• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်တိုင်းတွင် လုပ်ငန်းရှင်များ မြေပိုင်ဆိုင်ခွင့် လျှောက်ထားမှု များ၍ အစိုးရအဖွဲ့ စိစစ်နေ

by မျိုးပပစန်း
25 May 2017
in သတင်း
A A
ရန်ကုန် သီလဝါ စက်မှုဇုန် / မျိုးမင်းစိုး / ဧရာဝတီ

ရန်ကုန် သီလဝါ စက်မှုဇုန် / မျိုးမင်းစိုး / ဧရာဝတီ

9.6k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လုပ်ငန်းရှင်များ အနေဖြင့် မြေယာပိုင်ဆိုင်ခွင့် (လန ၃၉) ရရှိရန် လျှောက်ထားမှု အများ အပြားရှိနေပြီး ယင်းအပေါ် တိုင်းအစိုးရအဖွဲ့က စိစစ် သုံးသပ်နေကြောင်း သိရသည်။

မြေယာပိုင်ဆိုင်ခွင့် (လန ၃၉) ထုတ်ပေးရန် လုပ်ငန်းရှင်များက အများအပြား လျှောက်ထားမှု ရှိနေ၍ တိုင်းအစိုးရ အဖွဲ့ က စိစစ်သုံးသပ်နေပြီး ယင်း လန ၃၉ ကို ပေးလိုက်ပါက မြေတန်ဖိုး မြင့်တက်သွားမည် ဖြစ်၍ အခွင့်ထူးခံ အခြေအနေမျိုး ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် သေချာ စိစစ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောကြားသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “လုပ်ငန်းရှင်တွေ တင်ထားတာများတယ်။ တဦးချင်းစီကို လန ၃၉ ပေးလိုက်ရင် မြေက ကျပ်သိန်း ၂၀၀၊ ၃၀၀ လောက် ရှိနေရာကနေ လန ၃၉ ပေးလိုက်လို့ သိန်း ၅၀၀၊ သိန်း ၁၀၀၀ လောက် ပေါက် သွားရင် အခွင့်ထူးခံ အခြေအနေပေးသလို ဖြစ်နေမလား ဆိုတဲ့အတွက် အဲဒါကို ပြန်စဉ်းစားသွားမှာဖြစ်ပါတယ်” ဟု ပြော သည်။

ထို့ကြောင့် လန ၃၉ ကို ပေးမည်လား၊ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင် ရှိသည့် ၁၂ မြိုနယ်ကို စက်မှုဇုန်ကဲ့သို့ ထူထောင်ထားပြီး ယင်းစက်မှုဇုန်တွင် လုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ရန် ခွင့်ပြုမည်လား ဆိုသည်ကို စဉ်းစားနေခြင်း ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

မေလ ၂၀ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ၌ ပြုလုပ် သည့် ဒုသမ္မတ ၁ နှင့် လုပ်ငန်းရှင်များ ၆ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြား ခြင်း ဖြစ်သည်။

မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး လယ်သမားများက လျှောက်ထားမှု မရှိသလောက် နည်းပါးသော်လည်း လုပ်ငန်းရှင် များက လျှောက်ထားမှု များပြားကြောင်း၊ သို့ဖြစ်၍ လန ၃၉ ရရှိရန် အခြားနည်းလမ်းဖြင့် ပြုလုပ်ကာ ကြိုးပမ်းနေသည့် အခြေအနေမျိုး ရှိသူများအတွက် အစိုးရက သေချာစွာ စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဦးဖြိုးမင်းသိန်းက ပြောသည်။

လုပ်ငန်းများလုပ်ကိုင်ခွင့် မပေးပါကလည်း ဒေသ ဖွံ့ဖြိုးမှု မရှိနိုင်သောကြောင့် ရန်ကုန်တိုင်း ဒေသကြီးတွင် စက်မှုဇုန် အသေးစားများ ဖော်ဆောင်ပေးရန် စီစဉ်နေပြီး သန်လျင်၊ ကျောက်တန်းမြို့များကဲ့သို့သော နေရာမျိုးများတွင်လည်း စက်မှုဇုန် အသေးစားများ အကောင်အထည်ဖော် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပို့ကုန် သွင်းကုန် စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက “တိုင်းဒေသကြီး အစိုးရက လက်ရှိ သုံးသပ်သွားမယ်လို့ ပြောတာပေါ့။ လယ်သမားကတော့ လန ၃၉ ကို ပြောင်းတင်ဖို့မှ မရှိတာ။ လယ်သမားက လယ်ပဲစိုက်မယ်။ လုပ်ငန်းရှင် ကတော့ လုပ်ငန်းလုပ်ဖို့အတွက် ဓာတ်မြေသြဇာစက် တည်မယ်။ ဆန်စက်တည်မယ်။ ဒါတွေရှိတယ်။ စက်မှုဇုန်ကတော့ မြေဈေးတွေ ကြီးနေတယ်။ ဒါပေမယ့် အစိုးရဘက်က စက်မှုဇုန်တွေ အကောင်အထည် ဖော်ပေးမယ်လို့တော့ ပြောထား တယ်” ဟု ပြောသည်။

စက်မှုဇုန် ဖော်ဆောင်ရာတွင် ဆက်စပ်နေသည့် ကျုးကျော်ကိစ္စရပ်များကိုလည်း ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်၍ လှိုင်သာယာတွင် စတင်ဖြေရှင်းရန် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပြီး လက်ရှိတွင် လှိုင်သာယာ ၌ ကျူးကျော်စာရင်း ကောက်ယူရာတွင် ၄ သိန်း ၅သောင်းကျော် ရှိလာကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ စက်မှုဇုန် ၂၉ ဇုန်ရှိပြီး ယင်းစက်မှုဇုန်များတွင် လျှပ်စစ်မီး အဆောက်အအုံပိုင်းနှင့် ရေဆိုးမှ ရေသန့်ဖြစ်အောင် ပြုလုပ်နိုင်သည်အထိ အဆင့်မြှင့်တင်မှုများကို ပုဂ္ဂလိကဏ္ဍများနှင့် ပူးပေါင်း လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: မြေယာပိုင်ဆိုင်ခွင့်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ဥယျာဉ်အတွင်းတွင် ကျေးရွာပေါင်း ၃၀၀ ခန့်နှင့် လူဦးရေ ၆ သောင်းခန့် ပါဝင်နေပြီး ထိုသူများသည် ၎င်းတို့မြေကို ၎င်းတို့ စောင့်ရှောက်ရန် အဓိက တာဝန်ရှိမည် / KESAN

ဌာနေတိုင်းရင်းသားများ၏ သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်

by လဝီဝမ်
10 January 2019
4.6k

သံလွင်မြစ်ဝှမ်းတွင် စုစုပေါင်း မြေ ၁၃၅၅၅၈၀ ဧက ကျယ်သည့် ထိုဥယျာဉ်ကို တည်ထောင်ရန် ထုတ်ပြန်ကြေညာထားသည်။

Next Post
ထက်ဦးဝေ/ဧရာဝတီ

ရန်ကုန်မြို့ရှိ ထူးခြားတဲ့ အစားအသောက် အပြင်အဆင်တွေနဲ့ စားသောက်ဆိုင်များ

ဂျာကာတာမြို့၌ အသေခံဗုံးခွဲဖြစ်ပွား ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

ဂျာကာတာမြို့၌ အသေခံဗုံးခွဲဖြစ်ပွား ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved