• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဌာနေတိုင်းရင်းသားများ၏ သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်

by လဝီဝမ်
10 January 2019
in ဆောင်းပါး
A A
ဥယျာဉ်အတွင်းတွင် ကျေးရွာပေါင်း ၃၀၀ ခန့်နှင့် လူဦးရေ ၆ သောင်းခန့် ပါဝင်နေပြီး ထိုသူများသည် ၎င်းတို့မြေကို ၎င်းတို့ စောင့်ရှောက်ရန် အဓိက တာဝန်ရှိမည် / KESAN

ဥယျာဉ်အတွင်းတွင် ကျေးရွာပေါင်း ၃၀၀ ခန့်နှင့် လူဦးရေ ၆ သောင်းခန့် ပါဝင်နေပြီး ထိုသူများသည် ၎င်းတို့မြေကို ၎င်းတို့ စောင့်ရှောက်ရန် အဓိက တာဝန်ရှိမည် / KESAN

4.6k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ်တွင် မြေလွတ်မြေရိုင်း မရှိကြောင်းနှင့် မြေအားလုံးနှင့် မြေသယံဇာတများကို စီမံပြီး ကရင်ဌာနေ တိုင်းရင်းသား အသိုင်းအဝန်းများက ပိုင်ဆိုင်သည်ဟု သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်မှ ကိုယ်စားလှယ်များက ပြောသည်။

သံလွင်မြစ်ဝှမ်းတွင် စုစုပေါင်း မြေ ၁၃၅၅၅၈၀ ဧက ကျယ်သည့် ထိုဥယျာဉ်ကို တည်ထောင်ရန် စီမံကိန်းကို သံလွင် ငြိမ်းချမ်းရေး ဥယျာဉ် ဦးဆောင်ကော်မတီက တရားဝင် ထုတ်ပြန်ကြေညာထားသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
14
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
66
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
255

ထိုဥယျာဉ်သည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ အခြေစိုက်သည့် ဒေသခံများက မတ်တရောဟု ခေါ်သော ဖာပွန်နယ်မြေတွင် တည်ရှိသည်။ ထိုဒေသတွင် တပ်မတော်က စစ်သုံးလမ်း တည်ဆောက်ရန် ကြိုးစားသောကြောင့် တပ်မတော်နှင့် KNLA အကြား တိုက်ပွဲများစွာကို ကြုံတွေ့ခဲ့ရသော ဒေသလည်း ဖြစ်သည်။ မြန်မာ အစိုးရသည်လည်း ထိုနေရာတွင် ရေအားလျှပ်စစ်ဆည် တည်ဆောက်ရန် စီမံကိန်းများ ရှိနေသည်။

သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ဟူသော အမည်ကို အစိုးရက မြေလွတ်မြေရိုင်း ဥပဒေပြင်ဆင်ချက် ထုတ်ပြန်ပြီးနောက် ရက်ပိုင်းအတွင်း ဖြစ်သော ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုဥပဒေ ပြင်ဆင်ချက်သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ အတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု မြင်ကြသည်။

တိုင်းရင်းသားများသည် မြေယာ ပိုင်ဆိုင်မှုကို ၎င်းတို့၏ ထုံးတမ်းစဉ်လာ ဥပဒေများအရသာ သတ်မှတ် ဖြေရှင်းကြသည်။

မြေပိုင်ရှင်များသည် အစိုးရထံတွင် မှတ်ပုံတင်ရန်လိုသော ထိုဥပဒေ ပြင်ဆင်ချက်ကြောင့် ကရင် ထုံးတမ်းစဉ်လာ မြေယာ ဥပဒေများ ပျက်ပျယ်သွားသည်။ မှတ်ပုံတင်မထားသော မြေကို ထိုမြေတွင် လုပ်ငန်းလုပ်ပိုင်ခွင့် လျှောက်ထားသော မည်သူကို မဆို ပေးအပ်နိုင်သည်။ ဒေသခံ လူ့အခွင့်အရေး အုပ်စုများ၏ အဆိုအရ ထိုပြဿနာကြောင့် ကရင်အုပ်စုများနှင့် တပ်မတော်အကြား နောက်ထပ် လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်လာစေနိုင်သည်ဟု သိရသည်။

“အစိုးရရဲ့ မြေယာဥပဒေကို ကြည့်လိုက်ရင် ကျနော်တို့ ငြိမ်းချမ်းရေးဥယျာဉ် တည်ထောင်ရေး စီမံကိန်းနဲ့ မသင့်လျော်ဘူး။ ဒါပေမယ့် ကုလမသဂ္ဂရဲ့ ဌာနေတိုင်းရင်းသားများ အခွင့်အရေးကို ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ ကရင် ဌာနေ တိုင်းရင်းသားက သူတို့မြေကို သူတို့ ကာကွယ်ပိုင်ခွင့်ရှိတယ်” ဟု ငြိမ်းချမ်းရေး ဥယျာဉ် တည်ထောင်ရေး ဦးဆောင် ကော်မတီကို ထောက်ခံသည့် ကရင်သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှု ကွန်ရက် (KESAN) ၏ အမှုဆောင် ဒါရိုက်တာ စောပေါစိန်တွာက ပြောသည်။

“ကျနော်တို့က အစိုးရရဲ့ ဥပဒေကို တိုက်ရိုက် မဆန့်ကျင်ချင်ဘူး။ သူတို့ဖာသာသူတို့ ဥပဒေကို ပြင်စေချင်တယ်” ဟုလည်း သူက ပြောသည်။

ကရင် လက်နက်ကိုင်အင်အားစု များသည် နှစ်ပေါင်း ၆၀ ကျော်ကြာပြီဖြစ်သော မြန်မာနိုင်ငံမှ အရှည်ကြာဆုံး ပြည်တွင်းစစ်တွင် ဗဟိုအစိုးရနှင့် တိုက်ခိုက်နေသည့် အင်အားစုများတွင် အပါအဝင်ဖြစ်သည်။

ကရင်တိုင်းရင်းသား များသည် ၎င်းတို့၏ သဘာဝပတ်ဝန်းကျင်ကို ၎င်းတို့ မကာကွယ်နိုင်ခဲ့သည်မှာ နှစ်အတန် ကြာပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို နိုးကြားစွာ ကာကွယ်ရန် ကရင်းတိုင်းရင်းသား အားလုံးကို တောင်းဆိုကြောင်း ငြိမ်းချမ်းရေး ဥယျာဉ် တည်ထောင်ရန် ဆော်သြသူများက ပြောသည်။

“သံလွင် ငြိမ်းချမ်းရေးဥယျာဉ်ရဲ့ ပဋိညာဉ်အရ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် ဦးဆောင်ကော်မတီဟာ သဘာဝ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးကို အဆင့် အသီးသီးကနေ ရည်မှန်း လုပ်ဆောင်ရမယ်။ ဒီလုပ်ငန်းတွေက တဆင့် သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်ဟာ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဖို့ ရည်ရွယ်တယ်။ ဒီလိုလုပ်တဲ့ သေနင်္ဂဗျူဟာဟာ ကရင် တိုင်းရင်းသားတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ဖို့ အထောက်အကူ ဖြစ်စေတယ်” ဟုလည်း သူက ရှင်းပြသည်။

ကရင်တိုင်းရင်းသားများတွင် ၎င်းတို့၏ မြေနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန် သက်တမ်းရှည်ကြာလှပြီ ဖြစ်သော ဓလေ့ထုံးတမ်း ဥပဒေများ ရှိသည်။ ထိုဥပဒေများသည် သဘာဝသားရိုင်း တိရစ္ဆာန်များ လွတ်လပ်စွာ ကျင်လည်သော နေရာများကို ခွင့်ပြုထားသကဲ့သို့ ချက်ပြုတ်ရန်ထင်းအတွက် ဒေသခံများ သစ်အနည်းငယ် ခုတ်နိုင်သော နေရာများ ကိုလည်း သတ်မှတ်ပေးထားသည်။ လုံး၀ မထိခိုက်သေးသော သဘာ၀ သစ်တောများလည်းရှိသည်။

ငြိမ်းချမ်းရေး ဥယျာဉ် အကောင်အထည် ဖော်ရန်အတွက် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် ဦးဆောင်ကော်မတီသည် ဒေသခံ အသိုင်းအဝန်းများ၊ လူမှုအခြေပြုအဖွဲ့များ (CSOs) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့မှ အဖွဲ့ဝင်များပါဝင်သည့် အုပ်ချုပ်မှုအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ပြီး ဆုံးဖြတ်ချက် ချမှတ်ရာတွင် ဒေသခံများက ဦးဆောင်သော အခန်းကဏ္ဍမှ ပါဝင်မည် ဖြစ်သည်။

သံလွင် ငြိမ်းချမ်းရေးဥယျာဉ် ဦးဆောင်ကော်မတီသည် ဥယျာဉ်ထူထောင်ရေး အတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေပြီး ပထမဦးစွာ ဥယျာဉ်၏ နယ်နိမိတ်ကို သတ်မှတ်ကာ GPS အသုံးပြုပြီး မြေပုံ ရေးဆွဲခဲ့သည်။ ယခုအခါတွင် မြစ်တခုစီ၊ ဒေသတခုစီနှင့် ကျေးရွာ တခုစီ၏ အမည်များကို မှတ်တမ်းတင်သော လုပ်ငန်း ဆောင်ရွက်နေသည်။

ထိုသို့ လုပ်ဆောင်ခြင်းကြောင့် နယ်နိမိတ် သတ်မှတ်နိုင်မည်ဖြစ်ပြီး အနာဂတ်တွင် ပိုင်နက် အငြင်းပွားမှုများကို ရှောင်ရှားနိုင်ရန် မည်သည့်မြေကို မည်သူက ပိုင်သည်ကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

ထုံးတမ်းစဉ်လာအရ ဒေသခံများသည် ကုန်းမြေ နယ်နိမိတ်ကို သဘာ၀ အမှတ်အသားများဖြစ်သော သစ်ပင်များ၊ ကျောက်ဆောင်များဖြင့် သတ်မှတ်ကြသော်လည်း မြေပိုင်ဆိုင်မှုကို မှတ်တမ်းတင်ခြင်းမရှိပေ။ သံလွင် ငြိမ်းချမ်းရေးဥယျာဉ် အကောင်အထည် ဖော်သူများသည် GPS အသုံးပြုကာ မည်သည့်ဒေသကို မည်သူပိုင်သည်ကို အတိအကျ မှတ်တမ်း တင်မည်ဖြစ်သည်။

“ဒေသတွေကို မြေပုံဆွဲပြီးတဲ့နောက်မှာ ဘယ်နေရာက သားရိုင်းတိရစ္ဆာန်တွေအတွက် နေရာ၊ ဘယ်နေရာက ဒေသခံတွေ အသုံးပြုဖို့ နေရာဆိုတာကို သတ်မှတ်နိုင်မယ်။ လမ်းအမည်တွေ၊ မြစ်အမည်တွေလည်း ရှိလာမယ်။ ဒါတွေဟာ ဒေသခံတွေ အနေနဲ့ သူတို့မြေကို သူတို့ပိုင်ကြောင်း အထောက်အထားတွေ ဖြစ်လာမယ်” ဟု စောပေါစိန်တွာက ပြောသည်။

အစိုးရက ကရင်ပြည်နယ်တွင် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ လုပ်ဆောင်သော အခါ ဒေသခံများအနေဖြင့် မည်သည့် မြေကို မည်သူပိုင်ကြောင်း အထောက်အထား ရှိမည်ဟုလည်း သူက ဆိုသည်။

ဥယျာဉ်အတွင်းတွင် ကျေးရွာပေါင်း ၃၀၀ ခန့်နှင့် လူဦးရေ ၆ သောင်းခန့် ပါဝင်နေပြီး ထိုသူများသည် ၎င်းတို့မြေကို ၎င်းတို့ စောင့်ရှောက်ရန် အဓိက တာဝန်ရှိမည်ဖြစ်သည်။ သံလွင် ငြိမ်းချမ်းရေးဥယျာဉ် အုပ်ချုပ်ရေးအဖွဲ့သည်မြေယာကို စောင့်ရှောက်ရန် ဒေသခံများ လက်ရှိအသုံးပြုနေသည့် စနစ်များနှင့် လုပ်ထုံးလုပ်နည်းများကို ထောက်ကူသွားမည် ဖြစ်သည်။

သံလွင် ငြိမ်းချမ်းရေးဥယျာဉ် အုပ်ချုပ်ရေးအဖွဲ့သည် ဒေသများကို မြေပုံဆွဲရန်နှင့် သစ်တော၊ သစ်ထုတ်လုပ်ရေး၊ သတ္တုတူးဖော်ရေးနှင့် စားနပ်ရိက္ခာ စိုက်ပျိုးရေး နေရာများ သတ်မှတ်မည်ဖြစ်သည်။ ထိုဥယျာဉ်ကို ကာကွယ်ရန်အတွက် ကရင် ဓလေ့ထုံးတမ်းစဉ်လာ ဥပဒေများကို လိုက်နာမည် ဖြစ်သည်။

ကရင် ဓလေ့ထုံးတမ်းစဉ်လာ ဥပဒေများကို မျိုးဆက်တခုမှ တခုသို့ နှုတ်အားဖြင့် လက်ဆင့်ကမ်း သယ်ဆောင် ခဲ့သောကြောင့် စာရွက်စာတမ်း မှတ်တမ်းမရှိဘဲ ဒေသခံများသည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်အတွက် လူကြီးသူမများထံမှ အကြံဉာဏ်တောင်းခံသည်။

“ကျနော်တို့က သူတို့အနေနဲ့ သူတို့ဥပဒေတွေကို စာနဲ့မှတ်တမ်းတင် ခိုင်းမယ်။ တယောက်ယောက်က ဒီဥပဒေတွေကို ချိုးဖောက်ရင် ချိုးဖောက်သူကို သူတို့ အပြစ်ပေးလိမ့်မယ်။ အောက်ခြေအဆင့်က ပြဿနာကို မရှင်းနိုင်ရင် အုပ်ချုပ်ရေးအဖွဲ့ အဆင့်အထိ တက်လို့ရတယ်” ဟု အမှုဆောင် ဒါရိုက်တာ စောပေါစိန်တွာက ပြောသည်။

သို့သော် ထိုစီမံကိန်းသည် KNU နှင့် အထူးသဖြင့် KNU ၏ သစ်တောဌာနနှင့် နားလည်မှု လွဲမှားခြင်းများ ဖြစ်နိုင်သည်။ ထိုသို့ မဖြစ်စေရန်အတွက် ဥယျာဉ်အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ရန် KNU ကိုယ်စားလှယ်များကို ဖိတ်ခေါ်သွားမည် ဖြစ်သည်။

လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေချိန်တွင် တိုင်းရင်းသား အုပ်စုတခုက ယခုကဲ့သို့ ဥယျာဉ်တခု ထူထောင်ခြင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် အလားတူ စီမံကိန်းများမှာ ကနေဒါနှင့် အမေဇုန်ကဲ့သို့ ပြည်ပတွင် ရှိနေပြီး ထိုနေရာများတွင် ဌာနေတိုင်းရင်းသားများသည် ၎င်းတို့ ကိုယ်တိုင် ကာကွယ်စောင့်ရှောက်သည့် ဥယျာဉ်များ ထူထောင် ထားကြသည်။ ထိုသို့သော ဥပမာများကြောင့် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ကို ထူထောင်ရန် စိတ်အား တက်ကြွမှုများ ဖြစ်စေခဲ့သည်။

ဌာနေ တိုင်းရင်းသားများသည် အစိုးရထံမှ အကူအညီမယူဘဲ ဥယျာဉ်ထူထောင်ရန် ထိရောက်စွာ လုပ်ကိုင်နိုင်မည်ဟု သံလွင် ငြိမ်းချမ်းရေးဥယျာဉ် ဦးဆောင်ကော်မတီက ယုံကြည်သည်။ အစိုးရသည် တိုင်းရင်းသား ဒေသများတွင် အမျိုးသား ဥယျာဉ်များ ထူထောင်သောအခါ တိုင်းရင်းသားများ၏ အခွင့်အရေးများကို ချိုးဖောက်တတ်ကြောင်း သမိုင်းဝင် ဥပမာ များလည်း ရှိနေသည်။

အခြား အုပ်စုတခု၏ အကျိုးအတွက် မြေထိန်းချုပ်ခွင့်ကို ဆုံးရှုံးသောအခါ ဒေသခံများသည် မြေကိုပင် ဖျက်ဆီးတတ်ကြောင်း အမှုဆောင်ဒါရိုက်တာ စောပေါစိန်တွာက ပြောသည်။

ဥယျာဉ် တည်ရှိရာနေရာတွင် သဘာဝတောရိုင်း တိရစ္ဆာန်မျိုးစုံနှင့် ကျားအများအပြား ရှိကြောင်း KESAN ၏ အဆိုအရ သိရသည်။ ကရင် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ် (KWCI) သည် ထိုဒေသတွင် သားရိုင်း တိရစ္ဆာန်များကို စောင့်ကြည့်လေ့လာသော သစ်တော၊ သားရိုင်း တိရစ္ဆာန် ကျွမ်းကျင်သူများနှင့် သစ်တော စောင့်ရှောက်သူများ၏ အဖွဲ့ဖြစ်သည်။

KWCI သည် နိုင်ငံတကာ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များနှင့်လည်း ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး ယခုအစီအစဉ်အရ သားရိုင်းတိရစ္ဆာန် အရေအတွက် တိုးပွားလာမည်ဟု မျှော်လင့်နေသည်။

ကရင် တိုင်းရင်းသား အသိုင်းအဝန်းသည် နိုင်ငံရေးနှင့် လူမှုရေး အပြောင်းအလဲများကို ကြုံတွေ့လာသောကြောင့် သဘာ၀ ပတ်ဝန်းကျင်သည် ခြိမ်းခြောက်မှုများနှင့် ပိုမိုရင်ဆိုင်လာရသည်။ ၂၀၁၅ ခုနှစ်တွင် KNU က တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးချိန်မှ စတင်ပြီး ကရင်ပြည်နယ်တွင် သတ္တု တူးဖော်ရေး လုပ်ငန်းများ များပြာလာသည်။ ဌာနေ မဟုတ်သော အမဲလိုက်သူများက ဒေသတွင်းတွင် အမဲလိုက်ရန် ကြိုးစားမှုများ ရှိသောကြောင့်လည်း သဘာဝပတ်ဝန်းကျင်နှင့် သားရိုင်းတိရစ္ဆာန် အရေအတွက်ကို ထိခိုက်စေလာသည်။

သံလွင် ငြိမ်းချမ်းရေးဥယျာဉ်သည် ကရင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေးအတွက် ဓလေ့ထုံးတမ်းစဉ်လာ ဥပဒေများနှင့် ခေတ်မီ နည်းပညာများကို ယှဉ်တွဲအသုံးပြုရန်လည်း ရည်ရွယ်သည်။

“လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ပုံစံဟောင်းနဲ့ ဆက်သွားနေလို့ မရတော့ဘူး။ ကျနော်တို့ ကရင်တွေအနေနဲ့ သဘာ၀ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ နည်းလမ်းသစ်တွေ လိုတယ်” ဟု အမှုဆောင်ဒါရိုက်တာ စောပေါစိန်တွာက ပြောသည်။

သံလွင် ငြိမ်းချမ်းရေးဥယျာဉ် စတင်ခြင်း

သံလွင် ငြိမ်းချမ်းရေးဥယျာဉ် စတင်သည့် အခမ်းအနားအတွက် ဖာပွန်သို့ သတင်းသမားများ၊ တက်ကြွ လှုပ်ရှားသူများနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး သမားများကို ဖိတ်ခေါ်ခဲ့သည်။ အလွတ်တမ်း စာရေးဆရာ စကော့အက်ဇယ်က သံလွင် ငြိမ်းချမ်းရေးဥယျာဉ် တည်ထောင်သော နေရာအပေါ် သူ၏ အမြင်ကို အောက်ပါ အတိုင်း တင်ပြခဲ့သည်။

“စာရေးသူတို့သည် ထိုင်းနယ်စပ် မဲစာရိုင်မှ မြောက်ဖက် သံလွင်မြစ်ကမ်းရှိ ကရင် ကျေးရွာကလေး တခုတွင် အမြီးရှည်သော လှေကြီးတစင်းပေါ်မှ ဆင်းလိုက်ကြသည်။ ထို့နောက် ကြီးမားသော ကုန်ကားကြီးဖြင့် တောင်တန်း များကို တက်ကြပြီး အပေါ်ရောက်သော အခါ အရပ်မျက်နှာ ပေါင်းစုံသို့ မိုင်နှင့်ချီသော အကွာအဝေးအထိ မြင်နိုင်ကြောင်း သိလိုက်ရသည်။

ရှုခင်းမှာ တောင်တန်းကြီများနှင့် တောင်ကြားလွင်ပြင်များသည် အလိပ်လိုက် ကရင်ပြည်နယ် မြောက်ပိုင်းမှ တောင်ပိုင်းသို့ ပြေးနေပြီး သံလွင်မြစ် တဖက်တွင် ထိုင်းနိုင်ငံရှိနေသည်။ ထိုင်းနိုင်ငံဘက်တွင် သစ်တောများကို ခုတ်ထွင်ပြီးနောက် လွန်ခဲ့သော ဆယ်နှစ်၊ အနှစ်နှစ်ဆယ်အတွင်း ပြန်လည်စိုက်ပျိုး ခဲ့သော်လည်း ကော်သူးလေဟု ခေါ်သော ကရင်ပြည်နယ်တွင် သစ်တောများသည် တခုနှင့်တခု ပိုမိုနီးကပ်နေကာ တလုံးတစည်းတည်း ကဲ့သိ့ုဖြစ်နေပြီး သဘာ၀ မူရင်းအတိုင်း ရှိနေသေးသည်။

ဒေသတွင်းရှိ လမ်းများကို လမ်းခင်းထားခြင်းမရှိဘဲ ဆဲလ်ဖုန်းအဝင်လည်း လက်ခံနိုင်ခြင်း မရှိသောကြောင့် ကရင်ပြည်နယ်သို့ ရောက်လာခြင်းသည် အချိန်နောက်ပြန် သွားရခြင်းနှင့်လည်း တူနေသည်။

သံလွင် ငြိမ်းချမ်းရေးဥယျာဉ်အတွင်း ရှုခင်းမှာမူ မြစ်များ၊ စမ်းချောင်းများ ယှက်နွှယ်နေပြီး စိမ်းစိမ်းစိုစို ရှိလှသည်။ မြစ်များ အကြားမှ တောင်တန်းကြီးများ ထိုးထောင် ထွက်လာသောကြောင့် တောင်ကြားလွင်ပြင်တွင် ရှိနေသောအခါ ဝိုင်းပတ် ပိတ်ဆို့ ထားသကဲ့သို့ ခံစားရသည်။ မီးစက် တချို့နှင့် ဆိုလာပြားတချို့မှလွဲပြီး လျှပ်စစ်ဓာတ်အား မရှိပေ။ ရွာများတွင် အဆောက်အဦ တည်ဆောက်ပုံမှာ အများအားဖြင့် ဝါး၊ သက်ကယ်နှင့် သစ်များဖြင့် ဆောက်ထားပြီး ကွန်ကရစ် မရှိသလောက် ဖြစ်နေသည်။

ဆိုင်ကယ် အနည်းငယ်လည်း ရှိသည်။ ဒေသခံများသည် ဝါး၊ သစ် စသည့် သဘာဝပတ်ဝန်းကျင်မှ ရသော အရာများ အသုံးပြုကာ လက်ဖြင့် အလုပ်လုပ်ကိုင် ကြသည်။ အမျိုသမီးများနှင့် ကလေးအများစုတို့သည် ရိုးရာ ကရင်သင်တိုင်း ဝတ်စုံများကိုသာ ဝတ်ဆင်ကြသည်။

ငြိမ်းချမ်းရေး ဥယျာဉ် စတင်သည့် အခမ်းအနားတွင် KNLA စစ်သားများလည်း ရှိနေပြီး ထိုဒေသတွင် နေထိုင်မှုပုံစံမှာ ရိုးရှင်း၊ သဘာဝအတိုင်း ဖြစ်ကာ မြေသယံဇာတအပေါ် အခြေခံသော်လည်း ဒေသခံများသည် စစ်နယ်မြေအတွင်း ပိတ်မိနေသူများ ဖြစ်ကြောင်းကိုလည်း သတိပေးနေသလို ဖြစ်နေသည်။

တပ်မတော် စစ်သားများက ၂၀၁၇ ခုနှစ်တွင် သတ်ဖြတ်ခဲ့သော စောအိုမူး အထိမ်းအမှတ်သည်လည်း ထိုဒေသတွင် အမြဲ အန္တရာယ်ရှိနေကြောင်း သတိပေးနေသည်။

ငြိမ်းချမ်းရေးဥယျာဉ်သည် နေပြည်တော်က လုပ်ဆောင်ပေးနေသည်ကို မစောင့်ဘဲ ငြိမ်းချမ်းရေးကို အောက်ခြေမှ တည်ဆောက်သည့် စီမံကိန်းဖြစ်သည်။ ထို့အပြင် ကရင်တိုင်းရင်းသားများ အတွက် ငြိမ်းချမ်းရေးဆိုသည်မှာ သူတို့မြေတွင် သူတို့ နေထိုင်လိုသော ပုံစံဖြင့် နေထိုင်နိုင်ရေးလည်း ဖြစ်နေသည်။ ကရင်တိုင်းရင်းသားများကို ဒုက္ခသည် စခန်းများသို့ ပို့ဆောင်ခြင်း၊ ချင်းမိုင် သို့မဟုတ် ကနေဒါသို့ ပို့ဆောင်ခြင်းသည် ၎င်းတို့ကို စစ်အကြမ်းဖက်မှုမှ ကာကွယ်ပေးခြင်း ဖြစ်သော်လည်း သူတို့ကို သူတို့ပိုင်သော မြေမှ ဖယ်ရှားလိုက်ခြင်းလည်း ဖြစ်နေသည်။

ကရင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် လက်ကျန် ဇီဝမျိုးကွဲ အများဆုံးရှိသော ပြည်နယ်ဖြစ်သောကြောင့် ကရင်ရိုးရာ အသက်မွေးဝမ်းကြောင်းနှင့် မြေယာ စီမံခန့်ခွဲမှုသည် သစ်တောနှင့် ဇီဝမျိုးကွဲများ ထိန်းသိမ်းရေးကဲ့သို့သော ကမ္ဘာ့ ရည်မှန်းချက်များကို တိုက်ရိုက် အကျိုးပြုကြောင်းမှာ ထင်ရှားလှသည်။

မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးထားသော ဌာနေတိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကြေညာ စာတမ်းက အာမခံထားသည့် ဌာနေတိုင်းရင်းသား အခွင့်အရေးများကို ကာကွယ်ရာ ရောက်ကြောင်းလည်း ထင်ရှားသည်။

ငြိမ်းချမ်းရေးဥယျာဉ်မှ ပြန်လည်ထွက်ခွာရခြင်းသည် တခြားသော ကမ္ဘာတခုကို စွန့်ခွာရသည်နှင့်လည်း တူသည်။ ထိုကမ္ဘာမှာ ဗဟိုအစိုးရနှင့် စီးပွားရေး လုပ်ငန်းကြီးများ မရောက်သေးသော နေရာဖြစ်သည်။ လူ၊ သစ်တောနှင့် တိရစ္ဆာန်များ သဟဇာတ ရှိရှိ နေထိုင်နေသော နေရာဖြစ်သည်။

သယံဇာတများကို ပြင်ပမှ အမြတ်ထုတ် ထုတ်ယူခြင်း မရှိသော နေရာဖြစ်သည်။ သံလွင်မြစ်ပေါ်မှ ထက်ကြီး ရေကာတာ အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မဟာစီမံကိန်းကြီး များကြောင့် ကရင်ပြည်နယ်အတွက် ထိခိုက်မှုမရှိဟု ဆိုသည်မှာ မမှန်ပါ။ သို့သော် ကရင်တိုင်းရင်းသားများ ၎င်းတို့၏ ယဉ်ကျေးမှုနှင့် သဘာဝရှုခင်းကို ထိန်းသိမ်းသည်ကို မြင်ရခြင်းကြောင့် သံလွင် ငြိမ်းချမ်းရေးဥယျာဉ်သည် ကရင်အဝန်းအဝိုင်း များနှင့် သစ်တောများ တည်ရှိသည့် ကျယ်ပြန့်လှသော ဒေသကြီးကို စီမံခန့်ခွဲရန်သာမက ကမ္ဘာတဝန်းလုံးမှ ဇာတိမြေတွင် နေထိုင်နေကြသော ဌာနေ တိုင်းရင်းသား များ၏ ဒေသများကို စီမံခန့်ခွဲရန် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ထင်ရှားလှသည်” ။

(လဝီဝမ်သည် ဧရာဝတီမီဒီယာ အင်္ဂလိပ်ပိုင်း၏ အကြီးတန်းသတင်းထောက် ဖြစ်သည်။ ၎င်း၏ Salween Peace Park to Keep Lands in Local Hands  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Your Thoughts …
Tags: ဌာနေတိုင်းရင်းသားများမြေယာပိုင်ဆိုင်ခွင့်သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်
လဝီဝမ်

လဝီဝမ်

ဧရာဝတီ

Similar Picks:

ရန်ကုန် သီလဝါ စက်မှုဇုန် / မျိုးမင်းစိုး / ဧရာဝတီ

ရန်ကုန်တိုင်းတွင် လုပ်ငန်းရှင်များ မြေပိုင်ဆိုင်ခွင့် လျှောက်ထားမှု များ၍ အစိုးရအဖွဲ့ စိစစ်နေ

by မျိုးပပစန်း
25 May 2017
9.6k

လုပ်ငန်းရှင်များက မြေယာပိုင်ဆိုင်ခွင့် (လန ၃၉) ရရှိရန် လျှောက်ထားမှု အများအပြားရှိနေပြီး ယင်းအပေါ် တိုင်းအစိုးရ အဖွဲ့က စိစစ် သုံးသပ်နေကြောင်း သိရသည်။

Next Post
စင်ကာပူ၏ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ Singtel  / Reuters

Singtel ၏ E-Wallet ကိုသုံး၍ စင်ကာပူမှ မြန်မာသို့ ငွေလွှဲနိုင်တော့မည်

အတူတူ ကစားကြနော်

အတူတူ ကစားကြနော်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved