အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က ကမ်ပင် မာလာယဘတ်စ်ကားဂိတ်မှာ မနေ့ညက အသေခံဗုံးခွဲမှု ၂ကြိမ်ဖြစ် ပွားရာ ရဲ ၃ဦးသေဆုံးကာ လူ ၁၀ဦး ဒဏ်ရာရသွားပါတယ်။
ဒဏ်ရာရသူများထဲမှာ အရာရှိ ၅ ဦးလည်း ပါဝင်ကြောင်း၊ ပေါက်ကွဲမှုကို အသေခံဗုံးခွဲသူ ၂ဦးက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရဲချုပ် ဆက်ယို ဝါဆစ်တိုက ပြောပါတယ်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းပါတယ်၊ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး နောက်ဆုံး စုံစမ်းစစ်ဆေးတွေ့ရှိကတော့ ဖောက်ခွဲမှုကို လူ ၂ဦးက အသေခံလုပ်ဆောင်ခဲ့တာပါ”လို့ သူကပြောပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့ နေရာမှာ အင်ဒိုနီးရှား ဗုံးရှာဖွေရေးအဖွဲ့တွေက ရှာဖွေနေသလို၊ စစ်တပ်နဲ့ လက်နက် ကိုင် ရဲတပ်ဖွဲ့ကလည်း ပိတ်ဆို့ထားပါတယ်။
ဘန်တန်နဲ့ အနောက်ဂျာဗားက ဗုံးပေါက် ကွဲမှုမှာ လက်သည်တရားခံ အကြမ်းဖက်သမားလို့ ယူဆရ သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပေမယ့် အခြေအနေကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။