စီးပွားရေး

Singtel ၏ E-Wallet ကိုသုံး၍ စင်ကာပူမှ မြန်မာသို့ ငွေလွှဲနိုင်တော့မည်

Want create site? Find Free WordPress Themes and plugins.

စင်ကာပူ ဆက်သွယ်ရေးလုပ်ငန်း(Singtel)က ၎င်း၏ E-Wallet ဝန်ဆောင်မှုကို မြန်မာနိုင်ငံသို့ ငွေ လွှဲရာ၌ သုံးခွင့်ပြုလိုက် ကြောင်း ထိုသို့ပြုလုပ်ရခြင်းမှာ E-payments ဈေးကွက်နေရာသစ်ကို ထဲထဲ ဝင်ဝင်ရှာဖွေရန် ရည်ရွယ်ကြောင်း သိရသည်။

ယင်း E-Wallet ဝန်ဆောင်မှုကို လာမည့် မတ်လတွင် စတင်မည်ဖြစ်ပြီး၊ စင်ကာပူရောက် မြန်မာနိုင်ငံ သား ၁၈၀,၀၀၀ သည် ဘဏ်စာရင်းတခုရှိရန် မလိုဘဲ အိမ်သို့ ငွေပြန်ပို့နိုင်မည်ဖြစ်သည်။

၎င်း အစီအစဉ်ကို ကုလသမဂ္ဂ ရင်းနှီးငွေ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့(UNCDF) နှင့် စင်ကာပူ ဆက်သွယ် ရေး လုပ်ငန်း(Singtel) တို့ ပူးပေါင်း၍ မဲခေါင်မြစ်ဝှမ်းဒေသ ဆင်းရဲမွဲတေသည့် လူမှုအသိုင်းအဝန်း များကြား ငွေလွှဲပေးပို့မှု တိုးတက်စေရန် မြန်မာ နိုင်ငံ၌ အစပျိုး ဝန်ဆောင်မှု ပေးခြင်းဖြစ်သည်ဟု သိရသည်။

နိုင်ငံရပ်ခြားတွင် သွားရောက် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများထံမှ နိုင်ငံခြား ငွေလွှဲမှုပေါင်းမှာ ၂၀၁၇ ခုနှစ်က အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံ ရှိခဲ့သော်လည်း မြန်မာအများအပြားသည် လိုင်စင် မရှိသည့် ငွေလွှဲလမ်းကြောင်းများကို သာ အားကိုးလိုကြပြီး ယင်းလမ်းကြောင်းများမှာ အချိန်ကုန် ခြင်း၊ ဈေးနှုန်းမြင့်ခြင်းနှင့် လုံခြုံစိတ်ချရမှု မရှိခြင်းတို့ ဖြစ်ပေါ်နေ ကြောင်း Singtel ၏ အင်္ဂါနေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်ကျော်က စင်ကာပူနိုင်ငံ၏ အကြီးဆုံး တယ်လီကွန် ဝန်ဆောင်မှုလုပ်ကိုင်သည့် Singtel ကုမ္ပဏီသည် ဒေသတွင်း၌ မိုလ်ဘိုင်း ပိုက်ဆံအိတ်၊ ဆိုင်ဘာလုံခြုံရေးနှင့် ဒစ်ဂျစ်တယ် ကြော်ငြာများကို တိုးချဲ့လုပ်ကိုင်ခဲ့ပြီး၊ ယခုကြိုး ပမ်းမှုမှာ စင်ကာပူနှင့် သြစတြေးလျတို့ရှိ Singtel၏ ပင်မဈေးကွက် ဖွံ့ဖြိုးမှု နှေးကွေးခြင်းနှင့် အိန္ဒိယ၊ အင်ဒိုနီးရှားတို့ကဲ့သို့ နိုင်ငံများတွင် ယှဉ်ပြိုင်မှုများ တိုးပွားလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဖိအားကို လျော့ပါးစေခဲ့သည်။

ဥပမာအားဖြင့် စင်ကာပူနိုင်ငံတွင် သြစတြေးလျမှ TPG တယ်လီကွန်လုပ်ငန်းသည် စတုတ္ထမြောက် မိုလ်ဘိုင်းအော်ပရေတာ အဖြစ် ဝင်လာရောက်ခြင်းကြောင့် Singtel အနေဖြင့် အပြင်းအထန် ပြိုင် ဆိုင်ရဖွယ်ရှိနေသည်။

Singtel အနေဖြင့် ဒေသတွင်း၌ မိုလ်ဘိုင်းနှင့် ဒေတာဝန်ဆောင်မှုပေးခြင်းအပြင် စင်ကာပူပြည်တွင်း မိုလ်ဘိုင်း ဗီဒီယို ထုတ်လွှင့်ခြင်းလုပ်ငန်း Hooq တွင်လည်း Sony Pictures Entertainment နှင့် Warner Bros တို့နှင့်အတူ အဓိက ရင်းနှီးမြှုပ်နှံသူအဖြစ် ဆောင်ရွက်နေသည်။ ၎င်းဝန်ဆောင်မှုမှ မကြာသေးမီက သုံးစွဲသူများ လက်ကိုင်ဖုန်းဖြင့် ပိုမိုအချိန်ဖြုန်းရန် E-Sport အားကစားအစီအစဉ်ကို ထုတ်လွှင့်ပေးနိုင်ခဲ့သည်။

Singtel ၏ မိုလ်ဘိုင်း ပိုက်ဆံအိတ်ဖြစ်သည့် Dash သည် လတ်တလော၌ စင်ကာပူမှ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့သို့ ငွေလွှဲခွင့်ပြုထားသည်။

Dash ကိုဖြတ်သန်းလျက် ငွေလွှဲမှုပမာဏ မည်မျှရှိကြောင်းကို ထုတ်ဖော်ပြောဆိုရန် Singtel က ငြင်းဆန်သည်။ သို့ရာတွင် ၎င်းကုမ္ပဏီက ငွေလွှဲလုပ်ငန်းကို ရေရှည်လုပ်ကိုင်သွားမည်ဟု ဖော်ပြခဲ့ကာ ပြီးခဲ့သည့် ၁၂ လကျော်က ငွေလွှဲပမာဏ နှစ်ဆ တိုးတက်ခဲ့ကြောင်း ဆိုသည်။

မီဒီယာရှင်းလင်းပွဲတွင် Singtel နိုင်ငံတကာအုပ်စုကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် အာသာလန်းက “Dash ၏ ငွေလွှဲ ဆောင်ရွက်ချက် များသည် အခြားအလားတူ လုပ်ငန်း ၂၅ ခု (သို့မဟုတ်) စင်ကာပူ နိုင်ငံရှိ အခြားမိုဘိုင်း Wallet ဝန်ဆောင်မှုများနှင့် ကွဲပြားခြားနားကြောင်း” ပြောကြားခဲ့သည်။

Dash ၏ငွေလွှဲစွမ်းရည်များ ကျယ်ပြန့်လာမှုအပြင် ၎င်း၏ မိုဘိုင်း wallet ကို စင်ကာပူနှင့် ထိုင်း အပြင် အခြားနိုင်ငံများတွင် သုံးစွဲခွင့်ပြုရန်လည်း Singtel ကုမ္ပဏီ မျှော်မှန်းထားသည်။

ထိုင်းနိုင်ငံတွင် Singtel သည် ထိုင်းမိုလ်ဘိုင်း အော်ပရေတာ ဖြစ်သည့် AIS နှင့် စီးပွားမိတ်ဖက်အဖြစ် ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading