• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒဏ်ခတ်စာရင်းဝင် မြန်မာဘဏ်များကို အမေရိကန် ငွေလွှဲခွင့် ဖွင့်ပေး

by ဧရာဝတီ
23 February 2013
in သတင်း
A A
ဒဏ်ခတ်စာရင်းဝင် မြန်မာဘဏ်များကို အမေရိကန် ငွေလွှဲခွင့် ဖွင့်ပေး

ဦးတေဇပိုင် အာရှစိမ်းလန်းရေးဘဏ် (ဓာတ်ပုံ - ဧရာဝတီ)

24.7k
VIEWS
Share on FacebookShare on Twitter

ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းဝင် မြန်မာဘဏ် ၄ ခုနှင့် အမေရိကန် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်နိုင်ပြီ ဖြစ်ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြေညာလိုက်ပြီ ဖြစ်သည်။

ယင်းဘဏ်များမှာ မြန်မာအစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်၊ ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ဦးဇော်ဇော်ပိုင် ဧရာဝတီဘဏ်တို့ ဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် ယင်းဘဏ်များနှင့် ငွေအလွှဲအပြောင်း၊ အခြားငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်မည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ဘဏ်များကို အထွေထွေလိုင်စင် ထုတ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

“ယခု လုပ်ဆောင်ချက်ကြောင့် အမေရိကန် ကုမ္ပဏီများနှင့် အန်ဂျီအိုများကို မြန်မာပြည်ရှိ အကြီးဆုံး ဘဏ်ကြီးများနှင့် ဆက်သွယ် ဆောင်ရွက်ခွင့် ရရှိလိမ့်မည်။ ထို့ပြင် ယင်းဘဏ်များကလည်း အမေရိကန်၏ ငွေကြေးစနစ်နှင့် ချိတ်ဆက်ခွင့် ရလိမ့်မည်” ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
34
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
42
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
653

ယခုကဲ့သို့ မြန်မာဘဏ်များနှင့် လုပ်ငန်းတွဲလုပ်ခွင့် ပေးခြင်းသည် ၂၀၁၂ ခု ဇူလိုင်လတွင် ချမှတ်ခဲ့သော သမ္မတ အိုဘားမား ဦးဆောင်သည့် အမေရိကန်အစိုးရ၏ မြန်မာပြည်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု လျှော့ချရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြန်ခွင့်ပြုရေး ပေါ်လစီ၏ နောက်ဆက်တွဲ ဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အကြမ်းဖက်မှုနှင့် ငွေကြေး ထောက်လှမ်းရေးဌာန ဒု ဝန်ကြီး မစ္စတာ ဒေးဗစ်ကိုဟင်က ယခု လုပ်ဆောင်ချက်သည် မြန်မာပြည်တွင် ဖြစ်ပေါ်နေသော လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေမည်ဖြစ်ပြီး တာဝန်သိရင်းနှီးမြှုပ်နှံမှု ပုံစံကို ထမ်းပိုးပေးကာ မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သော အနာဂတ် တည်ဆောက်ရေး ပံ့ပိုးပေးမည် ဖြစ်သည်ဟု ဆိုသည်။

တချိန်တည်းတွင်ပင် မြန်မာနိုင်ငံနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေလေ့လာရန် အမေရိကန် စီးပွားရေးထိပ်သီး ၅၀ ပါဝင်သော စီးပွားရေး ကိုယ်စားလှယ်တဖွဲ့ မြန်မာနိုင်ငံသို့ ရှေ့အပတ် လာရောက်ရန်ရှိကြောင်းလည်း သိရသည်။

ယင်းသည် ပထမဆုံး အမေရိကန်၏ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ ဖြစ်ပြီး စိုက်ပျိုးရေး၊ ကားထုတ်လုပ်ရေး၊ အီလက်ထရောနစ် လျှပ်စစ်ပစ္စည်း၊ စွမ်းအင်၊ ကုန်လက်လီအရောင်း၊ တယ်လီဖုန်း ဆက်သွယ်ရေးနှင့် အခြားကဏ္ဍများမှ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်သည်။

အမေရိကန် ကုန်သည်ကြီးများအသင်း ဒု ဥက္ကဌ မစ္စ တမီအိုဗာဘီက ဤခရီးစဉ်သည် အရေးပါသော သမိုင်းမှတ်တိုင်ဖြစ်ပြီး နှစ်နိုင်ငံ စီးပွားဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရာတွင် ကြီးမားသော တိုးတက်မှု ဖြစ်သည်ဟု ထုတ်ပြန်ကြေညာထားသည်။

Your Thoughts …
Tags: BankingSanctionUSA
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

by ဧရာဝတီ
28 June 2025
894

ထရမ့်ရဲ့ ဖုန်းတွေက အမေရိကန်ကို ပြန်လည် ကြီးမြတ်စေမယ် ဆိုတဲ့ ကတိကို ဆက်လက် ကိုင်စွဲထားပေမယ့် အမေရိကန်မှာ ထုတ်လုပ်သွားမယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

မြန်မာတွေရဲ့ “အမေရိကန်အိပ်မက်” ရပ်သွားပြီလား (ရုပ်/သံ)

မြန်မာတွေရဲ့ “အမေရိကန်အိပ်မက်” ရပ်သွားပြီလား (ရုပ်/သံ)

by ဧရာဝတီ
13 June 2025
336

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးခဲ့တဲ့ ခရီးသွားပိတ်ပင်မှု ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့် မရှိတော့ပါဘူး။

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

by ဧရာဝတီ
28 September 2024
269

ရိုက်ကူး - သူရ၊ ဗိုလ်ကျန်၊ လင်းထက် တည်းဖြတ် - လင်းထက်

အမေရိကန်ရဲ့ ကျားဖြန့်စစ်ဆင်ရေးအပေါ် စစ်တပ် သံသယဝင်နေ (ရုပ်/သံ)

အမေရိကန်ရဲ့ ကျားဖြန့်စစ်ဆင်ရေးအပေါ် စစ်တပ် သံသယဝင်နေ (ရုပ်/သံ)

by ဧရာဝတီ
19 November 2025
255

အမေရိကန်က ဖွဲ့စည်းလိုက်တဲ့ ကျားဖြန့်တိုက်ဖျက်ရေးစီမံကိန်းရဲ့ နောက်ကွယ်မှာ နက်နဲ့တဲ့ လျှို့ဝှက်ရည်ရွယ်ချက် ရှိနေနိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုသွားပါတယ်။

သမ္မတ ထရမ့်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဘယ်သူတွေအကျိုးအမြတ်ရှိမှာလဲ (ရုပ်/သံ)

သမ္မတ ထရမ့်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဘယ်သူတွေအကျိုးအမြတ်ရှိမှာလဲ (ရုပ်/သံ)

by ဧရာဝတီ
8 July 2025
239

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က "One Big Beautiful Bill" လို့ခေါ်တဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်ကို ဇူလိုင်လ ၄ ရက်မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

by ဧရာဝတီ
8 January 2026
168

၂၀၂၆ နှစ်အစမှာတင် မြန်မာတွေရော တကမ္ဘာလုံးကပါ ပြောစရာ ဖြစ်လာတဲ့ ဗင်နီဇွဲလားသမ္မတကို အမေရိကန်တပ်တွေ ဝင်ဖမ်းသွားတာအပေါ် ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နဲ့ အမှုဆောင် အယ်ဒီတာ ရဲနည်တို့ ဆွေးနွေးသုံးသပ်ချက်ကို ကြည့်ရှုနားဆင်နိုင်ကြပါတယ်။

Next Post
ဖရိုဖရဲ အနာဂတ် ရန်ကုန်မြို့တော်လား

ဖရိုဖရဲ အနာဂတ် ရန်ကုန်မြို့တော်လား

အလုပ်သမား ဥပဒေ ခိုင်မာအားကောင်းရန် လိုအပ်နေဟုဆို

အလုပ်သမား ဥပဒေ ခိုင်မာအားကောင်းရန် လိုအပ်နေဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved