဂ္ဂဇင်းတွေ ကို ပို့တယ်။ မဂ္ဂဇင်းတွေကလည်း စာပေ စိစစ်ရေးနဲ့ လွတ်မယ်ထင်တဲ့ အန္တရာယ်အကင်းဆုံး အပုဒ် တွေကို ရွေးတယ်။

မဂ္ဂဇင်းတွေက ကဗျာကဏ္ဍကို အားကြိုးမာန်တက်ကို ဖော်ပြကြတာ။ ကဗျာဆရာငယ်လေး တွေကို လည်း ပစ်မထားဘူး။ အရင်ခေတ်က အယ်ဒီတာတွေက အင်မတန်လေးစားဖို့ကောင်းတယ်။ စာပေအကြောင်း တကယ်သိတဲ့လူတွေ။ ခင်ဗျား စာမူအရွေးခံရပြီဆိုရင် အဲဒီ့စာမူက တကယ်ကောင်း လို့ပဲ။

မေး။ ။ ခင်ဗျားအသက်မွေးဝမ်းကျောင်းအတွက် ဘာလုပ်သလဲ။

ဖြေ။ ။ အလုပ်က အစုံပဲ။ သစ်သီးရောင်းတယ်။ ကုန်သည်လုပ်တယ်။ အငှားကားမောင်းတယ်။ မှောင်ခိုလုပ် တယ်။ ပြီးတော့ ကလေး လေနာဆေး ထုတ်လုပ်ဖြန့်ချိတယ်။ လူအများကြီးနဲ့ ဆက်ဆံခဲ့ရ တယ်။ သူတို့တွေက ကျနော့် ကဗျာတွေပေါ်မှာ သက်ရောက်မှုရှိတယ်။ လူတွေ စကားပြောတဲ့ပုံ၊ ပြုမူဆက်ဆံတဲ့ပုံတွေက ကျနော့်အလုပ်ကို အကျိုး သက်ရောက်မှုရှိတယ်။ သူတို့တွေကြောင့် ကဗျာ တပုဒ်ရေးဖြစ်သည်အထိ စေ့ဆော်အားပေးမှု ရချင်မှရမယ်။ ဒါပေမယ့် ကုန်ကြမ်းတော့ရတယ်။

မေး။ ။ကဗျာရေးခြင်းက အမြင့်မြတ်ဆုံးသောအလုပ်လို့ ခင်ဗျားပြောဖူးတယ်နော်။

ဖြေ။ ။ မြန်မာနိုင်ငံမှာ ကဗျာရေးပြီး အသက်မွေးလို့ မရနိုင်ဘူး။ မဖြစ်နိုင်ဘူး။ ကျနော်တို့က ကဗျာကို တခြားဘာမျှော်လင့်ချက်မှ မထားဘဲ ချစ်ခြင်းသက်သက်နဲ့ ရေးခဲ့တာ။ အရှေ့တိုင်း ဒဿနတွေအရ ခင်ဗျားက တစုံတခုကို ဘာမျှော်လင့်ချက်မှ မရှိဘဲ ချစ်ခြင်းအားဖြင့်သာ ပြုလုပ်မယ်လို့ သန္နိဋ္ဌာန် ချလိုက်ရင် ခင်ဗျားစိတ်က အေးချမ်းသွားမယ်။ မနာလိုစိတ်တွေ လောဘစိတ် တွေ ကင်းသွားမယ်။ ဒါကြောင့် မြန်မာကဗျာဆရာတွေရဲ့ စိတ်က သူတော်စင်တွေရဲ့ စိတ်လိုပဲ။ ကဗျာက ကျနော်တို့ရဲ့ စိတ်ကို အပြစ်မရှိဘဲ ကြည်လင် သန့်စင်နေစေတယ်။ အဲဒါကြောင့် ကဗျာရေး ခြင်းက အမြင့်မြတ်ဆုံးသော အလုပ်လို့ ပြောတာ။

မေး။ ။ စာရေးဖို့ စေ့ဆော်မှု ဘယ်လိုရလဲ။

ဖြေ။ ။ ကျနော်တို့ နိုင်ငံက ထူးဆန်းတယ်ဗျ။ ကျနော်တို့ ကဗျာဆရာပေါက်စ ဘဝတုန်းက လူတွေက စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုခံနေကြရတယ်။ ကျနော်တို့က ဘယ်ဟာကတော့မကောင်းတဲ့ အကျင့်၊ ဘယ်ဟာကတော့ မမျှတဘူး၊ ဘယ်ဟာကတော့ အနိုင်ကျင့်နေတယ် ဆိုတာတွေ ခံစားရ တယ်။ အဖိနှိပ်ခံရတဲ့သူတွေကိုလည်း ကိုယ်ချင်းစာ တယ်။ အဖိနှိပ်ခံပြည်သူတွေရဲ့ အမြင်ကို ထုတ်ဖော် ရေးသားတယ်။ အသက်ကြီးလာတာနဲ့အမျှ တကမ္ဘာလုံးမှာ မတရားမှုနဲ့ ဖိနှိပ်မှုတွေရှိနေတာကို ပိုသတိထားမိလာတယ်။

Petr Lom နှင့် ခင်အောင်အေးတို့ စီစဉ်မှုနဲ့ ကဗျာဆရာ ၁၇ဦးရဲ့  ရှိရင်းစွဲ အမြင်များကို မှတ်တမ်းတင် ထားတဲ့ “မြန်မာပုံပြင်စာအုပ်”မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပြီး၊ “မြန်မာပုံပြင်စာအုပ်” ကို လှတယ်၊ အင်းဝစာအုပ်ဆိုင်၊ Myanmar Book Centre နဲ့ ကမ်းနား ဟိုတယ်၊ Yangon Book Plaza တို့မှာ ရောင်းချနေပါတယ်။

ဆက်စပ်ဖတ်ရှုရန် – မြန်မာကဗျာဆရာတွေရဲ့ “မြန်မာပုံပြင်စာအုပ်” 

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
812
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
200
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
615

အောင်ချိမ့် သို့မဟုတ် အနုပညာကို ဘာနဲ့မှ မလဲနိုင်သူ 

သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ

ပန်ဒိုရာ သို့မဟုတ် ရဲရင့်စွာ ကဗျာရေးသူ 

ဇေယျာလင်း သို့မဟုတ် ဘာသာဗေဒအခြေပြု ကဗျာ ဖန်တီးသူ

ခင်အောင်အေး သို့မဟုတ် “ကဗျာများ-၁၉၉၀”

မယ်ယွေး သို့မဟုတ် ၂၀မှာ ၁နှစ် ပေါင်းဦးမယ့် သူမ

Your Thoughts …
Tags: ကဗျာဆရာ မောင်ပြည့်မင်း
Petr Lom & ခင်မောင်အေး

Petr Lom & ခင်မောင်အေး

...

Similar Picks:

No Content Available
Next Post
“လူမျိုးစု သန့်စင် ရှင်းလင်းမှု” အပေါ် သူတို့အမြင်များ

“လူမျိုးစု သန့်စင် ရှင်းလင်းမှု” အပေါ် သူတို့အမြင်များ

ခံတွင်းကင်ဆာ လူနာတွေ အားလုံးက ကွမ်းစားကြသည်

ခံတွင်းကင်ဆာ ဝေဒနာရှင်အားလုံး ဆေးရွက်ကြီး ငုံဝါးသူများ ဖြစ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved