• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ရန်ကုန်မြို့ရှိ ထူးခြားတဲ့ အစားအသောက် အပြင်အဆင်တွေနဲ့ စားသောက်ဆိုင်များ

by ထက်ဦးဝေ
25 May 2017
in Lifestyle
A A
ထက်ဦးဝေ/ဧရာဝတီ

ထက်ဦးဝေ/ဧရာဝတီ

17.1k
VIEWS
Share on FacebookShare on Twitter

အစားအသောက်ကို စိတ်ဝင်စားလာကြတဲ့ အစားချစ်သူတွေကြားမှာ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း စတဲ့ စားသောက်ဆိုင်တွေ မှိုလိုပေါက်ပေါများလာကြသလို ဒီလို ဆိုင်တွေ များပြားလာတဲ့အတွက်လည်း တဆိုင်နဲ့တဆိုင် အရသာကို ကွဲပြားအောင်၊ ဆိုင်ရဲ့ အပြင်အဆင် အခမ်းအနားတွေ ကွဲပြားအောင် ပြုလုပ်လာကြတာ သတိထားမိကြမှာပါ။

ဒီလို ကွဲပြားမှုတွေထဲက အပြင်အဆင်ဆန်းတဲ့ ဆိုင်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးမှာ ရှိနေကြတဲ့ ဆိုင်များဖြစ်ပြီး ထူးခြားတဲ့ Decoration အပြင်အဆင်တွေကြောင့် လူကြိုက်များတဲ့ ဆိုင်တွေဖြစ်ပါတယ်။

ထက်ဦးဝေ/ဧရာဝတီ

ပထမဆုံးအနေနဲ့ “ST Café” အကြောင်း ပြောချင်ပါတယ်။ သူက အစားအသောက်အနေနဲ့ အဆာပြေအစားအသောက်နဲ့ တရုတ်အစားအစာ ရရှှိနိုင်ပါတယ်။ တဆိုင်လုံးကို အတွင်းရော အပြင်ရော ဒိုရေမွန်အရုပ်လေးတွေနဲ့ အလှဆင်ထားပြီး အေးအေးငြိမ့်ငြိမ့် သီချင်းသံလေးက ဆွဲဆောင်မှုတခုလို့ ပြောလို့ရပါတယ်။ အဓိက စားစရာအနေနဲ့ pancake အမျိုးမျိုး၊ တခြားနေရာတွေမှာ မရှိတဲ့ ခေါက်ဆွဲစိမ်းကြော်နဲ့ ကြိတ်ထားတဲ့ ဘယ်ရီသီးကို soda အနေနဲ့ သောက်ရပြီး အရသာအနေနဲ့ အနည်းငယ်ရှတတရှိတဲ့ smoothieရော milkshake အနေနဲ့ပါ သောက်သုံးနိုင်တဲ့ Lipstick Soda တို့ဟာ “ST Café” ရဲ့ ထူးခြားမှုတွေထဲက တခုအပါအဝင်လို့ ဆိုနိုင်ပါတယ်။

ဆိုင်ကို လာရောက် စားသုံးသူများ အလှဓာတ်ပုံရိုက်နိုင်ဖို့ ဒိုရေမွန် အရုပ်တွေနဲ့ အလှဆင်ပေးထားတဲ့ နေရာကလည်း စားသုံးသူတွေကို ဆွဲဆောင်စေနိုင်တဲ့အချက်တခုလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ဒိုရေမွန်နဲ့ ပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ဝယ်ယူနိုင်မှာဖြစ်ပြီး အစားအသောက် ဈေးနှုန်းတွေအနေနဲ့ ၈၀၀ ကနေ ၅၀၀၀ အထိသာရှိတာမို့ သင့်တင့်တယ်လို့ ဆိုရမှာပါ။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
152
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

ဆိုင်လိပ်စာက အမှတ်(၈၉)၊ ၈မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

ထက်ဦးဝေ/ဧရာဝတီ

ဒုတိယအနေနဲ့က Try Restaurant Menu ပါ။ ဂျပန်၊ တရုုတ်၊ European၊ ထိုင်း အစားအစာတွေကို တနေရာထဲမှာ ရရှိနိုင်တဲ့ ဆိုင်လေးပါ။ ထူးခြားချက်ကတော့ တခြားနေရာတွေမှာ မရရှိနိုင်ဘဲ ရုတ်တရက်ကြည့်ရင် မန်ကျည်းသီးအနှစ်နဲ့တူတဲ့ Try ရဲ့ ကိုယ်ပိုင်စတိုင်လ် ပန်းသီးဆော့စ်ကို ချိုချိုချဉ်ချဉ်အရသာနဲ့ မြည်းစမ်းကြည့်နိုင်တာပဲ ဖြစ်ပါတယ်။

အပြင်ကကြည့်ရင် သိပ်မထူးခြားဘဲ သာမန်စားသောက်ဆိုင်ခန်းလေးသာ ဖြစ်ပြီး ဆိုင်ထဲရောက်မှ ဝါးလုံး ဝါးခြမ်းတွေနဲ့ အလှဆင်ထားတဲ့ ထူးခြားတဲ့အပြင်အဆင်ကို တွေ့ရမှာပါ။ ဖွင့်ထားတဲ့ ခပ်ဆူဆူသီချင်းသံက တိတ်ဆိတ်မှုကို ကြိုက်သူတွေအတွက်တော့ အနည်းငယ် အနှောင့်အယှက်ဖြစ်စေမှာပါ။ အစားအသောက် ဈေးနှုန်းတွေအနေနဲ့ ၂၀၀၀ ဝန်းကျင်ကနေ ၁၂၀၀၀ ဝန်းကျင်ထိ ရှိတာမို့ အဆင်ပြေမှာပါ။

ဆိုင်လိပ်စာက No.B (01-11), လမ်းမတော်လမ်း၊ လသာမြို့နယ်၊ ရန်ကုန်ဖြစ်ပါတယ်။

နောက်တဆိုင်ဆိုရင်တော့ ရန်ကုန်မြို့လယ်ခေါင်က “Black Hat Wine Bar & Burmese Tapas Restaurant” ဖြစ်ပါတယ်။ မြန်မာထမင်းဟင်းကို ဥရောပနိုင်ငံတခုခုမှာ သွားစားနေသလို ခံစားမှုမျိုး ရရှိစေမှာဖြစ်ပြီး ခပ်မှိန်မှိန်အလင်းရောင်နဲ့ ငြိမ့်ငြိမ့်လေး ဖွင့်ထားတဲ့ သီချင်းသံတိုးတိုးက ခံစားမှုအသစ်ကို ပေးစွမ်းနိုင်ပါတယ်။ နံရံတွေမှာ မြန်မာ၊ ဥရောပနဲ့ ဟောလီးဝုဒ် တို့မှ ထင်ရှားကျော်ကြားခဲ့တဲ့ အနုပညာရှင်တွေရဲ့ ဓာတ်ပုံများကို ချိတ်ဆွဲထားတာက ဒီဆိုင်ရဲ့ ထူးခြားချက်လို့ ထင်ပါတယ်။

ဒီဆိုင်ရဲ့ ထူးခြားချက် နောက်တခုကို ပြပါဆိုရင် ထမင်းဟင်းတွေကို ပန်းကန်နဲ့ မထည့်ဘဲ ဒန်အိုးတွေနဲ့ တည်ခင်းတာကို ပြရပါလိမ့်မယ်။ ဒါ့အပြင် ပုံမှန် သောက်နေကျ cocktail တွေနဲ့ မတူဘဲ chilli အရသာပါတဲ့ cocktail ကိုလည်း ရရှိနိုင်မှာပါ။ အစားအသောက် ဈေးနှုန်းတွေအနေနဲ့ ၂၅၀၀ ဝန်းကျင်ကနေ ၂၀၀၀၀ ကျော်အထိ ရှိပါတယ်။

ဆိုင်လိပ်စာက No.143/149, ဆူးလေဘုရားလမ်း၊ ဆူးလေပလာဇာ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ တောအုပ်ဆန်ဆန် restaurant & bar တခုရှိတယ်ဆိုရင် အံ့သြမလားပါပဲ။ တခြားဆိုင်တွေနဲ့ မတူဘဲ တကယ် တောအုပ်လေးတခုထဲကို ဝင်ရောက်သွားရသလို ခံစားမှုမျိုး ပေးစွမ်းနိုင်တဲ့ “Stay a while” Restaurant & Bar ဖြစ်ပါတယ်။ မျက်နှာကြက်မှာလည်း ဆိုင်နာမည်ဖြစ်တဲ့ “Stay a while” ဆိုတဲ့ စာလုံးတွေကို ရေးဆွဲထားပြီး ဆိုင်ကို နက်ပြာရောင် သုတ်ထားတာ ဖြစ်ပါတယ်။
တရုတ်၊ ထိုင်းနဲ့ ဥရောပ အစားအစာတွေကို ရရှိနိုင်ပြီး အစားအသောက်တွေကို မြန်မာစတိုင် ပြန်ပြင်ထားခြင်း မရှိပါဘူး။ ဒါ့အပြင် သူတို့ဆိုင်ရဲ့ အထူးပြုလုပ်ထားတဲ့ “Stay a while” cocktail ကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ cocktail က အကန့်အသတ်အနေနဲ့ လူတယောက်ကို တခွက်သာ ရောင်းချတာပါ။ Alcohol ပါဝင်မှု များတာကြောင့် တခွက်ထက် ပိုသောက်ရင် တော်တော်မူးတယ်လို့ ဆိုပါတယ်။ အစားအသောက် ဈေးနှုန်းတွေအနေနဲ့ ၃၀၀၀ ကနေ ၃၀၀၀၀ ကျပ်အထိ ရှိပြီး ညဘက်မှာတော့ Unplugged တီးဝိုင်းရဲ့ အရသာကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

ဆိုင်လိပ်စာက No (15), Parami road, (6) ward. Near Hlaing Campus. Mayangone township. Yanon ဖြစ်ပါတယ်။

ယခုဖော်ပြခဲ့တဲ့ ဆိုင်တွေကတော့ ရန်ကုန်မြို့ရဲ့ အစားအသောက် ကောင်းမွန်ပြီး အပြင်အဆင်ဆန်းသစ်တဲ့ ဆိုင်တွေထဲက ၄ ဆိုင် ဖြစ်ပါတယ်။ မမြည်းစမ်းရသေးသူများလည်း ခေတ်နောက်မကျရအောင် သွားရောက် မြည်းစမ်းကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Your Thoughts …
Tags: စားသောက်ဆိုင်
ထက်ဦးဝေ

ထက်ဦးဝေ

ဧရာဝတီ

Similar Picks:

စားသောက်ဆိုင်က စားသုံးသူကို ထုတ်ပေးတဲ့ အခွန်ဆောင်ဖြတ်ပိုင်း / ဧရာဝတီ

မန္တလေးတွင် အခွန်တံဆိပ်မကပ်သည့် ဆိုင် ၄၈ ဆိုင်ကို အရေးယူ

by ဒီလှိုင်းဝင်း
24 August 2016
961

စားသောက်ဆိုင်တွေကနေ စားသုံးသူတွေကို ပေးလိုက်တဲ့ပြေစာတွေမှာ သတ်မှတ်ကုန်သွယ် လုပ်ငန်းခွန်တံဆိပ်ခေါင်း မ ကပ်ဘဲ ပေးနေတာတွေအတွက် စစ်ဆေး အရေးယူ ဒဏ်ရိုက်နေတာပါ

ကတ်ထူစက္ကူတွေနဲ့ ထူးထူးခြားခြား အလှဆင်ထားတဲ့ စားသောက်ဆိုင်

ထိုင်ဝမ်နိုင်ငံက ထူးထူးခြားခြား စားသောက်ဆိုင်များ

by Aurora
6 November 2020
11.6k

Instagram အသုံးပြုသူတွေကြား နာမည်ကြီးနေတဲ့ ဒီဆိုင်လေးကတော့ “Alice in Wonderland” ရုပ်ရှင်ထဲကို ကိုယ်တိုင်ရောက်သွားသလို ခံစားမိစေမယ့် Zhongzheng ခရိုင်မှာရှိတဲ့ ကော်ဖီဆိုင်လေးပါ။

Hong Bao Myanmar စားသောက်ဆိုင်  / သီဟတိုး / ဧရာဝတီ

ဟောင်ကောင်လက်ရာ စစ်စစ်နဲ့ “Hong Bao Myanmar” စားသောက်ဆိုင်

by သီဟတိုး
19 December 2017
8.8k

ဆိုင်မှာ သုံးထားတဲ့ Ingredient အများစုက ဟောင်ကောင် အရသာစစ်စစ် ချက်တာပါ” လို့ အစားအသောက်များ ချက်ပြုတ် ပြင်ဆင်ပုံနဲ့ ပတ်သက်ပြီး Hong Bao Myanmar ရဲ့ Executive Chef ဖြစ်သူ Mr.Weng...

/ ချမ်းစွန်း / ဧရာ၀တီ

ဒိုရေမွန်အသုံးအဆောင်ပစ္စည်းတွေနဲ့ ST Café

by ထက်ဦးဝေ
29 January 2017
23.8k

ST Pancake ဟာ ST Café ရဲ့ Special Menu ဖြစ်ပြီး ဂျပန်ကာတွန်းဇာတ်ကောင် ဒိုရေမွန်က Pancake ကို ကြိုက်လို့ ဒီလို လုပ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ Pancake နဲ့အတူ စတော်ဘယ်ရီ၊...

Service Charges ထည့်သွင်း ကောက်ခံထားသည့် စားသောက်ဆိုင် ဘောင်ချာ တခု  / ဧရာဝတီ

စားသောက်ဆိုင်များ Service Charges ကောက်ခံမှု မကျေနပ်လျှင် တိုင်ကြားနိုင်

by အောင်သီဟ
14 June 2019
55.1k

စားသုံးသူများကို ကြိုတင် အသိပေးထားခြင်း မရှိဘဲ ဆိုင်၏ ဝန်ဆောင်မှု အတွက် ကောက်ခံသော ဝန်ဆောင်ခ (Service Charges) ပေးရခြင်းကို ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်ကြောင်း

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့

ပတ္တရားက ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ ဈေးနှုန်း တဝက် လျှော့ချမည်

by ညီညီသူ
22 June 2020
4.8k

ဈေးလျှော့ပေးတဲ့ ကူပွန်တွေကို ဇူလိုင် ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ဝယ်ယူနိုင်ပြီး ဇူလိုင် ၁၅ ရက်နေ့ကနေ ဒီဇင်ဘာ၂၄ ရက်နေ့အထိ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Next Post
ဂျာကာတာမြို့၌ အသေခံဗုံးခွဲဖြစ်ပွား ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

ဂျာကာတာမြို့၌ အသေခံဗုံးခွဲဖြစ်ပွား ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

ငြိမ်းချမ်းရေးရရှိဖို့ တပ်မတော်ရဲ့လိုက်လျောမှုပေါ် မူတည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved