• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်အရေး ဖြေရှင်းရန် ခက်ဟု ICRC ဥက္ကဋ္ဌ သုံးသပ်

by ထက်နိုင်ဇော်
2 July 2018
in သတင်း
A A
နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ICRC ဥက္ကဋ္ဌ  / ထက်နိုင်ဇော် / ဧရာဝတီ

နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ICRC ဥက္ကဋ္ဌ / ထက်နိုင်ဇော် / ဧရာဝတီ

7.2k
VIEWS
Share on FacebookShare on Twitter

လူသိန်းချီထွက်ပြေးခဲ့ရသော ရခိုင်ပြည်နယ်၏ ပြဿနာသည် လွန်စွာ ရှုပ်ထွေးလွန်း၍ မြန်မာ အစိုးရအနေဖြင့် ရခိုင်အရေးကို ဖြေရှင်းရာ တွင် အခက်အခဲများ ရှိလိမ့်မည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌ Peter Maurer က သုံးသပ် ပြောသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိသည့် ၅ ရက်တာ ခရီးစဉ် အပြီး ဇွန်လ၂၉ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဧရာဝတီ သတင်း ဌာန၏ မေးခွန်းကို “ဒီပြဿနာရဲ့ ခက်ခဲနက်နဲ ရှုပ်ထွေးမှုက လွယ်လွယ်ကူကူ အဖြေတခုတည်းနဲ့ ရှင်းပြဖို့ မလွယ်ဘူး ဆိုတဲ့ အချက်ကို အားလုံး နားလည် သဘောပေါက်ဖို့ သိဖို့ လိုပါတယ်။ ဒီနေရာမှာ ပြောလိုတာက အင်မတန်မှ စိုးရိမ်ရတဲ့ ဒီလို အခြေအနေမျိုးကို အသိုင်းအဝိုင်း တခုတည်း မဟုတ်ဘူး။ အသိုင်းအဝိုင်း အားလုံး ရင်ဆိုင်နေကြရတာ ဖြစ်တယ်”ဟု ICRC ဥက္ကဋ္ဌ Peter Maurer က ဖြေကြားခဲ့သည်။

ယခု ပြဿနာသည် ရိုးရိုးရှင်းရှင်း ပြဿနာ မဟုတ်ဘဲ အင်မတန် ရှုပ်ထွေးသည့် ပြဿနာ တခု ဖြစ်ရာ ယင်းရှုပ်ထွေးမှု အပေါ် အကြောင်းပြု၍ စိုးရိမ်ပူပန်မှုများ ရှိရကြောင်း၊ လက်ရှိ ပဋိပက္ခ ဖြစ်ပွားနေသည့် အသိုင်းအဝိုင်း ၂ ခုကြား ရင်ကြားစေ့နိုင်ရေးကို အဓိက ရေရှည်မျှော်မှန်းပြီး ဆောင်ရွက်သွားစေလိုကြောင်း ၎င်းက တိုက်တွန်းသည်။

ရခိုင်ပြည်နယ် အရေးကို စစ်ဘက်၊ အရပ်ဘက် ပူးပေါင်းဆောင်ရွက်နေသော်လည်း အားလုံး ကောင်းပါသည်ဟု မပြောချင်ကြောင်း၊ ရခိုင် ပြည်နယ်သည် နဂိုကပင် ဆင်းရဲသဖြင့် လက်ရှိ ပဋိပက္ခများကြောင့် သာမန် ရေတို အကူအညီမျိုး သာမက၊ ရှေရှည် အကူအညီမျိုး ဆက် လက် ထောက်ပံ့ရန်နှင့် ဒုက္ခသည်များ ပိုများမလာစေရန် လိုအပ်ကြောင်းလည်း ဆိုသည်။

ICRC ဥက္ကဋ္ဌ က “ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်သူ့ကိုမှ စွပ်စွဲတာမျိုးတော့ မလုပ်ချင်ဘူး။ အားလုံးဟာ ခက်ခဲတဲ့ အခြေအနေတခုကို ရင်ဆိုင်နေရတယ်” ဟု ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ နေရပ်စွန့်ခွာထွက်ပြေးသူများနှင့် ပတ်သက်၍ အရေအတွက်မှာ အငြင်းပွားနေကြသော်လည်း ထိုသူများစွာ ထွက်ပြေးခဲ့ကြသည်မှာ သေချာကြောင်း၊ ICRC ၏ ရည်ရွယ်ချက် အတိုင်း ဒုက္ခရောက်သူ မည်သူ့ကိုမဆို အကူအညီများ ပေးရန် ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း၊ မြန်မာခေါင်းဆောင်များကလည်း ICRC ၏ အခန်းကဏ္ဍကို အသိအမှတ် ပြု ကြောင်း ၎င်းက ဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
508
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
40
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
85

ICRC ဥက္ကဋ္ဌသည် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာ ခရီးစဉ် ပြီးဆုံးပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ ခရီးဆက်သွားခဲ့ကြောင်း သိရသည်။

ICRC ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ရခိုင်ကိစ္စ သာမက ကချင်၊ ရှမ်းပြည်နယ်တို့ ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခနှင့် ဆိုင်သော ကိစ္စ များ၊ မြန်မာနိုင်ငံရှိ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ကိစ္စများ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုလည်း ဆွေးနွေးသွားသည် ဟု သိရသည်။

ရခိုင်ပြည်နယ်ရှိ ရပ်ရွာလူထု အသိုင်းအဝိုင်းများအတွက် ကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက်များနှင့် အညီ ရေရှည် ဖြေရှင်းနိုင်မည့် နည်းလမ်းများ တည်ဆောက်ရာ၌ ICRC က အကူအညီပေးရန် အသင့်ရှိကြောင်း ယင်းအဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခသည် ၆ သိန်းကျော် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ရောက်သွားကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သတင်းများ၌ ဖော်ပြလျက်ရှိပြီး ၎င်းတို့ကို ပြန်လည် လက်ခံရန် မြန်မာဘက်က အသင့်ပြင်ထားသော်လည်း လက်ရှိ အချိန်ထိ တဦးတယောက်မှ ပြန် လာသူ မရှိသေးကြောင်း သိရသည်။

Your Thoughts …
Tags: ICRC ဥက္ကဋ္ဌ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ICRC ဥက္ကဋ္ဌ မစ္စတာ Peter Maurer နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ဧရာဝတီ

ICRC ဥက္ကဋ္ဌ အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပြုဖို့ တောင်းဆို

by ဧရာဝတီ
3 June 2021
23.8k

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ မစ္စတာ Peter Maurer သည် အာဏာသိမ်း စစ် ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဇွန်လ ၃ ရက်တွင် နေပြည်တော်၌ လာရောက် တွေ့ဆုံခဲ့

Next Post
နိုင်ငံရေးမှာ အမျိုးသမီး အချိုးကျ ပါဝင်မှုစနစ်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ (ရုပ်/သံ)

နိုင်ငံရေးမှာ အမျိုးသမီး အချိုးကျ ပါဝင်မှုစနစ်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ (ရုပ်/သံ)

‘Jurassic World: Fallen Kingdom’ ရုပ်ရှင်

ရုံဝင်ငွေစာရင်းထိပ်ဆုံးကို ပြန်လည်ရောက်ရှိလာတဲ့ ‘Jurassic World: Fallen Kingdom’ ရုပ်ရှင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved