• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

နိုင်ငံရေး၊ ဘာသာရေးနဲ့ ပျောက်ဆုံးနေသော ခနီ္တစ

by ညီစောလွင်
26 July 2013
in Human Rights
A A
နိုင်ငံရေး၊ ဘာသာရေးနဲ့ ပျောက်ဆုံးနေသော ခနီ္တစ

အီဂျစ် စစ်အာဏာ ပြန်သိမ်းခံရတာဟာ ဘာသာရေးက နိုင်ငံရေးမှာ ဩဇာလွှမ်းလာတာ ဖြစ်လို့မို့ မြန်မာ့နွေဦးက လေ့လာသင်ခန်းစာ ယူသင့်ပါတယ် (ဓာတ်ပုံ - hizb.org.uk)

6k
VIEWS
Share on FacebookShare on Twitter

အာရပ်နွေဦးမှာ အီဂျစ်နိုင်ငံ စစ်အာဏာပြန်သိမ်းခံရတာကို ကြည့်ရင် ဘာသာရေးဟာ ဒီမိုကရက်တစ် နိုင်ငံရေးမှာ ဩဇာလွှမ်းလာလို့ဆိုတာ အဓိက အကြောင်းခြင်းရာတရပ် ဖြစ်တာမို့ ဘာသာရေး လူမျိုးရေး ပဋိပက္ခမီးတွေ မကြာသေးခင်ကပဲ တောက်လောင်ခဲ့ရတဲ့ ကျနော်တို့ မြန်မာ့နွေဦးက လေ့လာသင်ခန်းစာ ယူသင့်ပါတယ်။

တကယ်တော့ ဒီမိုကရေစီစနစ်နဲ့ ဘာသာရေး နှစ်မျိုးစလုံးကို ရှင်သန်ထွန်ကားဖို့ ဆိုရင် အင်စတီကျူးရှင်းအရ သိသိ သာသာခွဲထားဖု့ိ လိုအပ်တယ်လို့ဆိုတဲ့ အချက်ကို နိုင်ငံရေး သိပ္ပံပညာရှင်တွေ ရှာဖွေ ဖော်ထုတ်ပြီး လက်တွေ့ကျင့်သုံး လာကြတာ ကြာခဲ့ပါပြီ။

ဥရောပ အစဉ်အလာအရ နိုင်ငံတော်နှင့် ဝတ်ကျောင်းတော် ခွဲခြားခြင်း (State and Church Separation) အယူအဆကို ဆိုလိုပါတယ်။ ပိုပြီး ထဲထဲဝင်ဝင် လေ့လာကြည့်ရင်တော့ နိုင်ငံတော်နဲ့ ဝတ်ကျောင်းတော် ခွဲခြားတဲ့ ပုံစံက တနိုင်ငံနဲ့ တနိုင်ငံ မတူပါဘူး။ ပြင်သစ်တော်လှန်ရေးက မွေးဖွားပေးလိုက်တဲ့ ပြတ်သားတဲ့ ပြင်သစ်ဓလေ့ကနေ အပြုသဘော ညှိနှိုင်းမှု (Positive Accommodation) ဆိုတာကို ဥပဒေနဲ့ ပြဌာန်းထားတဲ့ ဂျာမနီ ပုံစံအထိ ကိုယ့်ဓလေ့နဲ့ကိုယ် ဆက်ဆံရေး ပုံစံတွေအထိ ခြားနားပါတယ်။ ဂျာမနီမှာ ဝတ်ကျောင်းတော်တွေ အတွက် အခွန်တော်တွေကို နိုင်ငံတော်က ကောက်ခံပေးပါတယ်။ ဒီလိုပဲ ဆွစ်စလန်၊ ဘယ်လဂျီယံ၊ နယ်သာလန်၊ သြစတြီးယားတို့ရဲ့ နိုင်ငံတော်နဲ့ ဝတ်ကျောင်းတော် ခွဲခြားတဲ့ ပုံစံတွေလည်း တနိုင်ငံနဲ့ တနိုင်ငံ မတူပါဘူး။

ဒါပေမယ့် အားလုံး တူညီချက်တခုတော့ ရှိပါတယ်။ အဲဒါကတော့ Twin Toleration လို့ ခေါ်တဲ့ အပြန်အလှန်ခန္တီစတရား ရှင်သန်နေတာပါပဲ။ အတိအကျ ပြောရရင် ဘာသာရေး အာဏာပိုင်တွေဟာ ဒီမိုကရေစီ အစိုးရ တရပ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ လုပ်ကိုင် ဆောင်ရွက်နေတာကို ဝင်ပြီး မထိန်းချုပ်သလို ဒီမိုကရေစီ အစိုးရကလည်း ဘာသာရေး အကြီးအကဲတွေက နိုင်ငံသားတဦးချင်းစီရဲ့ အခွင့်အရေးတွေ အပေါ် လေးစားနေသမျှ ဘာသာရေး ကိစ္စတွေမှာ ဝင်ပြီး မထိန်းချုပ်ပါဘူး။

ဒီလို အပြန်အလှန် ခန္တီစတရားကို ကိုယ့်နိုင်ငံအခြေအနေနဲ့ လိုက်လျှောညီထွေ ကျင့်သုံးနိုင်တဲ့ အတွက် နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်လည်း ထွန်းကားသလို ဘာသာရေးလည်း စည်ပင်ပါတယ်။ ဒီမိုကရေစီထွန်းကားတဲ့ အီးယူ နိုင်ငံတွေထဲက သုံးပုံတပုံမှာ အစဉ်အလာအရ အလွန်သြဇာကြီးတဲ့ ကျောင်းတော်တွေလည်း ထည်ထည်ဝါဝါ တည်ရှိနေတာ သက်သေပါပဲ။

အစမှာ ဆွေးနွေးထားတဲ့ အစ္စလာမ်ဘာသာဘက်ကို ကြည့်ရအောင်။ အစ္စလာမ်ဘာသာနဲ့ ဒီမိုကရေစီအကြောင်းပြောတဲ့ အခါ မပြောရင် မဖြစ်တဲ့ကိစ္စက ပါမောက္ခ ဟန်တင်တန်ရဲ့ အငြင်းပွားဖွယ် အဆိုပြုချက်ပါပဲ။ ဟန်တင်တန်က အစ္စလာမ်ဘာသာတရားဟာ ဒီမိုကရေစီ ဖြစ်စဉ်ကို အကြီးအကျယ် အဟန့်အတား ဖြစ်စေလိမ့်မယ်လို့ ကြိုတင် နိမိတ်ဖတ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ အစ္စလာမ်ဘာသာနဲ့ ဒီမိုကရေစီတို့ အတူယှဉ်တွဲရှိနေတဲ့ နိုင်ငံတွေ ရှိပါတယ်။

နိုင်ငံတွေနဲ့ အတိအကျ ပြောရရင် အယ်ဘန်နီးယား၊ အင်ဒိုနီးရှား၊ ဆီနီဂေါ၊ တူရကီတို့ ဖြစ်ပါတယ်။  လူဦးရေ သန်း ၃၀၀ နီးပါး ရှိပါတယ်။ အိန္ဒိယမှာလည်း မွတ်ဆလင် ဦးရေက ၁၇၈ သန်းလောက်ရှိတဲ့အတွက် ဒီမိုကရေစီ စနစ်အောက်မှာ နေထိုင်တဲ့ မွတ်ဆလင်ဦးရေ (ဥရောပမပါ) သန်း ၅၀၀ နီးပါး ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဒီနိုင်ငံတွေမှာ ဒီမိုကရေစီနဲ့ ဘာသာရေး ဘယ်လိုလုပ် သဟဇာတဖြစ်နေသလဲဆိုရင် စောစောက ဥရောပမှ တွေ့ရတဲ့ အပြန်အလှန် ခန္တီစတရား ကြောင့်ပါပဲ။ အင်ဒိုနီးရှား၊ ဆီနီဂေါ တို့ဆိုရင် ဒီမိုကရေစီ ဖူးသစ်စ နိုင်ငံတွေပါ၊ ဒါပေမယ့် ဘာသာရေး ခေါင်းဆောင်တွေ ကိုယ်တိုင်က Sharia ဥပဒေကို ကျင့်သုံးချင်တဲ့ သူတွေကို “ ကိုရမ်ကျမ်းထဲမှာ အစ္စလာမ္မစ် နိုင်ငံ ထူထောင်ရမယ်လို့ မပါဘူး” “ မွတ်စလင်တွေကို ရှာရီးယား (Sharia) ဥပဒေ ကျင့်သုံးတဲ့ နိုင်ငံတော်၊ အစ္စလာမ္မစ် နိုင်ငံတော် ထူထောင်ဖို့ တာဝန်တရပ်အနေနဲ့ လမ်းညွန်ထားတာ မရှိဘူး” လို့ နားချလေ့ရှိတယ်။

ဒါပေမယ့် လူထုရေးရာ ပေါ်လစီတွေ ချမှတ်တဲ့နေရာမှာတော့ တနိုင်ငံနဲ့ တနိုင်ငံ မတူပြန်ပါဘူး။ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဆီနီဂေါတို့မှာ ဘာသာရေး ပွဲတော်တွေက ဥရောပ စံနဲ့ တိုင်းတာရင် အလွန်များနေပါတယ်။ ဥပမာ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဆွွီဒင်၊ ဆွစ်ဇာလန်တို့မှာ အားလုံးပေါင်းမှ ဘာသာရေး အလုပ်ပိတ်ရက် ၇၆ ရက်ပဲ ရှိတယ်။ အားလုံးကို ခရစ်ယာန် ပြက္ခဒိန်တွေနဲ့ပဲ သတ်မှတ်တယ်။ တခြား ဘာသာဝင်တွေရဲ့ ပြက္ခဒိန်တွေကို ထည့်မစဉ်းစားပါဘူး။

အင်ဒိုနီးရှားမှာကျတော့ အစ္စလာမ်ဘာသာဝင်တွေအတွက် ပိတ်ရက်က ၇ ရက်၊ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်၊ ကွန်ဖြုရှပ်ဝါဒီ၊ ဟိန္ဒူဘာသာဝင်တွေအတွက် ၇ ရက် ပိတ်ရက် သတ်မှတ် ပေးထားတယ်။ ဆီနီဂေါမှာလည်း အစ္စလာမ်တွေအတွက် ပိတ်ရက်က ၇ ရက်၊ လူဦးရေ ၁၀ ပုံတပုံပဲ ရှိတဲ့ ခရစ်ယာန်တွေအတွက် ပိတ်ရက် ၆ ရက် သတ်မှတ်ပေးထားတာတွေ့ရတယ်။ အိန္ဒိယမှာ ဟိန္ဒူတွေအတွက် ပိတ်ရက်က ၅ ရက်၊ တခြား ဘာသာဝင်တွေအတွက် စုစုပေါင်း ပိတ်ရက် ၁၀ ရက် သတ်မှတ်ထားတယ်။

သုံးနိုင်ငံစလုံးမှာ ဘာသာရေး အင်စတီကျူးရှင်းတွေကို နိုင်ငံတော်က ဘဏ္ဍာငွေထောက်ပံ့တယ်။ အထူးသဖြင့် ဘာသာရေးကျောင်းတွေနဲ့ ဆေးရုံတွေကို ထောက်ပံ့ပါတယ်။ မူဝါဒ ချမှတ်တဲ့ နေရာမှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ တိုင်ပင်တာတွေ လည်း ရှိပါတယ်။ (ပြင်သစ်နဲ့ အမေရိကန် ပုံစံတွေနဲ့တော့ လုံး၀ ခြားနားပါတယ်။)

အင်ဒိုနီးရှားနဲ့ ဆီနီဂေါမှာဆိုရင် ပညာရေးပေါ်လစီတွေကို ဆွေးနွေးတဲ့ အခါမှာ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ပညာရေး ဝန်ကြီးဌာနက ကျွမ်းကျင်သူတွေ တိုင်ပင်ပါတယ်။ သင်ရိုးညွန်းတမ်းတွေကို ညှိနှိုင်းရေးဆွဲပါတယ်။ ဘာသာရေးနဲ့ ဆိုင်တဲ့ သမိုင်းကြောင်း သင်ရိုး၊ စံတွေကို တိုင်ပင်တယ်။ အကျိုးရလဒ်ကတော့ မိဘတွေက သားသမီး ကျောင်းကို အရင်ထက် ပို့ဖို့ စိတ်အားထက်သန်လာတာပါပဲ။ အင်ဒိုနီးရှားမှာ ၁၁ နှစ်ကနေ ၁၄ နှစ် အကြား အရွယ် ယောကျၤားလေး ၉၆ ရာခိုင်နှုန်း၊ မိန်းကလေး ၉၅ ရာခိုင်နှုန်းက စာတတ်ကြတယ်။

ဆီနီဂေါမှာဆိုရင် မိန်းကလေးရဲ့ မျိုးပွားအင်္ဂါကို ဖြတ်တောက်လေ့ရှိတဲ့ ဓလေ့ဟာ ကိုရမ်ကျမ်းထဲမှာ၊ ရှေးဟောင်းကျမ်းတွေထဲမှာ  အမှန်တကယ် လမ်းညွန်ခဲ့တာ ဟုတ်မဟုတ် ဆိုတာကို ဘာသာရေးအဖွဲ့တွေက စနစ်တကျ လေ့လာပြီး မဟုတ်တဲ့ အကြောင်း တွေ့ရှိလို့ ပယ်ချ ခဲ့တယ်။ ဒါကြောင့် ကုလသမဂရဲ့ အဲဒီ အလေ့အထ တိုက်ဖျက်ရေး စီမံကိန်း အလွန်ထိရောက် အောင်မြင်ခဲ့တယ်။ အစိုးရ ပေါ်လစီတွေနဲ့ ဘာသာရေး အဖွဲ့အစည်းတွေ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အောင်မြင်မှုကို ဆိုလိုတာပါ။

ဗုဒ္ဓဘာသာမှာတော့ ဒီမိုကရေစီကို အန္တရာယ်ပေးတဲ့ ဘာသာတရားအဖြစ် တင်ပြတဲ့ ပညာရှင် မရှိပါဘူး။ ဆရာ ပါရဂူရေးတဲ့ ရာဇာနှင့် သာသနာ စာအုပ်မှာ အာသောက ဘုရင် ခေတ်ကစလို့ နိုင်ငံရေးနဲ့ ဘာသာရေး မရောထွေးတဲ့ Secular State ပုံစံတပိုင်း၊ Secular State ပုံစံကနေ ခွဲထွက်တာက တပိုင်း ကျင့်သုံးတာ တွေ့ရတယ်လို့ ဖတ်ရပါတယ်။

“ဘုရင် အသောကသည် ထီးနန်းကို တရားဓမ္မအပေါ် အခြေခံအောင် လုပ်ပြီးသည့်နောက်၌ပင် ထီးနန်းကို တရားဓမ္မအပေါ် စိုးမိုးခွင့်မပေးပေ။ တစ်ဖက်က ဗုဒ္ဓတရားကို သက်ဝင်ယုံကြည်သူဖြစ်သည့်အတိုင်း တစ်ဖက်ကလည်း အုပ်ချုပ်သူ မင်းလုပ်သူအနေဖြင့် နိုင်ငံအတွင်းရှိ ဘာသာတရားအားလုံးကို တိုးတက်ကြီးပွားခွင့်ရှိအောင် လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးထားသည်။ မိမိဘာသာအတွက် အခြားဘာသာတရားများကို မည့်သည့်အခါမှ ဖိနှိပ်ချုပ် ချယ်ခွင့်မပြုပေ” လို့ ရေးပါတယ်။ လောကီ လူမှုရေး၊ လူမှုကိစ္စတွေအတွက် ဗုဒ္ဓ ဟောကြားထားတဲ့ မင်္ဂလသုတ်၊ အပရိဟာနိယတရား စသဖြင့် တရားတော်တွေကို နိုင်ငံ တည်ဆောင်ရေးမှာ သုံးနိုင် တယ်လို့ ဆရာပါရဂူက ထောက်ပြတယ်။

မြန်မာပြည်မှာ ကုန်းဘောင်ခေတ် နှောင်းပိုင်း ယောအတွင်းဝန် ဦးဘိုးလှိုင်ရဲ့ ရာဇဓမ္မသင်္ဂဟ ကျမ်းမှာလည်း အနောက်တိုင်းက လာတဲ့ ဒီမိုကရေစီစနစ်ကို ဘုရားဟော အပရိဟာနိယ တရား (၇) ပါး၊ မင်းကျင့်တရား (၁၀) ပါး တို့နဲ့ ချိန်ထိုးပြထားတာလည်း တွေ့နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတချို့မှာလည်း ဗုဒ္ဓဘာသာကျမ်းဂန် အကိုးအကားနဲ့ ဒီမိုကရေစီစနစ်ကို လူထုနားလည်အောင် ရှင်းပြတာကို တွေ့နိုင်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို ကြည့်မယ်ဆိုရင်လည်း ဗုဒ္ဓဘာသာဝင်တွေ ၉၅ ရာခိုင်နှုန်းအထိ ရှိပေမယ့် နိုင်ငံရေးနဲ့ ဘာသာရေး မရောထွေးတဲ့နိုင်ငံ အဖြစ် အသေအချာ ရပ်တည်နိုင်တာကို တွေ့နိုင်ပါတယ်။ တိဘက်လို အစဉ်အလာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး (ဒလိုင်းလားမား အဆက်ဆက်) အုပ်ချုပ်ခဲ့တဲ့ တိုင်းပြည် အတွက် အခုနောက်ဆုံး ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ပြည်ပရောက် တိဘက်တွေ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံက Secular State ပုံစံ ဖြစ်နေပါပြီ။ ဗုဒ္ဓဘာသာဟာ ဒီမိုကရေစီစနစ်၊ Secular State ပုံစံအတွက် အဟန့်အတားမဖြစ်ပါဘူး။ ဒီမိုကရေစီစနစ်၊ နိုင်ငံရေးနဲ့ ဘာသာရေး မရောထွေးတဲ့နိုင်ငံ အတွက် အထောက်အပံ့ပေးတဲ့ ဘာသာတရား တရပ်အနေနဲ့ တင်ပြထားတဲ့ စာတမ်းတွေ အများကြီး ရှိပါတယ်။

ဒါပေမယ့် မြန်မာအပါအဝင် ဗုဒ္ဓဘာသာအများစု နေထိုင်တဲ့ နိုင်ငံတွေကို ကြည့်ရင် ကျောင်းတော်တွေရဲ့ အခန်းကဏ္ဍ (တနည်း သံဃာတော်တွေရဲ့) ဖြတ်သန်းခဲ့ရတဲ့ သမိုင်း နောက်ခံချင်း မတူကြပါဘူး။ ဥပမာ ထိုင်း၊ လာအို၊ ကမ္ဘောဒီယားတို့က သံဃာတော်တွေဟာ မြန်မာ၊ ဗီယက်နမ်၊ တိဘက်က သံဃာတော်တွေလို နိုင်ငံရေးနဲ့ ထဲထဲဝင်ဝင် ပတ်သက်ခဲ့တဲ့ အစဉ်အလာ မရှိပါဘူး။ ဒါကြောင့် ဒီနိုင်ငံတွေမှာ အပြန်အလှန်ခန္တီစတရား Twin Toleration နဲ့ ပတ်သက်လာရင် ဥရောပခရစ်ယာန် နိုင်ငံတွေမှာလိုပဲ တနိုင်ငံ တမျိုးစီ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံမှာ ဖြစ်ပါစေ၊ ထားရှိအပ်တဲ့ အပြန်အလှန်ခန္တီစတရားရဲ့ တရားကိုယ်ကတော့ အစမှာ ဖော်ပြခဲ့တဲ့ အတိုင်း အတူတူပါပဲ။

ဒီနေရာမှာ ဗြိတိသျဝန်ကြီးချုပ်ဟောင်း တိုနီဘလဲရဲ့ နိုင်ငံရေးနဲ့ ဘာသာရေးကို ဟန်ချက်ညီစေဖို့အတွက် ရှောင်ရန်၊ ဆောင်ရန် အချက် (၁၀) ချက်က မှတ်သားဖို့ကောင်းလို့ ဖော်ပြချင်ပါတယ်။

(၁) ဒီမိုကရေစီနှင့် သဟဇာတဖြစ်သော ဘာသာရေး ဖြစ်ပါစေ၊ ဘာသာရေးနှင့် သဟဇာတ ဖြစ်သော ဒီမိုကရေစီမျိုး ဖြစ်ပါစေ။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.1k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

(၂) ဒီမိုကရေစီဆိုသည်မှာ ရွေးကောက်ပွဲများနှင့်သာ သက်ဆိုင်သော ကိစ္စရပ်ဖြစ်သည်ဟု တလွဲ မတွေးပါနှင့်။ ယဉ်ကျေးမှု၊ လွတ်လပ်စွာ တွေးခေါ်ခွင့်နှင့် ဆိုင်သော စိတ်နေစိတ်ထား၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ နိုင်ငံရေးနှင့် ဘာသာရေး ဗဟုဝါဒနှင့် လူ့အခွင့်အရေးကိစ္စ အားလုံးလည်း အကျုံးဝင်ပါသည်။

(၃) ဘာသာရေးတခြား၊ အုပ်ချုပ်ရေးတခြား (secular state) စည်းခြားထားသောနိုင်ငံစနစ်၏ အခြေခံဘောင်အတွင်း ပြဌာန်းထားသော ဥပဒေနှင့်အညီ ဘာသာတရားအားလုံးကို တန်းတူညီမျှစွာ ဆက်ဆံပါ။

(၄) ဘာသာရေး အတွေးအခေါ်၊ လောကီသီးသန့် အတွေးအခေါ် အပါအဝင် ခက်ခဲသော ပဋိပက္ခများကို ခေါင်းမရှောင်ပါနှင့်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။

(၅) ဘာသာရေး ပြဿနာတစ်ရပ်ကို ဖြေရှင်းလိုသော ဆန္ဒဇောဖြင့် ဥပဒေပြုသည့် အလုပ်ကို ဖုတ်ပူမီးတိုက် မလုပ်ပါနှင့်။ ဆွေးနွေးသည့်နည်းလမ်းနှင့် ညှိနှိုင်းသည့် နည်းလမ်းဖြင့် ပြသနာကို အရင်ဆုံး ဖြေရှင်းနိုင်ရန် နည်းလမ်း ရှာပါ။

(၆) ဘာသာရေးကျောင်းများတွင် တနိုင်ငံလုံးအတိုင်းအတာအတွက် သတ်မှတ်ထားသော စံနှုန်းနှင့် သင်ရိုးညွန်းတမ်းကို မလိုက်နာဘဲ သီးသန့် ရွေးချယ်တာမျိုးကို မဖြစ်ပါစေနှင့်။

(၇) လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး ပြသနာများကို ဖြေရှင်းရာတွင် ဘာသာရေးနယ်ပယ်မှ အသံများကိုလည်း နားစွင့်ပါ။ မိမိတို့၏ သက်ဆိုင်ရာ ဘာသာရေး ရှုထောင့်မှ ချဉ်းကပ်ပြီး ဆုံးဖြတ်ချင်သောသူများကိုလည်း ဆုံးဖြတ်ခွင့်ပေးပါ။

(၈) ဘာသာရေးခေါင်းဆောင်များ၏ တောင်းဆိုချက်များကို (မလိုက်လျောနိုင်လျှင်) အာဏာသုံးခြင်း၊ တုံးတိတိ ပယ်ချခြင်းမျိုးမလုပ်ဘဲ အကျိုးအကြောင်းနှင့် ရှင်းပြပါ။ ဘုရားမဲ့ဝါဒီများနှင့် လောကီသီးသန့် ဝါဒီများအပေါ်လည်း ထိုနည်းအတိုင်း ဆက်ဆံပါ။

(၉) အကယ်၍ အယူသီးသော ဘာသာရေး အယူအဆများသည် ဒီမိုကရေစီနည်းလမ်းအရ အများစု၏ ထောက်ခံမှုကို မရခဲ့လျှင် လူထုအကြားတွင် ဆက်လက် လွှမ်းမိုးခွင့်မပြုပါနှင့်။

(၁၀) ဒီမိုကရေစီနည်းလမ်းအတိုင်း အများစု၏ဆန္ဒအရ ဘုရားမဲ့ ဝါဒကို နိုင်ငံတော်ဝါဒအဖြစ် ရွေးချယ်သည်ဖြစ်စေ၊ သို့မဟုတ် လူအများစုကိုးကွယ်သော ဘာသာတခုခုကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ်လျှင်ဖြစ်စေ၊ လူနည်းစုဖြစ်နေသော တခြားသော ဘာသာကို ယုံကြည် ကိုးကွယ်သူများ၊ ဘာသာမဲ့များ၏ ဆန္ဒကိုလည်း အသေအချာ အကာအကွယ်ပေးထားပါ။

ကျွနု်ပ်တို့ အားလုံးသည် ဘုရားသခင်၏ ဆန္ဒကို အပြည့်အ၀ နားလည်လောက်အောင် (ဉာဏ်ပညာ) ပြည့်ဝသူများ မဟုတ်သည့်အချက်ကို သတိရပါ။ ထို့ကြောင့် တဦးအပေါ် တဦးက ဂါရဝတရား၊ နိဝါတ တရားဖြင့် ဆက်ဆံပါ၊ ပွင့်လင်းပါ၊ ငြိမ်းချမ်းစွာ ရှင်သန်ဖွံ့ဖြိုးသော လူ့အဖွဲ့အစည်းအတွက် ဘာသာရေးမတူသော အုပ်စုများ အချင်းချင်းအကြားတွင် အမြင်ချင်း ဖလှယ်ဆွေးနွေးမှုများသည် မရှိမဖြစ် လိုအပ်သည်။

ပျောက်ဆုံးနေတဲ့ ခန္တီစတရား

အခု မြန်မာပြည်မှာ ပေါ်ပေါက်နေတဲ့ ၉၆၉ လှုပ်ရှားမှု၊ မျိုးစောင့်ဥပဒေ ပြဌာန်းရေး ကိစ္စမျိုးတွေဟာ အာဏာရှင်စနစ်အောက်ကနေ ဒီမိုကရေစီစနစ်ဆီကို အသွင်ကူးပြောင်းတဲ့ နိုင်ငံတွေမှာ ပေါ်ပေါက်တတ်တဲ့ ပြဿနာတွေလို့ ဆိုနိုင်ပါတယ်။

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အသွင် ကူးပြောင်းခါစ နိုင်ငံတွေမှာ လူမှုအဖွဲ့အစည်းတွေ အကြားမှာ ဘာသာရေး၊ လူမျိုးရေး စိတ်ဝမ်းကွဲတာတွေ၊ မယုံကြည်တာ၊ ကြောက်ရွံ့နေတာတွေက ပေါ်ပေါက်တတ်တဲ့ သဘာဝပါ။ ဒါက တပိုင်းပါ။ နောက်တဖက်က ပြန်ကြည့်ရင် ဒါဟာ မြန်မာပြည်မှာ ပီပြင်တဲ့ Secular State နဲ့ ပီပြင်တဲ့ အပြန်အလှန် ခန္တီစတရား ဓလေ့ကို ဖော်ထုတ်ဖို့ လိုအပ်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။

ပြန်ကြည့်ရင် ဗုဒ္ဓဘာသာ သံဃာတော်တွေရဲ့ အခန်းကဏ္ဍဟာ လွတ်လပ်ရေး တိုက်ပွဲဝင် နေရာမှာလည်း ရှေ့ဆုံးက ပါဝင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲခဲ့တဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဖွဲ့စည်းပုံမှာ Secular State ကို ပန္နက်ချခဲ့တယ်။ ဒါပေမယ့် ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်ခံရတဲ့ ဦးနုကစလို့ စစ်အစိုးရ အဆက်ဆက်အထိ နိုင်ငံရေးနဲ့ ဘာသာရေးကြားထဲက ဆက်ဆံရေးဟာ မတည်ငြိမ်ပါဘူး။ သံဃာအဖွဲ့အစည်းဟာ တချိန်မှာ နိုင်ငံရေးစနစ်ရဲ့ လက်အောက်ခံ (ဝါ) အသုံးချခံ ဖြစ်လိုက်၊ တချိန်မှာ နိုင်ငံရေး စနစ်ကို  တော်လှန်လိုက်နဲ့ တည်ငြိမ်တဲ့ ဆက်ဆံရေး၊ တည်ငြိမ်တဲ့ အပြန်အလှန် ခန္တီစတရား ပျောက်ဆုံး လာခဲ့တဲ့ ပြဿနာက အကြောင်းရင်းခံပါပဲ။

ဒီပြဿနာကို ဘုရားဟော အပရိဟာနိယ တရား (၇) ပါး၊ တန်းတူညီမျှရေး သဘောတရားနဲ့ တဦးချင်း လွှတ်လပ်မှု၊ တရားဥပဒေစိုးမိုးရေး မူဘောင်ထဲကနေ ဆွေးနွေးအဖြေရှာဖို့ လိုအပ်နေပါတယ်။ အခုရက်ပိုင်းမှာ မန္တလေးမှာ ဆရာတော် ဦးဝိရသူရဲ့ တရားပွဲမှာ ပေါက်ကွဲမှုဖြစ်တဲ့အထိ ဖြစ်လာတာကို ကြည့်ရင် လူမျိုးပေါင်းစုံ ဘာသာပေါင်းရှိနေတဲ့ အချင်းချင်း ယုံကြည်မှု အားနည်းတဲ့၊ ဒီမိုကရေစီ အသွင်ကူးပြောင်းခါစ မြန်မာ့လူ့အဖွဲ့အစည်း အတွက် ပီပြင်တဲ့ Secular State နဲ့ တည်ငြိမ်တဲ့ အပြန်အလှန် ခန္တီစတရား ဓလေ့ကို ဖော်ထုတ်ဖို့  အရေးတကြီး လိုအပ်နေတာကို သက်သေပြနေတာပါပဲ။

(ညီစောလွင်သည် မြန်မာ့အရေးနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သူဖြစ်သည်။)

Your Thoughts …
Tags: Democracy
ညီစောလွင်

ညီစောလွင်

Contributor

Similar Picks:

ဘဝရှင်မင်းတရားကြီး အန္တရာယ်

ဘဝရှင်မင်းတရားကြီး အန္တရာယ်

by ညီစောလွင်
22 July 2013
17.3k

ဘဝရှင်မင်းတရားကြီး အနားယူသွားပြီ၊ စာဖတ်နေပြီလို့ ဆိုပေမယ့် သူ ချန်သွားခဲ့တဲ့ စနစ်နဲ့ ယန္တရားတွေက မြန်မာပြည် ရှေ့ခရီးအတွက် အန္တရာယ်ရှိနေဆဲပဲလို့ ကျနော် ထင်မြင်နေမိပါတယ်။

အာဇာနည်တွေနေတဲ့ တိုင်းပြည်

အာဇာနည်တွေနေတဲ့ တိုင်းပြည်

by ဧရာဝတီ
3 July 2025
186

မင်းတို့စစ်ဖိနပ်အောက် ငါဘယ်တော့မှဒူးမထောက်ဘူး ဆိုတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၊ ဗြိတိသျှတွေကိုဆန့်ကျင်ခဲ့တဲ့ ဗိုလ်အောင်ကျော်ကနေ ယနေ့ခေတ် ဂျန်ဇီ လူငယ်တွေ အထိ ခေတ်အဆက်ဆက် လူငယ်တွေ ဘာကြောင့် အသက်ပေးတိုက်ပွဲဝင်ကြတာလဲ၊ မြန်မာလူငယ်တွေရဲ့ တော်လှန်စိတ်ဓာတ် နဲ့ နိုင်ငံရေး DNA...

“၈၈” နဲ့ “၂၁” ဘာကွာလဲ

“၈၈” နဲ့ “၂၁” ဘာကွာလဲ

by ဧရာဝတီ
31 July 2025
110

Opinion Talk

စစ်ဗိုလ်ချုပ်တွေ အရမ်းကြောက်တဲ့ အမျိုးသမီး

စစ်ဗိုလ်ချုပ်တွေ အရမ်းကြောက်တဲ့ အမျိုးသမီး

by ဧရာဝတီ
6 June 2025
104

ဘာလက်နက်မှ မရှိတဲ့ အမျိုးသမီးတစ်ယောက်ကို မြန်မာစစ် ဗိုလ်ချုပ်တွေ ဘာကြောင့် အမြဲကြောက်ရတာလဲ၊ စစ်အစိုးရ အဆက်ဆက် ကို ခြောက်လှန့်ခဲ့တဲ့ သူရဲ့ နိုင်ငံရေး ယုံကြည်မှု နဲ့ လမ်းစဉ်တွေက ဘာတွေလဲ၊ အကြိမ်ကြိမ်တိုက်ခိုက်ဖမ်းဆီးခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီတကြိမ်မှာရော...

နိုင်ငံရေးလုပ်ကြံမှုတွေနဲ့ မြန်မာ့ကံကြမ္မာ

နိုင်ငံရေးလုပ်ကြံမှုတွေနဲ့ မြန်မာ့ကံကြမ္မာ

by ဧရာဝတီ
17 July 2025
97

လုပ်ကြံမှုတွေမှာ အာဏာရှင်တွေထက် ပြည်သူ့ခေါင်းဆောင်တွေ ပိုပစ်မှတ်ထားခံခဲ့ရပါတယ်။ သမိုင်းသာ ပြောင်းပြန်ဖြစ်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်မလဲ။ စနစ်ပြောင်းဖို့ အတွက် လုပ်ကြံမှု ဟာ နည်းမှန်လမ်းမှန်လား၊ ၊ နိုင်ငံရေးအရရော ထိရောက်မှုရှိမှာလား စတာတွေ ကို ဒီတပတ်...

မောင်မောင်ကြီး သို့မဟုတ် အကြွေစောတဲ့ သူငယ်ချင်းတစ်ဦး

မောင်မောင်ကြီး သို့မဟုတ် အကြွေစောတဲ့ သူငယ်ချင်းတစ်ဦး

by အောင်ဒင်
5 August 2013
8.2k

နိုင်ငံရဲ့ ပြင်ပမှာ ကျောင်းသား တပ်မတော် ခေါင်းဆောင်ဟောင်း ဒီမိုကရေစီရေး လှုပ်ရှားသူ တယောက် အနေနဲ့ မောင်မောင်ကြီး ကွယ်လွန်တဲ့ အချိန်မှာ အောင်မြင့်က မြန်မာ့ တပ်မတော်မှာ ဗိုလ်မှူးကြီး တစ်ယောက် ဖြစ်နေပါပြီ။

Next Post
ထိုင်းဘုရင့် ဂူသချႋုင်းကို ယဉ်ကျေးမှု အထိမ်းအမှတ်နေရာ ပြုလုပ်မည် (ရုပ်/သံ)

ထိုင်းဘုရင့် ဂူသချႋုင်းကို ယဉ်ကျေးမှု အထိမ်းအမှတ်နေရာ ပြုလုပ်မည် (ရုပ်/သံ)

လားဟူ ပြည်သူ့စစ် ခေါင်းဆောင်ကို ထိုင်း ဘတ် ၅ သန်း ဆုငွေထုတ်ရန် စီစဉ်နေ

လားဟူ ပြည်သူ့စစ် ခေါင်းဆောင်ကို ထိုင်း ဘတ် ၅ သန်း ဆုငွေထုတ်ရန် စီစဉ်နေ

Please login to join discussion
No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved