သတင်း

ရုရှားလိင်သင်တန်း ထိုင်းရဲ ဖမ်း

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ပတ္တရားကမ်းလွန် ကျွန်းတကျွန်းရှိ ဟိုတယ်တခု၌ အဲလက်စ် လက်စ်လေ အမည်ရှိ ရုရှား လူမျိုး လိင်ဆရာကြီးတဦးက ဦးစီးကာ ပို့ချနေသည့် အဆင့်မြင့် လိင်သင်တန်းကို ရဲတပ်ဖွဲ့က ပြီးခဲ့ သည့် တနင်္ဂနွေနေ့ က ဟန့်တားလိုက်ကြောင်း Khaosad သတင်းက ဆိုသည်။

သင်တန်းကြေးမှာ ဘတ် ၄ သောင်းဖြစ်ပြီး၊ သင်တန်းသားတဦးက ကုန်ကျသလောက် မတန်ကြောင်း တိုင်ကြား ၍ ရဲတပ်ဖွဲ့က သင်တန်းကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ရဲအထူးတပ်ဖွဲ့မှ အရာရှိ ဒူလာရာ ပက်တက်ချာ ပွန်ယာဆင်က ပြောသည်။

သင်တန်းပို့ချသူ အဲလက်စ် လက်စ်လေ (Alex Lesley) ဆိုသူမှာ ယခုနှစ်တွင် ပြုလုပ်မည့် ရုရှားရွေး ကောက်ပွဲတွင် သမ္မတ ပူတင်အား စိန်ခေါ်ပြီး ဖြုတ်ချမည့်သူအဖြစ် ရုရှားသတင်းစာများတွင် ဖော်ပြ ခံရသူဖြစ်ပြီး ယခုသင်တန်း၌ သူ၏ ဇနီးအပါအဝင် မော်ဒယ် ၂ဦးတို့၏ သရုပ်ပြကွက်များလည်း ပါရှိကြောင်း သိရသည်။

သတင်းပေး တိုင်ကြားသူက သင်တန်းမှ သရုပ်ဆောင်မှု တချို့ကို လျှို့ဝှက် ဗီဒီယို ရိုက်ကူးပြီး ရဲတပ် ဖွဲ့ထံ ပေး ပို့ခဲ့ခြင်းဖြစ်ကြောင်းလည်း ဒုရဲမှူးကြီး ဒူလာရာပက်က ပြောသည်။

“အမျိုးသမီး ၂ယောက်ပါတယ်၊ သူတို့က မော်ဒယ်တွေပါ၊ သူတို့ဗီဒီယို အပြင်ကိုရောက်ရင် အများပြည် သူ လက်ခံနိုင်မှာ မဟုတ်ဘူး၊ တော်တော်ကို မဖွယ်မရာတွေလုပ်တယ်၊ တချို့နေရာတွေမှာဆို သူတို့ ခန္ဓာကိုယ် အောက် ပိုင်းကိုတောင် မြင်နေရတယ်” ၎င်းကဆိုသည်။

အင်တာနက်ပေါ်တွင် တွေ့ရှိရသည့် ဗီဒီယိုများအရ ရုရှား လိင်ဂုရုကြီး လက်စ်လေ၏ သင်တန်းတွင် မှောက်လျှက်ရှိနေသည့် အမျိုးသမီး၏ တင်ပါးကို ကြာပွတ်ဖြင့် ရိုက်ခြင်း၊ လက်ဖြင့်ရိုက်ခြင်း လည်း တွေ့ရသည်။

ရဲတပ်ဖွဲ့ဝင်များ စီးနင်းစဉ် အမျိုးသမီးနှစ်ဦးအား မည်သည်တို့ကို သရုပ်ပြသနည်းဟု မေးသည့်အခါ ဖြေဆိုခြင်းမ ရှိဘဲ မည်သည့် လိင်ဆက်ဆံမှုမျှ ဖြစ်ပျက်ခဲ့ခြင်းမရှိဟုသာ ဆိုကြောင်းသိရသည်။

ထိုသင်တန်းကို ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှ စတင်ကာ ၂၅ရက်နေ့အထိ ပြုလုပ်သည်ဆိုသော်လည်း ဟိုတယ်၏ အမည်ကိုမူ ရဲတပ်ဖွဲ့က ဖော်ထုတ်ပြောကြားခြင်းမရှိပေ။

မော်ဒယ်များအပါအဝင် နည်းပြ ၁၀ ဦးကို ခွင့်ပြုချက်မရဘဲ အလုပ်လုပ်ခြင်းအတွက် တရားစွဲဆိုခဲ့ပြီး မော်ဒယ် တဦးကို ဗီဇာသက်တမ်းကျော်လွန်ခြင်းအတွက်လည်း အရေးယူခဲ့ကြောင်းသိရသည်။

သင်တန်းကို ဦးစီးသည့် လိင်ဆရာကြီး လက်စ်လီခေါ် အင်ဒရေ ဇက်ရှ်ခါမှာ ရုရှား လတ်ဗီးယားသား တဦးဖြစ်ပြီး သူ၏ သင်တန်းနှင့် ပတ်သက်၍ လူမှုကွန်ရက် Instagramတွင် အမြဲရေးသားသူဖြစ်ကာ ပရိသတ် ၃၇၀၀၀ခန့် ရှိပြီး စာအုပ်အများအပြားလည်း ရေးသားခဲ့သူဖြစ်သည်။

ထိုစာအုပ်များအနက် တအုပ်မှာ “အတွင်း ခံမပါသော ဘဝ”ဟု အမည်ရပြီး “ဒီစာအုပ်ကို ဖတ်ပြီနောက် ခင်ဗျား ရဲ့ လောကအမြင်တွေပြောင်းလဲသွားမယ်။ ခင်ဗျားဘယ်ကိုပဲရောက်နေနေ မိန်းကလေး တယောက်ကို စွဲဆောင် နိုင်မယ်ဆိုတာ ကို နားလည်သွားမယ်” ထိုစာအုပ်၏ မိတ်ဆက်တွင်ရေးသား ထားသည်။

လာမည့် ရုရှားရွေးကောက်ပွဲအတွက် လိင်ဆရာကြီး အဲလက်စ် လက်စ်လေ၏ ကြွေးကြော်သံမှာ “စစ် သား ခေါင်းဆောင်တဲ့နိုင်ငံသည် စစ်တိုက်မည်။ သိပ္ပံပညာရှင်ခေါင်းဆောင်သော နိုင်ငံသည် တိုးတက် မည်။ လိင် ဆရာကြီး ဦးဆောင်သော နိုင်ငံသည် လူဦးရေဆတိုး တိုးတက်မည်” ဟုဖြစ်သည် ဟုဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading