• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပလက်ဝ တိုက်ပွဲများ ရပ်ရန် ဝေဠုကျော် တောင်းဆို

by ချစ်မင်းထွန်း
20 November 2017
in သတင်း
A A
ဝေဠုကျော် နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့  ကုန်ပြင်ကျေးရွာမှ တိုက်ပွဲရှောင်များကို ထောက်ပံ့ ကူညီမှုများ ပေးအပ်နေစဉ် / ချစ်မင်းထွန်း / ဧရာဝတီ

ဝေဠုကျော် နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့ ကုန်ပြင်ကျေးရွာမှ တိုက်ပွဲရှောင်များကို ထောက်ပံ့ ကူညီမှုများ ပေးအပ်နေစဉ် / ချစ်မင်းထွန်း / ဧရာဝတီ

28.9k
VIEWS
Share on FacebookShare on Twitter

တိုက်ပွဲများဖြစ်ပေါ်စေရန် ဖန်တီးနေသူများကို တိုက်ပွဲများ မဖန်တီးကြရန် အကယ်ဒမီသရုပ်ဆောင် ဝေဠုကျော်က ချင်းပြည်နယ်၊ ကုန်ပြင်ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူများကို သွားရောက် ကူညီထောက်ပံ့ပေးနေစဉ် တောင်းဆိုခဲ့သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၁၆ ရက်အထိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ အကြား တိုက်ပွဲများ ဖြစ်ပွားပြီးခဲ့ရာ ကုန်ပြင်ကျေးရွာမှ ဒေသခံ ၃၀၀ ကျော်မှာ ရှင်းလက်ဝကျေးရွာသို့ တိမ်းရှောင်နေခဲ့ကြရသည်။

“ဘာကြောင့်ပဲဖြစ်ဖြစ် တိုက်ပွဲတွေ မဖြစ်ပါစေနဲ့။ အဲ့ဒီတော့ တိုက်ပွဲတွေ လုပ်နေတဲ့သူတွေကလည်း မလုပ်ကြပါနဲ့လို့ ကျနော်တို့တောင်းဆိုလိုပါတယ်။ ကိုယ့်နေရာ ဒေသမှာ တနိုင်တပိုင် အလုပ်လေးတွေ လုပ်နိုင်ဖို့ လိုပါတယ်။ အဲ့ဒါလေးတွေ လုပ်နိုင်ဖို့ကလည်း နယ်မြေတွေ ဒေသတွေ အေးချမ်းနေဖို့လိုအပ်ပါတယ်” ဟု ဝေဠုကျော်က ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
547
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
97

ကုန်ပြင်ကျေးရွာမှ အိမ်ထောင်စု ၆၇ စု၊ လူဦးရေ ၃၃၄ ဦးသည် လက်ရှိတွင် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ရှင်းလက်ဝကျေးရွာ အပါအဝင် အောက်ဘလိုင် ၊ ဘဲဒင်ဝ၊ ကာရမိတ်၊ ဒိုးချောင်းဝ စသည့် ကျေးရွာများ၌ ခိုလှုံနေကြရသည်။

ထိုတိုက်ပွဲရှောင်ပြည်သူများကို ချင်းပြည်နယ်အစိုးရအဖွဲ့ အပါအဝင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနနှင့် ဝေဠုကျော်ဖောင်းဒေးရှင်းတို့က ဆန်၊ ဆီ၊ ဆား၊ စောင်၊ အိုး၊ ခွက်၊ ပန်းကန် တို့ကို နိုဝင်ဘာ ၁၈ ရက်က ရှင်းလက်ဝကျေးရွာသို့ သွားရောက်ထောက်ပံ့ပေးခဲ့သည်။

“ ကျနော်တို့ ဆန်အိတ် ၁၀၄ အိတ်နဲ့ ၉ ပြည့် ထောက်ပံ့ပေးခဲ့တယ်။ ပြီးတော့ ဆီ၊ ဆား အပါအဝင် တခြား ပစ္စည်းလေးတွေကို ထောက်ပံ့ပေးခဲ့တယ်။ တလစာပေါ့။ လိုအပ်ရင်လည်း ထောက်ပံ့ပေးဖို့ ပြင်ဆင်ထားပါ တယ်”ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဟားခါးမြို့နယ်မှူး ဦးမြင့်အောင်က ပြောသည်။

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများထဲမှ အိမ်ထောင်စု ၁၂ စုကို ရှင်းလက်ဝကျေးရွာ၏ ကုလားတန်မြစ်ကမ်းနဘေးတွင် ယာယီ နေရာချထားပေးပြီး အခြား အိမ်ထောင်စု ၄၇ စုမှာ ရှင်းလက်ဝကျေးရွာရှိ ဆွေမျိုးများနေအိမ်နှင့် ခန်းမဆောင်တို့တွင် နေထိုင်လျက်ရှိသည်။
ထို့ပြင် ကျန်အိမ်ထောင်စုု ၁၀ စုသည် အောက်ဘလိုင်၊ ဘဲဒင်ဝ၊ ကာရမိတ်၊ ဒိုးချောင်းဝ စသည့် ကျေးရွာများ တွင် နေထိုင်လျက်ရှိကြသည်။

ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဌာန ဒုဦးစီးမှူး ဦးမြင့်နိုင်ဝင်းက “ အခု ကျနော်တို့ ကုန်ပြင်ကျေးရွာ က အိမ်ထောင်စု ၅၉ စု ဒီ ရှင်းလက်ဝအုပ်စုကို ပြောင်းရွေ့လာခဲ့ပါတယ်။ ပြောင်းရွေ့လာတဲ့ အိမ်ထောင်စုတွေထဲက တချို့ကို ခန်းမဆောင်မှာရယ်၊ ဆွေမျိုးသားချင်း နေအိမ်မှာရယ်၊ ကုလားတန်မြစ်ဘေးကျောက်ပြင်ပေါ်က အိမ်ထောင်စု ၁၂ စုရယ်ကို ပြောင်းရွေ့ပေးဖို့ လွတ်တဲ့နေရာလေးတွေမှာ တပတ်အတွင်း အမြန်ဆုံးဆောက်ဖို့ ကျနော်တို့ ရှင်းလက်ဝကျေးရွာ အုပ်ချုပ်ရေးမှူးရယ်၊ ကုန်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးရယ်ကို မှာပြီးပါပြီ။ အဲဒါကို အမြန်ဆုံးဆောက်မယ် ဆောက်ပြီးရင် ပြောင်းရွေ့ နေခိုင်းပါမယ်”ဟု ပြောသည်။

တပ်မတော်နှင့် AA တိုက်ပွဲတွင် AA ဘက်က အရပ်သားများ စီးနင်းလိုက်ပါလာသော စက်လှေကို ပစ်ခတ်ခဲ့ခြင်းကြောင့် GTI ဒုတိယနှစ် ကျောင်းသား ကိုအောင်စိုးနှင့် ဒေါ်ကာလာတို့ သေဆုံးခဲ့ကြရပြီး အရပ်သား ၃ ဦး ဒဏ်ရာများရရှိခဲ့ကာ ဆေးကုသမှုခံယူနေကြရသည်။

ထို့ပြင် တပ်မတော်သားများ စီးနင်းလိုက်ပါလာသော စက်လှေ ၂ စီး ထပ်မံပစ်ခတ်ခံရသဖြင့် တပ်မတော်သား ၁၀ ဦးကျော်သေဆုံးခဲ့ကြရပြီး တချို့ ဒဏ်ရာများရရှိခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် တပ်မတော်နှင့် AA အကြား ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နဟန်းကျေးရွာတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း AA သတင်းနှင့်ပြန်ကြားဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

Your Thoughts …
Tags: တိုက်ပွဲရှောင်ပြည်သူဝေဠုကျော်
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

သရုပ်ဆောင်ဝေဠုကျော်နှင့် အလှမယ် သင်းသင်း

ဝေဠုကျော်တင်သည့် လိင်ပိုင်းဆိုင်ရာဓာတ်ပုံများကို တရားရုံး ပယ်ချ

by ဧရာဝတီ
20 April 2022
13.8k

ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမိန့်တခုပါပဲ။ သင့်တော်မျှတတယ်။ ရုံးတော်က မဖွယ်မရာဖြစ်တဲ့အရာတွေကို လက်မခံဘူး။ အမှုနဲ့ဆက်စပ်နိုင်တဲ့အရာကို လက်ခံတယ်ဆိုတော့ ကျနော်တို့ဘက်က သင့်တော်မျှတတဲ့ အမိန့်တခုလို့ သတ်မှတ်တယ်

ယနေ့ရုံးချိန်းမှာ တွေ့ရတဲ့ အလှမယ်သင်းသင်းနဲ့ ဝေဠုကျော် / ယုဖြူဟန် / ဧရာဝတီ

“ဝေဠုကျော်က ဝါသနာအရ အတူနေတဲ့ အသံဖိုင်များကို သွင်းထားခိုင်းတာ”လို့ သင်းသင်းပြော

by ယုဖြူဟန်
19 June 2019
77.8k

“ဝေဠုကျော်နဲ့ရည်းစားဖြစ်ခဲ့တာ ၆လကျော် ၇လအတွင်းမှာ ဝေဠုကျော်နဲ့ ထဲထဲဝင်ဝင်နေလာတာလေ။ ရည်းစားတယောက် ချစ်သူတယောက်အနေနဲ့နေလာတာ။ ဝေဠုကျော်ရဲ့အကျင့်စိတ်ဓာတ်ကို ကိုယ့်ထက်ဘယ်သူ ပိုသိနိုင်မှာလဲ။

အလှမယ် သင်းသင်း

အလှမယ် သင်းသင်းအား ဧည့်စာရင်းအကြောင်းပြ ဝင်ရောက်ဖမ်းဆီး

by ဧရာဝတီ
23 February 2022
8.9k

ညအချိန် တံခါးခေါက်ကာ နှောက်ယှက်မှုကို သင်းသင်းအနေဖြင့် ယခင်ဇူလိုင်လ အတွင်း က ပထမ အကြိမ် ကြုံခဲ့ရပြီး ထိုစဉ်က ရိုက်နှက်ခံခဲ့ရသဖြင့် ယခုအကြိမ်တွင် Live လွှင်ကာ သက်သေ အနေဖြင့် မှတ်တမ်းယူခြင်းဖြစ်သည်။

ယနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ အလှမယ် သင်းသင်းနဲ့ သရုပ်ဆောင် ဝေဠုကျော်  / ဧရာဝတီ

“သက်သေအဖြစ် တင်သွင်းတဲ့ ဗီဒီယိုဖိုင်က ၁ မိနစ်စာ ရှိတယ်”လို့ ဝေဠုကျော်ရဲ့ ရှေ့နေ ပြော

by ယုဖြူဟန်
5 September 2019
17k

“ကျနော်တို့က အမှုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်တဲ့အခါမှာလည်း အမှုနဲ့ ပတ်သက်ပြီးတော့ အမှုသည်ကို မထိခိုက်အောင် စကားကို ထိန်းပြောရတာမျိုး ရှိတယ်။

တရားလိုဖြစ်သူ အလှမယ် သင်းသင်း  /  ယုဖြူဟန် / ဧရာဝတီ

“ဝေဠုကျော်ကို ၃ ကြိမ်တိတိ ဖြတ်ခဲ့တယ်”လို့ သင်းသင်း ပြော

by ယုဖြူဟန်
28 August 2020
62.3k

တဖက်လူရဲ့အနေအထားနဲ့ ကျမလို အနေအထားကို တိတ်တိတ်ပုန်း ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေမှ အများကြီးပဲ။ ကျမ လိုချင်တာ ငွေ မဟုတ်ဘူး။

သရုပ်ဆောင် ဝေဠုကျော်အား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားသည့် အလှမယ် သင်းသင်းက အဆိုပါ အမှုအား ရုတ်သိမ်းထားခြင်း မရှိဘဲ အဆုံးထိ ရင်ဆိုင်သွားမည်ဟု ဧရာဝတီကို ပြောသည်

ဝေဠုကျော်ကို တရားစွဲဆိုထားသည့်အမှု သင်းသင်း အဆုံးထိ ရင်ဆိုင်သွားမည်

by ဧရာဝတီ
26 February 2022
11.7k

သရုပ်ဆောင် ဝေဠုကျော်အား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားသည့် အလှမယ် သင်းသင်းက အဆိုပါ အမှုအား ရုတ်သိမ်းထားခြင်း မရှိဘဲ အဆုံးထိ ရင်ဆိုင်သွားမည်ဟု ဧရာဝတီကို ပြောသည်။

Next Post
ဦးသောင်းထွန်း၊ဦးအောင်ကြည် နှင့် ဦးကျော်တင်  / ဧရာဝတီ

ဝန်ကြီးဋ္ဌာန ၂ ခု ထပ်တိုး၊ ဦးအောင်ကြည် အဂတိတိုက်ဖျက်ရေး ဥက္ကဌ တာဝန်ယူမည်

ကဗျာဆရာမ ပန်ဒိုရာ / Dana Lixenberg

ပန်ဒိုရာ သို့မဟုတ် ရဲရင့်စွာ ကဗျာရေးသူ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved