• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မွန်ပြည်သစ်နှင့် အစိုးရတပ်ဖွဲ့ တိုက်ခိုက်မှု မှားယွင်း ပစ်ခတ်ခြင်းဟု ဆို

by မြတ်စုမွန်
18 July 2013
in သတင်း
A A
မွန်ပြည်သစ်နှင့် အစိုးရတပ်ဖွဲ့ တိုက်ခိုက်မှု မှားယွင်း ပစ်ခတ်ခြင်းဟု ဆို

ဘုရားသုံးဆူဒေသ စစ်ရေးပြအခမ်းအနားတခုတွင် တွေ့ရသော မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)

3.8k
VIEWS
Share on FacebookShare on Twitter

အပစ်အခတ် ရပ်စဲရေး သဘောတူထားသည့် မွန်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နှင့် အစိုးရတပ်မတော်အကြား ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် တပ်မတော်ဘက်မှ မှားယွင်းပစ်ခတ်မိခြင်း ဖြစ်ကြောင်း အကြောင်းပြန်သည်ဟု မွန်ပြည်သစ်ပါတီ (NMSP) ၏ မော်လမြိုင်ဆက်ဆံရေး ရုံးတာဝန်ခံ နိုင်တလညီက ဧရာဝတီသို့ ပြောသည်။

“သက်ဆိုင်ရာက ပြောတာက ကျနော်တို့စခန်းကို ဝင်တိုက်တာ မဟုတ်ဘူး။ မွန်ထဲကပဲ နိုင်ပန်းညွန့် ဦးဆောင်တဲ့ ဟံသာဝတီ ပြန်လည် ထူထောင်ရေးအဖွဲ့နဲ့ မှားပြီး ဝင်တိုက်တယ်လို့ ပြောတယ်။ နယ်ခြားစောင့်တပ်ကိစ္စနဲ့တော့ မဆိုင်ဘူး။ သူတို့ မှားတယ်ဆိုတာ၊ ဘယ်ပုံဘယ်နည်းနဲ့ မှားတယ်ဆိုတာ ဟိုဘက်နဲ့လည်း အလှမ်းဝေးနေတော့ အတိအကျ မသိသေးဘူး” ဟု နိုင်တလညီက ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
548
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
97

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်၊ နံနက် ၁၀ နာရီခန့်တွင် အစိုးရ တပ်မတော် တပ်မ (၅၈၁) မှ ဗိုလ်ကြီး နေမျိုး ဦးဆောင်သည့် တပ်ဖွဲ့နှင့် မြိတ်ခရိုင်၊ မဏ္ဍိုင်မြို့နယ်ခွဲ၊ သုမင်္ဂလံရွာအနီးတွင် တိုက်ပွဲငယ်တခု ဖြစ်ပွားခဲ့ပြီး မွန်ပြည်သစ်ပါတီဘက်မှ ရဲဘော် ၂ ဦးကျဆုံးခဲ့ကာ အရပ်သား ၂ ဦး အဖမ်းခံထားရကြောင်းလည်း သိရသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းသည် နယ်ခြားစောင့်တပ်ကိစ္စနှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ ၁၉၉၅ ခုနှစ်မှ စတင်၍ ယခုချိန်အတွင်း ပထမဆုံး ဖြစ်ပွားသည့် တိုက်ပွဲဖြစ်ကြောင်း နိုင်တလညီက ပြောသည်။

သူက “၁၈နှစ်အတွင်းမှာ ဒါ ပထမဆုံး သေနတ် ပြန်ဖောက်တာပဲ” ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် သုမင်္ဂလံကျေးရွာ ဥက္ကဋ္ဌ ဦးနိုင်ကောင်းနိုင်ကလည်း “ ၅၈၁ တပ်ကို ကျနော်တို့ ဒီဘက်မှာ တခါမှ မကြားဖူးဘူး။ ဒီဘက်ကို မလာဖူးဘူး။ ဒီမှာက နယ်စပ်ကိုသွားလာပြီး အလုပ်လုပ်နေတဲ့သူတွေ၊ ဒုက္ခရောက်နေတဲ့သူတွေ၊ အိုးမဲ့အိမ်မဲ့လူတွေ နေနိုင်အောင် အိမ်ခြေ ၂၀ လောက်ဆောက်ထားတယ်။ ရွာသားဦးရေ ၂၀၀ လောက်က ပြောင်း စိုက်ပျိုးပြီးနေကြတယ်။ အခုက ရွာသားတွေ လုံခြုံရေးအတွက် ချထားတဲ့တပ်နဲ့ ဖြစ်ကြတာ” ဟု ပြောသည်။

ထို့အပြင် မွန်ပြည်သစ်ပါတီ အနေဖြင့် အစိုးရတာဝန်ရှိသူများနှင့် ဆက်ဆံရေးပိုင်းတွင် နှစ်ဘက်ဆွေးနွေးမှုများ တရားဝင် ဆက်လက် ပြုလုပ်ခြင်းနှင့် မိမိတို့ လုံခြုံရေးအတွက် ပြန်လည် ခုခံနိုင်ရန် စစ်ရေးပြင်ဆင်မှုကို တပြိုင်နက်တည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ပါတီ၏ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗန်ခိုင်က ဧရာဝတီသို့ ပြောသည်။

“အခု ကျနော်တို့တွေ တဖက်ကလည်း တကယ့် ပြဿနာအမှန်ကို ဖြေရှင်းနိုင်အောင် နိုင်ငံရေးဆွေးနွေးဖို့ ကြိုးပမ်းနေတဲ့အချိန်၊ ယုံကြည်မှု တည်ဆောက်နေရတဲ့အချိန်၊ ပိုပြီး အရေးကြီးတဲ့အချိန်၊ ဆတ်ဆတ်ထိမခံဖြစ်တဲ့ ဒီလိုအချိန်မျိုးမှာ ဒီလိုဖြစ်တာ မကောင်းဘူးလို့ မြင်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍ အစိုးရအဖွဲ့အနေဖြင့် မည်သို့ ကြားဝင်စေ့စပ်မည်ကို မွန်ပြည်နယ် အစိုးရအဖွဲ့သို့ ဧရာဝတီမှ တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ရုံးခန်းမှ တာဝန်ရှိသူတဦးက “မွန်ပြည်နယ်ထဲမှာ ဖြစ်တာ မဟုတ်ဘူး။ ထားဝယ်ဘက်မှာ ဖြစ်တာ။ ကျနော်တို့ဆီကို ဘာသတင်းမှ မတက်ဘူး” ဟု ဖြေကြားခဲ့သည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံအချို့လည်း ထိုင်းနိုင်ငံဘက်သို့ ရှောင်တိမ်းလာကြကြောင်း ထိုင်း-မြန်မာနယ်စပ်၊ ပန်ကျုပ်ခရိုင်ရှိ ရော်ဘာစိုက်ခင်းများတွင် အလုပ်လုပ်ကိုင်နေသည့် နိုင်လဂွန်းက ဧရာဝတီသို့ ပြောသည်။

မွန်ပြည်နယ်နှင့် မြိတ်ခရိုင်နယ်တဝိုက်တွင် မွန်ပြည်သစ်ပါတီနှင့် ယင်းပါတီမှ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ခွဲထွက်သွားသည့် ဟံသာဝတီ ပြန်လည်ထူထောင်ရေးအဖွဲ့၏ လက်ကျန်တပ်ဖွဲ့ ၂ ဖွဲ့ ရှိကြောင်း နိုင်ဟံသာဗန်ခိုင်က ပြောသည်။

“အခုဖြစ်တဲ့တပ်က ဗိုလ်မှူး နိုင်တမော့ချမ်းက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က နိုင်ပန်းညွန့်တို့ ခွဲထွက်စဉ်မှာ အတူပါသွားခဲ့တယ်။ နောက်ပိုင်း မွန်ပြည်သစ်ကို ပြန်လည် ဝင်ရောက်လာတာ ၄၊ ၅ နှစ်လောက်ရှိခဲ့ပြီ။ ဒီဘက်ပြန်ဝင်လာတော့ အဲဒီနေရာမှာ သူတို့ကို တာဝန်ပေးလိုက်တယ်။ ဒီကတပ်ဖွဲ့တွေကိုလည်း အင်အားဖြည့်ပေးထားတယ်” ဟု သူက ဆက်လက်ပြောသည်။

ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် အစိုးရ တပ်မတော်ကြားတိုက်ပွဲ ဖြစ်ပွားခြင်းကြောင့်၊ မြန်မာ့ငြိမ်းချမ်းရေး လမ်းကြောင်းအပေါ် အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ UNFC ဒုတိယ အထွေထွေအတွင်း ရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဆက်သွယ်မေးမြန်းခဲ့ရာ “အပစ်ရပ်ပြီးတော့မှာ တို့က အပစ်ရပ်ပြီ ဆိုပြီးတော့ အရင်တိုက်နေတုန်းက မသွားဖူး၊ မရောက်ဖူးတဲ့ နေရာတွေမှာ တပ်အသစ်တွေသွားချရင် အတိုက်ခံရတတ်တယ်။ အခုလည်း မွန်တပ်က မြိတ်၊ ထားဝယ် အောက်မှာ ဌာနချုပ်နဲ့လည်း အဝေးကြီး။ အဲဒီဘက်မှာ လက်ကျန်လေး ရှိတဲ့နေရာမှာ နယ်မြေတိုးချဲ့တဲ့သဘောလို့ တွက်ရင် အဲဒီလို ပဋိပက္ခဖြစ်တတ်တယ်။ နိုင်ပန်းညွန့်တပ်ကို မွန်ပြည်သစ်က လူထပ်ဖြည့်ပြီးတော့ နိုင်ပန်းညွန့် နေခဲ့တဲ့နေရာမှာ သူတို့နေရာလို့ သွားလုပ်လိုက်တာ အဲဒီအပေါ်မှာ နည်းနည်းရှုပ်သွားတာ ဖြစ်နိုင်တယ်” ဟု ဖြေကြားသည်။

သူကဆက်လက်၍ “စစ်ရေးအပိုင်းမှာတော့ လျှော့ပေါ့ပေးဖို့ သိပ်မလွယ်တဲ့သဘော။ တပ်မတော်ဘက်က စစ်ရေးနဲ့ပတ်သက်လို့ မူလ နေရာမှာမနေဘဲ အပစ်ခတ်ရပ်စဲရေးကို အကြောင်းပြုပြီး နယ်မြေတိုးချဲ့တာ၊ နေရာသစ်ယူတာတို့ကျတော့ သည်းခံချင်တဲ့ပုံ မပေါ်ဘူး။ စစ်ရေးဘက်ကတော့ သိပ်မလုပ်ချင်တဲ့ သဘော။ နိုင်ငံရေးဘက်ကတော့ ဆွေးနွေးပွဲတွေ၊ လူထုတွေ့ဆုံပွဲတွေ လွှတ်ထားတာရှိတယ်။ မြို့ထဲဖြစ်ဖြစ် တောမှာဖြစ်ဖြစ်။ အဲဒီလို သုံးသပ်မိတယ်” ဟု ပြောသည်။

ထို့အပြင် ယင်းကိစ္စနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီအနေဖြင့် UNFC သို့ အကြောင်းကြားခြင်း မရှိသေးသည့်အတွက်၊ ကြားဝင်စေ့စပ်ပြုလုပ်ရန် မဖြစ်နိုင်သေးကြောင်း သူက ဆက်ပြောသည်။

ယင်းသို့ အပစ်ရပ်ထားစဉ် ကာလတွင် လက်နက်ကိုင် တိုင်းရင်းသားများဘက်မှ နယ်မြေတိုးချဲ့ခြင်းကြောင့် အစိုးရတပ်နှင့် ပဋိပက္ခဖြစ်ဖူးသည့် သာဓကများလည်း ရှမ်းပြည်နယ်ဘက်တွင် ဖြစ်ဖူးကြောင်း ဗိုလ်မှူးကြီးခွန် ဥက္ကာက ပြောသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ တွင် အစိုးရတပ်မတော်နှင့် အပစ်အခတ် ရပ်စဲရေးအတွက် ပထမအကြိမ် သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။

Your Thoughts …
Tags: CeasefireMon State
မြတ်စုမွန်

မြတ်စုမွန်

Contributor

Similar Picks:

ပအိုဝ်းအမျိုးသား တပ်မတော် ပြည်သူ့စစ် ကွပ်ကဲရေးမှူးနှင့် …

ပအိုဝ်းအမျိုးသား တပ်မတော် ပြည်သူ့စစ် ကွပ်ကဲရေးမှူးနှင့် …

by ဧရာဝတီ
15 June 2013
6.3k

PNA ပြည်သူ့စစ် တွေက ငြိမ်းချမ်းရေး ကနေ အသွင်ပြောင်း လာတဲ့ အတွက်ကြောင့် ကိုယ့် သေနတ် ကိုယ် ကိုင်ရတယ်။ ကိုယ့်နယ်မြေ ကို ကိုယ်ကာကွယ်ရတယ်

မွန် တိုင်းရင်းသား ဝန်ကြီး ခန့်အပ်နိုင်ရေး မွန် လူဦးရေ စာရင်း ကောက်မည်

မွန် တိုင်းရင်းသား ဝန်ကြီး ခန့်အပ်နိုင်ရေး မွန် လူဦးရေ စာရင်း ကောက်မည်

by မေစစ်ပိုင်
18 September 2013
2.6k

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မွန် လူဦးရေစာရင်းကို အစိုးရက လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ရှိခဲ့တဲ့ လူဦးရေ ၃၆၀၆၀ ကို ယူလိုက် တော့ ရွေးကောက်ခံ ကိုယ်စားလှယ် ဆုံးရှုံးမှုရှိခဲ့တဲ့ အနေအထားပါ၊ ဒါကြောင့်...

ဆက်ဆံရေးရုံး ကိစ္စ KNU သဘောကွဲ

by သန်းထိုက်ဦး
28 September 2012
5.2k

“ဘယ်လို အရေးယူ ဆောင်ရွက် မလဲဆိုတာ တိုင်ပင်ဆွေးနွေးနေပြီ၊ KNU ရဲ့ မူမှာ အရေးယူ ဆောင်ရွက်မှုကတော့ သတိပေးတာ ရှိတယ်၊ ပညာပေး ရှေ့ဆောင်တာ ရှိတယ်၊ ထုတ်လိုက်တာ ရှိတယ်”

စိုးရိမ်ကြောင့်ကြမှုကင်းတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်စေချင်တယ်

စိုးရိမ်ကြောင့်ကြမှုကင်းတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်စေချင်တယ်

by ဧရာဝတီ
23 January 2015
4.8k

အခု ကျနော်တို့ ပြောနေတာက တနိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့ စာချုပ်ဆိုရင် တချိန်တည်း တပြိုင်တည်း ထိုးရမယ်။ အဲဒီလို မဟုတ်ဘူး ဆိုရင်တော့ စာအုပ်ဖွင့် ထားပြီးမှ ထိုးစရာ မလိုတော့ဘူး။ ထိုးထားပြီးတဲ့ လူတွေက အများစု...

NCCT, IDP, အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု, တိုင်းရင်သား လက်နက်ကိုင်အဖွဲ့, စစ်တပ်, ကာချုပ်,

တနိုင်ငံလုံး အပစ်ရပ်ရေး ဝေးနေဦးမယ်

by မေခ
9 October 2014
3.4k

အစိုးရပိုင်း ကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နိုင်ငံတော် သမ္မတ အထိပါ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါပေ မယ့် ဒီလိုတောင်းဆိုမှုကို အစိုးရဘက်က စင်ပြိုင်ထောင်နိုင်တယ် ဆိုတဲ့ အမြင်ရှိနေတယ်

မော်လမြိုင်တွင် ရဲကို ဝိုင်းရိုက်သူများအား ဖမ်းဆီးစစ်ဆေးနေ

မော်လမြိုင်တွင် ရဲကို ဝိုင်းရိုက်သူများအား ဖမ်းဆီးစစ်ဆေးနေ

by ကျော်ခ
26 April 2013
11.5k

ပဋိပက္ခ ဖြစ်ပွားစဉ်အတွင်း ရဲအရာရှိထံမှ ပျောက်ဆုံးသွားခဲ့သော ခြောက်လုံးပြူး သေနတ်တလက်လည်း ပြန်လည်ရရှိ သကဲ့သို့ ဒဏ်ရာရရှိသူ ရဲဝန်ထမ်းမှာလည်း သက်သာ ကောင်းမွန်လာပြီ ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ဧရာဝတီသို့ ပြောဆိုသည်။

Next Post
ဘိန်း အဆိပ်သင့် တောင်တန်း (ရုပ်/သံ)

ဘိန်း အဆိပ်သင့် တောင်တန်း (ရုပ်/သံ)

အာဇာနည်နေ့ အောက်မေ့ဖွယ် ပုံရိပ်များ

အာဇာနည်နေ့ အောက်မေ့ဖွယ် ပုံရိပ်များ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved